အလှူမှတ်တမ်းဓါတ်ပုံများ


ကညင်ကုန်းကျေးရွာမီးစက်အလှူ မှတ်တမ်းဓါတ်ပုံများကိုတင်ပြပေးလိုက်တယ်ခင်ဗျာ...။ ပုံများကိုမြန်မာပြည် မှဦးဇင်း အရှင်သ၀မလ၀ံသမှပေးပို့ရာတွင် ကော်နက်ရှင် အခက်အခဲကြောင့် အခုလိုနောက်ကျပြီးမှ တင်ပေးနိုင်တာမို့ အလှူရှင်များအနေနဲ့ ကျွန်တော်တို့ကိုနားလည်ခွင့်လွတ်ပေးရန် ရိုသေစွာဖြင့် ပြောကြား လိုပါတယ်ခင်ဗျာ...။

အလှူရှင်များလှူဒါန်းထားသောမီးစက်အားဦးဇင်းအရှင်ဝိမလ၀ံသနှင့် ရွာသားတစ်ချို့ကြည့်ရှုနေစဉ်
အလှူရင်များလှူဒါန်းထားသောမီးစက်အား မီးစက်အိမ်အတွင်းသို့မသွင်းမီတွေ့ရစဉ်
အလှူရင်များလှူဒါန်းထားသောမီးစက်အား မီးစက်အိမ်အတွင်းသို့မသွင်းမီတွေ့ရစဉ်
 မီးကြိုးသွယ်တန်းရာတွင်စိုက်ထူအသုံးပြုရန် လမ်းမီးတိုင်များကိုယခုလိုပြုလုပ်ထားပါသည်
မီးတိုင်များကိုစိုက်ထူရာတွင်ကျေးရွာလူကြီးများနှင့် ရွာသူ/သားများမှ ယခုလိုဝိုင်းဝန်းကူညီပေးကြစဉ်

ကျေးရွာလမ်းမကြီးတွင် စိုက်ထူပြီးလမ်းမီးတိုင်များကိုတွေ့ရစဉ်
မီးကြီုးများသွယ်တန်းခြင်း၊ မီးချောင်းများတပ်ဆင်ခြင်းများကိုပြုလုပ်နေကြစဉ်
ပထမဦးဆုံးကျေးရွာလမ်းမီးများစတင် ထွန်းလင်းနေစဉ် (ယခင်ဒီလမ်းကိုလက်နှိပ်ဓါတ်မီးများကိုအသုံးပြု ပြီးသွားရပါသည်)

အလှူရှင်များလှူဒါန်းထားသောမီးစက်နှင့်ပတ်သက်၍ ဆရာတော်သံဃာတော်များ၊ ကျေးရွာရပ်မိ၊ ရပ်ဖ များမှတိုင်ပင်ဆွေးနွေးနေကြစဉ်

မီးစက်အလှူရေစက်ချပွဲတွင်တည့်ခင်းကျွေးမွေးရန်ချက်ပြုတ်နေကြစဉ်
(သံဃာတော်များအားဆွမ်းကပ်ခြင်း၊ ဧည့်ပရိသတ်များအားနံနက်ပိုင်းတွင်မုန့်ဟင်းခါအချိန်တရာနှင့် နေ့ လည်ပိုင်းတွင် ထမင်းများဖြင့်ဧည့်ခံ လှူဒါန်းကျွေးမွေးခဲ့ပါသည်)

နံနက်ခင်းမုန့်ဟင်းခါးအလှူပေါ့ ခင်ဗျာ ....

အလှူရေစက်ချပွဲ တရားနာလာကြသူများ


 ကြွရောက်လာကြသောတရားနာဧည့်ပရိသတ်များအား ဦးဇင်းအရှင်ဝိမလ၀ံသမှ တရားဓမ္မများဟောကြားနေစဉ်


ပင့်သံဃာများကို ဦးပါအိနှင့် ကျေးရွာ ဥက္ကဌ ဦးအေးလွင်(တိုက်ပုံအင်္ကျီဖြူ)တို့မှ လှူဘွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းနေစဉ်
ကျေးရွာမူလတန်းစာသင်ကျောင်းလေးတွင်လိုအပ်နေသော စာရေးခုံ ၅ စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ အတွက် ကျပ်(၁၀၀၀၀၀)ကို ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်မီးစက်အလှူရှင်များကိုယ်စား ဦးလေး ဦးပါအိမှ ကျောင်းအုပ်ဆရာမလေးထံသို့ လှူဒါန်းနေစဉ်

 
 
 ဦးဇင်းအရှင်ဝိမလ၀ံသမမှ မီးစက်အလှူရေစက်ချအတွက်တရားတော်များချီးမြှင့်နေစဉ်
ဦးဇင်းအရှင်ဝိမလ၀ံသနှင့်တကွ ပင့်သံဃာတော်များအားဆွမ်းကပ်လှူဒါန်းနေကြစဉ်
ဦးဇင်းအရှင်ဝိမလ၀ံသ နှင့် ရွာသူ/သား များအမှတ်တရဓါတ်ပုံများရိုက်ကူးစဉ်
ကညင်ကုန်းကျေးရွာ ရွာဦးစေတီတော်အားဖူးတွေ့ရစဉ်
ကျေးရွာမူလတန်းကျောင်းလေးအတွက် လိုအပ်တာလေးများလှူဒါန်းနိုင်ရန်အလည်တစ်ခေါက်ရောက်ရှိစဉ်
အပြန်ခရီးတွင်အခုလိုလိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါတယ်
အခုတော့ဒီရွာလေးမီးလင်းလို့ နေပါပြီ

အလှူလေးလည်း အထမြောက်အောင်မြင်သွားပြီမို့ စေတနာ့ရှင်အလှူရှင်များအနေနဲ့ ၀မ်းသာကြည်နူး ပီတိဖြစ်ကြမှာပါ ခင်ဗျာ...။ မီးစလင်းတဲ့ ညကရွာသူ/ သားများအားလုံးဝမ်းသာပျော်ရွှင်နေကြကြောင်း၊ မီးစက်အလှူရှင်များအားလုံးကို ကျေးဇူးအထူးပင်တင်ကြောင်း ဆုတောင်းမေတ္တာများပို့ကြတယ်လို့ ဦးဇင်း အရှင်ဝိသမလ၀ံသ မှဖုန်းဖြင့်ဆက်သွယ်မိန့်ကြားခဲ့ပါတယ်ခင်ဗျာ...။ အလှူအတွက်စာရင်းရှင်းတမ်းများကို ကျွန်တော်တို့ မကြာခင်တင်ပေးပါမယ်ခင်ဗျာ...။ စေတနာရှင် အလှူ့ရှင်များအားလုံးကို ကျေးဇူးအထူးပင်ရှိ ပါကြောင်းရိုသေလေးစားစွာဖြင့်ပြောကြားလိုပါတယ် ခင်ဗျာ...။


အလှူရှင်များနှင့်တကွ ညီအကိုမောင်နှမ များအားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ...။


ရာဇာထွေး







“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: