Saturday, March 31, 2012

တခါတုန်းကမြန်မာပြည်- ၁၄

ပုံ၈၃..။  မြန်မာဘုရင်များလက်ထက်နန်းမြို့နှင့်ကျုံးအားမန္တလေးတောင်ပေါ်မှမြင်ရပုံ ။
 
ပုံ၈၄...။ အင်္ဂလိပ်များသီပေါမင်းနှင့်စုဘုရားလတ်အားခေါ်ဆောင်သွားပြီးနေ့ခြင်းညခြင်းအလုပ်လက်မဲ့ဖြစ် သွားသော နန်းတွင်းအရာရှိများ..။
 
ပုံ၈၅...။ မင်းလှခံတပ်အားအင်္ဂလိပ်တို့သိမ်းပိုက်ပြီးတွေ့ရပုံ။
 
ပုံ၈၆...။ အင်ဝခံတပ်အတွင်းမြန်မာတို့လက်နက်ချပွဲအခန်းအနားပြုလုပ်နေစဉ် ။
 
ပုံ၈၇...။ အင်းဝခံတပ်အတွင်းမှလက်နက်များအားအင်္ဂလိပ်စစ်အင်ဂျင်နီယာတပ်ဖွဲ့မှဖြုတ်သိမ်းနေစဉ် ။

ပုံ၈၈...။ အညာလှေတစင်း

ပုံ၈၉...။ ပါတော်မူပြီးစ မန္တလေးနေပြည်တော်။

ပုံ၉၀...။ ဒုတိယကမ္ဘာစစ်အတွင်းကမန္တလေးတနေရာ ။

ပုံ၉၁...။ မြေဝိုင်းဇာတ် ။ 

ပုံ၉၂...။ ဗူး ဘုရား...။

ပုံ၉၃...။ တချိန်ကဆင်ဦးစီးများ ။

ပုံ၉၄...။ မန္တလေးအကျဉ်းထောင်အတွင်ဖမ်းဆီးထားသော မြန်မာတော်လှန်ရေးသမားများ။

 
burmadailynews.co.cc မှပြန်လည် ကူးယူဖော်ပြပါသည်ခင်ဗျာ....။
read more

သိမ်ဒါယိကာ ကျွဲပေါက်ကြီး





မွန်ပြည်နယ် ၊ ဘီလင်းမြို့ နယ်တွင်ပါဝင်သည့် ၀င်ကရွာမှာပင်လယ်ရေပြင်နှင့် ၁၁၈၁ -ပေမြင့်သည် ၊ကေ

လာသစေတီတော်ကြီးကိုဖူးမြင်နိုင်သည်။  ကေလာသစေတီတောင်  တော်ခြေရင်းတွင်မုဆိုးကြီးဦးတောင်

ပိုင်ကိုအကြောင်းပြု၍  ကျေးရွာအတွင်း အမှန်တကယ်ဖြစ်ပျက်ခဲ့သောအကြောင်းအရာပင်ဖြစ်ပါချေ၏ ။


“ ဒကာကြီးသိမ်ဆောက်ဖို့ ငွေကြေးပြည့်စုံပြီးလား ”


တစ်ခုသောဥပုသ်နေ့ တွင်ရဟန်းဒါယကာကြီး ဦးမွန်တော်ကို အများပရိတ်သတ်ရှေ့ တွင် ကျောင်းထိုင်ဆရာ

တော်ဘုရာကြီးကမေးမြန်းလိုက်ခြင်းပင်ဖြစ်သည်။


“ပြည့်စုံပါပြီးဘုရား၊ တပည့်တော်မတည်ငွေ ၃၀၀ကျပ်နဲ့ ခုနှစ်ရက်သားသမီး အလှူငွေ ၁၃၅ကျပ် ရပါပြီးဘု

ရား” (ထိုခေတ်က၀န်ထမ်းတစ်ယောက်လစာမှာ ၆-ကျပ်မျှသာရှိသည် ဟုဆိုသည် )

“အိမ်း...........ဒါဆိုလည်းဂေါပကအဖွဲ့ နဲ့ ညှိပြီး ၊နေရာအတွက်မြေသန့်မင်္ဂလာလုပ်ဖို့ ၊ သိမ်နှုတ်ဖို့ ၊ သိမ်

ပယ်ဖို့ တွေစီစဉ်လိုက်ကွယ်။သံဃာ ၂၇-ပါးပင့်မယ် ၊ ဆွမ်း၊ကွမ်း မလစ်လပ်စေနဲ့ ”

“တင့်ပါ့ဘုရား”


သည်လိုနှင့်သိမ်တည်ဆောက်ရန်ဒယကာကြီး ဦးမွန်တော်မှာစီစဉ်ဆောင်ရွက်နေဆဲ ၊ တိုင်းပြည် မငြိမ်မ

သက်ဖြစ်သည်ကိုအခါင့်ကောင်းယူ၍ တောမီးလောင် တောကြောင့်လက်ပမ်းပေါင်းခတ်သကဲ့သို့ ရွာကို

ဓားပြများဝင်စီးသည်ကိုခံကြရသည်။ ၁၉၅၀-၀န်းကျင်ဖြစ်၍ ရောင်စုံသူပန်များကလည်းမင်းမူနေချိန်၊ အဓိ

ကထားဓားပြအတိုက်ခံရသည်က ရွာသူကြီးဦးမွန်တော်၏ အိမ်ပင်ဖြစ်သည်။ တစ်သက်တာ စုဆောင်း ထား

ရှိသမျှအားလုံးဓားပြလက်ထဲပါသွားသည့်အပြင် သိမ်ဆောင်ရန် အလှူငွေပါ မကျန်ခဲ့ဟုသိရသည်။

ထိုကတည်းက ဦးမွန်တော်က တို့ မိသားစု သထုံမြို့ သို့ ပြောင်းရွေ့ အခြေချနေထိုင်ပြီး ၊ လယ်ယာများကိုလူ

ယုံတော်များနှင့်သာစီစဉ်ထားရှိခဲ့သည် ။ ၁၉၆၀-ခုနှစ်တွင် ရဟန်းဒကာ ၊ ကျောင်းဒကာကြီးဦးမွန်တော်ကွယ်

လွန်ခဲ့သည်။ သည် ဇာတ်လမ်းက သည်သို့ ဆိုလျှင်ဘာမှ ဆန်းကြယ်စရာအကြောင်းမရှိပါပေ ။


သို့ သော်...........


“ဟေ့ မွတ်တား ၊ ငါ ဟိုတစ်ေ န့က၀ယ်လာတဲ့ ကျွဲပေါက်ကြီးကိုပေါ်ကွာ”

”ဟာဆရာသမားကလည်းတခြားကောင်တွေလုပ်ပါ ၊ ဒီကောင်ကြီးကသစ်ဆွဲမယ့် သူတွေဆိုဈေးကောင်း

ရနိုင်တယ် ”

”အေးလေ ...ငါလဲသိတာပေါ့ ၊ အခုဟာက အော်ဒါမှာထားတာကွ ။ ငါမှာရှိတာကနွားပိန်မနှစ်ကောင်နဲ့ နို့ 

စို့ နွားလေးတစ်ကောင်ပဲခြံထဲရှိတာ ၊ ငါမနေ့ ကထပ်ရှာတာ မရတော့....မတတ်နိုင်ဘူးလေ ။ အဲဒီကောင်

ကြီးပဲချကွာ ”

”ဟုတ်....ဟုတ်ကဲ့ဆရာသမား”

”ဟေ့ ....ကျွဲကြီးနဲ့ ငနက်လာကွာ ”


ဟုပြောရင်းဆိုရင်းနွားသတ်သော ဓားကောက်ကိုကိုင်၍ မွတ်တား ဆို သောလူထွားကြီးကခြံထဲသို့ ဆင်းသွား

ခဲ့သည်။ လိုအပ်သော ပစ္စည်းများယူ၍လိုက်လာသည့် ကျွဲကြီး ခေါ် ငကျွဲနှင့် နက်ကျော် ခေါ်ငနက်တို့ က ပါ

လာခဲ့သည်။ သူတို့ အဖို့ တစ်နေ့ ...တစ်နေ့ ကျွဲ ၊ နွား ၃-၄-ကောင်ပေါ်နေရသဖြင့် သည့်အလုပ်က ထမင်း

စားရေသောက်မျှသာ။


“ကဲ မင်းက နဖားကြိုးဆွဲပြီး ခုံပေါ်ဆွဲခဲ့ကွာ ”

”သြော်...အေး”


ဟုဆိုကာ နက်ကျော်ထွက်သွားသည်။


“ဟာ”

“ဟေ့...မွတ်တား ၊ ဒီကောင်ကြီးကမျက်ရည်တွေ ကျနေပါလား၊ နေမကောင်းဘူးလား မသိဘူး”

“အိုကွာ...ဘာဖြစ်ဖြစ်ဆွဲသာလာခဲ့”

ဟုမွတ်တားဖြေသံကြားရ၍ နက်ကျော်နဖားကြိုးကို ကောက်ဆွဲလိုက်သည်။

“ ဟ .... ရုန်းလှချည့်လား ”

“ ဟာ .. ဟာ ငါ့ကိုလှည့်ခတ်နေပြီ ၊ လာကြဦးကွ”

“ နဖာကြိုးမလွတ်စေနဲ့ ”

“ဟေ့ ..ကောင် မင်းခြေတောက်နင်းခံရမယ် ။ သတိထား ”


ခဏခြင်းပင်ပွတ်လောရိုက်သွားသည် ။ သုံးယောက်နှင့်တစ်ကောင်ထိန်းမရ။


“ဟာ .. နဖားကြိုးပြတ်သွားပြီ”

“လိုက်...လိုက် ဟိုမှာခြံဝကို ပြေးပြီး”


ခြံထဲမှရုတ်ရုတ်သဲသဲ အသံကြောင့် သားသတ်လိုင်စင်ရ ဦးမူဆာ အိမ်ပေါ်ကဆင်းလာသည် ။ သူတွေ့ လိုက်

ရသည်က တစ်ရှိန်ထိုး ထွက်ပြေးလာသော ကျွဲပေါက်ကြီး ၊ သူ့ နောက် ကသူ့ တပည့် သုံးယောက် ။


“ဟေ့....ဟေ့ မြို့ထဲဆက်မပြေးစေနဲ့ ၊ ရှေ့ ကပြေးပိတ်”


သူကမည်သို့ သတိပေးနေသော်လည်း ကျွဲပေါက်ကြီး ပြေးနေသည်က သထုံမြို့ နယ်ထဲဘက်ဆီသို့ သာ...။

ဆရာတော်ဦးဇာဂရသည် ဒါယကာကြီး ဦးမွန်တော် ၆-နှစ်ပြည့်ဆွမ်းကျွေးသို့ တစ်ကူးတစ်က လာရောက်

ပင့်ထားသဖြင့် မနေ့ ကတည်းက သထုံရွှေ စာရံဘုရားအနီးတဲကျောင်းသို့ ရောက်ရှိနေခဲ့သည်။ မနက်၅:၃၀

တွင်အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်သဖြင့်သံလ၁ လာတောက်သော ကပ္မိယနှင့်အတူ ဈေးလမ်းအ

တိုင်း ဘုံကျောင်းလမ်းဘက်သို့ ကြွလှမ်းလာခဲ့သည်။ ထိုစဉ်မှာပင် လူအများရုတ်ရုတ်သဲသဲဖြင့်ပြေးကြ၊ လွှား

ကြ၊ဆူညံအော်ဟစ်သံများ ကြားလိုက်ရသည်။ဈေးတောင်းများ ၊ ဈေးပန်းများ ပစ်၍ ပြေးလွှားနေကြသော

ဈေးသည်များ ၊ ဈေးဝယ်သူများကိုဆရာတော် ခေတ္တာမျှရပ်၍ လေ့လာကြည့်နေခဲ့သည်။ ထိုစဉ်ကပ္မိယမှ


“ဆရာတော်ဘုရား......ဘေးကပ်တော်မူပါဘုရား၊ ဟိုမှာကျွဲတစ်ကောင်လွှတ်လာလို့၊ အန္တာရယ်ကင်း

အောင် ဘေးကပ်နေတော်မူပါ ဘုရား ”

”သြော်အေးအေး ” ဟု ဆရာတော်ကအမိန့် ရှိသည် ။


ထိုအချိန်မှာပင် သားသတ်ရုံမှ လွတ်လာသော ကျွဲပေါက်ကြီးသည် ကဒုန်းစိုင်းပြေးလာပြီ.......

ဆရာတော် ဦးဇာဂရကိုမြင်လိုက်သည့်နှင့်တုန့် ကနဲ့ ရပ်တန့် သွားသည် ။

ရှေ့ ခွာနှစ်ခုသည်ပင်အရှိန်ကြောင့်လျောသွားပြီး ၊ ဆရာတ်ေရှေ့အရောက်ဒူးတုပ်လျက်ရောက်လာခဲ့သည်။

ကျွဲပေါက်ကြီး၏ မျက်ဝန်းနှစ်ခုမှာ အသနားခံနေသည့်ပမာ ။မျက်ရည်တွေက လည်း ယိုစီးကျနေသည် ။သိပ်

မကြာ သားသတ်သမား ၃-ယောက် ရောက်လာခဲ့သည် ။ အကျိုးအကြောင်းမေးမြန်းသိရှိသွားသော ဆရာ

တော် ဦးဇာဂရက ချက်ခြင်းပင်ကျွဲပေါက်ကြီး အသက်ကိုကယ်ရန် ဆုံးဖြတ်လိုက်သည် ။ သူတွင့်ပါလာသော

ဝတ္တုငွေနှင့် ဈေးသူ ၊ ဈေးသားများ ထည့်ဝင်ငွေပေါင်း၍ ကျွဲပေါက်ကြီး ကို သားသတ်မားလက်မှ ကယ်ဆယ်

လိုက်တော့သည်။ ထိုစဉ်ကသထုံမြိဲု့ လေးသည် ယခုလောက် လူဦးရေ မများပြားသေးပေ ။ ထို့ကြောင့်လည်း

ဤသတင်းကိုကြားရသည်နှင့် ထေရ၀ါဒဗုဒ္ဒဘာသာဝင်များပီပီ တတ်စွမ်းသမျှ ၀တ္တုငွေပါဝင်ကုသိုလ်ယူကြ

သည်မှာဆရာတော်ဦးဇာဂရ ၊ ဦးမွန်တော် ၆-နှစ်ပြည့်ဆွမ်းကျွေးတရားဟောပြီးသည့်တိုင်၊ ဦးမွန်တော်အိမ်

ရှေ့ တွင်ပရိသတ်ကြီးကမဆဲသေး.......။


“ဘုန်းဘုန်းဘုရား ....တပည့်တော်စားလိုက် ၊ အိပ်လိုက်နဲ့ မနေလိုပါဘုရား ၊ ဆရာတော် ဆောက်လက်စမ

ပြီးသေးတဲ့ တိမ်တော်ကြီး အတွက်တတ်အားသ၍ လုပ်အားဒါန ပါဝင်လိုပါတယ်ဘုရား ။ တပည့်တော် ကို

သစ်ဆွဲခွင့်ပြုပါ ”  ဟုကျွဲကြီးက အိမ်မက်ပေးလာသည် ။


ဆရာတော် သဘောအရတိရစ္ဆာန်များကိုမညှင်းပန်းလို့ ၊ မကြာခဏ အိမ်မက်ပေးလာတော့ တိရစ္ဆာန်ဘဝ

မှအကုသိုလ်ကံကြွေး လျော့ပါးစေခြင်းဌာ သစ်ဆွဲ ဆင်ပိုင်ရှင် ဦးလွမ်းနှင့်ညှီနိုင်းပြီး ၊သစ်ဆွဲ ခွင့်ပြုခဲ့ရတော့

သည် ။ ထူးတော့တော်တော်ထူးပေသည် ။ တခြားကျွဲတွေထက် ပိုပြီး အလုပ်ပိုလုပ်သည် ။ ခိုခိုကပ်ကပ် လုံး

ဝမရှိ ၊ ဆရာတော်ကြီး ပေးထားသော သိမ်ဒကာကြီးဟုခေါ် လျင် အလွန် သဘောကျသည်ဟန်ရှိသည် ။

မနက် ၆ ၊ ည ၆ သစ်ဆွဲရ၍ နေ့လည်တွင် ၁ -နာရီခန့် နားရသည် ။ ဒါပေမယ့် သိမ်ဒကာကြီး ကတော့လို

အပ်သလို ဆက်ခိုင်းလို့ ကတော့ တစ်ခါမျှရန်းကန်ခြင်းမရှိ ၊ စိတ်လို လက်ရလုပ်သည်သာ ...... ။

ထို့ ကြောင့်လည်း သစ်ဆွဲလုပ်ငန်းရှင်များသာ “သိမ်ဒကာကြီး”ကိုဈေးကောင်းပေး၍ ဌားရမ်းကြသည်။ အ

လုအယက်ဈေးပိုပေးကြသဖြင့် သစ်ဆွဲဆင်လောက်နီးပါး ဈေးကောင်းရပေသည် ။ တချို့ ဆိုလျှင် အပိုင်ဝယ်

ယူလို၍ဆရာတော်အား လာရောက်လျှောက်ထားသူများရှိသည် ။ သို့ သော် ဆရာတော် ကမိန့် သည်မှာ -


“သိမ်ဒကာကြီး ကိုသိမ်အဆောက်အဦးပြီးတာနဲ့ရေစက်ချပြီး ၊ သူ့ ကို ဘေးမဲ့ပေးမှာပါ၊ ရောင်းဖို့ ဆိုတာတော့

မဖြစ်ပါဘူး ”  ဒါကြောင့်လည်းနောက်ဆုံး “ သိမ်ဒကာကြီး ” ကိုသစ်ဆွဲချိန်အမှီဈေးကောင်းပေး ၍အလုအ

ယက်ဌားရမ်းကြရသည် ။ သည်လိုနှင့် ၃- နှစ်အတွင်းဆရာတော် ဦးဇာဂရ ၏ သိမ်တော်ကြီးသည် ကျေနပ်

အားရဖွယ်ကောင်းလောက်အောင်သေသပ်ခန့် ညားစွာအောင်မြင်ပြီးစီးသွားခဲ့ပေတော့သည် ။



၁၉၆၀ -ခုနှစ် ၊ ပြာသို့ လပြည့်နေ့  ။ သိမ်တော်ကြီးရေစက်ချပွဲ ။

အထက်အညာဒေသမှာနာမည်ကျော်ဓမ္မကထိကများကတရားဓမ္မလာရောက်ချီးမြင့်ကြသည်မှာခုနှစ် ရက် 

၊ ခုနှယ်လီ ပြည့်ခဲ့ပေပြီ ။ ညတရားပွဲတိုင်း ရိုသေတုဝပ်စွာမဏ္ဍပ်အလည်မှာ တရားနာနေသည်က ထူးထူး

ခြားခြား  “သိမ်ဒါယကာ” ကျွဲပေါက်ကြီး ။ ယနေ့  နံနက် ၁၀-နာရီ သိမ်ရေစက်ချပေတော့မည် ။ မည်သူက

မျှမခေါ်၇ဘဲမဏ္ဍပ်ထဲဝင်လာသည့် “သိမ်ဒါယကာကြီး ” ကိုလူတိုင်းက လမ်းဖယ်ပေးကြသည် ။ သူကျော့ပေါ်

တွင် ကဗ္မလာအနီလွှမ်းခြုံထားသည် ။ ပလ္လင်အနီး ရိုသေတုပ်ဝပ်စွာ ဦးခေါင်းကိုမြေပေါ်မှေးတင်ထား၍ ဆရာ

တော်ကို ဖူးမျော်သည်မှာ လူတိုင်းအဖို့ ထူးခြားဆန်းကြယ် ၊ ပြောမဆုံးပေါင် တောသုံး တောင်ဖြစ်နေရပေ

တော့သည် ။ ဆရာတော်ဦးဇာဂရ၏ တရားပွဲအပြီး ၊ ရေစက်ချ အမျှဝေသည်။ သိမ်ဒါယကာ ကျွဲပေါက်ကြီး

သည် ဦးခေါင်းကိုအနည်းငယ်ကြွ၍ သုံးကြိမ်သုံးခါ ခေါင်းငြိမ့်သာဓုခေါ်ဟန်ပြပြီး ၊ ရုတ်ရက်ငြိမ်သက်သွားလေ

သည်။ ကြေးစည်ရိုက်သံကစည်ဝေနေသည်။ ပရိတ်သတ်ကလည်း ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေ ကြ

သည်။ သိမ်ဒါယကာကြီးကား မတုန်မလှုပ် ၊ နေရာကမရွေ့  ။ ကျောက်ရုပ်ကြီးပမာ ။ ဆရာတော် ဦးဇာဂရ 

ကိုယ်တိုင်အနီးကပ်၍  “ သိမ်ဒကာကြီး ထတော့လေ ”  ဟုဆိုသော်လည်းမလှုပ်မရှား ။ ငြိမ်သက်စွာ တုပ်

ဝပ်နေလျက်ပင် ။ သေသေချာချာလေ့လာတော့မှ အသက်မရှိတော့ပါတကား ။

*************


“ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား ”

“ဟင်......မင်း ”

” ဟုတ်ပါတယ် ဘုရား ၊ တပည့်တော်ဆရာတော့် ရဟန်းဒါယကာကြီးဦးမွန်တော်ပါဘုရား ”

”အေးအေး ...အခုလိုချမ်းချမ်းသာသာအရောင်အဆင်း တောက်တောက်ပြောင်ပြောင်နဲ့ အဆင်းရနံသင်း

ထုံနေတဲ့နတ်သားအဖြစ်မြင်ရတာဝမ်းမြောက်ပါတယ်ကွယ် ”

“ဒါကလဲဆရာတော်ကျေးဇူးကြောင့်ပါဘုရား”

“တကယ်တော့တပည့်တော်တို့ ရွာကိုဓားပြတိုက်စဉ်ကသိမ်ဆောက်မယ်ငွေတွေပါမသွားပါ ဘုရား ၊ တပည့်

တော် ရွှေ ၊ ငွေ တွေသာအကုန်ပါသွားပါတယ် ၊ ဒါပေမယ့်ဝတ္တုငွေပေါကြွယ်စဉ်ကမဖောက်ပြန်ခဲ့တဲ့ တပည့်

တော်ဟာဓားပြတိုက်ရာမှာသီးခြားနေရာမှာထားလို့ ကျန်ခဲ့တဲ့သိမ်ဆောက်မယ့်ငွေတွေကိုအရင်းပြုပြီး ၊ ဘ

ဝကိုနောက်တစ်ကြိမ်ချမ်သာဖို့ ကြိုးစားခဲ့တာပါ ဘုရား ၊နောက်စုဆောင်းပြီးမှ သိမ်ဆောက်မယ်လို့ စဉ်စား

ခဲ့ပေမယ့် သေသာသေခဲ့တယ် ၊ တပည့်တော်အကုသိုလ်ကြွေးတွေနဲ့ ပေါ့ဘုရား ”

“ဒါကြောင့်လည်း ဘုရားပစ္စည်း ၊ သံဃာ့ ပစ္စည်း ၊ သာသနာပစ္စည်း မတရားယူခဲ့မိလို့ တပည့်တော်ကျွဲဘဝ

နဲ့ ဆရာတော်ဆီမှာရောက်ခဲ့ရတာပါဘုရား...ယခုတော့တပည့်တော်ရဲ့ အကုသိုလ်အကြွေး ကုန်ခဲ့ပါပြီးဘုရား

တပည်တော့်လိုအဖြစ်မျိုး နောင်မဖြစ်ရအောင်ဆရာတော်လူပရိတ်သတ်ကိုဆုံးမပေးတော်မူပါဘုရား ”

”အေး...အေး...အေး ၊ သာဓု......သာဓု ...... သာဓု”



(အရှင်ဓမ္မရက္ခိတ)
************************


အခုလို ပြန်လည်မျှဝေလိုက်တာ ဟာ စာဖတ်သူနောက်တစ်ခုခုပါသွားစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ပါ...။


read more

Friday, March 30, 2012

သံသယစိတ်လေးကင်းဝေးနိုင်ပါစေ

လူ့လောကကြီးမှာ ယုံကြည်မှုဟာ လွန်စွာ အရေးပါလှပါတယ်... တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်မှု

တည်ဆောက် ယူဖို့ အလွန်ခက်ခဲတယ် ဆိုတာ မှန်ပေမယ့် ထိုယုံကြည်မှုက တစ်ခဏသာ မျက်စိတစ်မှိတ်

အတွင်းမှာလည်း ရုတ်ခြည်း ပျောက်ကွက်သွားတတ် တာမျိုး လည်း ရှိတတ်ြကပါတယ်... ဘဝနဲ့ရင်းပြီး အချိန်

ကြာမြင့်စွာနဲ့ ခိုင်မြဲခဲ့တဲ့ ယုံကြည်မှုဟာ လူတစ်ချို့ရဲ့ စိတ်လိုက် မာန်ပါ ဆုံးဖြတ်တတ်မှုတွေကြောင့်ပဲ ဘာမ

ဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးနဲ့တင် အဆုံးသတ် သွားရတာတော့ အင်မတန်မှ နှမြောစရာ ကောင်း လှပါ

တယ်…. အဲဒီယုံကြည်မှုပျက်ပြားသွားပြီး ဆိုရင် နောက်ဆက်တွဲ အဖြစ်နဲ့ သံသယစိတ်က အစားထိုးဝင်ရောက်

လာတတ်တာ သဘာဝပါ... ဒီသံသယစိတ်ကြောင့်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်....

ယုံကြည်မှု ကင်းသွားတာဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ အဖြစ်အပျက် အမျိုးမျိုးကို ဖြစ်ပေါ်လာနိုင် စေပါ

တယ်... ယုံကြည်မှုကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်တော့ အန္တရာယ် အသွယ်သွယ်ကနေ

လည်း ကျော်ဖြတ်နိုင်မှာ ဖြစ်သလို ပြဿနာမျိုးစုံကိုလည်း တားဆီးနိုင်မယ်လို့ ယုံကြည် ပါတယ်... တစ်ယောက်

အပေါ်တစ် ယောက် ယုံကြည်စိတ်ချစွာနဲ့ ဆက်ဆံနိုင်မှ သာလျှင် အောင်မြင်မှုနဲ့ ကောင်းကျိုးချမ်းသာ အဖြာဖြာ

ကို ရရှိနိုင်မှာလည်း ဧကန်မလွဲပါ... စိတ်နဲ့ကိုယ် ကပ်မနေပေမယ့်အများအမြင်မှာတော့ အောင်နိုင်သူအဖြစ်ဂုဏ်

ယူဝင့်ကြွားလိုစိတ်နဲ့ ယုံကြည်မှုကို ဖျက်ဆီး ရိုက်ချိုးခဲ့သူများရဲ့ ရင်ထဲမှာတော့ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက် တွေ

ရှိမှာ အသေအချာပါ... တစ်ချို့ကျတော့ စိတ်ထင်တိုင်း ဇွတ်တရွတ် ဖန်းတီးယူတတ်တာကြောင့် ဘဝတက်

လမ်း နှောင်းနှေးသွားရတတ် တာလည်းမျိုးလည်း တွေ့ဖူးပါတယ်... ဇွဲကြီးလွန်းပေမယ့် ထိုဇွဲကို စနစ်တကျ အ

သုံးမချတတ်တာကြောင့်လည်း ဆိုးကျိုးကိုသာ ရရှိတတ်ပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးသွားတတ်ကြ ပါတယ်...



လူရယ်လို့ ဖြစ်လာမှတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့၊ အဆင်ပြေ ချောမွေ့စွာ ပြောဆို ဆက်ဆံ

တတ်ဖို့က အလွန်ပဲ အရေးကြီးလှပါတယ်... ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူကို လူအများက ချစ်ခင် ယုံ

ကြည် ကြသလို၊ လောကကို အရွဲ့တိုက်ပြီး စိတ်ထင်ရာစိုင်း နေကြသူတွေကိုလည်း ဖွယ်ခွာ ရှောင်ရှားနေတတ်

ကြပါတယ်... လူ့အသိုင်း အဝိုင်းမှာ လူအမျိုးမျိုး စိတ်အထွေထွေမို့ အကောင်းမြင် သဘောထားရှိသူ၊ အရာရာကို

အဆိုးဘက်ကနေ ကြည့်မြင်တတ်သူ စသဖြင့် လူပေါင်းစုံနဲ့ ထိတွေ့ ပြောဆိုနေကြရပါတယ်... ဖြူစင်တဲ့ နှလုံး

သားနဲ့ တစ်ဖက်သားအပေါ် ယုံကြည်မှု အပြည့်အဝထား ဆက်ဆံ တတ်သူတွေ အတွက်တော့ ကမ္ဘာလော က

ကြီးဟာ နေချင့်စဖွယ် ပျော်ရွှင်ကြည်နူးစဖွယ် အတိဖြစ်နေမှာပါ... ဒါကြောင့် သူငယ်ချင်းအားလုံး လည်းသူတစ်

ပါးအပေါ် သံသယစိတ်နဲ့ မယုံမကြည် ဆက်ဆံတတ်မှုကနေ ရှောင်ဖယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။
read more

Thursday, March 29, 2012

အမေ့ကိုလွမ်း






သီချင်းနားထောင်ရန်လင့် = အမေ့ ကိုလွမ်း


ပို့စ်လေးတွေမတင်နိုင်သေးလို့ သီချင်းလေးပဲအလွယ် တင်လိုက်ပါတယ်... အမေ နဲ့ ရွာကို လွမ်းနေတဲ့

ကျွန်တော်တို့လို အဝေးရောက်နေတဲ့ ဘလော့ ညီအကို မောင်နှမတွေအနေနဲ့ အလွမ်းပြေနားထောင်

လို့ရတာပေါ့ ... အမေ့ ကို သတိရတိုင်း၊ စိတ်ညစ်တဲ့အခါတိုင်း ကျွန်တော်အမြဲတမ်းနားထောင်ဖြစ်တဲ့

သီချင်းလေး ပါ... သီချင်းလေးနားထောင်ရင်း ခဏတာ ဘ၀အမောတွေပြေကြပါစေခင်ဗျာ...



မှတ်ချက်။   ။ သီချင်းကို ဒီမှာနားထောင်ရတာ အဆင်မပြေဖြစ်နေရင် သီချင်းနားထောင်ရန် လင့်ကနေသွား

ပြီးနာထောင်လို့ရပါတယ် ခင်ဗျာ... Flashsongs လေးတွေကို ဘလော့ပေါ်မှာတိုက်ရိုက်တင်ရင် ထစ်နေ

တတ်လို့ပါ ခင်ဗျာ...
read more

တခါတုန်းကမြန်မာပြည်- ၁၃

ပုံ၇၄...။ ရွေတိဂုံစေတီတော်တောင်ဘက်မုဒ်အား(ယ္ခုရွေတိဂုံဘုရားလမ်း)မှ(၁၈၆၈)ခုနှစ်တွင်မြင်တွေ့ရပုံ။
ပုံ၇၅...။ ရွေတိဂုံရင်ပြင်ရှိစဥ့်ကူမင်းခေါင်းလောင်းကြီးအားဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး(၁၈၅၅)ခုနှစ် ကတွေ့ရပုံ..။ 
ပုံ၇၆...။ ရွေတိဂုံစေတီတော်အနောက်ဘက်မုဒ်အားဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီ(၁၈၅၅)ခုနှစ်ကတွေ့ရပုံ။
ပုံ၇၇...။ ရွေတိဂုံရင်ပြင်တော်တောင်ဘက်မုဒ်အား(၁၈၇၀)ခုနှစ်ကတွေ့ရပုံ။
ုပုံ၇၈...။ ရွေတိဂုံစေတီတော်မြောက်ဘက်မုဒ်အားအင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး(၁၈၅၅)ခုနှစ်ကတွေ့ရပုံ။

ပုံ၇၉...။ ရွေတိဂုံရင်ပြင်မြောက်ဖက်မုဒ်အား(၁၈၇၀)ခုနှစ်ကတွေ့ရပုံ။

ပုံ၈၀...။ ရွေတိဂုံရင်ပြင်ရှိတန်ဆောင်းတခုအား(၁၈၆၈)ခုနှစ်ကတွေ့ရပုံ။

ပုံ၈၁...။ ရွေတိဂုံရင်ပြင်အရှေ့ဘက်ရှိအင်္ဂလိပ်စစ်တန်းလျှားများနှင့်ကန်တော်ကြီးအား(၁၈၅၅)ခုနှစ်ကတွေ့ရပုံ။

ပုံ၈၂...။ သီပေါမင်း၊စုဘုရားလတ်နှင့်စုဘုရားကြီး ... ။

 
burmadailynews.co.cc မှပြန်လည် ကူးယူဖော်ပြပါ သည်ခင်ဗျာ....။
read more

Monday, March 26, 2012

နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့





သီချင်းနားထောင်ရန်လင့် =  နောက်ဆုတ်ဖို့ကြိုးစားရင်း


သူများတွေလွမ်းတာအားကျလို့ ကိုယ်လည်း သီချင်းလေးနဲ့ လွမ်းလိုက်တာ :P ...
ဘလော့မောင်နှမတွေအားလုံး အပြင်းပြေနားထောင်ဖို့ပါ...  ကောင်းတာ မကောင်းတာ အပထားလို့ ရောက်
တုန်းလေးနားထောင်သွားကြပါ :)... ( လွမ်းတာလည်းလွမ်းတာပါပဲလေ :P)

ဘလော့ညီအကိုမောင်နှတွေကို ခင်မင်လေးစားစွာဖြင့်

ရာဇာထွေး
read more

Sunday, March 25, 2012

ယပင့်နဲ့ချစ်မှာလား ရရစ်နဲ့ခြစ်မှာလား(စိတ်အားဖြည့်ဓမ္မသံစဉ်)















၁။ ဘယ်မှာလဲ ထာဝရအချစ်

မေတ္တာတိမ်းပါးလို့ စိမ်းကားစွာလမ်းခွဲကြပြီဆိုမှဖြင့်

ဝမ်းနည်းစရာ အဖြစ်အပျက်တွေပဲ အသစ်ဆက်ပေါ်လာတော့မှာပေါ့။

“အခုတော့လည်း သူစိမ်းတွေလိုပါပဲလား”ဆိုတဲ့ စကားက

ကျက်သရေအပေါင်းခညောင်းနေတဲ့

မင်္ဂလာစကားမှ မဟုတ်ပဲကွယ်။
 

၂။ အလုပ်မြတ်ဖို့ အဓိက

ယောင်္ကျားဖြစ်ရုံသက်သက်နဲ့ မြင့်မြတ်သူတစ်ယောက်

ဖြစ်မလာနိုင်သလို မိန်းမဖြစ်ရုံသက်သက်နဲ့လည်း

ယုတ်နိမ့်သူတစ်ယောက် ဖြစ်မသွားနိုင်ပါဘူး။

ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်

မြင့်မြတ်တဲ့ အလုပ်လုပ်ရင် မြင့်မြတ်သူဖြစ်ပြီး

ယုတ်နိမ့်တဲ့အလုပ်လုပ်ရင် ယုတ်နိမ့်သူဖြစ်ပါတယ်။


၃။ အလင်းပွဲစား
 
တရားစာပေရေးတယ်ဆိုတာ ကိုယ့်ဘဝ၊ ကိုယ့်ကမ္ဘာမှာ

ထိန်လင်းနေတဲ့ သစ္စာဥာဏ်အလင်းကို

သူများဘဝ၊ သူများကမ္ဘာတွေမှာလည်း

ထိန်လင်းအောင် ထွန်းညှိဝေငှနေတာပါ။


၎။ လွမ်းခန်းရောက်မှ ငိုမနေနဲ့

တို့ သတ္တဝါတွေအားလုံးဟာ ကံဇာတ်ဆရာညွှန်ကြားတဲ့အတိုင်း

ကပြသရုပ်ဆောင်ကြရတဲ့ သံသရာဇတ်စင်ပေါ်က

စင်တင်ဇာတ်လိုက်တွေမဟုတ်လား။

ကံက ဆုံတွေ့ခိုင်းတော့လည်း တို့တစ်တွေဆုံတွေ့ကြရတာပေါ့။

ကံက လမ်းခွဲခိုင်းတော့လည်း တို့တစ်တွေလမ်းခွဲကြရတာပေါ့။

ဆုံတွေ့ခိုက်မှာ ပုံမမေ့လိုက်ပါနဲ့လား။


၅။ တစ်ခုသိ တစ်ခုကျင့်

ဓမ္မဗဟုသုတတွေ အများကြီးမသိပေမယ့်

ကိုယ်သိသလောက်နည်းနည်းလေးကို လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်

ကျင့်သုံးသလောက်လည်း ကိစ္စပြီးမြောက်ချမ်းသာရောက်တဲ့ပုဂ္ဂိုလ်ဟာ
 
တွင်းမတူးပေမယ့် အောင်းတဲ့ကြွက်နဲ့ ဥပမာတူပါတယ်။

တွင်းမှာအောင်းနေမှ ဘေးရန်ကင်းရှင်း ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်တာမို့ တွင်းအောင်းဖို့က အဓိကပါပဲ။


၆။ စိတ်နူနာသည်

ကိလေသာတွေဟာ နူနာရောဂါနဲ့တူတယ်။

ကာမဂုဏ်ချမ်းသာတွေဟာ မီးပုံကြီးနဲ့တူတယ်။

ကာမဂုဏ်ချမ်းသာခံစားနေရတာဟာ နူနာရောဂါထလာလို့

ယားလွန်းတဲ့အတွက် မီးကင်ပြီး အယားဖျောက်နေတာနဲ့တူတယ်။


၇။ မေတ္တာအပြည့်နဲ့ ဆက်ဆံပါ

ပိုက်ဆံအကြွေးတင်တာထက် မေတ္တာအကြွေးတင်တာက အဆပ်ရပိုခက်ပါတယ်။

ကြွေးဆိုတာ ကြွေးရှင်နဲ့တွေ့တုန်းပဲ ဆပ်ခွင့်ရတာလေ။

သံသရာခရီးဖော်တွေအပေါ် မေတ္တာကြွေးအကျေဆပ်နိုင်ရင်

အနေမြတ်ရုံမက အသေတတ်ဖို့လည်း သေချာပါတယ်။


၈။ ခွဲရတာများအဆန်းလုပ်လို့

သေကွဲခွဲရတဲ့လမ်းခွဲခြင်းလောက် ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက် တစ်ခုမှမရှိတော့ပါဘူး။

ပြန်မဆုံနိုင်တဲ့လမ်းခွဲခြင်းမျိုးနဲ့တောင် တစ်နေ့လမ်းခွဲရတာလေးကို ဝမ်းနည်းမနေပါနဲ့လားကွယ်။

အိုသွေးရှိသူတိုင်း အိုကြရသလို ခွဲသွေးရှိသူတိုင်းခွဲကြရမှာပါ။


၉။ မရှိမဖြစ်ကုသိုလ်

သံသရာမှာချမ်းသာဖို့လည်း ကုသိုလ်ရှိဖို့လိုပါတယ်။

သံသရာကလွတ်မြောက်ဖို့လည်း ကုသိုလ်ရှိဖို့လိုပါတယ်။

ကုသိုလ်များများရှိလေ ချမ်းသာများများခံစားရလေ ကုသိုလ်မြင့်မြင့်ရှိလေ နိဗ္ဗာန်မြန်မြန်ရောက်လေပါပဲ။

ကုသိုလ်အများဆုံးရချင်ရင် ကုသိုလ်အမြင့်ဆုံးရောက်ချင်ရင် ရဟန်းပြုတာအကောင်းဆုံးပါ။


၁၀။ ယပင့်နဲ့ချစ်မှာလား ရရစ်နဲ့ခြစ်မှာလား

“ချစ်ခြင်း”ဟာ ပြည့်စုံခြင်းမှာ အဆုံးသတ်ပြီး “ခြစ်ခြင်း”ကတော့ ပျက်စီးခြင်းမှာ နိဂုံးချုပ်ပါတယ်။

“ချစ်ခြင်း”ဟာ အပြုသဘောကို ဆောင်ပြီး “ခြစ်ခြင်း”ကတော့ အဖျက်သဘောကိုဆောင်ပါတယ်။

ကိုယ် နှုတ် စိတ်နဲ့ ကောင်းမှုကိုပြုခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းပါ။

ကိုယ် နှုတ် စိတ်နဲ့ မကောင်းမှုကိုပြုခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ခြစ်ခြင်းပါ။



မှတ်ချက်။ ။အရှင်ဆန္ဒာဓိက(စိတ်အားဖြည့်ဓမ္မသံစဉ်)စာအုပ်မှကောက်နှုတ်ချက်ဖြစ်သည်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
read more

တခါတုန်းကမြန်မာပြည်- ၁၂

ပုံ၆၅...။ ရွေတိဂုံရင်ပြင်ပေါ်အရှေ့ဘက်မုဒ်အဝင်ရှိ ဆောင်းတန်းအား(၁၈၅၅)ခုနှစ်ကတွေ့မြင်ရပုံ
 
ပုံ၆၆...။ (၁၈၅၅)ခုနှစ်က ရိုက်ကူးထားသော ရွေတိဂုံရင်ပြင်ရှိစေတီတော်လေးများ။
 
ပုံ၆၇...။ (၁၈၅၅)ခုနှစ်က ရိုက်ကူးထားသော ရွေတိဂုံရင်ပြင်ရှိစေတီတော်လေးများ။
ပုံ၆၈...။ (၁၈၅၅)ခုနှစ်ကတွေ့မြင်ရသော ရွေတိဂုံတောင်ဘက်မုဒ်အဝင်မုဒ်ဦး။
ပုံ၆၉...။ (၁၈၆၈)ခုနှစ်ကတွေ့မြင်ရသော ရွေတိဂုံတောင်ဘက်မုဒ်အဝင်မုဒ်ဦး။

ပုံ၇၀...။ (၁၈၆၈)ခုနှစ်ကတွေ့မြင်ရသော ရွေတိဂုံတောင်ဘက်မုဒ်အဝင်မုဒ်ဦး။


ပုံ၇၁...။ ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးရွေတိဂုံစေတီတော် အနောက်မြောက်ထောင့်တွင် တပ်ဆွဲထားသောအင်္ဂလိပ်စစ်တပ်များအား(၁၈၅၅)ခုနှစ်ကတွေ့မြင်ရပုံ။

ပုံ၇၂...။ ရွေတိဂုံစေတီတော်အနီး ဆွမ်းခံကြွချီနေသော သံဃာတော်များအား(၁၈၉၀)ခုနှစ်ကရိုက်ကူးထားပုံ။

ပုံ၇၃...။  ရွေတိဂုံစေတီတော်ကြီးအား(၁၈၆၈)ခုနှစ်ကဖူးတွေ့ရပုံ။

burmadailynews.co.cc မှပြန်လည် ကူးယူဖော်ပြပါ သည်ခင်ဗျာ....။
read more

စိတ်သောက


တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက် ကြတဲ့အခါမှာ ၀င်းပတဲ့ အပြုံးမျက်နှာ၊ ချိုသာတဲ့စကားသံနဲ့ "မင်္ဂလာနံ

နက် ခင်းပါ" "ကျန်းမာ ချမ်းသာကြပါစေ" ဆိုတဲ့ ပဋိသန္ဓာရ စကားတွေနဲ့ နေ့သစ်ကို စတင်ကြပါတယ်။ ကိုယ့်

ရဲ့ အပူမီး၊ သောက ပရိဒေ၀မီးတောက် တွေကိုတော့ ဘယ်သူမှ မရိပ်မိအောင် ဖုံးကွယ် ထားကြတာ ဓမ္မတာ

ပါ။ လောကကြီးထဲမှာ ပရိဒေ၀မီး မတောက်လောင် ခဲ့ဖူးသူ ရယ်လို့ ရှိမယ် မထင်ပါဘူး။ နည်းနည်းလောင် တာ

နဲ့ များများ တောက်လောင်တာပဲ ကွာခြားမှာပါ။ ကျွန်တော်တင်ပြ ချင်တာကတော့ကြုံတွေ့လာတဲ့ သောကတွေ

ကို ဘယ်လို ကျော်ဖြတ်သင့်တယ် ဆိုတာလေးပါ။


လူတွေဟာ မိမိတို့ ကြုံတွေ့နေရတဲ့ သောကအပူကိုသာ အကြီးမားဆုံး အပူမီးအဖြစ်နဲ့ ထင်မြင်ယူဆ တတ်ကြပါ

တယ်။ မိမိလျှောက်လှမ်း ရတဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းရာမှာ ကြုံတွေ့ရတဲ့ ဒေါမနဿ၊ စိတ်ဖိစီးမှု(Stress)

၊ ပူပင် ကြောင့်ကြမှု၊ စိတ်သောက များသည် လူတိုင်းခံစားရမြဲ သောကများ ဖြစ်ပါတယ်။ ထိုထိုသော သောက

များ ဖိစီးနှိပ်စက်မှုဒဏ်ကို ခံနေရမယ် ဆိုရင် ထိုသောကဟာ မိမိ တစ်ဦးတစ်ယောက်ထဲကိုပဲ ရွေးဖြစ်တာမဟုတ်

ပါဘူး၊ လူသားတိုင်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတာပဲ လို့ ဆင်ခြင်နှလုံးသွင်းနိုင်ရင် အနည်းနဲ့ အများတော့

စိတ်သက်သာရာ ရနိုင်ပါတယ်။



"ယူတတ်ရင်ဆေး၊ မယူတတ်ရင်ဘေး" ဆိုတဲ့ စကားပုံရှိပါတယ်။ ဖြစ်တည်လာတဲ့ သောက (ဒါမှမဟုတ်) စိတ်

ဖိစီးမှု အန္တရာယ်ကို အလေးထားပြီးတော့ အဲဒီသောကကိုပဲ မိမိအတွက် အကျိုးရှိအောင် ဘယ်လိုပြန်ပြီး အသုံး

ချရမယ် ဆိုတာကို လေ့လာသင့်ပါတယ်။ ပူပင်သောက လုံးဝမရှိဘဲနဲ့ လူဖြစ်ရတာတော့ အကောင်းဆုံးပါပဲ။

ဒါပေမယ့် မိမိသောကကင်းစင်ရေး တစ်ခုထဲကိုပဲ ဦးတည်ပြီး အတ္တဆန်ဆန် အများရဲ့ အကျိုးကို လျစ်လျူရှုမယ်

၊ သောကနည်းလွန်းပြီး မိမိအကျိုး၊ သူတစ်ပါးအကျိုး အတွက် စိုးရိမ်ပူပန်မှု မရှိဘူး၊ ကြုံရာနေ၊ ကျရာစားဘ၀ နဲ့

ဘ၀ကို ပေါ့ပေါ့တန်တန် နေထိုင်သွားမယ် ဆိုရင် ထိုသူအတွက် ကောင်းကောင်းကြီး ကိုပျက်စီးစေပါတယ်။ တစ်

ကိုယ်ကောင်း သမားအဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဖြစ်တည်လာတဲ့ သောကတွေ

ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြီး သောကဝေဒနာနဲ့ အသားကျစွာ နေထိုင်တတ်မယ် ဆိုရင် ထိုသူရဲ့ ဘ၀ဟာ အ

ညွှန့်တလူလူနဲ့ ရှင်သန် တိုးတက် လာမှာ ဖြစ်ပါတယ်။



လောကမှာ လူအချို့ဟာ မိမိက မပြောင်းလဲနိုင်တဲ့၊ မပြုပြင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်သောက ရောက်နေ

တတ်ကြ ပါတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ဟာ တားဆီးပစ်ဖို့၊ ပြုပြင် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တဲ့ သဘာဝ

နိယာမ တရားတွေ ဖြစ်ပါတယ်။ အဲဒီ ရှောင်လွဲမရနိုင်တဲ့ ကိစ္စတွေအတွက် သောကရောက် နေမယ့်အစား မအို

ခင်၊ မနာခင်၊ မသေခင် အချိန်ကလေးမှာ အတ္တ နဲ့ ပရ ညီမျှတဲ့ အကျိုးကိစ္စများကို ဆောင်ရွက်ပေးခြင်း က လော

ကီ လောကုတ္တရာ အတွက် အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ မိမိတတ်နိုင်၊ စွမ်းဆောင်နိုင်တဲ့ ကိစ္စရပ်တွေအတွက်

ပူပင်ခြင်းဟာ အကြောင်းမဟုတ်ပါဘူး။ မိမိ တတ်နိုင်သလောက် ကူညီ ဖြေရှင်းပေးခြင်း အားဖြင့် အများရဲ့ ချစ်

ခင် လေးစားမှု၊ အားကိုး ယုံကြည်မှုတို့ကို ခံယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘဘာဝ ဘေးအန္တရာယ်ဆိုးတွေနဲ့ ကံကြ

မ္မာဆိုး တွေကသာ မိမိ မမြင်စွမ်းနိုင်သော၊ မဖြေရှင်းနိုင်သော သောက တိုးပွားစေတဲ့ အခြေခံ အကြောင်း

ရင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေကို မျက်နှာလွဲထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အဓိကကတော့ သောကကို အကောင်းမြင် ရှုထောင့်ကနေ ကြည့်မြင်တတ်ဖို့ ဖြစ်ပါတယ်။ ရှိသင့်သည်ထက်

ပိုလွန်တဲ့ သောကမီးကြောင့် စိတ်ဒုက္ခ ကြီးမားစွာနဲ့ ဘ၀ခရီးကို လျှောက်လှမ်းနေသူ တစ်ဦး မဖြစ်သင့်ပါဘူး။

ယထာဘူတကျတဲ့ အမြင်နဲ့ ဆင်ခြင်ပိုင်းခြားပြီး ဖြစ်သင့်တဲ့ ကိစ္စတွေမှာ ရှိသင့်တဲ့ သောကကို အရင်းပြုပြီး

အကျိုးရှိရှိ အသုံးချတတ်ကြပါလို့ တင်ပြချင်ပါတယ်။ အားလုံးကိုပဲ သောက ကင်းဝေးစေချင်ပါတယ်။

သူငယ်ချင်းအားလုံး စိတ်သောက တွေကင်းဝေးနိုင်ကြပါစေ။
read more

တခါတုန်းကမြန်မာပြည်- ၁၁

ပုံ၅၄...။ ကုန်းကျောင်းမှချီတက်လာသောအင်္ဂလိပ်တပ်ဖွဲ့ဝင်များ။
ပုံ၅၅...။ မန္တလေးနန်းတော်တွင်းရှိ ဘုန်းကြီးကျောင်းရှေ့တွင်စုရုံးနေသော အင်္ဂလိပ်တပ်ဖွဲ့ဝင်များ။
ပုံ၅၆...။ အင်္ဂလိပ်များသိမ်းပိုက်ပြီးစ မန္တလေးနန်းတွင်းတနေရာ။
ပုံ၅၇...။ မြန်မာမျိုးချစ်များအား လိုက်လံတိုက်ခိုက်နေသော ပန်ချာပီတပ်ဖွဲ့ဝင်များ။
ပုံ၅၈... ။ ရွေတိဂုံစေတီတော်ကြီးအား(၁၈၉၀)ခုနှစ်ကဖူးတွေ့ရပုံ။

ပုံ၅၉...။ ရွေတိဂုံရင်ပြင်မြောက်ဘက်မုဒ်အား(၁၈၉၀)ခုနှစ်ကတွေ့ရပုံ။

ပုံ၆၀...။ ရွေတိဂုံရင်ပြင်ရှိဆောင်းတန်းများအား(၁၈၉၀)ခုနှစ်ကတွေ့ရပုံ။

ပုံ၆၁...။ ရွေတိဂုံရင်ပြင်ရှိဆံတော်တွင်းစေတီအား(၁၈၉၀)ခုနှစ်ကတွေ့ရပုံ။

ပုံ၆၂...။ ရွေတိဂုံရင်ပြင်ရှိစဥ့်ကူမင်းခေါင်းလောင်းတော်အား(၁၈၉၀)ခုနှစ်ကတွေ့ရပုံ။

ပုံ၆၃...။ ရွေတိဂုံတောင်ဘက်မုဒ်သို့သွားရာလမ်းအား(၁၈၉၀)ခုနှစ်ကတွေ့ရပုံ။

ပုံ၆၄...။ ရွေတိဂုံတောင်ဘက်မုဒ်အဝင်ဆောင်းတန်းအား(၁၈၉၀)ခုနှစ်ကတွေ့ရပုံ။


 burmadailynews.co.cc မှပြန်လည် ကူးယူဖော်ပြပါသည်ခင်ဗျာ....။
read more

Friday, March 23, 2012

အမတ်ကြီး ဦးပေါ်ဦး-၏ ယမမင်းထံ အစစ်ခံ သံပေါက်



ဒီပို့စ်လေးကိုကျွန်တော် တော်တော်ကြိုက်ပါတယ်။ အမတ်ကြီးဦးပေါ်ဦးရဲ့ ယမင်းထံအစစ်ခံသံပေါက် လေးမှာ
မှတ်သားဖွယ်ရာ၊ သံဝေဂရ စရာလေးတွေပါနေတာမို့သူငယ်ချင်းတွေကိုလည်းဖတ်စေချင်တာမို့ ကျွန်တော်ပြန်
တင်ပေးလိုက်တာပါ....ဒီပို့စ်လေးကို မင်္ဂလာသတင်းစဉ် မှာဖတ်လိုက်ရတာပါ..။ စာရေးသူတင်ပြထားတဲ့အတိုင်း
ကျွန်တော်ပြန်တင်ထားပါတယ် ။ သူငယ်ချင်းတို့တွေလည်း ပို့စ်လေးကိုဖတ်ပြီးရင်အသိတရားလေးတခုတော့
တိုးမှာပါ...။



ဦးပေါ်ဦးကို ရွှေဘိုမြို့နယ်၌ မြန်မာနှစ် ၁၁၂၁-ခုနှစ်တွင် မွေးဖွားသည်။ ဘိုးတော်ဗဒုံမင်း အိမ်ရှေ့မင်းဖြစ်စဉ်က

အိမ်တော်ပါ ငယ်ကျွန်ရင်းလည်း ဖြစ်၏။ ရှင်ဘုရင်နှင့် မိဖုရား လှေပြိုင်ပွဲ အရှုံးအနိုင်၊ ဧရာဝတီမြစ် ခုန်ကူးမည့်

မင်းကွန်းက ခြင်္သေ့ကြီး၊ ဘုန်းတော်ကြောင့် ရေတိုးတာ မဟုတ်ဘဲ ရေရောင်တာပါဘုရား-စသည်ဖြင့် ဟာသ

ဇဝနဉာဏ် ရွှင်ရွှင်ဖြင့် လျှောက်တင်ဖြေရှင်းနိုင်ခဲ့သူလည်း ဖြစ်ပါသည်။


ကုန်းဘောင်ခေတ် ဘိုးတော်၊ ဘကြီးတော်၊ သာယာဝတီမင်း သုံးဆက်တိုင်တိုင် ပညာရှိအမတ်ကြီးအဖြစ် ခစား

ထမ်းရွက်ခဲ့ပြီး မြန်မာနှစ် ၁၂၀၀-ပြည့်နှစ် အသက် ၈၀-နီးနီး အရွယ်ရောက်မှ ကွယ်လွန်ခဲ့သည်။ ဦးပေါ်ဦး ကွယ်

လွန်ချိန်ဈာပနအခမ်းအနားတွင်သူ၏ကြိုတင်မှာကြားချက်အရအလောင်းထည့်ရာမှာလက်တဖက်ကို ခေါင်းပြင်

ဘက်သို့ ထုတ်ထားခဲ့သည်။ အသက်ထင်ရှားရှိစဉ်က ပိုင်ဆိုင်ခဲ့သော စည်းစိမ်ဥစ္စာ ဂုဏ်ဒြပ် ဟူသမျှ သေရာသို့

ယူမသွားနိုင်၊ လက်ဗလာဖြင့်သာ သွားရကြောင်း လူအများသိစေလိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။

ယခုတိုင် ပြောစမှတ်တွင်နေသော ဖြစ်ရပ်ပါ။


ယမမင်းထံ အစစ်ခံ သံပေါက်၏ မြစ်ဖျားခံရာမှာ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်နှင့် အင်္ဂုတ္တိုရ်ပါဌိတော်

များတွင်လာရှိသော ဒေဝဒူတသုတ် ဖြစ်ပါသည်။ ဒေဝဒူတ ဆိုသည်မှာ နတ်တမန်-ဟု အဓိပ္ပါယ်ရ၏။ ကလေးသူ

ငယ်၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသား-ဆိုသော နတ်တမန်သဖွယ် ပုဂ္ဂိုလ်ငါးဦးဖြင့် ယမမင်းကြီးက ငရဲသား

အား မေးစိစစ်ပုံများကို ဖော်ပြထားသောသုတ် ဖြစ်ပါသည်။ ကျေးဇူးရှင် နိုင်ငံကျော် ဓမ္မကထိကအဂ္ဂမဟာပဏ္ဍိ

တ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ရေးဖွဲ့သော

သံပေါက်လင်္ကာများကို ရှုပါ။



၁။ ရပ်ကြိုရပ်ကြား၊ လှည့်ပတ်သွား၊ ငါးပါးတမန်တော်၊

မြင်သူနည်းပါး၊ မမြင်များ၊ ထူးခြားလှပါသော်၊

မမြင်လေလား၊ မြင်လေလား၊ စဉ်းစားကြပါနော်။


၂။ ဟစ်အော်ဆုံးမ၊ တရားပြ၊ ငါးဝတမန်တော်၊

ကြားသူနည်းပါး၊ မကြားများ၊ ထူးခြားလှပါသော်၊

မကြားလေလား၊ ကြားလေလား၊ စဉ်းစားကြပါနော်။



၃။ ကလေးလေးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊

ကျွန်ုပ်လိုပဲ၊ သင်တို့လည်း၊ ဖြစ်မြဲဓမ္မတာ၊

မဖြစ်ခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊

ဇာတိလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။


၎။ သူအိုကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊

ငါအိုသလိုပဲ၊ သင်တို့လည်း၊ အိုမြဲဓမ္မတာ၊

မအိုခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊

အအိုလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။



၅။ သူနာကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊

ငါနာသလိုပဲ၊ သင်တို့လည်း၊ နာမြဲဓမ္မတာ၊

မနာခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊

အနာလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။



၆။ သူသေကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊

ငါသေသလိုပဲ၊ သင်တို့လည်း၊ သေမြဲဓမ္မတာ၊

မသေခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊

အသေလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။



၇။ အကျဉ်းသမားက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊

ကျွန်ုပ်လိုပဲ၊ သင်တို့လည်း၊ ဖြစ်မြဲဓမ္မတာ၊

မဖြစ်ခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊

နှောင်ဖွဲ့လွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။



ယမမင်းကြီးက ငရဲပြည်ရောက်လာသူများကို မေးစိစစ်ရသည်ဆိုသော်လည်း သူကိုယ်တိုင်ကမူ အပါယ်ဘုံသား

မဟုတ်ပါ။ စတုမဟာရာဇ်နတ်ဘုံ၌ ပါဝင်သော ဝေမာနိကပြိတ္တာမျိုး ဖြစ်ပါသည်။ ဝေမာနိကပြိတ္တာတို့၏ အရှင်

ဘုရင်ဖြစ်၍ နတ်နန်းဗိမာန်၊ နတ်သမီးအခြံအရံ၊ ဥယျာဉ်ပဒေသာပင် စသည်ဖြင့် နတ်စည်းစိမ်ခံစားရသူပါ။


ကုသိုလ် အကုသိုလ် နှစ်မျိုးရောစပ်ပြုခဲ့သော ကံကြောင့် နတ်ပြိတ္တာ ဖြစ်ရသည်။ တခါတရံမှာ အကုသိုလ်အကျိုး

ကိုလည်း ခံစားရ၏၊ ယမမင်းက တယောက်တည်းရှိတာ မဟုတ်ပါ၊ ငရဲကြီးရှစ်ထပ်၏ တံခါးဝတိုင်းမှာ ရှိပါသည်၊

ငရဲတထပ် တံခါးလေးခုဖြစ်၍ ယမမင်းပေါင်း ၃၂-ယောက်ပင် ရှိ၏။


သူက နတ်ပြိတ္တာမျိုးဖြစ်၍ တရားနာ တရားအားထုတ်ခွင့်ရပြီး ကျွတ်တန်းဝင်ခွင့် ရှိပါသည်။ တရားထူးရလျှင်

အကုသိုလ်ကံအကျိုးပေး မခံစားရတော့ဘဲ မင်းကောင်းမင်းမြတ်များ ဖြစ်လာကြပါသည်။ ယမမင်းအကြောင်း

အကျယ်တဝင့် သိလိုပါက (မ၊ ဌ၊ ၄-၁၆၄) တွင် ရှုပါ။


ယမမင်းထံ အစစ်ခံ ဆိုပေမယ့် ဘဝတပါးပြောင်းသွားသူတိုင်း အစစ်ခံရခြင်း မဟုတ်ပါ၊ လူ့ဘုံ၊ နတ်ရပ်ရောက်

ထိုက်သော ကုသိုလ်ရှင်များ ဆိုင်ရာသုဂတိဘုံသို့ ရောက်သွားကြသလို အကုသိုလ်ကံကြီးသူ တို့မှာလည်း ထိုက်

သင့်ရာ ငရဲသို့ တိုက်ရိုက်ပင် ရောက်သွားကြပါ၏။ အကုသိုလ်ကံ အနည်းငယ်ပြုသူတို့သာ ယမမင်းထံ အစစ်ခံ

ကြရပါသည်။ ယမမင်းက ထိုသူ၏ မေ့လျော့နေသော ကောင်းမှုကုသိုလ်များကို အစဖော်ပေးသဖြင့်ကယ်တင်

ရှင်ဟုပင် ဆိုနိုင်ပါသည်။ သံပေါက်လင်္ကာများကို မှတ်သားကြပါဦးစို့။


၁။ အိုကွယ့်ယောက်ျား၊ လူ့ပြည်သား၊ ဘယ်တရားများ ကျင့်ခဲ့တယ်၊?

ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။


၂။ ကုသိုလ်ကောင်းမှု၊ တခုခု၊ မပြုခဲ့လားကွယ်၊?

ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍နေရှာတယ်။


၃။ အမောင်ယောကျာ်း၊ သတိထား၊ စဉ်းစားပါဦးကွယ်၊?

ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်၊?

ကျွန်တ်ာတို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။



၎။ ပဗ္ဗဇ္ဇိတ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်၊?

သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မသက်တယ်။


၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်၊?

ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာ မဝင်တယ်၊

ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာရောက်တော့တယ်။


၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်

လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်၊?

ကျွန်တော့်မယား၊ စားဖို့များ၊ ကြိုးစားလုပ်ခဲ့တယ်။


၇။ အမောင်အမောင်၊ ယောင်တောင်တောင်၊ အမောင်မှားခဲ့တယ်၊

သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်၊?

သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်။


၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်၊?

သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာလျှောက်တော့မယ်၊

ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူမျှော်မိတယ်။

ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။

ကျွန်တော့်စိတ်မှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။


၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်၊?

ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်၊

မျက်နှာနည်းပါး၊ လူမွဲများ၊ မလွှဲသာကျွေး ကျွေးရတယ်။

လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင် သင်ဖြူး ခင်းပေးတယ်၊

သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်၊

ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။

ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။


၁၀။ မင်းအလှူမှာ၊ ငွေကုန်သာ၊ နှမြောပါဘိကွယ်၊

ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်၊?

ပရိက္ခရာ၊ ညံ့လှစွာ၊ အဖိုးချိုတာ ရွေးဝယ်တယ်။


၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်၊?

ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။


၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။

ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်၊?

အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာကိုယ်တော်ပင့်လားကွယ်၊?

သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာနာမှ ပင့်ခဲ့တယ်၊

နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်၊

သည်လိုဆရာ၊ ကျွန်တော်မှာ၊ များစွာပင့်ခဲ့တယ်၊

တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော်ပင့်ဦးမယ်၊

ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်၊

ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက်ကွမ်းဆေး စားခဲ့တယ်၊

ငှက်ပျောအုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်၊

ဒီလိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်မှ ပင့်ခဲ့တယ်၊

ကျွန်တော်တို့ရွာ၊ လှူကြတာ၊ ဒီလိုချည်းသာ ပင့်ကြတယ်၊


၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်၊

အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်၊?

သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်၊

သက်သတ်ခိုးမှု၊ ကာမေသု၊ တခုမကျန် ပေါက်ခဲ့တယ်၊

မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။


၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်၊

ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်၊

မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်ရာတောင် ရန်ဖြစ်တယ်။


၁၅။ သည်မှတခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်၊

ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်၊?

ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင် လိုက်ဖူးတယ်။


၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်၊?

ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။


၁၇။ မာတာပိတ၊ မိနှင့်ဘ၊ ညွတ်ခယလားကွယ်၊?

မညွတ်ခဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင်ဆဲသေးတယ်။


၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်၊

တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်၊?

စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။


၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူးရှိလားကွယ်၊?

ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။


၂၀။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တခါလားကွယ်၊?

ကျွန်တော်မျိုးမှာ၊ တခါသာ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။


၂၁။ သည်တခါနာ၊ အမောင့်မှာ၊ ကြည်ညိုပါလားကွယ်၊?

တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ပြန်ခဲ့တယ်၊

မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။


၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်၊?

ဆွမ်းမုန့်ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။


၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာလို့ ထင်လားကွယ်၊?

ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။


၂၄။ ခိုသောအခါ၊ မင်းစိတ်မှာ၊ ကြည်ညိုပါလားကွယ်၊?

ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်၊

စားစရာမြင်၊ မကျွေးလျှင်၊ စိတ်တွင်ပြစ်မှားတယ်၊

ဘုန်းကြီးနှယ်ကွာ၊ နှမြောတာ၊ သည်လိုများတောင် ဆိုမိတယ်၊

ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။


၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ ရှောင်ရှားရဲ့လားကွယ်၊?

စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းက အနိုင်ဆင်းခဲ့တယ်။


၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်၊?

မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီးသောက်ခါ ပြန်ခဲ့တယ်၊

ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။


၂၇။ အမောင်ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်၊

ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်၊

ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်၊?

ဘုန်းကြီးများထံ၊ သီလခံ၊ ကျွက်ဆူညံအောင် ပြောခဲ့တယ်။


၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်၊?

တရားကြောင်းရာ၊ မဟုတ်ပါ၊ ရောက်မိရောက်ရာ ပြောပါတယ်၊

လယ်ယာ-ကျွဲ-နွား၊ ပြောင်း-စပါး၊ သားမယားကြောင်း ပြောခဲ့တယ်၊

စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်၊

စကားမဆုံး၊ တနေ့လုံး၊ အုန်းအုန်းကျွတ်ကျွတ် ညံခဲ့တယ်၊

ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။


၂၉။ သီလပျောက်ကျား၊ စောင့်လေငြား၊ မိုးကားကွက်ကြား ရွာတတ်တယ်၊

မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်၊

မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်၊

မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်၊

ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်၊?

ကမ္မဋ္ဌာန်းဘာဝနာ၊ အလုပ်မှာ၊ လွန်စွာ နည်းခဲ့တယ်။



၃၀။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်၊?

တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။


၃၁။ မေးသောအခါ၊ အကြောင်းရာ၊ ဘာဝနာလားကွယ်၊?

ပရိသတ်ဘောင်၊ လူလယ်ကောင်၊ အထင်ကြီးအောင် မေးခဲ့တယ်၊

မဖြေနိုင်က၊ အရှက်ရ၊ နာမည်လှလှ ပျက်ခဲ့တယ်၊

တခါတခါ၊ ကျုပ်တို့ရွာ၊ စာစကားသာ ပြောကြတယ်၊

သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက်၊ ရောက်မိရောက်ရာ ငြင်းကြတယ်၊

ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။


၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်၊?

ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်၊

ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနဲ့ ရန်ဖြစ်တယ်၊


၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်၊

အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမှ မရှိတယ်၊

တခုကိုမှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်၊

အမောင်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်၊

မကယ်ဖြစ်တာ၊ မင်းတခါ၊ ကြမ္မာမှောက်တော့မယ်၊

အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်၊

ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်၊

သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်၊

ချသောအခါ၊ သူ့ခမျာ၊ အော်ကာ ခံရတယ်၊

သံပေါက်အလာ၊ နှလုံးမှာ၊ မြဲစွာမှတ်ကြကွယ်။


ယမမင်းမေးလို့မှ ပြောစရာ ကောင်းမှု တခုမရှိ၊ ဒါန၊ သီလ၊ ဘာဝနာ ကင်းကွာ ဝမ်းစာရှာဖွေမှုဖြင့် အချိန်ကုန် ခဲ့

ရပုံ၊ တသက်မှတခါ သားကြီးရှင်ဖြစ်အလှူပွဲမှာပင် ပကာသန ရှေ့တန်းတင်၍ လှူရကျိုးမနပ်ခဲ့ပုံ၊ အကျင့်ပျက်ပြား၊

မိဘနှစ်ပါး မရိုသေ၊ အသိတရား ပေးမည့် တရားဒေသနာပွဲကြုံလို့မှ မနာယူမိပုံ၊ ရှားရှားပါးပါး အခါကြီး

ရက်ကြီး ကျောင်းကန်ဘုရားရောက်ခိုက်ကလေးမှာပင် စားသောက်ငြင်းခုံ အချိန်ကုန်ခဲ့ပုံ စသော

ပုထုဇဉ်လူသားတို့ ချို့ယွင်းချက် အဖုံဖုံကို အတိအလင်း ဖော်ထုတ်ထားပါ၏။


တဖက်မှကြည့်လျှင် ရှေးဘိုးဘွားများခေတ်က သိုက်မြိုက်စည်ကားစွာ ဘုရားသွားကျောင်းတက် ကုသိုလ်ဆက်

ခဲ့ကြပုံ၊ ဥပုသ်သီတင်း စောင့်သုံးသူ များပြားခဲ့ပုံ၊ တရားစကား ပြောဆိုဆွေးနွေးကြပုံ စသည့် မြင်ကွင်းများကို

ထင်ယောင်လာစေနိုင်သော သံပေါက်လင်္ကာများလည်း ဖြစ်နေပြန်ပါသည်။


ကျေးဇူးတော်ရှင် ဘာသာဋီကာ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက အနာဂတ်သာသနာရေး

ကျမ်းမှာ “သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်”စသည့် လင်္ကာပိုဒ်များ ကိုးကားလျက် ငွေကုန် လူ

ပန်း အကျိုးမဲ့ ပကာသနအလှူများ ရပ်တန်းက ရပ်ကြဖို့ ဆုံးမတော်မူခဲ့ပါသည်။ ဓမ္မကထိက အကျော်အမော်

ဆရာတော်ကြီးများ၏ တရားပွဲနှင့် ကြုံကြိုက်သော်မှ “တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ပြန်ခဲ့တယ်”ဟု

ဆိုရလောက်အောင်ပင် ကျွန်တော်တို့ဘက်က ချို့ယွင်းချက်တွေ တလှေကြီးနဲ့ပါလား။

ကုသိုလ်ရဖို့လုပ်လျှင် ကုသိုလ်ဖြစ်ဖို့ အရေးကြီးပါသည်၊ ချွေးဒီးဒီးကျ အားစိုက်ရှာဖွေခဲ့ရသော ဥစ္စာဓနကိုစွန့်

လွှတ်လှူဒါန်း ပေးကမ်းခြင်းသည်၊ တသက်တာ ဝမ်းမြောက်ကြည်နူး ကုသိုလ်ပွားဖွယ် ဖြစ်သင့်ပါ၏။ ပကာသ

နကိစ္စများဖြင့် မိမိအလှူဒါနကို မလျော့ပါးစေသင့်ပါ။ ဘုရားဖူးလျှင် ဘုရားဂုဏ်တော်ပွားများ ဆင်ခြင်မိစေဖို့၊

အနန္တဂိုဏ်းဝင် မိဘနှစ်ပါးကို ရိုသေလုပ်ကျွေးဖို့၊ ဥပုသ်စောင့်တာ ထမင်းဆာ အဖတ်မတင်စေဘဲ ပုတီးစိပ်

ဘာဝနာတရားဖြင့် အကျိုးများခဲ့ဖို့ လိုပါသည်။


လိုရင်းကိုသိမှ လိုရာကို ရပါမည်။ လိုရင်းမရောက်ဘဲ အလွဲလွဲအချော်ချော် လုပ်နေတတ်ကြပုံများကို “ယမမင်း

ထံ အစစ်ခံ သံပေါက်”က အထင်အရှား ပြသခဲ့ပါ၏။ ယင်းသံပေါက်လင်္ကာများကို အကျင့်စာရိတ္တ ပြုပြင်ရေး

စာပေအဖြစ် ဘိုးဘွားမိဘများ စွဲမက် နှစ်ခြိုက်ခဲ့ကြသည်။ ကျွန်တော်တို့ အတွက်လည်း အံဝင်ခွင်ကျ

ရှိနေဆဲ။ နောင်နှစ်ပေါင်းများစွာလည်း အသိအမြင် အလင်းရောင်ပေးနေဦးမည်သာ။


မင်းစော (တောင်သမန်)

read more

လောကနီတိ - ၁၅


  • နှစ်လင်သုံးလင်ပြောင်းသော မိန်းမ၊
  • နှစ်ကျောင်းသုံးကျောင်းပြောင်းသော ရဟန်း၊
  • နှစ်ကြိမ်သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊
ဤသူတို့ကား မာယာများတတ်၏။
  • The woman , who changes two or three husbands,
  • The priest, who changes tow or three monasteries,
  • The bird which escapes from traps twice or thrice, 
These may have many deceits.


  • ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ်ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံ မပြုလုပ်ဘဲနေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • မကောင်းသော မားကို ငွေကြေးဥစ္စာမအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • အစားအစာ တပ်မက်လွန်ကျူးသူကို အစားလျှော့၍ ကျွေးခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  •  The wicked may be tamed by beating,
  • The bad friend by quitting,
  • The bad wife by not giving wealth,
  • The greedy by reduction of food.


  • လရောင်မှ ကင်းသော ညသည် မတင့်တယ်။
  • လှိုင်းတံပိုးမှ ကင်းသော သမုဒ္ဒရာသည် မတင့်တယ်။
  • ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။
  • လင်မှကင်းသော သတို့သမီးသည် မတင့်တယ်။
  •  The night without moon is disgraceful.
  • The ocean without waves is disgraceful.
  • The pond without ducks (Hamza) is disgraceful.
  • The maiden without husband is disgraceful.



လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

Thursday, March 22, 2012

မိတ်ဆွေ(သူငယ်ချင်း) ကောင်း ဆိုတာ



စာလည်း မရေးဖြစ်တာလည်းကြာပါပြီ…။ မအားတာလည်းပါပါတယ်...။ စိတ်လည်းနည်းနည်းညစ် နေတာမို့

ရေးဖို့လည်း စိတ်သိပ်မပါတာနဲ့စာတွေဘဲလိုက်ဖတ်နေဖြစ်တာပါ…။ ဒီနေတော့ KL (KualaLumpur) မှာမ

တွေ့တာကြာပြီဖြစ် တဲ့ မြန်မာပြည်ပြန်တော့မယ့် သူငယ်ချင်းနှစ်ယောက်နဲ့တွေ့တော့လွန်ခဲ့တဲ့နှစ်အနည်း

ငယ်က ကျွန်တော့်အပေါ် ဒုက္ခတွေ ပေးခဲ့တဲ့သူငယ်ချင်း(ဟောင်း)တ ယောက်အကြောင်းနဲ့ပတ်သက်ပြီး

ကျွန်တော်တို့သူငယ်ချင်းတွေစကားစပ်လို့ပြောမိကြပါတယ်… ။ အဲဒီသူငယ်ချင်းအကြောင်း လည်းမေ့ထား

တာကြာပါပြီ…။ ဒီနေ့မှစကားစပ်မိလို့ပြန် ပြောမိကြတာပါ…။ မိတ်ဆွေသူ ငယ်ချင်းတွေအပေါ်ထားရမယ့်

သစ္စာ၊ စောင့်ထိမ်းရမယ့်ကိုယ့်ကျင့်သိက္ခာ တွေကို မစောင့်ထိမ်းဘဲ နောက်ကျောဓားနဲ့ထိုးသွားပြီး ကျွန်

တော့်အပေါ် ခုတုန်းလုပ်သွားတဲ့သူငယ်ချင်း (ဟောင်း) အခု ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်း သူငယ်

ချင်း တွေပြောလို့သိလိုက်ရပါတယ်…။ အခုလို ကြားရတာစိတ်တော့မကောင်းပါ…။ ဒါကြောင့်အခုအလုပ် 

ထဲ ရောက်တော့သူငယ်ချင်း၊ မိတ်ဆွေကောင်း ဆိုတဲ့အကြောင်းလေးရင်ထဲမှာပြောချင်လာတာမို့ဒီပို့ စ်

လေးရေ ဖြစ်တာပါ..။ တကယ်တော့ကျွန်တော်တို့အားလုံးဘ၀မှာ မိတ်ဆွေ၊ သူငယ်ချင်းကောင်းတွေ ရှိဖို့

တကယ်လိုအပ်ပါတယ်…။



သူငယ်ချင်းကောင်း ဆိုတာ ကျွန်တော်တို့ဘဝကို နည်းပေါင်းစုံနဲ့ဘက်ပေါင်းစုံကနေစိတ် ချမ်းသာမှုတွေပေး 

စွမ်းနိုင်ကြပါတယ်။ တူညီခြင်းတွေနဲ့ ကွဲပြားခြားနားတာတွေကို ပေါင်းစပ် ထားတဲ့ ကြားကနေသူငယ်ချင်းတွေ

က ကျွန်တော်တို့ကို သိနားလည်ဖို့ အခွင့်အရေးတွေ သယ်ဆောင်လာကြသလို ကျွန်တော်တို့ကို ဘဝမှာ

ဘယ် လိုနေ ထိုင်ရှင်သန်သွားရမယ်ဆိုတာကို သိအောင်ကူညီပေးတတ် ကြပါတယ်။ တူညီခြင်းက တစ်

ယောက်နဲ့တစ်ယောက်ခင်မင်ခြင်းကို ဆွဲဆောင်မှုရှိစေပြီးကျွမ်းဝင်မှုအတွက် ကျေနပ်နှစ်သိမ့်မှုကိုရရှိစေပါ

တယ်။ မိတ်ဆွေသူငယ်ချင်း တွေကိုကြည့်မှန်အဖြစ်သဘောထားလိုက်မယ်ဆိုရင်သူတို့ကဘယ်လိုလူလဲ

ဆိုတာသိစေဖို့ ရောင်ပြန် ဟပ်စေတာကို ကူ ညီပေးပါတယ်။ ကျွန်တော်တို့ရဲ့ မတူညီတဲ့ကွဲပြားတဲ့အမြင်

တွေကနေလည်းမိတ်ဆွေတွေကမိမိကိုယ်ကိုမိမိတို့ သိနားလည်ဖို့အထောက်အကူ ပေးပါတယ်။ ကွဲပြားခြား

နားမှု တွေကတခြားရွေးချယ်မှုတွေကိုလည်းမြင် တွေ့ စေနိုင် ပါတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်နဲ့ 

တစ်ယောက် အယူအဆတွေ၊ အနေ အ ထိုင်တွေ၊ ၀ါသနာတွေ၊ စိတ် ထားချင်းတွေ မတူညီကြတဲ့မိတ်ဆွေ

သူငယ်ချင်းတွေနဲ့လည်း ပေါင်းသင်း ဆက် ဆံ ကြရ ပါတယ်။ ဆန့်ကျင် ဘက် ဖြစ်နေတဲ့သူတွေ ဆီကနေ

လည်းဆွဲဆောင် မှုတွေ၊ အတုယူစရာတွေ ရှိနေ တတ်ကြပါတယ်။ သူတို့ဆီ ကနေ ကျွန်တော်တို့ နှစ်သက်

တဲ့ အစိတ်အပိုင်းတွေကို အကောင်းဘက်ကနေ လက်ခံ သင်ယူပြီး ကျွန်တော်တို့နဲ့ သံစဉ်ညှိယူလို့ မရတဲ့ 

အချက်တွေက ဘာတွေလဲ ဆိုတာကိုလည်း လက်ခံထားဖို့တော့ လိုအပ်ပါတယ်။ ဒါဆို ရင် ကျွန်တော်တို့အ

တွက် အဖိုးတန်တဲ့ အတွေ့အကြုံလေးတွေရရှိလာမှာပါ။



တစ်စုံတစ် ယောက်ရဲ့ဘဝနဲ့ကျွန်တော်တို့ရဲ့ဘဝကွဲပြားတာကိုနားလည်လာတဲ့အခါမှာ ဒီခြားနားချက်အ ပေါ်

မှာ ကျွန်တော်တို့တွေ အသိတွေ ရလာနိုင်ပါတယ်။ တစ်ခါတစ်လေမှာမိမိကိုယ်ကိုမိမိမကြိုက်နှစ်သက်တဲ့

အချက်တွေ ကို မိတ်ဆွေတွေဆီမှာ တွေ့နိုင်ပါတယ်။ မှန်သားပြင်ပေါ်က အရိပ်ကို လက်ခံဖို့ခက်ခဲချင်ခက်

ခဲပါလိမ့်မယ်။ ဒါပေ မယ့်သူငယ်ချင်း ကောင်း တစ်ယောက်၊ မိတ်ဆွေကောင်း တစ်ယောက်က ကျွန်တော်တို့

ရဲ့ ဘဝကို ပြောင်းလဲပစ် ဖို့ အတွက် နည်းလမ်း တွေရှာဖွေပေးဖို့အထောက်အကူပေးမှာတော့အမှန်ပါ။ 

ဒါဟာမိတ်ဆွေ(သူငယ်ချင်း )ကောင်း တွေကပေးတဲ့ ကျွန်တော်တို့အတွက်လက်ဆောင်မွန်တွေပဲပေါ့။ သူ

ငယ်ချင်းကောင်း တစ် ယောက် အဖြစ် ရွေးချယ်ရတာဟာ ထိုသူက ကျွန်တော်တို့ရဲ့ဘဝကို သာယာစိုပြေ 

လာစေတာ ကြောင့်ပါ။ မျက်ရည်တွေ နဲ့ ဘဝအခက်အခဲတွေ ကြားထဲကနေ သူငယ်ချင်းတွေက ရယ်ရွှင်

ခြင်းကို တွေ့ရှိဖို့ ဝိုင်းဝန်း ကူညီတတ်ပါတယ်။ ကျွန်တော်တို့ ဘဝရှင်သန်ဖို့အတွက် အကောင်း ဆုံးသော 

စိတ်သက်သာမှုနဲ့ အားအင်တွေကို ဝေမျှပေးတဲ့ ထူးခြားတဲ့ သူငယ်ချင်း မိတ်ဆွေ များနဲ့ တွေ့ဆုံရတဲ့အခါ 

ကျွန်တော်တို့ဟာ ကံကောင်းတဲ့သူ ဖြစ်လာမှာပါ။




မိတ်ဆွေ သူငယ် ချင်းကောင်း ဆိုတာ မိမိကို အင်မတန် ပေးနိုင်ခက်တဲ့ အရာကို ပေးတတ်ပါ တယ်။ အင်မ 

တန် ပြုနိုင်ခက်တဲ့ အမှုမျိုး၊ အကူအညီမျိုးကို လုပ်ဆောင် ပေးတတ်ပါတယ်။ မိမိကသတိလက်လွတ် ဖြစ်လို့  

ပဲ ဖြစ်စေ၊ တခြားအခြေအနေ တစ်ရပ်ရပ် ကြောင့်ပဲဖြစ် စေမ ကောင်းသဖြင့် ပြောဆိုမိတဲ့စကား၊ ပြုမူမိတဲ့ 

အပြု အမူမျိုး ဖြစ်ခဲ့ရင်လည်း သည်းခံတတ် ရပါ တယ်။ မိမိက လျှို့ဝှက်ထားစေချင်တဲ့၊ မပေါက်ကြား စေလို

တဲ့ စကား ကိုပြောတဲ့ အခါမှာလည်း အဲဒီစကား မပေါက်ကြားအောင် လုံခြုံအောင် လျှို့ဝှက်ပေးတတ် ရပါ

တယ် ။ ဘေး အန္တ ရာယ် တွေ နဲ့ကြုံတွေ့လာရင်လည်းမိမိကို ကျောခိုင်းစွန့်ခွာမသွားပါဘူး။ချန်မပစ်ခဲ့ပါဘူး။ 

အကြောင်း မသင့်လို့ မိ မိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါမျိုး၊ အဆင့်အတန်းလျှောဆင်း နိမ့်ကျသွားတဲ့

အခါ မျိုးမှာလည်း မိမိကို မထေမဲ့မြင် မပြုပါဘူး။ အထင်သေးတဲ့ အပြောမျိုး၊ အထင်သေးတဲ့ အကြည့်မျိုးနဲ့ 

မကြည့်တတ်ပါဘူး …။



မိတ်ဆွေစစ်ဆိုတာ ကိုယ်က ချမ်းသာရင် အောင်မြင်ရင် ကျော်ကြားသွားရင်လည်း မနာလို မရှုစိမ့် မဖြစ်ပါ

ဘူး။ မိမိနဲ့ ထပ်တူစွာပဲ (ဥပက္ခောစိတ်နဲ့) ၀မ်းသာနေ တတ်ပါတယ်။ မိမိရဲ့ အောင်မြင်မှု ကျော်ကြားမှုကို 

ဝမ်းမြောက် ဂုဏ်ယူစွာနဲ့ တစ်ခြားသူတွေကိုတောင် တစ်ဆင့် ပြန်ပြောပြနေတတ်ပါသေးတယ်။ မိတ်ကောင်း

ဆွေကောင်း ဆို တာ သဒ္ဒါတရားနဲ့ လည်းပြည့် စုံပါတယ်။ စင်ကြယ်တဲ့ သီလလည်းရှိပါတယ်။ အကြားအမြင် 

ဗဟုသုတ များပါ တယ်။ ၀န်တို ခြင်း လည်းမရှိပါဘူး။ ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေ သူငယ်ချင်းကောင်း

တွေနဲ့ သာ ကျွန် တော် တို့ဘ၀ခရီးမှာ ကြုံတွေ့ရရင် သိပ်ကို အေးချမ်း ပြေလွင်တဲ့ ဘဝခရီး ဖြစ်မှာပါ။ စိတ်

ကောင်း၊ နှလုံးကောင်း ရှိတဲ့ မိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာမျိုးဟာ စိန် ကောင်း 

ကျောက်ကောင်းလို ရှားပါး ပါတယ်။ သူတစ်ပါးကို အထင်သေး အမြင်သေး ကဲ့ရဲ့ အပြစ် မြင်ချင်သူ မီးဖုတ်

ကျောက်လို အတုအယောင် မိတ်ဆွေ သူ ငယ်ချင်း တွေကအများသား ပါ။ အခက်အခဲတွေ၊ အန္တရာယ်ရန်

စွယ်တွေ၊ မိုးသားတွေ ကင်းစင်ပြီး အရာခပ် သိမ်းအေးချမ်း နေ တဲ့ အချိန်မျိုးမှာ၊ ဒါမှမဟုတ် သူ့ရဲ့လိုအပ်

ချက်မှန်သမျှ ကူညီနေတဲ့ အချိန်မျိုးမှာ အပေါင်း အသင်း မိတ်ဆွေသူငယ်ချင်း တွေက လက်နဲ့ သပ်ချလို့ 

မကုန်နိုင်အောင် များပြား လွန်းလှ ပါတယ်။ ကိုယ် ရီမောနေတဲ့ အချိန်မှာ ကိုယ်နဲ့ လိုက်ပြီး ရီမောမယ့်

သူတွေ များလှပေ မယ့်ငိုခန်း နဲ့ ကြုံလာတဲ့အခါ ကိုယ် တစ်ယောက်ထဲပဲ ရှိနေလိမ့်မယ်ဆိုတာ နားလည်ပါ 

သင့်ပါတယ် ။



ကျွန်တော်တို့အားလုံး သာမန်အချိန်မှာ မိတ်ဆွေ သူငယ်ချင်းတွေ အဖြစ်နဲ့ ပြေလည်နေမယ် ထင်ရပေမယ့် 

မက်မောလောက်တဲ့ အခွင့်အရေး တစ်ခုခု၊ ရစရာ တစ်ခုခု ရှိလာပြီဆိုရင် မိတ် ဆွေအဖြစ်ကနေ ရန်သူပြိုင် 

ဘက် တွေအဖြစ်နဲ့ ရောက်ရှိသွားတတ်တာလည်း တွေ့ဖူးပါတယ်။ အဲဒီမှာ ရစရာရှိတဲ့ အခွင့်အရေးတွေ၊ အ

ခြေ အနေကောင်း တွေကို ကွယ်လွှင့်ပျက်စီး ဆုံးပါး သွားစေလိုတဲ့ မနာလို ဝန်တိုမစ္ဆရိယစိတ်များတဖွားဖွား

ပေါ် လာတတ်ပါတယ်။ ငါသာယူမယ်၊ ငါသာရစေမယ်ဆိုတဲ့ အတ္တစိတ်နဲ့ တစ်ဖက်လူကို မကြည်ဖြူနိုင်တော့

ဘဲ ပျက် စီးသွားအောင် မှုတ်ထုတ် ဖျက်ဆီးတတ်ရုံသာမက မိတ်ဆွေစာရင်းကနေ မသိမသာ ဖယ်ရှားလို့ 

ရန်သူစာ ရင်း ကို သွတ်သွင်းတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများလည်းရှိတတ်ပါ။ အဲဒီလိုသူငယ်ချင်း မျိုး

နဲ့ဆိုရင် အခက်အ ခဲနဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့တဲ့ အချိန်မျိုးမှာ ကိုယ့်ကို ဘာမှ မကူ ညီ မရိုင်းပင်းတဲ့ 

မိတ်ဆွေ သူငယ်ချင်းမျိုး၊ ကိုယ်လွတ်ရုန်း သွားတတ်တဲ့ မိတ်ဆွေ သူငယ် ချင်းမျိုးနဲ့ဆိုရင်နောက်နောင်ဘယ်

သောအခါမှ ခရီး အတူတူ( အတူတကွပေါင်းသင်း ) မ သွားပါနဲ့လို့ဘဲ ပြောလိုက်ချင်ပါတယ်။ ဘာလို့လည်း

ဆိုတော့အဲဒီ လို မိတ်ဆွေ သူ ငယ်ချင်းဆို အခွင့်အရေးရရင်ကိုယ့်ရဲ့နောက်ကျောကိုဓားနဲ့ထိုးဖို့ဝန်မ

လေးတတ်တဲ့ မိတ်ဆွေမပီသတဲ့ သူ ငယ်ချင်းကောင်းမပီသတဲ့သူတွေမို့ပါ…( ခံလိုက်ရလို့ပြောနေခြင်းပါ )။



မိတ်ဆွေ(သူငယ်ချင်း)ကောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကျွန်းကိုကိုင်း မှီ၊ကိုင်း ကို ကျွန်း မှီ ဆိုသ

လို အပြန်အလှန် မှီခို၊ အပြန်အလှန် လေးစားမှုရှိကြရ ပါမယ်။ တစ်ယောက်ရဲ့ ကောင်းမြတ်တဲ့အရည် အ

ချင်းတွေကို တစ်ယောက်ကလေးစားအသိအမှတ်ပြုပြီးတစ်ယောက် ရဲ့ အားနည်းချက်ကို တစ်ယောက်က

ဖေးမကူ ညီ ဖြည့် စွမ်းပေး ရပါမယ်။ တစ်ယောက် ရဲ့ဘေး အန္တရာယ်ကို တစ်ယောက်က ကာကွယ်စောင့်

ရှောက်ပြီး တစ်ယောက် ရဲ့ အောင်မြင်မှုကို တစ် ယောက်က ၀မ်းမြောက် ၀မ်းသာ ဂုဏ်ယူတတ် ရပါမယ်။ 

တစ်ယောက်က ကောင်း စား ရင် ကျန် တစ်ယောက်က မနာလို ၀န်တိုခြင်း မရှိပါဘဲ မုဒိတာစိတ် ထားရှိ

တတ် ရပါမယ်။ တစ်ယောက် ရဲ့ အ မှားကို တစ်ယောက်က သည်းခံခွင့်လွှတ်ပြီး တစ်ယောက်ရဲ့အ ကျိုးကို 

တစ်ယောက်က ဆောင်ရွက်ပေးခြင်းဟာ မိတ်ဆွေ(သူငယ်ချင်း)ကောင်းတွေရဲ့ ကျင့်ကြံအပ်တဲ့ကောင်းမြတ် 

တဲ့ လက္ခဏာ ဖြစ်ပါတယ်။



မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာကတော့ တစ်ကိုယ်ကောင်း မဆန်တဲ့ သူ။ စေတ နာ

မှန် ကန်တဲ့သူ၊ အကျိုးတူ ကိစ္စရပ်များကို သတ္တိရှိရှိ ပူးပေါင်း ဆောင်ရွက် ကူညီ လိုစိတ်ရှိသူ၊ အခက်အခဲ အ

ကြပ်အ တည်းတွေနဲ့ အရေးကြုံ လာတဲ့အခါ ခေါင်းရှောင် သွေဖီ မသွားပါဘဲ မိမိရှေ့ကနေ မားမားမတ်မတ်

ရပ်ပြီး ကူ ညီ ဖြေရှင်းပေးတာတွေ ပဲဖြစ်ပါတယ်။ လူ တစ်ယောက်ဟာ အခြားတစ်ယောက်ရဲ့ အမှားအယွင်း

နဲ့ အပြစ်တွေ ကိုပဲ ကြည့်ပြောနေမယ်၊ အားနည်းချက်တွေကိုပဲ မြင်နေမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကို သူ့အ

ပေါင်း အသင်း မိတ်ဆွေ တွေက ရှောင်ရှားဖယ်ပြန် သွားကြမှာ ဓမ္မတာပါ။ အဲဒီနည်းနဲ့ လူတွေကို စည်းရုံး

သိမ်းသွင်းလို့ မရနိုင်ပါ ဘူး။ လူတိုင်းလူတိုင်းမှာ ချို့ယွင်းမှုနဲ့ပြစ်ချက်ဆိုတာ အနည်းနဲ့အများတော့ရှိတတ် 

ကြတာ သဘာဝပါ။ ပုထုစဉ် လူသားမို့ ခြောက်ပစ်ကင်း သဲလဲစင် တယ်ဆိုတာ မရှိနိုင်ပါဘူး။ လူတစ်ယောက်

ဆီကနေ အကောင်းတွေ ချည်း မျှော်လင့်လို့ မရစကောင်း တာကိုတော့ နား လည် ထားပြီးသား ဖြစ်ပါတယ်။



နောက်ဆုံးအနေနဲ့ စိန်ကောင်း ကျောက်ကောင်း တစ်ပွင့်ရဖို့ ငွေကြေးဥစ္စာနဲ့ ပုံအောပေးပြီး ရနိုင်ပေမဲ့လည်း 

မိတ်ဆွေ (သူငယ်ချင်း)ကောင်း တစ်ယောက်ကို ရရှိနိုင်ဖို့အတွက်တော့ ငွေကိုပုံအောပေးလို့ မရနိုင်ကောင်း

ပါဘူး။ စိန်ကောင်း ကျောက်ကောင်းထက် မိတ်ကောင်း ဆွေ ကောင်းက ပိုပြီး ရှားပါတယ်။ ပိုပြီး လည်းတန်

ဖိုး ကြီးပါတယ်။ စိန်ကောင်း ကျောက်ကောင်းကို တန်ဖိုးထား သတ်မှတ်လို့ ရနိုင်ပေမယ့် မိတ်ဆွေ(သူငယ်

ချင်း )ကောင်း ဆိုတာ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး….ဒါကြောင့်သူငယ်ချင်း (ညီငယ်၊ ညီမငယ်) တို့လည်း

ဘ၀ မှာ မိတ်ဆွေ(သူငယ်ချင်း) ကောင်းပီသအောင်ကျင့်ကြံအားထုတ်ကြ ရင်းစစ်မှန်တဲ့မိတ်ဆွေ(သူငယ်

ချင်း)ကောင်း နဲ့တွေ့ဆုံနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ……။


read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: