Wednesday, May 29, 2013

တခါတုန်းကမြန်မာပြည်- ၁၉

ပုံ၁၄၀...။ တချိန်ကကမ်းနားလမ်း


ပုံ၁၄၁...။ တချိန်ကဆူးလေဘုရားအနီး


 
ပုံ၁၄၂...။ တချိန်ကပန်းဆိုးတန်းလမ်း


ပုံ၁၄၃...။ ရန်ကုန်ဆိပ်ကမ်းသို့ မော်လမြိုင်သင်္ဘောဆိုက်ကပ်လာစဉ်

ပုံ ၁၄၄...။ တချိန်ကဆူးလေစေတီတော်


ပုံ၁၄၅...။ တချိန်ကလှေပြိုင်ပွဲ


ပုံ၁၄၆...။ တချိန်ကရွေတိဂုံဝန်းကျင်ရှိဘုန်းတော်ကြီးကျောင်းများ


ပုံ၁၄၇...။ တချိန်က ရန်ကုန်ဆိပ်ကမ်း


ပုံ၁၄၈...။ တချိန်ကရွေတိဂုံဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ


ပုံ၁၄၉...။ တချိန်က ဆူးလေစေတီတော်


ပုံ၁၅၀...။ တချိန်က ကုန်သည်လမ်း 

credit-   burmadailynews.co.cc  



ရှေးဟောင်းဓါတ်ပုံလေးကို ကျွန်တော့်ရဲ့ဘလော့မှာသိမ်းထားချင်တာကြောင့် burmadailynews မှခွင့်တောင်းပြီး ပုံဟောင်းလေးများကိုစုဆောင်း တင်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ ဒီပုံလေးများကိုကြိုက်နှစ်သက်သလို ပြန်လည်မျှဝေနိုင်ပါ တယ်ခင်ဗျာ။ ပုံလေးများကိုကူးယူအသုံးပြုရာတွင် မူရင်းဆိုက်ဖြစ်တဲ့ burmadailynews ကို credit ပေးပါရန်မေတ္တာရပ် ခံပါတယ်ခင်ဗျာ..။


ရာဇာထွေး 
read more

Saturday, May 25, 2013

ဘာသာရေးသည် လူ့အဆင့်အတန်း(စိတ်အားဖြည့်ဓမ္မသံစဉ်)
















၁။ ဆိုင်သာဆိုင်မပိုင်တဲ့ဘဝ

ကိုယ်သိပ်ချစ်ရတဲ့သူ ကိုယ်သိပ်ချစ်တဲ့အရာတွေနဲ့

အချိန်တိုင်းထိတွေ့ ခံစားခွင့်မရတဲ့အတွက်

ဘယ်သူ၊ ဘယ်အရာကိုမှ ကိုယ်တကယ်မပိုင်ပါဘူး

သေသည်ဖြစ်ဖြစ်၊ မသေသည်ဖြစ်ဖြစ်

ကိုယ်ပိုင်တာဘာမှမရှိပါလား။



၂။ တာဝန်

သံသရာခရီးရှည်ကြီးကို တစ်ယောက်တည်းလျှောက်လှမ်းလို့

ရတာမဟုတ်တော့လည်း အပေါင်းအဖော်မိတ်ဆွေဆိုတာတွေနဲ့

မလွဲမသွေဆုံးစည်းကြရမှာပါပဲ။

တွေ့ခိုက် ဆုံခိုက်လက်တွဲခိုက်မှာ သံယောဇဉ်မပါတဲ့

မေတ္တာစိတ်သန့်သန့်လေးနဲ့ သူ့တာဝန်ကိုယ့်တာဝန်ကျေပွန်စွာ

ချစ်ခင်ကြင်နာလိုက်ကြမယ်ဆိုရင် ဘဝခရီးဖော်တွေနဲ့

မလွှဲမရှောင်သာလမ်းခွဲကြရတဲ့အခါ

ဝမ်းနည်းပူပန်နေစရာမလိုတော့ပါဘူး။



၃။ လေနှင်ရာမှာပျော်အောင်နေ

မြစ်ပြင်ထဲကဗေဒါပင်တွေဟာ လေကြောင့်ပဲပေါင်းဆုံကြသလို

လေကြောင့်ပဲ ကွဲကွာသွားကြပါတယ်။

သံသရာမြစ်ပြင်ထဲက လူသားတွေဟာလည်း

ကံကြောင့်ပဲဆုံစည်းခွင့်ရကြသလို

ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ်။

ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့။

လမ်းခွဲမှာ ဝမ်းနည်းစရာ မလိုပါဘူးလေ။



၎။ နှောင်တွယ်ရင် ချောင်ကွယ်မှာ ငိုရမယ်

နှုတ်ဆက်ထွက်ခွာသွားသူနဲ့ လက်ပြကျန်ရစ်ခဲ့သူ ဘယ်သူပိုဝမ်းနည်းရပါသလဲ။

ထွက်ခွာသွားသူက ပိုသံယောဇဉ်ကြီးရင် သူပိုဝမ်းနည်းရမှာပါ။

ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင် သူပိုဝမ်းနည်းရမှာပါ။

နှစ်ယောက်လုံး ညီတူသံယောဇဉ်ကြီးရင်တော့

နှစ်ယောက်လုံးညီတူ ဝမ်းနည်းရမှာပေါ့။

လမ်းခွဲမှာ ဝမ်းနည်းစရာမလိုအောင် သံယောဇဉ်နှောင်ကြိုးတွေကို

အတတ်နိုင်ဆုံးဖြေလျှော့လိုက်ကြပါစို့လားကွယ်။



၅။ မာရသွန်ကုသိုလ်

ရဟန်းဘဝက လူ့ဘဝထက် ကုသိုလ်အရပိုများတယ်။

နိဗ္ဗာန်အရောက်ပိုမြန်တယ်။

ကုသိုလ်ပိုများများရဖို့ နိဗ္ဗာန်ပိုမြန်မြန်ရောက်ဖို့

ရည်ရွယ်ချက်နှစ်မျိုးနဲ့ ရဟန်းပြုကြရတာပါ။



၆။ သူဌေးတိုင်း လူချမ်းသာမဟုတ်

လောကချမ်းသာ ဘယ်လောက်ပဲရှိရှိ ဓမ္မချမ်းသာ မရှိသေးသမျှ ချမ်းသာမပြည့်စုံသေးပါဘူး။

နိဗ္ဗာန်ချမ်းသာဆိုတဲ့ လမ်းဆုံးချမ်းသာကို အပြီးတိုင်မရသေးသမျှတော့ လူတစ်ယောက်ရဲ့ဘဝဟာ

လိုအပ်ချက်တွေနဲ့ လျော့နေဟာနေမှာပါပဲ။



၇။ သူ့အားကိုးရင် ကိုယ်အားညှိုးတယ်

ကိုယ်လိုချင်တဲ့ ပျော်ရွှင်မှု ကိုယ်ရချင်တဲ့သာယာမှုက

သူတစ်ပါးနဲ့ဆက်စပ်နေရင် ကိုယ်ပဲစိတ်အားငယ်နေရမှာပါ။

ကိုယ့်ဆန္ဒ၊ကိုယ့်မျှော်လင့်ချက်ကို တစ်ဖက်သားပုဂ္ဂိုလ်က

အချိန်တိုင်းဖြည့်ဆည်းပေးနိုင်တာမှ မဟုတ်ဘဲ။



၈။ မြေခံရေခံကောင်းပါစေ

လူဝတ်ကြောင် တစ်ယောက်အနေနဲ့ ရဟန်းတစ်ပါးရဲ့ သီလကုသိုလ်ကို ဘယ်လိုနည်းနဲ့မှလိုက်မမီနိုင်ပါဘူး။

သီလကုသိုလ်ဆိုတာ ကုသိုလ်အားလုံးရဲ့ အမာခံမြေကြီးနဲ့တူတဲ့အတွက် ကြီးကျယ်တဲ့သီလမြေပေါ်မှာ

ရပ်တည်ပြီးပြုလိုက်တဲ့ ဒါနကုသိုလ်ကလည်းပိုပြီး အရည်အသွေးပြည့်ဝပါတယ်။

ဘာဝနာကုသိုလ်ကလည်း ပိုပြီးအဆင့်အတန်းမြင့်ပါတယ်။



၉။ လမ်းဆက်လျှောက်ပါ

ရဟန္တာပုဂ္ဂိုလ်ကလွဲရင် အချိန်တိုင်း စိတ်ချမ်းသာနေတဲ့သူ တစ်ဦးတစ်ယောက်မှမရှိပါဘူး။

ရဟန္တာမဖြစ်သေးဘဲနဲ့ငါစိတ်ချမ်းသာလိုက်တာလို့ ကျေနပ်ရောင်ရဲမနေဖို့ မြတ်စွာဘုရားမိန့်ကြားတော်မူပါတယ်။

ကိလေသာမကုန်သေးသမျှတော့ စိတ်ဆင်းရဲချိန်ဆိုတာရှိနေဦးမှာပါပဲ။



၁၀။ ဘာသာရေးသည် လူ့အဆင့်အတန်း

ဘာသာရေးဆိုတာ အဆင့်အတန်းရှိတဲ့ လူသားတိုင်း အဆင့်အတန်းရှိလိုတဲ့

လူသားတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။

ဘာသာရေးကိုလုံးဝပစ်ပယ်ထားတဲ့သူလုံးဝမပစ်ပယ်တောင်မှအလေးအနက်မထားတဲ့သူဟာ

ဘယ်လိုနည်းနဲ့မှအဆင့်အတန်းရှိတဲ့လူတစ်ယောက်၊ကြီးကျယ်မြင့်မြတ်တဲ့လူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။




မှတ်ချက်။      ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံစဉ်)စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)



ဦးဇင်းရဲ့ ၀ိရဓမ္မ ဘလော့မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံ စဉ်) များကို ning ဆိုက်များတွင် ဦးဇင်း အရှင်ဝိမလဝံသ ပို့စ်တင်ကတည်းက ကြိုက်နှစ်သက်မိလို့ ကျွန်တော်ကူးထားတာ ကြာပါပြီ။ ကျွန်တော့်ရဲ့ဘလော့လေးမှာ လည်းသိမ်းထားချင်တာကြောင့် အခုလို ပြန်လည်ဖော်ပြလိုက်တာပါ။ 
သူငယ်ချင်း ညီအကို၊ မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ။


ရာဇာထွေး
read more

Wednesday, May 22, 2013

ဗေဒါလမ်း (၁) မယ့်လမ်းပါလား


  မယ့်လမ်းပါလား

ပန်းနီလာ၊ ဗေဒါဆင်သလို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ၊ တန်းစီလို့လေး ။

အိုအချင်း... ကျူရိုးရှင်
မဗေဒါပြာလဲ့လမ်း၊ ကမ်းကပ်မယ်ပြင်
စံပယ်လှပွင့်ဖြူစင်၊ ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာခြံအရံနဲ့၊ သူစံရာ သူပျော်မွေ့
ပြေးတွေ့ချင်စမ်း ….. တဲ့။

တွေ့ချင်တဲ့စေတနာရယ်
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာကဝတ်ရည်သယ်၊ စံပယ်ကမအား
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း... ကျူရိုးရှင်
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျိုခင်ရဲ့အနွဲ့
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ၊ ပြုံးကြည့်ချင်ငဲ့ .. တဲ့။

ကြည့်ချင်တဲ့စေတနာရယ်
သနားဘွယ် ချစ်ဘွယ်တေးပေမို့
အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့၊ မြစ်ရိုးကအပြာချယ်ကို
ပျို့နယ်လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း … ကျူရိုးရှင်
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ထီးတော်ကတချွင်ချွင်
ကွင်းပြင်ကဘုရား။
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ ဖူးချင်လျက်သား …. တဲ့။

ဖူးချင်တဲ့စေတနာရယ်
နိဗ္ဗိန္နာ ဂီတာတေးပေမို့
အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့အရ
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။
ချောင်းရေကဖောင်၊ တောင်လေကသွေး။
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊
အားစိုက်ပါလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)



မှတ်ချက်။  ။ နှစ်သက်မိသော ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာ” လေးများပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့လေးထဲမှာ အမှတ် တရသိမ်းထားချင်တာမို့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာစာစု” များစာအုပ်မှ ကူးယူရေးသားဖော်ပြထားခြင်း ဖြစ် ပါတယ်ခင်ဗျာ။ စာအထား၊ အသို နှင့် စာလုံးပေါင်း အမှားအယွင်း များရှိခဲ့ပါက ကျွန်တော့်ရဲ့ ပေါ့ဆမှုအမှားများ သာဖြစ်ကြောင်းပါခင်ဗျာ ။


ရာဇာထွေး
read more

Monday, May 20, 2013

လောကနီတိ - ၁၇


  • စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
  • လှို့ဝှက်သော ကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
  • စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
  • ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
  • သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲ ခြင်း ပြုလို၏။
  •  On the Battlefield the brave are wanted.
  • In secret matters one who keeps his tongue is wanted.
  • At a feast , one loved is wanted.
  • In difficult and profound matters one learned is wanted.
  • The wicked on seeing the virtuous wants to oppress and persecute him.

  • အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလို ပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
  • ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
  • ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။
  • ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။
  •  Nothing should be done in haste. If it is done hastily one could worry later.
  • Staying in a narrow place full of faeces is suffering.
  • More so is staying together with one hated.
  • Still more so is staying together with the ungrateful.

  • ဆုံးမသင့်သည်ကို အမြဲ ဆိုဆုံးမရာ၏
  • ယုတ်မာသော အကျင့်ကိုလည်း တားမြစ်ရာ၏
  • ထိုသို့ ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြာ၏ ။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။
  •  Always admonish where it is due.
  • Deter wicked ways.
  • One who does so is liked by the virtuous , but disliked by the wicked.



လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သားဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)


ရာဇာထွေး
read more

Sunday, May 19, 2013

တခါတုန်းကမြန်မာပြည်- ၁၈

 
ပုံ၁၃၀...။ ရွေတိဂုံဆောင်းတန်းရှိမြန်မာ့ ကနုတ်လက်ရာများ ။


 
ပုံ၁၃၁...။ တချိန်က ကန်တော်မင်ပန်းခြံ


 
ပုံ၁၃၂...။ ကန်တော်ကြီးအတွင်းရှိ ဒါလဟိုဇီ ပန်းခြံ


 
ပုံ၁၃၃...။ တချိန်က ကမ်းနားလမ်း


 
ပုံ၁၃၄...။ ရွေတိဂုံရင်ပြင်ပေါ်ရှိတန်ဆောင်းတန်းတခု


 
 ပုံ၁၃၅...။ ကင်ဝန်မင်းကြီးနဲ့အဖွဲ့ ရန်ကုန်ဆိပ်ကမ်းမှ ဥရောပနိုင်ငံများသို့ထွက်ခွာမည့်သင်္ဘော


 
ပုံ၁၃၆...။ တချိန်ကရန်ကုန် ကော်မရှင်နာမင်းကြီးအိမ်တော်


 
ပုံ၁၃၇...။ တချိန်ကရွေတိဂုံရင်ပြင်ရှိ မြန်မာ့ တူရိယာအဖွဲ့


 
ပုံ၁၃၈...။ တချိန်ကကမ်းနားလမ်းနှင့် စထရမ်းဟော်တယ်


 
ပုံ၁၃၉...။ တချိန်ကအစိုးရရုံး

credit-   burmadailynews.co.cc 


ရှေးဟောင်းဓါတ်ပုံလေးကို ကျွန်တော့်ရဲ့ဘလော့မှာသိမ်းထားချင်တာကြောင့် burmadailynews မှခွင့်တောင်းပြီး ပုံဟောင်းလေးများကိုစုဆောင်း တင်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ ဒီပုံလေးများကိုကြိုက်နှစ်သက်သလို ပြန်လည်မျှဝေနိုင်ပါ တယ်ခင်ဗျာ။ ပုံလေးများကိုကူးယူအသုံးပြုရာတွင် မူရင်းဆိုက်ဖြစ်တဲ့ burmadailynews ကို credit ပေးပါရန်မေတ္တာရပ် ခံပါတယ်ခင်ဗျာ..။


ရာဇာထွေး
read more

Tuesday, May 14, 2013

ကျေးဇူးတရား



လူရယ်လို့မွေးဖွားလာကတည်းက တစ်ယောက်ထဲရယ်ပါ။ လူ့လောကထဲ ရောက်လာတော့ တစ်ဦးတစ်ယောက်တည်း နေ ထိုင်လို့ မရတော့ပါဘူး။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပါပဲ ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ သူငယ် ချင်းတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက် အမှီသဟဲပြု နေထိုင်လာခဲ့ကြရပါတယ်။ ဒီလိုနဲ့ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်း ဆက်ဆံမှု ဆိုတာ ဖြစ်တည်လာပါတယ်။ ဒီပေါင်းသင်းဆက်ဆံရေးကနေ တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီမှုတွေရယူပြီး မိမိတို့ဘဝအသီးသီးကို မြင့်မားအောင် ရပ်တည်ကြရတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်အပေါ်တစ်ယောက် “ကျေးဇူးတရား” ဆို တာ ဖြစ်ပေါ်လာခဲ့ပါတယ်။ 


“ကျေးဇူး” ဆိုတာကတော့ လူတိုင်းမှာအပြန်အလှန် တင်ရှိနေကြတာပါ။ မိမိကသာသူတစ်ပါးကို ကျေးဇူးတင်ရကောင်းမှန်း ၊ ကျေးဇူးပြန်ဆပ်ရကောင်းမှန်း မသိသည်သာရှိရပါမယ်။ ထမင်းတစ်လုပ်မဆိုထားပါနဲ့ ရေတစ်မှုတ်သောက်ရုံမျှဖြင့်လည်း သူ သည် မိမိရဲ့ ကျေးဇူးရှင်ဖြစ်သွားတာကို သတိမူမိရင်မြင်တတ်မှာပါ။ လူတွေ တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးဆို တာ မြင်တတ်၊ သိတတ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲလည်းဆင်ခြင်မိပါတယ်။ 


ကျေးဇူးသိတတ်သူဟာ “မေတ္တာတရား” ထားတတ်ကြသူများ ဖြစ်တတ်ကြပါတယ်။ သူတစ်ပါးရဲ့ ကျေးဇူကိုမြင်တတ်ခြင်း အကြောင်းမှာ မိမိတွင်မေတ္တာဓာတ်ရှိခြင်းကြောင့် ဖြစ်တယ်လို့ ဆရာတော်တစ်ပါးရဲ့တရားမှာ နာခဲ့ဖူးပါတယ်။ ဒါကြောင့် “ကျေးဇူးမတင်လျှင်နေပါ၊ ကျေးဇူးမကန်းပါနှင်”့ ဟု ပြောလေ့၊ ကြားရလေ့ရှိပါတယ်။ ဆိုလိုတာက (ကျေးဇူးမသိတတ်တာ ဟာ ကျေးဇူးကန်းတာနဲ့ အတူတူပါပဲ)..။ “ကျေးဇူးရှိမှ ကျေးဇွတ်ရ” ဆိုသလိုမျိုးပေါ့။ ကျေးဇူးကန်းတတ်သူ တစ်ယောက် မဖြစ် ရအောင်တော့ မိမိတို့စိတ်ထဲမှာ ကျေးဇူးတင်ထိုက်သူများကို အစဉ်အမြဲရိုသေလေးစားနေခြင်းက “ကျေးဇူးသိ တတ်ခြင်း”  ပဲ ဖြစ်ပါတယ်။ 


သူတစ်ပါးရဲ့ကျေးဇူးကိုပြစ်မှားခြင်းဟာ မိမိကိုလည်းအကျိုးယုတ်စေတဲ့ တန်ပြန်မှုရှိပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် အပြန် အလှန်အားဖြင့် ကျေးဇူးသိတတ်ခြင်းဟာ ရှက်စရာ၊ ဂုဏ်ငယ်စရာ ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် ကျေးဇူးဟူသည် မည်သူ တစ်ဦးတစ်ယောက်မှ လွတ်ကင်းနိုင်ခြင်း မရှိတာကိုအစဉ်သတိရ အောက်မေ့နေသင့်ကြောင်းပါခင်ဗျာ။ သူငယ်ချင်း၊ ညီအကို၊ မောင်နှမများ အားလုံးလည်း“ ကျေးဇူးတရား ”ကိုသိတတ်တဲ့သူများဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ..။ 



 မှတ်ချက်။ ။ တစ်ချိန်တစ်ခါတုန်းဆီက ကျွန်တော်နဲ့ဇနီးသည်အပေါ် အမှတ်မထင်ကူညီဖေးမခဲ့ဖူးတဲ့ အမဖြူ( စံပယ်ချို ) နဲ့ ညီငယ် လွင်ပြင် ( လွင်ပြင်လှိုင်းငယ် ) တို့ရဲ့ကျေးဇူးကို အမြဲတမ်းအမှတ်ရနေမှာပါ။ မကြာခင်အချိန်မှာတော့သူတို့ (လွင်ပြင် +အမဖြူ)နဲ့ ကျွန်တော်ထပ်ပြီးဝေးကြရအုန်းမှာပါ။ အရင်းနှီးဆုံး ကျွန်တော့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်အခုလိုအဝေး ကို ထွက်ခွာသွားကြတာဖြင့် အမဖြူတို့စုံတွဲကနောက်ဆုံးလက်ကျန်ပါ။ စိတ်ထဲမှာမကောင်းဖြစ် မိသလို၊ ၀မ်းလည်းသာမိပါတယ်။ 


လူရယ်လို့ဖြစ်လာရင် ကိုယ့်ဘ၀အဆင့်အတန်းကို တိုးတက်မြင့်မားအောင် အစဉ်အမြဲကြိုးစားနေရမှာပါ။ “ပျော်ရာမှာမနေ ရ၊ တော်ရာမှာနေရ” ဆိုတဲ့စကားအတိုင်းကျွန်တော်တို့တွေဟာ ရေကြည်ရာမြက်နုရာကို သွားနေရကြတာပါ။ အခုလည်းသူ တို့ ဇနီးမောင်နှံ နေရာဒေသအသစ်တစ်ခုမှာ ဘ၀အသစ်တစ်ခုကို တည်ဆောက်ဖို့သွားကြတော့မှာပါ။ ရောက်ရှိ ရာနေရာဒေသ အသစ်တွေမှာ ကျွန်တော်ရဲ့သူငယ်ချင်း ဇနီးမောင်နှံ(လွင်ပြင်+အမဖြူ)တို့ စိတ်သစ်၊ လူသစ်၊ ဘ၀သစ်နဲ့ အစစအရာရာ အဆင်ပြေအောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ဒီ “ ကျေးဇူးတရား ” ပို့စ်လေးနဲ့အ တူနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ…။ 




ရာဇာထွေး(ခ)ဖိုးကျော်
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: