Tuesday, January 31, 2012

ထူးမြတ်သောသတိ

ထူးမြတ်သောသတိ

ထူးမြတ်သောသတိ(၀ါ)သတိထူးကိုပါဠိလို `အနုဿတာနုတ္တရိယ´ ဟုခေါ်၏၊
သားကိုသတိရခြင်း မယားကိုသတိရခြင်း လင်သားကိုသတိရခြင်း မိမိပိုင်ဆိုင်
သောစည်း စိမ်ဥစ္စာရတနာကိုသတိရခြင်း အယူတိမ်းမှားဆရာများကိုသတိရခြင်း
မျိုးကို ထူးမြတ် သောသတိရခြင်းဟုမှတ်ယူနေကြ၏၊ မိမိချစ်ခင်နှစ်သက်နေသူ
များကို(ချစ်တယ်)ဟု၍ လည်ကောင်း၊ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုလိုက်ရလျှင်
(သတိရသည်)ဟုလည်ကောင်း၊ အထူလွမ်းဆွတ်သတိရနေကြောင်း သတင်း 
စာ/ဂျာနယ် များ၌ ဖေါ်ပြလိုက်ရလျှင်အ လွန်ကျေနပ်နေတတ်ကြ၏၊ ထူးမြတ်
သောသတိဟုထင်မှတ်နေကြ၏။
        
စင်စစ်သော်ကား ထိုသတိရခြင်းမျိုးသည် လောဘဒေါသစသော ကိလေသာနှင့် တကွဖြစ်၏၊အပူအပင်နှင့်တကွဖြစ်၏။သူသူငါငါလူတကာသာမန်ပုထုဇဉ်တို့သတိ
ရခြင်းမျိုးဖြစ်၏၊ကိုယ်ထင်  ကုတင်ရွှေနန်းဟူသော   ဥပါဒါန်အစွဲကပ်နေသောသ
တိမျိုးဖြစ်၏၊ ငါကသာသတိရနေတယ်မင်းကတော့နေနိုင်ပဟူသောအပြစ်တင်
သံနှင့်တကွဖြစ်၏၊မှားယွင်းသောလမ်းကြောင်းပေါ်သို့ရောက်နေသောမိစ္ဆာသတိ
အကုသိုသ်မဂ္ဂင်မျိုးဖြစ်၏၊မ ဖြူစင်မသန့်ရှင်း တခါတရံအကျိုးမဲ့ကိုပင်ဖြစ်စေ ၏၊
အနှောင်အဖွဲ့မလွတ်သောသတိမျိုးဖြစ်၏၊ကုသိုသ်မဖြစ်အကုသိုသ်ဖြစ်သောသ
တိမျိုးဖြစ် ၏၊ထို့ကြောင့်ထူးမြတ်သောသတိ- ဟုမဆိုနိုင်ချေ။
     
ဘုရားရှင်ကို သတိရခြင်း၊ ဘုရားရှင်၏ဂုဏ်တော် ကျေးဇူးတော်တို့ကိုသတိရခြင်း၊
သံဃာတော်များကို သတိရခြင်း၊ သံဃာတော်များ၏ဂုဏ်ကို သတိရခြင်းမျိုးကိုသာ
ထူးမြတ်တောသတိ-ဟုဆိုရမည်ဖြစ်၏၊သမ္မာသတိမဂ္ဂင်ဖြစ်ပါ၏။ ဘုရား တရား သံ
ဃာ ရတနာသုံးပါး၏ဂုဏ်ကျေးဇူးတို့ကို သတိရနေခြင်းသည် ကိလေသာအပူအပင်
တို့ကို ဖယ်ခွာထားနိုင်၏၊ စိတ်အစဉ်ကို ကြည်လင် သန့်ရှင်းစေ၏၊ သောကဒုက္ခ ဟူ
သမျှကို ကျော်လွားနိုင်၏၊ ဗုဒ္ဓါနုဿတိဘာဝနာကိုအစဉ်ပွားနေသူ၏ခန္ဓာအိမ်သည်
စေတီအိမ် နှင့် တူသဖြင့်လူနတ်ဦးခိုက်ပူဇော်ထိုက်၏ဟုစာပေကျမ်းဂန်တို့၌မိန့်ဆို
ကြ၏၊ဥာဏ်ရည်ဖွံ့ဖြိုးအသိဥာဏ်တိုးကာ နိဗ္ဗာန်အထိပေါက်ရောက်နိုင်၏၊ထို့ကြောင့်
ထူးမြတ်သောသတိ(၀ါ)    သတိထူးဟုမြတ်စွာဘုရားမိန့်ကြားတော်မူခဲ့ခြင်းဖြစ်၏။
ဗုဒ္ဓါနုဿတိဆိုသည်မှာဘုရားရှင်နှင့်ဘုရားရှင်၏အရဟံအစရှိသောဂုဏ်တော်ကျေး
ဇူးတော်တို့ကိုအဖန်အဖန် အထပ်ထပ်အမြဲမပြတ်အောက်မေ့နေခြင်း၊အမှတ်ရနေခြင်း
ကိုဆိုလို၏၊ နှုတ်က ဂုဏ်တော်ကိုရွတ်ပွါး နေချိန်တွင်စိတ်ကဘုရားရှင်၏ဂုဏ်တော်အ
ပေါ်၌ အာရုံပြုညွတ်နေရမည်ဖြစ်၏။ စိတ်ကဟိုရောက်သည်ရောက်မဖြစ်စေသင့်၊ စိတ် ကဂုဏ်တော်အပေါ်၌ညွတ်မနေလျှင် ဟင်း၏ အရသာကိုမသိသောဟင်းမွှေးရောင်းမ
ကဲ့သို့ဖြစ်ပေလိမ့်မည်။
        
ဗုဒ္ဓါနုဿတိဘာဝနာများ အားထုတ်လိုသူသည် မိမိရှေ့ငါးထောင်ခန့် အကွာ၌ (သို့မ ဟုတ်)မျက်စိဖြင့်အာရုံပြုကြည့်၍အဆင်ပြေမည့်နေရာ၌သက်တော်ထင်ရှားမြတ်စွာ
ဘုရားကိုပင့်၍ဗောဓိပင်နှင့် ရွှေပလ္လင်ပေါ်တွင် သီတင်းသုံးနေတော်မူဟန်(သို့မဟုတ်) မိမိမျက်စိထဲတွင်စွဲမြဲနေသော ဘုရားရှင်၏ ဟန်ပန်အမူအရာ ဣရိယာပုထ်တခုခု ကိုမြင် အောင်စိတ်ဖြင့်ကြည့်ရှုရမည်။
       
မိမိကြည်ညိုအားရသောပုံတော်တစ်ခုခုကို ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင် စိတ်
အာရုံ၌ ထင်မြင်လာပါလျှင် အရဟံ အရဟံစသည်ဖြင့် ပုံတော်ကိုဖေါက်ထွင်းကာ 
ဂုဏ်တော်ကို သွင်း၍ အားစိုက်ပွားများရမည်။
        
ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်များသည် မရေတွက်နိုင်အောင် များပြား၏၊ ကောင်း 
ကင်ပြင်ကြီးကဲ့သို့ အဆုံးမှရှိပါချေ၊ ဘုရားရှင်၏ဂုဏ်တော်များမည်မျှပင်များပြား
စေကာ မူ မိမိဥာဏ်ဖြင့်လက်လှမ်းမှီသလောက်အောက်မေ့ပွားများရပေမည်၊ ဂုဏ်
တော်တစ်ပါး ပွားလျှင်ပင် ဘုရားရှင်၏ဂုဏ်တော်အားလုံးကိုပွားများရာရောက်ပေ
သည်။သမထကမ္မဌာန်းအားလုံးတို့တွင် ဗုဒ္ဓါနုဿတိ ကမ္မဌာန်းကို အကျယ်ပြန့်ဆုံး
အ မွန်မြတ်ဆုံး ဟုသိအပ်၏၊ အလုံးစုံသော ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော် “
အပေါင်း တွင်လည်း`အရဟံ´ဂုဏ်တော်သည် အဦးအစ ပဓာဏဖြစ်၏၊ ထို့ကြောင့်
ဗုဒ္ဓဘာသာ ၀င်သူတော်စဉ်များသည် `အရဟံ´ဂုဏ်တော်ကို အဓိကထားပွားများ
လ့ရှိကြ၏။

အရဟံ…….လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ ပူဇော်အထူးကိုခံယူတော်မူထိုက်သော
မြတ်စွာဘုရား။
အရဟံ……..ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းတော်မူသောမြတ်စွာဘုရား။
အရဟံ……..လူမမြင်သော ဆိတ်ကွယ်ရာအရပ်၌သော်မှာမကောင်မှုကိုပြု့တော်
မမူသောမြတ်စွာဘုရား စသည်ဖြင့်ပွားများကြရမည်ဖြစ်၏။
       
နေ့စဉ်နံနက်တိုင်းစောစောထ၍ှဗုဒ္ဓါနုဿတိဘာဝနာကမ္မဌာန်းစီးဖြန်းမှုပြုနေပါ 
လျှင် ဘုရားရှင်အပေါ်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားများ တဖွားဖွားပေါ်လာ 
အလွန် ပင်ထက်သန်လာမည်ဖြစ်၏၊ ကိုယ့်အသက်ကိုပင်မငဲ့ကွက် စွန့်လွှတ်ပူ
ဇော်ကိုးကွယ် ဆည်းကပ်နိုင်သူဥပါသကာအစစ်ဖြစ်လာမည်ဖြစ်၏၊တကယ့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာမည်ဖြစ်၏၊ ကိုယ့်အဖြစ်ကိုကျေနပ်ရွှင်လန်း
အပြုံးရောင် များသန်းလာမည်ဖြစ်၏၊ ထို့နောက်အမှောင်ဖြိုခွင်း ပီတိအလင်း 
ဥာဏ်အလင်းများ ဆီမီးတစ်ထောင်လနေရောင် ကဲ့သို့ တိုးတက်ပြန့်ပွားလား
မည်ဖြစ်၏၊ ထိုအခါ ရာဂ ဒေါသ မောဟ စသောကိလေသာ နိဝရဏ အနှောက်
အယှက် အမှောင့်ပယောဂများ အဝေသို့ပြေးထွက်ကြကာ ဈာန်နှင့်နီးကပ်မြင့်မြတ်
သာ သမာဓိဖြစ်ပေါ်လာမည်ဖြစ်၏၊ ထို့နောက်`သမာဟိတောယထာ ဘူတံပဇာ 
နာတိ´ဟူသည်နှင့်အညီ သဘာဝရုပ်နာမ်ဖြစ်ပျက် သဘောအမှန်ကိုပိုင်နိုင် ကျ
နသိမြင်သော ယထာဘူတဥာဏ်မှ သည် ဥာဏ်စဉ်အဆင့်ဆင့်ဖြစ်ပေါ်လာပြီး
လျှင် ကိလေသာနိဝဏ တို့ကိုသူ့အဆင့်နှင့်သူ အမြစ်ပြတ်ပယ်သတ်နိုင်သည့် 
အရိယာ သူ တော်စဉ်တစ်ယောက်ဖြစ်လာတော့မည်ဖြစ်၏။
        
သာသနာသက္ကရာဇ်(၄၀၀)ကျော်ဝန်းကျင်ကာလ၌ သီဟိုကျွန်း`ကဋအန္ဓကာရ´
ရပ်၌ သီတင်းသုံးနေထိုင်တော်မူသော ဖူဿဒေ၀မထေရ် သည်စေတီရင်ပြင်ကို တံ 
မြက်စီးလှည်း၍ သန့်ရှင်းသော စေတီရင်ပြင်ထက်ဝယ် သက်တော်ထင်ရှားမြတ်စွာ 
ဘုရား ကိုအာရုံပြုကာ ဗုဒ္ဓါနုဿတိ ကမ္မဌာန်းစီးဖြန်းနေ၏၊ ထိုစဉ်မာန်ရ်နတ်သည်
နှောက်ယှက်လိုသော သဘောဖြင့် မျောက်ညိုသဏ္ဍာန်ဟန်ဆောင်၍ လည်းကောင်း 
နွားအိုယောင်ဆောင်၍လည်းကောင်း၊ အလွန်အရုပ်ဆိုးသော ယောက်ျားကြီးယောင်
ဆောင်၍လည်းကောင်း(၃)ရက်တိတိလာ၍ စေတီရင်ပြင်ဝယ် နွားချေးများ အမှိုက်
သ ရိုက်များဖြန့်ကျဲလေ၏။
        
မထေရ်ရိပ်မိ၍နောက်ဆုံးနေ့ဝယ်`သင်မာရ်နတ်မဟုတ်လော´ ဟုမေးလေရာ 
ဟုတ်မှန်ကြောင်းဝန်ခံလေ၏၊ ထိုအခါမထေရ်ကသင်မာရ်နတ်ဖြစ်လျှင် ဘုရားရှင်
၏ပုံ တော်ကိုဖန်ဆင်းပြစမ်းပါ ဟုတိုက်တွန်းတော်မူသောကြောင့် ဘုရားရှင်၏ပုံ
တော်ကို တူနိုင်သမျှတူအောင် ဖန်ဆင်းပြလေ၏၊ မာရ်နတ်ဖန်ဆင်းပြသော ဘုရား
ပုံတော်ကို တစိမ့်စိမ့်ကြည့်ရင်း `ရာဂ ဒေါသ မောဟမကင်းသေးသူ´ဖန်ဆင်းအပ်
သောပုံတော် သည်ပင် ဤမျှလောက်တင့်တယ် သပ္ပါယ်တော်မူသေးလျှင် `ရာဂ
ဒေါသ မောဟ ကင်းပြီး ဘုရားရှင်အစစ်မူကား အဘယ်ဆိုဘွယ်ရာရှိအံ့တော့နည်း၊ 
အလွန်တင့်တယ် သပ္ပါယ်တော်မူပေလိမ့်မည်တကား´ ဟုစိတ်ထဲ တွေးရင်း တွေး
ရင်း လွန်စွာနှစ်သက် ကြည်ညိုသော ဗုဒ္ဓါရမ္မဏာပီတိများဖြစ်ပေါ်လာလေရာ ထိုပီ
တိကိုပင် တစ်ခုပြီးတစ်ခု ပြောင်းလည်းဖြစ်ပေါ်နေသောကြောင့် မမြဲသောအနိစ္စပါ
တကား၊ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေခြင်းသည် ကြောက်စရာ ဒုက္ခပါတကား၊ တစ်
ခုပြီးတစ်ခုဖြစ်ပျက်နေသည့်အ တွက် အမာခံနှင့်အနှစ်သားမပါ အနတ္တပါတကား
ဟု ၀ိပဿနာရှုပွားလေရာ အာသဝေါ ကုန်ခမ်း ရဟန္တာအရှင်သူမြတ်အဖြစ်သို့
ရောက်ရှိသွားလေ၏။
        
ဗုဒ္ဓလက်ထက်တော်အခါက ကုက္ကုဋ၀တီပြည့်ရှင် မဟာကပ္ပိနဘုရင်သည် ဘုရား ရှင်
ထံသို့အသွား လမ်းခရီးအကြား အပရစ္ဆာမြစ်သို့ရောက်သောအခါ ဟိုဘက်ကမ်းသို့ ကူးရန် လှေဖေါင်မရှိသဖြင့် ဘုရားရှင်ကိုအာရုံပြုကာ ဗုဒ္ဓါနုဿတိကမ္မဌာန်းကိုစီးဖြန် လျှက် မြင်းစီးသူရဲကောင်တစ်ထောင်နှင့် အတူမြစ်ကိုဖြစ်ကူးလေရာကျောက်ဖျာထက် တွင်စိုင်နှင်းရသကဲ့သို့ မြင်းခွါကိုမျှရေမစိုဘဲတစ်ဖက်ကမ်းသို့ရောက်သွားလေ၏။
        
ဗုဒ္ဓါနုဿတိဘာဝနာကမ္မဌာန်းစီးဖြန်းသူရနိုင်သော အကျိုးတရားများကား ရေး၍ ကုန်
နိုင်ဖွယ်မရှိပါချေ၊ အဘယ့်ကြောင်ဆိုသော် ထူးမြတ်သောသတိကုသိုလ်ဖြစ်သော
ကြောင့်ပေးတည်း။
        
ဘုရားကိုအမှတ်ရသော သတိမှသည် ကုသိုလ်တရားမှန်သမျှတို့၌ မမေ့သော သတိ၊
ရုပ် နာမ် ဓမ္မ တို့၏ ဖြစ်ပျက်သဘောကိုမမေ့သော ရှုမှတ်ပွားများသော မဟာသ တိ
ပဌာန်အထိ အဆင့်ဆင်မြင့်သော သတိအမြဲရှိနေကြရမည်ဖြစ်၏၊ သတိရှိလျှင်ကိစ္စ
အားလုံးပြီး၏၊ ကိစ္စအားလုံး၌သတိမပါလျှင်မဖြစ်၊ သတိတစ်လုံးအမြဲသုံး အဆုံနိဗ္ဗာန် 
တိုင် ဟုလည်းဆုံးမတော်မူခဲ့သည်ကိုသတိပြုအပ်ပါ၏။
        
လမ်းသွားနေစဉ် သတိမထားမိလျှင် ဆူးစူးနိုင်၏၊ ခလုပ်တိုက်နိုင်၏၊ အန္တရာယ် ဖြစ်
နိုင်၏၊ လမ်းချော်သွားနိုင်၏၊ သတိထားလျှင် ကိုယ်လိုရာခရီးကို ခလုပ်မထိ ဆူးမငြိပဲ အဆင်ပြေချောမောစွာလမ်းဆုံးအထိရောက်နိုင်၏။
        
အပ္ပမာဒေနသမ္ပာဒေထ မမေ့သောသတိဖြင့် လောကီကိစ္စ လောကုတ္တရာကိစ္စ သူ့
ကိစ္စကိုယ့်ကိစ္စ အားလုံးပြီးစီးအောင်ဆောင်ရွက်ကြဟု ပရိနိဗ္ဗာန်စံခါနီးအထိ အရေး ထားပြီးမိန့်တော်မူခဲ့သော ဒေသနာသြ၀ါဒကို တန်ဖိုးထားကြပါလျှင် တကယ်ပင်ထူး
မြတ်သောပုဂ္ဂိုလ်များဖြစ်လာနိုင်ပါ၏။
        
ထို့ကြောင့်ထူးမြတ်သောပုဂ္ဂိုလ်များဖြစ်နိုင်စေရန် သောကပရိဒေ၀ဒုက္ခဖြစ်သော 
သတိရလွမ်းဆွတ်ခြင်းမျိုးကို တတ်နိုင်သမျှထိမ်းချုပ်ပြုပြင်၍ အဖိုးတန်သောသတိ
ရခြင်း မျိုးဖြင့် သမ္မာသတိမဂ္ဂင်လမ်းကြောင်းပေါ်သို့ ရောက်အောင်သွားအပ်ပါ၏၊ 
သို့မှသာ ထူး မြတ်သောသတိပုဂ္ဂိုလ်ရှင်များ မလွဲဧကန် အမှန်ဖြစ်လာမည်ဖြစ်လာ
မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါ၏။အားလုံးကိုခြုံ၍ သုံသပ်တင်ပြရပါလျှင် ထူးမြတ်
သောပုဂ္ဂိုလ်(ပုဂ္ဂိုလ်ထူး) ဖြစ်ကြလိုသော လူသားအပေါင်းသည် ဗုဒ္ဓအဆုံးအမသာ သနာနှင့်ကြုံကြိုက်ခိုက်၌သာရနိုင်သောထူးမြတ်သောကုသိုလ်များကို အမိအရဆည်း ပူးအားထုတ်သင့်ကြပေသည်၊ သို့ဖြစ်၍….မိမိတို့မျက်စိဖြင့် ကြည့်ချင်တာတွေချည်
ကြည့်မနေကြပါနှင့် ကြည့်သင့်တာကို ကြည့်ပါ။မိမိတို့၏နာဖြင့် နားထောင်ချင် တာ
တွေချည်း နားမထောင်ကြပါနှင့် နားထောင် သင့်တာကိုနားထောင်ပါ။
မိမိတို့လိုချင်တာကိုချည်မယူကြပါနှင့်၊ ယူသင့်သည် ပစ္စည်းလာဘ်ကိုရအောင်ယူ ပါ။
မိမိတို့လေ့လာသင်ယူလိုတာချည်း လေ့လာသင်ယူမနေကြပါနှင့် လေ့လာသင်ယူ ထိုက်တာကိုလည်း လေ့လာသင်ယူကြပါ။မိမိတို့ကျွေးချင်သူချည်းကိုသာမကျွေးကြ
ပါနှင့်၊ ကျွေးသင့်သူကိုကျွေးကြပါ။မိမိတို့ သတိရချင်သူများကိုသာ သတိမရကြပါနှင့်၊ သတိရသင့်တာကိုသတိရကြ ပါ။
သိုမှသာ……..
ထူးမြတ်သောအမြင်
ထူးမြတ်သောအကြား
ထူးမြတ်သောလာဘ်
ထူးမြတ်သောသိက္ခာ
ထူမြတ်သောပြုစုလုပ်ကျွေးမှု
ထူးမြတ်သောသတိ
ဟူသော ထူးမြတ်သောကုသိုလ်များဖြင့် ထူမြတ်သောပုဂ္ဂိုလ်(ပုဂ္ဂိုလ်ထူး)များဖြစ်
နိုင်ပါ ကြောင်း တင်ပြရင် နိုဂုံးချုပ်အပ်ပါ၏။
ပုဂ္ဂိုလ်ထူးများဖြစ်ကြပါစေ။     

ကျမ်းကိုး……အနုတ္တရိယသုတ်၊ အင်္ဂုတ္တရနိကာယ်၊ ပရိဝါရအဋ္ဌကထာ၊
ဝနိယပိဋက၊   ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ လက်စွဲကျမ်း။
                                             အရှင်သိရီဒတ္ထာလင်္ကာရ
                                          ( ဒွိပိဋကဓရ၊ဒွိပိဋကကောဝိဒ)
read more

Monday, January 30, 2012

ထူးမြတ်သောအကြား

ထူးမြတ်သောအကြား

ထူးမြတ်သောအကြား(၀ါ) အကြားထူးကို ပါဠိလို-သ၀နာနုတ္တရိယ-ဟုခေါ်၏၊ 
မိမိ တို့၏နားဖြင့် စောင်းသံ စည်သံ ဂီတသံအမျိုးမျိုး၊ အယူတိမ်းစောင်း ပုဂ္ဂိုလ်
အပေါင်း၏ ၀ါဒရေးရာ ဟောသံ ပြောသံအမျိုးမျိုျးနှင့် မိမိချစ်ခင်နှစ်သက်သူ၏ 
ပလီပလာ တီတီတာ တာပြောသံ၊ ဟိုအသံဒီအသံ၊ အထက်ကအသံအောက်က
အသံ၊ ကောလဟာလ အသံ မျိုးစုံတို့ကို နားထောင်ခွင့်ရလျှင် ကြားခွင့်ရလျှင် 
ထူးမြတ်သောအကြား(၀ါ) အကြားထူး ဟုမှတ်ယူကြ၏၊ စင်စစ်သော်ကား ထို အကြားမျိုးသည် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာနှင့် တကွဖြစ်
သော အကြားအာရုံများဖြစ်၏။ သူသူငါငါလူတကာ ကြားနိုင်သော အကြား ဖြစ်
၏၊ ကိုယ်ထင် ခုတင်ရွှေနန်း ဟူသော ဥပါဒါန်အစွဲကပ်နေ သော အကြားဖြစ်၏၊
မဖြူစင် မသန့်ရှင်း တစ်ခါတစ်ရံ အကျိုးမဲ့ကိုပင်ဖြစ်စေနိုင်၏၊ အ နှောင်အဖွဲ့မ
လွတ်သော အကြားအာရုံဖြစ်၏၊ အကုသိုလ်ကိုဖြစ်စေ၍ ကုသိုလ်ဖြစ်ခွင့် အား
နည်းသော အကြားဖြစ်၏၊ ထို့ကြောင့်ထူးမြတ်သောအကြား(၀ါ) အကြားထူးမဖြစ် 
နိုင်ပါချေ။
       
မိမိတို့၏နားဖြင့် ဘုရားအစရှိသော အရိယာသူတော်ကောင်းကြီးများ၏ တရား စကားကိုနာကြားခွင့်ရရှိခြင်းသည်သာ ထူးမြတ်သောအကြား(၀ါ) အကြားထူးဖြစ် ပါ၏၊ လောကရှိအရာအားလုံးတွင် တရားစကားသည်သာ အမြတ်ဆုံးဖြစ်၏၊ အ
ဘယ့်ကြောင့် ဆိုသော် ဆင်းရဲဒုက္ခမှလွတ်မြောက်အောင် ငြိမ်းချမ်းမှုရအောင်ပြု့
နိုင်သောကြောင့်ဖြစ် ၏၊ တရားတော်ကိုကြားနာရခြင်းကြောင့် အောက်ဖေါ်ပြပါ 
အကျိုး ငါးမျိုးကိုရနိုင်၏၊ ဟု့ ဗုဒ္ဓမြတ်စွာက ဟော်မိန့်တော်မူခဲ့လေ၏။

(၁) မိမိမကြားဖူးသေးသော ထုံးဟောင်းပုံပြင် နည်းနာနိဿယ အသစ်အဆန်း   တရားဒေသနာတော်များကို နာကြားရ၏။
(၂) နာကြားဖူးပြီးသောတရားကို ရှင်းလင်းတိကျပိုင်နိုင်စွာ သိရှိနားလည်ခွင့် ရ၏။
(၃) မဝေခွဲမဆုံးဖြတ်နိုင်ဖြစ်နေသော ယုံမှာသံသယများကို ပယ်ဖျောက်နိုင်၏။
(၄) အယူဝါဒ  အသိဥာဏ်ကို ဖြောင့်မတ်မှန်ကန်စေ၏။

(၅) တရားနာသူ၏ စိတ်ကို သန့်ရှင်း အေးမြ ကြည်လင်လန်းဆန်းစေ၏။                  
(အင်္ဂုတ္တရနိကာယ် ဓမ္မဿဝနသုတ်)သူတော်ကောင်း တရားကိုနာကြား
ရ သည့် အကြားမျိုးသည်သာ မိမိ၏စိတ်အစဉ် ကိုသန့်ရှင်းကြည်လင်စေ၏၊
သောကဟူသမျှကိုကျော်လွှားနိုင်စွမ်းရှိပါ၏၊ အငိုတိတ် အောင်ချော့သိပ်နိုင်
စွမ်းရှိပါ၏၊ ကိုယ်စိတ်နှစ်ခု ဆင်းရဲမှုကို ထိမ်းချုပ်နိုင်စွမ်းရှိပါ၏၊ အ သိဥာဏ်
ဖွံ့ဖြိုး ဥာဏ်ရည်တိုးကာ အေးမြသောနိဗ္ဗာန်ချမ်းသာအထိ ပေးစွမ်းနိုင်စွမ်းရှိ
ပါ ၏၊ သာသနာတွင်းကာလ၌သာရနိုင်သော အကြားအရုံဖြစ်ပါ၏၊ ထို့ကြောင့် 
ထူးမြတ် သောအကြား(၀ါ) အကြားထူးဟုဆိုရခြင်းဖြစ်ပါ၏။   ၀တ္ထုသာဓက 
တစ်ခုထုတ်နုတ်တင်ပြရသော် အနာထပိဏ်းသူဌေးကြီး၌ ကာလ ဟုအမည်
ရသော သားတစ်ယောက်ရှိ၏၊ ဖခင်က ဘာသာရေးတရားကို လေးစားကိုင်း 
ရှိုင်းသလောက် သားဖြစ်သူကာလက ဘာသာရေးကိုစိတ်မ၀င်စား ဘုရားရှင် 
ထံခေါ်လျှင် လည်းမလိုက် ဘုရားရှင်အိမ်ကြွလာလျှင်လည်းရှိခိုးဦးချခိုင်း၍မရ
ဆွမ်းကပ်လျှင် သံဃာ့ ဝေယျာဝစ္စခိုင်လျှင်လည်းမလုပ်ချင် လုပ်ချင်၊ ရွှင်ရွှင်ပြ
ပြမရှိ၊ တရားနာဖို့ခေါ်လျှင်လည်း ခေတ်လူငယ်များကဲ့သို့ လုံးဝအကြောက်အ
ကန်ငြင်းဆန်မြဲ တစ်နေ့သောအခါ ဖခင်ဖြစ် သူကသားဖြစ်သူအား ကျောင်း
တော်သို့သွား၍ ဥပုသ်သီလစောင့်ပြီး တရားနာလျှင် အ သပြာ တစ်ရာပေးမည်
ဟုပြောဆိုတိုက်တွန်းလေ၏၊ အသပြာတစ်ရာရလိုမှုကြောင့်မောင် ကာလသည် 
ကျောင်းသို့သွားရုံသွား၍တရားမနာပဲ ချောင်တချောင်၌ ၀င်၍အိပ်နေလိုက် ၏၊ ဥပုသ်အထွက်နောက်တစ်နေ့နံနက်စောစော အိမ်သို့ပြန်လာသောအခါ ဥပုသ်
သည် အား ဖခင်ဖြစ်သူက ၀မ်းပန်းတသာကြိုဆို၍ နံနက်စာကျွေးသောအခါတွင်
အသပြာရမှ စားမည်ဟု ဇွတ်အတင်းငြင်းဆိုလေ၏၊ ဤမျှလောက်ဆိုးဝါးသော
သားပါပေ၊ သို့သော် ဘုရားကျောင်းသို့သွာဖေါ်ရသော သားကို ဖခင်သူဌေးကြီး
က ကျေနပ်နေမိ၏၊   သို့ဖြစ်၍ နောက်တစ်နေ့တွင် သားကိုမြူစွယ်ပြန်၏၊ 

`ဒီတစ်ခါကျောင်းသွားပြီး မြတ်စွာဘုရားသခင်ထံမှ တရားတစ်ပုဒ်လောက် အ
ကြောင်းအရာတစ်ခုလောက်မှတ်မိ အောင်နာယူခဲ့လျှင် အဖေအသပြာတစ်ထောင်
ပေးမယ်ကွာသားဘယ်နဲ့လဲ´ဟုဆိုကာ မြတ်စွာဘုရားသခင် ကျောင်းသို့သွား၍
ဟောကြားတော်မူသော တရားတော်ကို ဂရုတစိုက်နာယူစေ၏၊ တရားတော်ကို 
နာလိုက် မှတ်လိုက် မေ့သွားလိုက်နှင့် တစ်ခုမှတ်မိရင် အိမ်ပြန်ပြေးမည်ဟု စိတ်
ကူးထားသော သူဌေးသားကာလသည် အိမ်သို့မပြန်နိုင်ဖြစ်နေ၏၊ မြတ်စွာဘုရား
၏ကြီးမားသော မေတ္တာဂရုဏာတော်ကြောင့်မ မှတ်မိနိုင်တာလည်းဖြစ်နိုင်၏၊သူ ၏အသပြာတစ်ထောင်ရလိုဇောကြောင့်လည်းဖြစ်နိုင်၏၊ ကာလသည်စိတ်ကိုတည်
ငြိမ်အောင် တည်ဆောက်ြပု့ပြင်၍အထက်အထက် ဆက်၍ ဆက်၍ တရားတော် ကိုမှတ်သားနာယူလိုက်သောအခါ သမာဓိအားကောင်းလာပြီးဥာဏ်ပညာတိုးတက်
ထက်မြက်လာကာ ထိုအသိဉာဏ်လက်နက်ဖြင့်အသပြာအပေါ်၌ ကပ်နေသော ဥ ပါဒါန်အစွဲမှသည်အတွင်းအပ ခန္ဓာငါးပါးပေါ်၌ အပါယ်ကျလောက်အောင် ကြီးမား
ဆိုး ၀ါးသောဥပါဒါန်အစွဲတို့ကို၎င်း၊ရတနာသုံးပါးအကြောင်းအကျိုးနိယာမတရား
တို့၌ ဇဝေဇ၀ါ မရေမရာဖြစ်နေသော သံသယတို့သည်၎င်း ဖြတ်တောက်ကျော်
လွှားကာ သောတာပန် အရိယာပုဂ္ဂိုလ်ထူးတစ်ယောက်ဖြစ်သွားလေ၏။
        
အိမ်ပြန်ရောက်သောအခါ ဖခင်အနာထပိဏ်သူဌေးကြီး အသပြာတစ်ထောင်ဆီး
ကြို၍ပေးသော်လည် မယူတော့ပြီ တရားအရသာတရားတန်ဖိုးကိုငွေအသပြာနှင့်
မလဲ နိုင်တော့ပေ၊ မင်းစည်းစိမ် နတ်စည်းစိမ်ထက် တရားအရသာကထူကဲသာ
လွန်းသည်ကို သူဌေးသား မောင်ကာလသိသွားချေပြီ၊ ထို့ကြောင့် သူတော်ကောင်း
တရားနာကြားခွင်းရ ခြင်းကို ထူးမြတ်သောအကြား(၀ါ)အကြားထူးဟု ဗုဒ္ဓဘုရားရှင်
ကဟောတော်မူခဲ့ခြင်းဖြစ် ၏။
        
ထို့ကြောင့်ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်ထူးတစ်ယောက်ဖြစ်လိုသူများအနေဖြင့် ကြားချင်
တာကို ချည်နားမထောင်ပါနှင့် နားထောင်သင့်တာကို နားထောင်ပါ သို့မှသာ 
ထူးမြတ် သော အကြားကိုရ၍ ထူးမြတ်သောအကြားပုဂ္ဂိုလ်တစ်ယောက်ဖြစ်နိုင်
ပါကြောင်းတင်ပြ လိုက်ရပါ၏။
                   ဆက်လက်ဖေါ်ပြပါမည်။
                                         အရှင်သိရီဒတ္ထာလင်္ကာရ။
read more

ထူးမြတ်သောအမြင်

ထူးမြတ်သောအမြင်
        
ထူးမြတ်သောအမြင်(၀ါ)အမြင်ထူးကိုပါဠိ လို ဒဿနာနုတ္တရိယ ဟုခေါ်၏၊ 
မိမိတို့ မျက်စိဖြင့် ပြပွဲအမျိုးမျိုး ကပွဲအမျိုးမျိုး ဖွင့်ပွဲ ပိတ်ပွဲ ရှိုးပွဲ အမျိုးမျိုး ချစ်
စရာတိရိစ္ဆာန်များ စိန် ရွှေ ငွေ ကျောက်သံပတ္တမြား စသော အဖိုးတန် လော
ကီ ရတနာများ မိမိတို့၏ချစ်ဇ နီး ချစ်လင် တို့၏မျက်နှာ သားသမီးများ၏မျက်
နှာချစ်သူများ၏ မျက်နှာလေးများကို တွေ့ ရမြင်ရလျှင် ထူးမြတ်သော အမြင်
ဟုမှတ်ယူကြ၏။ စင်စစ်သော်ကား ထိုအမြင်မျိုး သည် တဏှာရာဂနှင့် တကွ 
ဖြစ်သော ပျော်ရွှင်မှုမျိုးကိုသာ ပေးစွမ်းနိုင်ရကား ထူမြတ် သောအမြင်မဟုတ်၊
သူသူ ငါငါ လူတကာမြင်တွေ့နိုင်သော အမြင်ဖြစ်၏၊ သာမန် ပုထု ဇဉ်တို့၏အ
မြင်ဖြစ်၏၊ ကိုယ်ထင် ကုတင်ရွှေနန်းဟူသော ဥပဒါန်အစွဲ ကပ်ငြိနေသော အ
မြင်ဖြစ်၏၊ မဖြူစင် မသန့်ရှင်း တစ်ခါတစ်ရံ အကျိုးမဲ့ကိုပင် ဖြစ်စေနိုင်၏၊ အ
နှောင်အဖွဲ့  မှ မလွတ်ကင်းနိုင်သေးသော အမြင်ဖြစ်၏၊ အကုသိုလ်ကိုဖြစ်စေ
၍ ကုသိုလ်ဖြစ်ခွင့် အား နည်းသောအမြင်ဖြစ်၏၊ အချိန်မရွေးနေရာမရွေး မြင်
တွေ့ ခွင့်ရှိသော သာမန်အမြင်မျှ သာဖြစ်၏၊ ထို့ကြောင့် ထူးမြတ်သော အမြင်
မဖြစ်နိုင်ပါချေ။
        
မိမိတို့မျက်စိဖြင့် ဘုရား ရဟန္တာ ဣနြေ္ဒငြိမ်သက်သော ရဟန်း သာမဏေများ
ကို ဖူးမြင်ခွင့် ရခြင်းသည်သာ ထူးမြတ်သောအမြင်(၀ါ)အမြင်ထူးဖြစ်ပါ၏၊ ထိုအ
မြင်မျိုးသည် သာ ဂါရ၀နိဝါတ မင်္ဂလာကိုရှေ့တန်းတင်ထားပြီး ဖြစ်ရကား ကု
သိုလ်တရားကို တိုးပွား စေပါ၏၊ စိတ်အစဉ်ကို ကြည်လင်သန့်စင်စေပါ၏၊ သော
ကဟူသမျှကို ကျော်လွှားနိုင်စွမ်းရှိပါ၏၊ ကိုယ်စိတ်နှစ်ပါးဆင်းရဲမှုကို ထိမ်းချုပ်ပေး နိုင်စွမ်းရှိပါ၏၊ သောကအပူများ ကြောင့် မျက်ရည်ယိုစီး ငိုညည်းနေသူများကို အ ငိုတိတ်အောင် ချော့သိပ့်နိုင်စွမ်းရှိပါ၏၊ အသိဥာဏ်ဖံွံ့ ဖြိုး ဥာဏ်ရည်တိုးကာ အေး
မြသော နိဗ္ဗာန်ချမ်းသာ အထိပင် ပေးစွမ်းနိုင် စွမ်းရှိပါ၏၊ သာသနာတွင်းကာလ၌
သာ ရနိုင်သော အမြင်ထူးဖြစ်ပါ၏၊ ထို့ကြောင့် ဘုရား ရဟန္တာ ဣနြေ္ဒငြိမ်သက်
သော ရဟန်း သာမဏေများကို ဖူးမြင်ခွင့်ရခြင်းကို ထူးမြတ် သောအမြင်(၀ါ) 
အမြင်ထူးဟု ဗုဒ္ဓဘုရားရှင် ဟောတော်မူခဲ့ခြင်းဖြစ်ပါ၏။
        
ဝတ္ထုသာဓက ထုတ်နုတ်ဖေါ်ပြရသော် သာဝတ္ထိပြည်တွင် အဒိန္နပုဗ္ဗက အမည်ရ 
သော သူဌေးပုဏ္ဏား တစ်ယောက်ရှိ၏၊ သူ့တွင်ဇနီးတစ်ယောက်နှင့် တစ်ဦးတည်း
သော သားတစ်ယောက်ရှိ၏၊ တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်သဖြင့်မိဘ
များက အ လွန်ချစ်၏၊ သူ့ကို မဋ္ဌကုဏ္ဍလီဟုခေါ်၏၊
        
သူဌေးကြီး အန္နပုဗ္ဗကသည် သူ၏ ဥစ္စာပစ္စည်းများကိုနည်းနည်းမျှ အပွန်းအပဲ့မခံ
ဇေတ၀န်ကျောင်းတိုက်တွင် သီတင်းသုံးလျှက်ရှိသော မြတ်စွာဘုရားအားလည်း 
မလှူ သာသနာ ပတ္ထိယ ဆရာကြီးများလည်းမလှူ သူ့ဘ၀တွင်မည်သည့် ပစ္စည်း
ဝတ္ထကိုမျှမ လှူဖူးခဲ့၊ ထို့ကြောင့်သူ့ကိုအများက အဒိန္နပုဗ္ဗကဟု ခေါ်ကြခြင်းဖြစ်၏၊
အဒိန္နပုဗ္ဗက ၏ အဓိပ္ပါယ်မှာ တစ်ခါမှ `မလှူဖူးသူ´ဟူ၍ဖြစ်၏။
        
သူသည် သားထက် ပစ္စည်းဥစ္စာကိုပို၍ချစ်သူဖြစ်၏၊ ပို၍မက်မော၏၊ သူ၏သားအ
တွက် နားဋောင်းတစ်စုံပြုလုပ်ပေးရာ၌ပင် ရွှေပန်းတိမ်ထံအပ်လျှင် လက်ခကုန်မည်
စိုးသ ဖြင့် သူကိုယ်တိုင်ပြု့လုပ်၍ပေး၏၊ ထို့ကြောင့်သူ့သားကိုလူအများက မဋ္ဌကုဏ္ဍ
လီ ဟု့ ခေါ်ကြ၏၊ အကောင်းခေါ်တော့မဖြစ်နိုင် သူ့အဖေကိုယ်တိုင်မလုပ်တတ်လုပ်
တတ်နှင့်ပြု လုပ်ထားသည်ဖြစ်ရကား ပြေပြစ်ချောမွေ့ မှုမရှိသော နားဋောင်းကို ၀တ် ဆင်ထား သော ကြောင့်သငယ်ချင်းများကအရွဲ့တိုက်ကာ`မင်းနားဋောင်းကချောလှ
ကောင်းလှချည်လားကွ´ဟု စရင်း နောက်ရင်းအမည်ဖြစ်ဟန်တူ၏။
        
မဋ္ဌကုဏ္ဍလီ တဆယ့်ခြောက်နှစ်သားအရွယ်သို့ရောက်သောအခါ ဖျော့သောရော 
ဂါဖြစ်၏၊ ယနေ့ခေတ် ဝေါဟာရအရ အသားဝါရောဂါဟုဆိုနိုင်၏၊ သား၏ရောဂါကို ဆရာ ကောင်းသမားကောင်းတို့ဖြင့်ကုသပါရန်မိခင်ဖြစ်သူက သူဌေးကြီးအားတိုက်
တွန်း၏၊ သို့ရာတွင် ဆေးဖိုးဝါးခ ကုန်ကျမည်စိုး၍ ဆေးဆရာမပင့်ပဲ သူကိုယ်တိုင် ကြားဖူးနားဝ ဆေးမီးတိုဖြင့်ကုသ၏၊ ဆေးဆရာများအိမ်သို့သွား၍လည်း အသားဝါ
ရောဂါဖြစ်လျှင် ဘယ်လိုဆေးဖြင့်ကုရသနည်းဟု့ မသိမသာမေး၏၊ ဆေးဆရာများ
ကလည်း လာရောက် ပင့်ဆောင်ခြင်း မဟုတ်သည့် အပြင် လူနာ၏ရောဂါကို ကိုယ်
တိုင်ကျပ်မတ် စမ်းသပ်စစ် ဆေးရခြင်းမရှိသဖြင့် တော်သလို လျှော်သလိုပြောလိုက်
၏၊ ထိုအခါ ဆရာများပြော လိုက်သောဆေးဝါးများဖြင့်သာ ကုသပြန်၏၊  ရောဂါ 
လည်းကျွမ်းခဲ့ပြီ၊ အချိန်လည်းနှောင်း ခဲ့ပြီ၊ သား၏ရောဂါမသက်သာပဲ အခြေအနေ
က ဆိုးဝါးလာသောအခါမှသာ သမားတော် ကိုအိမ်သို့ပင့်၏၊ သမားတော်သည် မ ဋ္ဌကုဏ္ဍလီရောဂါကိုစမ်းသပ်စစ်ဆေးကြည့်၍ မိမိ၏ ဆေးချက် အစွမ်းမထက်နိုင်
တော့မှန်း သိသဖြင့် အခြားသမားတော်များကို ပင့်ရန်လမ်း ညွှန်ပြီးထွက်ခွာသွား
တော့၏၊ အခြားသမားတော်များကလည်းလက်မခံကြတော့။
        
မိမိ၏သား မဋ္ဌကုဏ္ဍလီ ဆုံးပါးတော့မည်ကိုသိ၍ အိမ်အတွင်းခန်းမှ အိမ်အပြင်သို့
ထုတ်၏၊ လူနာလာမေးသူများ သူ၏အတွင်းခန်းပစ္စည်းများကိုမြင်တွေ့သွားမည်စိုး
သာ ကြောင့်ဖြစ်၏။
        
ထိုနေ့မိုးသောက်အလင်းရောက်သောအခါ မြတ်စွာဘုရားသည် မဟာဂရုဏာ သ
မာပတ်မှထ၍ ကျွတ်သင့်ကျွတ်ထိုက်သော ဝေနေယျ သတ္တ၀ါတို့ကို ကြည့်ရှုတော်
မူ သောအခါ မဋ္ဌကုဏ္ဍလီ သူဌေးသားကိုမြင်၏၊ သေအံ့မူးမူးအချိန်၌ အာသန္နကံ
သည် အ လွန်အရေးကြီး၏၊ အာသန္နကံသည်သေခါနီးကာလ၌ ပြုလုပ်အပ်
သောကံဖြစ်၏၊ မဋ္ဌ ကုဏ္ဍလီသည် သူ၏ဘ၀တစ်လျှောက်လုံး ဖခင်မိုက်ကြောင့် 
ဒါနလည်းမပြု့နိုင်ခဲ့၊ သီလ လည်းမဆောက်တည်နိုင်ခဲ့၊ ဘ၀နာလည်းမပွားများနိုင်ခဲ့၊ ထို့ကြောင့်သူတွင်ကောင်းမှုကု သိုလ်ကံဟူ၍ မည်မည်ရရ ဘာမျှမရှိ၊ သိုရာတွင်မြတ် စွာဘုရားကိုဖူးမြင်ရသော ဗုဒ္ဓါနု ဿတိ ဘာဝနာကုသိုလ်အသန္နကံကြောင့် ကောင်း
ရာသုဂတိ ဘုံဘ၀ရောက် မည်ကို မြတ်စွာဘုရားမြင်တော်မူ၏၊ ထို့ကြောက်မြတ်စွာ
ဘုရားသည် ရဟန်း သံဃာ အပေါင်းခြံ ရံလျှက် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွ
တော်မူ၏၊ အိမ်စဉ်အတိုင်းကြွတော်မူရာ အဒိန္န ပုဗ္ဗက သူဌေး၏အိမ်အနီးသို့ရောက်
တော်မူလျှင် မဋ္ဌကုဏ္ဍလီ သူဌေးသား ဖူးမြင်နိုင်စေ ရန် ရောင်ချည်တော်လွှတ်လိုက်
၏၊ မဋ္ဌကုဏ္ဍလီ သူဌေးသားသည် မြတ်စွာဘုရားကိုဖူး မြင်ရလေရာ မြတ်စွာဘုရား၌ အလွန်ကြည်ညိုသောစိတ်ဖြင့်ကွယ်လွန်သွားလေ၏၊ မြတ် စွားဘုရား ကို ဖူးမြင်လိုက်
ရသော  ထူးမြတ်သော  အမြင်ကုသိုလ်ကြောင့်  သာဝတ္တံသာ နတ်ပြည်၌ နတ်ဖြစ်ရ
လေ၏။ထင်ရှားသော ၀တ္ထု့သာဓကလည်းရှိသေး၏၊ မြတ်စွာဘုရားသက်ရှိထင်ရှားရှိ
စဉ် က အဇာတသတ်မင်းသားသည် ခမည်းတော်ဗိမ္ဗိသာရမင်းကြ်ီးကို သတ်မိသဖြင့် အမြဲတ စေနောင်တရနေ၏၊ အတွင်ကျိတ်ပူဆွေးနေရ၏၊ မိမိ၏သားငယ် ဥဒယဘဒ
္ဒ ကိုကြည့်၍ `သူလည်းငါ့လို အဖေကိုသတ်၍ ထီးနန်းလု့ယူမယ့်သူပဲလား ´ဟု တွေး
မိတိုင်း တစိမ့်စိမ့် ကြောက်စိတ်ဝင်ကာ ဆောက်တည်ရာမရဖြစ်နေ၏၊ သူ့ဆရာ ဒေ
ဝဒတ်မြေမျိုခံရလို့တဲ့ ဟူသောသတင်းကိုကြားပြီးကတဲက `အို ငါကိုးကွယ်တဲ့ဆရာ
ဒေ၀ဒတ်က လူမိုက်ကြီးပါ လား သူခိုင်းခဲ့တဲ့ငါကိုလဲ မြေမျိုမည်လားမသိ´တွေးရင်း
ကြောက်၊ ကြောက်တိုင်းအတွေး ၀င်လာပြီ ညည၌ အိပ်မပျော် အိပ်မပျော်သည့် အ ထဲတွင်အိမ်မက်ဆိုးများကလည်း ၀င် ရောက် နှောက်ယှက်ခြောက်လှန့်နေကြပြန် 
၏၊  အိမ်မက်ထဲတွင် ငရဲထိန်းနှင့် ငရဲခွေး များလိုက်နေ၍ ကြောက်အားလန့်အား
ဖြင့်ပြေးနေရသည်မှာလည်း အားမရှိသလို ခံစား နေရပြန်၏။ သာငယ်၏ လုပ်ကြံ သတ်ဖြတ်ခြင်းခံရသည်ဟူသော အိမ်မက်ဆိုးကိုမက်ပြီး သည့်နောက်ပိုင်း၌ကား မ
အိပ့်ရဲအောင်ဖြစ်နေ၏၊ အိပ့်လို့လဲဘယ်လို့မှမပျော်တော့။
        
ဤမျှလောက်သော ပဋိဒေ၀ ဒုက္ခ ဒေါမနဿ တို့ဖြင့်ယူကြုံးမရ အပူလုံးကြွနေ
သော အဇာတသတ်ဘုရင်သည် စိတ်သက်သာရာရလိုငြား ရည်ရွယ်ချက်ဖြင့် 
ဆရာဇိဝ က၏ အကူအညီဖြင့် မြတ်စွာဘုရားကို ဖူးမြှေုာ်ရန် ဂိဇ္ဈကုဋ်တောင်
ခြေရှိ ဆရာဇိဝက၏ သရက်ဥယျာဉ်သို့သွားရောက်လေ၏။
        
နန်းတွင်းသူ မောင်းမမိဿံ ငါးရာအခြံအရံနှင့်တကွ ကြီးကျယ်ခန်းနား သော 
မင်းခမ်းမင်းနားနှင့်လာသော ဘုရင်အဇာတသတ်သည် ရဟန်း သံဃာ(၁၂၅၀) နှင့်တကွ မြတ်စွာဘုရားသီတင်းသုံးနေထိုင်ပါသည်ဆိုသော သရက်ဥယျာဉ်သို့
ရောက်လာပါသော် လည်း လမ်းလျှောက်သံ ချောင်းဟန့်သံ နှာချီသံ စကားပြော
သံ မည်သည့်အသံကိုမျှမ ကြားရသောအခါ ဆရာဇိဝက အပေါ်သံသယ၀င်ကာ
ပို၍ပင်ကြောက်ရွံ့လာ၏။
        
တန်ဆောင်းမုန်းလပြည့်ည၏ သာယာလှပ ရှုမ၀သောမြင်ကွင်းနှင့်အပြိုင် မဏ္ဍပ် တန်ဆောင်းဝန်းတစ်ခုအတွင်းဝယ် ဣနြေ္ဒငြိမ်သက်သော ရဟန်းသံဃာ(၁၂၅၀)
တည်း ဟူသော ကြယ်စင်များဝန်းရံလျှက် ထွန်းလင်းတောက်ပကျက်သရေရှိလှ
သော ဘုရား တည်းဟူသော လမင်းကြီးကိုဖူးမြင်လိုက်ရသောအခါ ကြောက်စိတ်
တွေပျောက်ပြီးတ အံ့တသြငေးမောကြည့်ရှုရင်းသောကဟူသမျှကိုဖယ်ရှားနိုင်ခဲ့
လေ၏၊ ဆရာဇိဝကပြောပြသော ဗုဒ္ဓဂုဏ်တော်များကိုအာရုံပြု့ရင်း ဗုဒ္ဓဘုရားရှင်
ဟော်တော်မူ အပ်သော တရားတော်တို့ကို နာယူခွင့်ရသောအခါပစ္စုပ္ပန်ဘ၀၀ယ်
ကြီးမားသောစိတ် ဆင်းရဲမှလွတ်မြောက်၍ သံသရာဝယ်ကြုံတွေ့ရမည့် ဒုက္ခဆင်း
ရဲမှလည်းများစွာသက် သာခွင့်ရသွားလေ၏၊ အဖကိုသတ်သည့် အကုသိုလ်ပြစ်မှု
ကြောင့်ခံရမည့် အ၀ိစီငရဲဟူ သောပြစ်ဒဏ်မှ သက်တောင့်သက်သာရှိသောလော 
ဟကုမ္ဘီငရဲဟူသောအပြစ်ဒဏ်သို့ ပြောင်းရွေ့ခွင့်ရလေ၏။ ထို့အပြင် နေ့ရက်ကာ
လနှစ်ပရိစ္ဆေဒ အလွန်ရှည်ကြာသော မဟာကပ်တစ်ကပ် ဟူသောသတ်မှတ်ရက်
မှလည်း အနှစ်ခြောက်သောင်းသို့ပြောင်း၍ လျော့ရက်များစွာရခဲ့လေ၏၊ ဤကား အဇာတသတ်ဘုရင်အတွက် မြတ်စွာဘုရားနှင့်တ ကွဣနြေ္ဒငြိမ်သက်သော ရဟန်း သံဃာများကိုဖူးမြင်ရသောထူးမြတ်သောအမြင်ကုသိုလ်၏ ကြီးမားသော အကျိုး ဆက်ဂုဏ်အာနိသင်ပင်ဖြစ်ပါ၏။

ထို့ကြောင့်…..ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တစ်ယောက်ဖြစ်လိုသူများ အနေဖြင့်မြင်သ မျှ
တွေ့သမျှအားလုံးသဘောကျဟူသော အလိုရမ္မကြီးသောစိတ်ဖြင့်မကောင်းမှုအကု သိုလ် ဖြစ်စေနိုင်သောအဆင်းအာရုံမျိုးကိုသာမကြည့်ပါနှင့်၊ ကုသိုလ် ကောင်းမှုဖြစ်
စေနိုင်သော အဆင်အာရုံမျိုးကိုလည်းကြည့်ရှုကြပါ မိမိတို့၏မျက်စိဖြင့်ကြည့်ချင်တာ
ကိုချည် မကြည့် ပါနှင့်၊ကြည့်သင့်တာကိုကြည့်ပါ၊ 

သို့မှသာ………ထူးမြတ်သောအမြင်ကိုရမည်ဖြစ်ကြောင်းတင်ပြအပ်ပါ၏၊ မိမိတို့၏
မျက်စိကို တန်ဖိုးရှိအောင်အသုံးချပါ။
            ဆက်လက်ဖေါ်ပြပါမည်။
                                         အရှင်သိရီဒတ္ထာလင်္ကာရ
read more

ထူးမြတ်သောသိက္ခာ

ထူးမြတ်သောသိက္ခာ
      
ထူးမြတ်သော သိက္ခာ(၀ါ) သိက္ခာထူးကို ပါဠိလို`သိက္ခာနုတ္တရိယ´ ဟုခေါ်၏။
သိက္ခာဟူသည် သင်ယူခြင်း လေ့ကျင့်ခြင်း အားထုတ်ခြင်းဟု အဓိပ္ပါယ်ရ၏၊ လူ
တို့သည် များသောအားဖြင့် ဆင်စီးအတတ် မြင်းစီးအတတ် မြှားပစ်အတတ် 
ဓါးသိုင်းအတတ် ၀ိဇ္ဇာအတတ် သိပ္ပံအတတ် ကားမောင်းအတတ် ဟိုအတတ် ဒီ
အတတ် အယူဝါဒအမှား ယွင်း တိမ်းစောင်းနေသူများ၏အတတ် စသော လော
ကီ ပညာအရပ်ရပ်ကို သင်ယူလေ့ ကျင့်တတ်မြောက်ရခြင်းကို ထူးမြတ်သောသိ
က္ခာ ထူးမြတ်သောအကျင့်ဟု မှတ်ယူကြ ၏၊ စင်စစ်သော်ကား ထိုလောကီအ
တတ်ပညာများကို သင်ယူလေ့ကျင့် တတ်မြောက်ရ ခြင်းသည် အဆုံးမရှိသော 
ကမ်းမမြင်လမ်းမမြင် ခရီးရှည်ကြီးကိုသွားရခြင်းနှင့်တူ၏၊ လမ်းဆုံးမရှိချေ၊ အ
နားသတ်နိဂုံး ပန်းတိုင်မရှိချေ၊ လောဘ ဒေါသ မာနစသော ကိလေ သာများနှင့်
တကွဖြစ်၏၊ သူသူငါငါ လူတကာသင်ယူလေ့ကျင့်နိုင်သော သိက္ခာမျိုးဖြစ်၏၊ သာ
မန်ပုထုဇဉ်တို့၏ သင်ယူမှုမျိုးသာဖြစ်၏၊`ကိုယ်ထင် ခုတင်ရွှေနန်း´ဟူသောဥပါ
ဒါန် အစွဲကပ်နေသော သိက္ခာမျိုးဖြစ်၏၊  မဖြူစင် မသန့်ရှင်း တစ်ခါတစ်ရံ အကျိုး
မဲ့ကိုပင်ဖြစ် စေနိုင်၏၊ အနှောင်အဖွဲ့မလွတ်သော သိက္ခာမျိုးဖြစ်၏၊ ကုသိုလ်ဖြစ်
ခွင့်နည်း၍ အကု သိုလ်အဖြစ်များသော သိက္ခါမျိုးဖြစ်၏၊ ထို့ကြောင့် ထူးမြတ်သော
သိက္ခာဟု မဆိုနိုင်။
       
ဗုဒ္ဓဘုရားရှင်၏ လမ်းညွှန်ချက်အတိုင်း သီလကို ဘယ်လိုဖြည့်ကျင့်ရမည်နည်း၊ 
သ မာဓိကိုကိုဘယ်လို ထူထောင်ရမည်နည်း၊ ၀ိပဿနာပညာ၊ မဂ်ပညာတွေ 
ရင့်ကျက်တိုးတက်အောင် ဘယ်လိုလေ့ကျင့် ရမည်နည်း၊ ဟူသော သိက္ခာသုံး
ရပ်အကျင့်မြတ်နှင့် စပ်သော သင်ယူလေ့ကျင့် အားထုတ်ခြင်းမျိုးကိုသာ ထူးမြတ်
သော သိက္ခာဟု ဆိုရမည် ဖြစ်၏။
        
သိက္ခာသုံးရပ် ကျင့်စဉ်အရပ်ရပ်တို့သည် ကိလေသာတို့ကို ထိမ်းချုပ်ပယ်သတ် နိုင်
စွမ်းရှိပါ၏၊ ဘ၀အပူကိုကာကွယ်ပေးနိုင်စွမ်းရှိ၏၊ သောက ဒုက္ခဟူသမျှကို ကျော် 
လွှားနိုင်၏၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသောကျင့်စဉ် သိက္ခာမျိုးဖြစ်၏၊ ဗုဒ္ဓသာသ
နာအ တွင်း၌သာရှိနိုင်သော သိက္ခာမျိုးဖြစ်၏၊ အသိဥာဏ်ဖွံ့ဖြိုး ဥာဏ်ရည်ကိုတိုး
ပွားစေ၏၊ အေးမြသောနိဗ္ဗာန်ချမ်းသာအထိ ပေးစွမ်းနိုင်စွမ်းရှိပါ၏၊ အစဉ်အတိုင်
နက်ရှိုင်းကျယ်ဝန်း သော်လည်း စနစ်တကျ အနားသတ်လမ်းဆုံးရှိသော ကျင့်စဉ်
သိက္ခာမျိုးဖြစ်၏။
       
လောကီအတတ်ပညာဟူသမျှသည် လမ်းဆုံးပန်တိုင်မရှိသဖြင့် ထိုအတတ်ပညာ 
တို့နှင့်သာ တင်းတိမ်ရောင့်ရဲ မနေဘဲ အရှင်သရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်လောင်း
လျာ-ဥပတိဿပရိဗိုဇ်နှင့်ကောလိတပရိဗိုဇ် တို့သည် လမ်းဆုံးပန်းတိုင်ရှိသောကျင့်
စဉ် တရား ကိုရှာဖွေခဲ့ကြ၏။ အဿဇိမထေရ်၏ဒေသနာကိုနာယူပြီးသော အခါမှစ
၍ ဗုဒ္ဓ၏တပည့် များအဖြစ်ခံယူကြကာ သိက္ခာသုံးရပ်ကျင့်စဉ်မြတ်ကို ပြောင်းလဲ 
ကျင့်သုံးခဲ့ကြ၏၊ ထို့ ကြောင့်သိက္ခာသုံးရပ်ကျင့်စဉ်အရပ်ရပ်ကို ထူးမြတ်သောသိ
က္ခာဟု ဘုရားရှင်ဟောကြား တော်မူခဲ့ခြင်းဖြစ်၏။
        
အခြားသော သာဓက၀တ္ထုတစ်ခုကိုလည်း တင်ပြလိုပါ၏……..မြတ်စွာဘုရား သည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်ကဖြစ်၏၊ သာ ၀တ္ထိ
မြို့၌ ၀င်္ဂီသမည်သော ပုဏ္ဏားလုလင်တစ်ယောက်ရှိ၏၊ သူသည် ပုဏ္ဏားများတတ် 
အပ်သော ဒေ၀သုံးပုံအစုံ သင်ယူပြီးသည့်နောက် ဆ၀သီသမန္တန်အတတ်ကိုအထူး
လေ့ လာတတ်ကျွမ်း၏၊ ယင်းမန္တန်ကိုရွတ်အံ၍ လူသေ၏ ဦးခေါင်းကို လက်သည်းဖြင့် ကုတ် ခြစ်၍ ခေါက်ကြည့်လိုက်လျှင် ထိုသေသွားသောသူသည် မည်သည့် ဘုံဘ၀၌
ရောက် နေကြောင်းကို အတိအကျဟောနိုင်၏၊  စီးပွားရေးလာဘ်မြင်သော အချို့ပု
ဏ္ဏားကြီးတို့ က ၀င်္ီသပုဏ္ဏားလုလင်ကို တပည့်အဖြစ်မွေးပြီးလျှင် အရပ်တကာနယ်
တကာလှည့်၍ငွေ ရှာကြကုန်၏။
        
ယင်းသို့လှည့်လည်ရင်း ဇေတ၀န်ကျောင်းအနီးသို့ရောက်သောအခါ ၀င်္ဂီပုဏ္ဏား လု
လင်သည် ပညာရှိဟုထင်ပေါ်ကျော်ကြားသော ဘုရားရှင်ထံသို့ သွားလိုစိတ်ဖြစ်ပေါ်
လာသဖြင့် ပုဏ္ဏားကြီးတို့ကိုခွင့်ပန်သောအခါ ရဟန်းဂေါတမကလှည့်စားတတ်တယ်
သူ့ ဆီရောက်သွားရင် ပြန်မလာပဲနေလိမ့်မယ် မသွားပါနဲ့၊ဟုတားမြစ်ကြ၏၊ သို့သော်
ဝင်္ဂီ ပုဏ္ဏားလုလင်သည် ပုဏ္ဏားကြီးတို့ကိုဂရုမစိုက်ပဲ ဘုရားရှင်ထံသို့အရောက်သွား
၍ မိတ် ဆက်စကားလျှောက်ထားပြီး ရိုသေစွာထိုင်နေလေ၏။
        
ထိုအခါ ဘုရားရှင်က ၀င်္ဂီသပုဏ္ဏားလုလင်ကို`၀င်္ဂီသ………မည်သည့်အတတ်ပ 
ညာကို သင်ယူလေ့လာတတ်မြောက်သနည်း´ဟု့မေးတော်မူ၏၊ ဆ၀သီသမန္တန်
အ တတ်ကိုကျွမ်းကျင်တတ်မြောက်ပါကြောင်း လျှောက်ထားသောအခါ ဘုရားရှင်
ကတန်ခိုး တော်ဖြင့် ငရဲကျနေသူ၏ဦးခေါင်ခွံ၊ တိရိစ္ဆာန်ဖြစ်နေသူ၏ဦးခေါင်ခွံ၊ လူ့ ပြည်၌လူပြန်ဖြစ် နေသူ၏ဦးခေါင်းခွံ၊ နတ်ပြည်ရောက်နေသူ၏ဦးခေါင်းခွံ၊ ရ
ဟန္တာဖြစ်နေသူ၏ဦးခေါင်းခွံ၊တို့ကိုယူ၍စစ်ဆေးမေးမြန်းတော်မူ၏၊၀င်္ဂီသပုဏ္ဏားလု
လင်သည် ရှေ့ဦးခေါင်ခွံ လေးခု နှင့်ပတ်သက်၍ အတိအကျအမှန်အကန်ပြောပြနိုင်
၏၊ ဘုရားရှင်ကလည်း သာဓုခေါ် ကာအသိအမှတ်ပြု့ပါ၏၊ သို့သော် ရဟန္တာ၏ ဦး
ခေါင်းခွံကိုခေါက်ကြည့်သောအခါ အဖြေ ရှာမရဖြစ်နေ၏၊ ၀င်္ဂီသ ဘယ့်နှယ့်လည်း
ဖြေလေ၊ အဲဒီပုဂ္ဂိုလ်ဘယ်ရောက်နေလဲ၊ ဟုဘု ရားရှင်မေးသော်လည်း သူမဖြေနိုင်၊ 
ခဏစောင့်ပါအုံး အသေအချာစဉ်းစားပါစေဦး ဟု လျှောက်၍ ထပ်ကာထပ်ကာမန္တာ
ကိုရွတ် ဦးခေါင်းခွံကိုခေါက်ကြည့်သော်လည်း အဖြေ မထွက်၊ ချွေးတွေသာအဖြိုက်
ဖြိုက်ထွက်လာ၏၊ ဘုရားရှင်က`၀င်္ဂီသဘယ်လိုလဲ အ တော်ပင်ပန်းနေပြီလား´ဟု
မေးတော်မူမှ`မှန်ပါ့ အရှင်ဂေါတမ အကျွန်ုပ်အရှုံးပေးပါပြီ၊ ဤပုဂ္ဂိုလ်ဖြစ်ရာအရပ်
ကို မသိတော့ပါ၊ အရှင်ဂေါတမ သိရင်ပြောပြပါ´ဟုခပ်ရှက်ရှက်မ၀ံတ၀ံဖြင့် လျှောက် ထားလေ၏။`အေးအေး မသိရင်မှတ်ထား၊ အဲဒါ ဘ၀ကုန်သွား တဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့ ဦးခေါင်းခွံကွဲ့၊´မိန့်တော်မူသောအခါ ၀င်္ဂီသပုဏ္ဏာလုလင်က`အို အံ့ ဖွယ်ရာ မကြား
စဖူး စကားထူးပါလားဘုရား အရှင်ဂေါတမ ဘယ်လိုလုပ်သိပါသလဲ အ တတ်ပညာ
ချင်းဖလှယ်ကြရအောင်ပါ၊ အကျွန်ုပ်တတ်သောအတတ်ပညာကိုအရှင်ဂေါတ မအား
ပေးပါမယ် အရှင်ဂေါတမ၏ ဤအတတ်ပညာကို အကျွန်ုပ်အားပေးပါ´ဟု လျှောက်
ထားလေ၏။
       
`အို….၀င်္ဂီသ ဘုရားရှင်တို့မည်သည် အတတ်ပညာချင်းဖလှယ်သည့်ထုံစံမရှိ၊ အခ
ကြေးငွေယူ၍ လည်းသင်ပေးရိုးထုံးစံမရှိ၊ မေတ္တာ ဂရုဏာ ရှေ့ထား၍ အခမဲ့ပညာ
ရေးစနစ်ဖြင့်သာ သင်ပေးရိုးထုံစံရှိချေသည်´ဟု မိန့်တော်မူလေ၏။
        
`အရှင်ဂေါတမ ဒီလိုဆိုရင်လည်း အမြန်သင်ပြပေးတော်မူပါ´ဟုရိုသေလေးစား စွာတောင်းပန်လျှောက်ထားသောအခါ မြတ်စွာဘုရားက` အို….၀င်္ဂီသ ငါတို့နှင့်
အသွင် တူသောသူသာလျှင် ဤမန္တန်ကိုသင်ပေးပါ၏´ဟု မိန့်တော်မူလေ၏။
        
အမှန်အားဖြင့်မြတ်စွာဘုရားသည်အခမဲ့ပညာရေးစနစ်ကိုအထင်သေးမည်စိုး သော
ကြောင့်လည်ကောင်း ပေါ့ပျက်ပျက်ဖြစ်မည်စိုးသောကြောင့်လည်ကောင်း ၀င်္ဂီသ 
အနေဖြင့် ပညာရေးကိုမည်သည့်အတိုင်းအတာအထိ လိုလိုလားလားရှိသည်ကို သိရှိ တော်မူလိုသောကြောင့်လည်ကောင်း မိန့်တော်မူခြင်းဖြစ်ပါ၏။
       
ထိုအခါ ၀င်္ဂီသသည် သူ့ကိုလက်သပ်မွေးထားသော ပွဲစားပုဏ္ဏားကြီးတို့ကို ကျေ 
နပ်အောင်ပြောဆို၍ မန္တန်ကိုသင်ယူလိုသောရည်ရွယ်ချက်ဖြင့်ရဟန်းပြုလေ၏၊
မြတ်စွာ ဘုရားရှင်ကလည်းမန္တန်၏ပရိကံ အခြေခံအလုပ်စခန်းအဖြစ် ကမ္မဋ္ဌာန်း
(၃၂-ပါးသောရုပ် အစိတ်အပိုင်းကို တစ်ခုခြင်းကြည့်ရှုနည်း)ကို ပြောပြတော်မူ၏။
ဒွတ္တိံသာကာရ ခြေ သည်း လက်သည်း သွား အရေထူ အရေပါးစသော ၃၂-ပါး
သော ရုပ်သဘောကို ရွတ်ဆိုကြည့်ရှုရင်း ငါမဟုတ် သူမဟုတ် ရုပ်တို့၏ဖြစ်ပျက်
သဘောကိုလည်ကောင်း၊ သိစိတ် နာမ်တို့၏ ဖြစ်ပျက်သဘောကိုလည်ကောင်း ၀ိပဿနာဥာဏ်တော်အမြင်ဖြင့် သေချာ ကျနသိခွင့်ရပြီးလျှင် သီလသိက္ခာကို 
အခြေပြု့၍ သမာဓိသိက္ခာကိုတိုးပွားစေပြီးလျှင် ၀ိပဿနာဥာဏ်မှသည် အရ
ဟတ္တမဂ်ဥာဏ်အထိ ထက်မြက်သောဥာဏ်လက်နက်ဖြင့် တဏှာ မာန စသော 
ကိလေသာတို့ကို အပိုင်းပိုင်းဖြတ်တောက်ကာ ရဟန္တာအရှင်သူ မြတ်ကြီးဖြစ်
သွားလေ၏၊ ၀င်္ဂီသမထေရ်မြတ်သည် မြတ်ဗုဒ္ဓလမ်းညွှန်သော သိက္ခာအ တတ်
သိက္ခာမန္တန်ဖြင့် ဦးခေါင်းခွံနှင့်ပတ်သက်သောအတတ်ပညာကိုလည်း အဆုံးအ 
ထိသိမြင်ခွင့်ရသွားလေပြီ၊ မိမိ၏ ဘ၀ခရီးသည်လည်း ခရီးဆုံးရောက်သွာလေပြီ။
       
လောကီအတတ်ပညာဟူသမျှသည် တဏှာ မာန ကိုတိုးပွားစေသော ပစ္စည်းဥစ္စာ
လာဘ်ပူဇာ သက္ကာကိုသာ ပေးစွမ်းစွမ်းနိုင်၏၊ လောကုတ္တရာပညာ သိက္ခာသုံးရပ် ထူး မြတ်သောကျင့်စဉ်ကသာလျှင် မဂ်ဖိုလ်နိဗ္ဗာန်အထိ အဖိုးတန်းပစ္စည်း ဥစ္စာရ တနာများကို ပေးစွမ်းနိုင်လေ၏၊ ထို့ကြောင့် သီလ သမာဓိ ပညာ သိက္ခာ သုံးရပ်
အကျင့်မြတ်ကိုသာ လျှင် ထူးမြတ်သောသိက္ခာ ထူးမြတ်သောကျင့်စဉ်(သို့) သိက္ခာ
ထူး အကျင့်ထူး  ဟု့ဗုဒ္ဓ ဘုရှင်က ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါ၏။
        
        ထို့ကြောင့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တစ်ယောက်ဖြစ်လိုသူများအနေဖြင့်……
        မိမိသင်ယူလေ့လာလိုတာချည်း မသင်ပါနှင့်
        
သင်ယူသင့်တာကိုလည်း သင်ယူပါ၊ လောကီသင်တန်းချည်း တက်ရောက်သင် 
ယူမှု မပြု့ကြပါနှင့်၊ လောကုတ္တရာသင်တန်းဆီသို့လည်း ဦးလှည့်ကြပါ လေ့လာ
အား ထုတ်သင်ယူကြပါ၊ သို့မှသာ ထူးမြတ်သော သိက္ခာကိုပိုင်ဆိုင်၍ ထူးမြတ်
သောသိက္ခာ ရှင်များ မလွဲဧကန် အမှန်ဖြစ်နိုင်ပါကြောင်း တင်ပြအပ်ပါ၏။
               ဆက်လက်ဖေါ်ပြပါမည်။
                                        အရှင်သိရီဒတ္တာလင်္ကာရ။
read more

ဝတ်ရွတ်စဉ်တရားတော်များ

ပဌာန်းတရားတော်များ
 
  

ဓမ္မစင်္ကြာ တရားတော်များ
 
 
ပရိတ်တရားတော်များ
 
 
 
 



read more

သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏တရားတော်များ


သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ

ဟောကြားတော်မူသောတရားတော်များ
 
 
 
 
 
 
 
 
 
 
 

read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: