Wednesday, February 29, 2012

တခါတုန်းကမြန်မာပြည်- ၆

၂၆။ ဘုရား မုခ်ဦး တခုပါ... ဘယ်ဘုရားလည်း တော့ကျွန်တော်လည်း မသိပါဘူး...၂၇။ ဒီနေရာလေးလည်း သိရင်ပြောပေးကြပါအုန်း... မန္တလေးလား၊ စစ်ကိုင်းလားဆိုတာ သေချာမသိလို့ပါ..၂၈။ မြန်မာ့(ဗမာ့) သေနက် ကိုင်တပ်လား ... ပြည်သူ့ စစ် လား ....၂၉။ ရင်းမှုးလား၊ ခွဲမှုး လားတော့မသိဘူး.... သူကမြင်းနဲ့ဆိုတော့ ပြန်တမ်းဝင်အရာရှိတော့ဖြစ်မယ်ထင် တာဘဲး)
၃၀။ အိုးရောင်းတဲ့ ဆိုင်.... ( ဒါတော့ကျွန်တော်သိတယ်ဗျို့းP )


မှတ်ချက်။   ။ ပုံတွေကို mm-flashsongs မှာ တင်ထားတာတွေ့လို့ သိမ်းထားချင်တာကြောင့် ပို့စ်တင်တဲ့

သူဆီမှ တောင်းပြီး ကျွန်တော်ပြန်တင်လိုက်တာပါ... ၁ မှ ၉ အထိပါ ။ ပို့စ်တင်တဲ့သူက ပုံတွေရဲ့ အရင်းအ

မြစ်ဖြစ်တဲ့ မူရင်း ဆိုက်ကို ပြန်လည်ဖော်ပြမထားသလို ပုံမှာလည်း ဘာစာမှ ဖော်ပြမထားပါ ဘူး..ဒါကြောင့်

ပုံမှ စာတွေကို ကိုယ့် သဘောနဲ့ ကိုယ်တင်ပြထားခြင်းဖြစ်ပါတယ် ခင်ဗျာ... ၁ မှ ၉ အထိပါ..နောက်ပိုင်း

ကျွန်တော် အွန်လိုင်းပေါ်မှာ အချိန်ပေးပြီ လိုက်ရှာလိုက်တော့ ဒီပုံတွေ ရဲ့ မူရင်း ဆိုက်ကိုတွေ့ရတဲ့နောက်

ပိုင်း မူရင်းဆိုက် ဖြစ်တဲ့ www.burmadailynews.co.cc/ ကိုဖော်ပြပြီးပုံလေးတွေကို ဆက်ပြီးတင်ပြခဲ့ပါ

တယ်... အခုလည်း ကျွန်တော့် ရဲ့ blog လေးမှာ သိမ်းထားချင်တာကြောင့်အခုလိုပြန်လည်ဖော်ရခြင်းဖြစ်

ပါတယ်ခင်ဗျာ...ပုံလေးတွေရဲ့ မူရင်းဆိုက်ဖြစ်တဲ့ www.burmadailynews.co.cc/ ကို ကျေးဇူးတင်ပါတယ်  

ခင်ဗျာ...
read more

တခါတုန်းကမြန်မာပြည် - ၅


၂၁။ အမိန့် အရဆိုင်လို့ ထင်တာဘဲ ဗျာ ....း)၂၂။ မုန့်လုပ်နေတယ် ထင်တာဘဲ... (သေချာမသိတော့ ရမ်းတုတ်လိုက်တာ)းD၂၃။ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးထားတဲ့စေတီလေးတွေ မန္တလေးတောင်ခြေမှာလို့ ထင်ပါတယ်(မသေချာပါ) ၂၄။ ပုဂံရွှေစည်းခုံဘုရား လို့ထင်ပါတယ်... (မသေချာပါ)
 ၂၅။ ရွာလား၊ မြို့လား တော့မသိဘူးခင်ဗျ.....



မှတ်ချက်။   ။ ပုံတွေကို mm-flashsongs မှာ တင်ထားတာတွေ့လို့ သိမ်းထားချင်တာကြောင့် ပို့စ်တင်တဲ့

သူဆီမှ တောင်းပြီး ကျွန်တော်ပြန်တင်လိုက်တာပါ... ၁ မှ ၉ အထိပါ ။ ပို့စ်တင်တဲ့သူက ပုံတွေရဲ့ အရင်းအ

မြစ်ဖြစ်တဲ့ မူရင်း ဆိုက်ကို ပြန်လည်ဖော်ပြမထားသလို ပုံမှာလည်း ဘာစာမှ ဖော်ပြမထားပါ ဘူး..ဒါကြောင့်

ပုံမှ စာတွေကို ကိုယ့် သဘောနဲ့ ကိုယ်တင်ပြထားခြင်းဖြစ်ပါတယ် ခင်ဗျာ... ၁ မှ ၉ အထိပါ..နောက်ပိုင်း

ကျွန်တော် အွန်လိုင်းပေါ်မှာ အချိန်ပေးပြီ လိုက်ရှာလိုက်တော့ ဒီပုံတွေ ရဲ့ မူရင်း ဆိုက်ကိုတွေ့ရတဲ့နောက်

ပိုင်း မူရင်းဆိုက် ဖြစ်တဲ့ www.burmadailynews.co.cc/ ကိုဖော်ပြပြီးပုံလေးတွေကို ဆက်ပြီးတင်ပြခဲ့ပါ

တယ်... အခုလည်း ကျွန်တော့် ရဲ့ blog လေးမှာ သိမ်းထားချင်တာကြောင့်အခုလိုပြန်လည်ဖော်ရခြင်းဖြစ်

ပါတယ်ခင်ဗျာ...ပုံလေးတွေရဲ့ မူရင်းဆိုက်ဖြစ်တဲ့ www.burmadailynews.co.cc/ ကို ကျေးဇူးတင်ပါတယ် 

ခင်ဗျာ...
read more

လောကနီတိ - ၈











အနာသည် မိမိကိုယ်၌ဖြစ်လျှက် မိမိအကျိုးကို မရွက်ဆောင်။
ဆေးပင်ဆေးရွက်သည် တော၌ဖြစ်လျှက် အကျိုးကိုဖြစ်စေနိုင်၏။ 
Disease, though arising in the body does not bring benefit.
Herbs though growing in the forest can be beneficial.


ကိုယ့်အကျိုးစီးပွားကို ရွက်ဆောင်မူသူစိမ်းပင် ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။
ကိုယ့်အကျိုးစီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေရင်းချာပင်ဖြစ်လင့်ကစား သူစိမ်းဟု မှတ်ယူရာ၏။
If one brings benefit, a stranger may be considered as relative.
If one does not confer benefit, even though he is close relative, may be considered astranger.


မျက်ကွယ်၌ သူ့ကျေးဇူးကို ချေဖျက်တတ်ပြီး ရှေ့တွင်မူ ချိုချိုသာသာ စကားဆိုတတ်သူကို အဆိပ်အိုးမှ ပျားရည်ကို ရှောင်ကြဉ်သကဲ့သို့ ရှောင်ကြဉ်ရာ၏။
Showing in gratitude in the absence, being sweet in the presence such a person should be shunned just like shunning the honey in a pot of poison.


ဥစ္စာ စီးပွားပျက်လျှင် မိတ်ဆွေ၊ သားမယား ၊ ညီအစ်ကို မောင်နှမများသည်ပင် စွန့်ခွာတတ်၏။
ဥစ္စာ ရှိသူကိုသာ မှီခို ပေါင်းသင်းလိုကြ၏။
လောက၌ စီးပွား ဥစ္စာသည် ခင်ပွန်းကြီးဖြစ်၏။
If wealth is lost, friends, son and wife, brothers and sisters may leave away.
They want to associate only to the rich.
Wealth in the world is a great friend


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

လောကနီတိ - ၇










  •  မျက်မာန်ဒေါသကြီးသူကို ရန်တုံ့မပြန် သည်းခံခြင်းဖြင့် အောင်နိုင်ရာ၏.
  • မတော်မမှန်အကောက်ဥာဏ်သုံးတတ်သူကို တော်တည့်ဖြောင့်မှန်စွာကျင့်သုံး ခြင်းဖြင့်အောင်နိုင်ရာ၏.
  • ကောက်ကျစ်ဝန်ကို မပေးလိုသော သူကို ပေးကမ်း စွန့်ကြဲခြင်းဖြင့် အောင်နိုင်ရာ၏.
  • မဟုတ်မှန် ဖောက်ပြန်စွာစကားဆိုတတ်သူကိုဟုတ်တိုင်းမှန်ရာ ဖြောင့်မှန်စွာ ပြောဆိုခြင်းဖြင့်အောင်နိုင်ရာ၏.
  • The violent can be overcome by forbearance.
  • The crooked can be overcome by being straight forward.
  • The miserly can be overcome by lavishing.
  • Those given to concoctions can be overcome by truth.

  • ကျွေးမွေးပေးကမ်းခြင်းသည်မယဉ်ပါးသူကိုယဉ်ပါးစေနိုင်၏ခပ်သိမ်းသောအကျိုးကိစ္စကိုလည်းပြီးစေနိုင်၏.
  • ကျွေးမွေးပေးကမ်းခြင်း၊ချစ်ဖွယ်စကားဆိုခြင်းသူတစ်ထူအပေါ်သာလွန်နိုင်၏.အများ၏ရိုသေလေးစားမှုကိုလည်းရယူနိုင်၏.
  • The unruly may be tamed by feeding and giving and all benefits gained.
  • And edge may be gained by sweet words and subservience of others may also be attained.
ဤလောက၌-
  • ပေးကမ်းခြင်းသည် အချစ်ဆေးဖြစ်၏. . အဆွေခင်ပွန်း အခြံအရံများစေ၏.
  • နှမြောတွန့်တိုဝန်တိုခြင်းသည်ကားအမုန်းဆေးမည်၏.အခြံအရံမဲ့အထီးကျန်ဘ၀သို့ ရောက်စေတတ်၏.
In this word- 
        Generosity is the potion of love. Can bring forth many to wait upon you. 
         Frugality is the potion of hate. Can leave you unattended.


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

Tuesday, February 28, 2012

၃၈ ဖြာမင်္ဂလာ ၂

( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်း သာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင် ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။


( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ

၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။ 
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။ 
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။   
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )

ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၎။ (၁)။သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ (၂)။ ရှေး၌ပြုဖူး ကောင်းမှုအထူးရှိခြင်း။
၆။ (၃)။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( သင်ကြားရေး မင်္ဂလာ ၄-ပါး )

ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၇။ (၁)။ လောကီ လောကုတ် အကြားအမြင်များခြင်း။
၈။ (၂)။ စက်မှု လက်မှု အတတ်တို့ကို တတ်ခြင်း။
၉။ (၃)။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်ခြင်း။
၁၀။ (၄)။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ပြုစုရေး မင်္ဂလာ ၃-ပါး )

မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၁။ (၁)။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း။
၁၂။ (၂)။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ (၃)။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )

ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၄။ (၁)။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ (၂)။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ (၃)။ ဆွေမျိုးးတို့အား ထောက်ပံ့ကူညီခြင်း။
၁၇။ (၄)။ အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ရှောင်ကြဉ်ရေး မင်္ဂလာ ၃-ပါး )

အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၈။ (၁)။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၁၉။ (၂)။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ် ၂-ပါးဖြင့် ရှောင်ကြဉ်ခြင်း။
၂၀။ (၃)။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ (၄)။ ကုသိုလ်တရားတို့၌ မမေ့ မလျော့ခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( စိတ်ထားရေး မင်္ဂလာ ၅-ပါး )

ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၂။ (၁)။ ရိုသေထိုက်သော သူကို ရိုသေခြင်း။
၂၃။ (၂)။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ (၃)။ ရောင့်ရဲလွယ်ခြင်း။ (လောဘအပို အလိုမလိုက်ခြင်း)
၂၅။ (၄)။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ (၅)။ သင့်လျော်သောအခါ တရားနာခြင်း။
ဤငါးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( သည်းခံရေး မင်္ဂလာ ၄-ပါး )

ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၇။ (၁)။ သည်းခံခြင်း။
၂၈။ (၂)။ ဆုံးမလွယ်ခြင်း။
၂၉။ (၃)။ ရဟန်းသံဃာတို့အား ဖူးမြော်ခြင်း။
၃၀။ (၄)။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )

တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာနဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၃၁။ (၁)။ ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ (၂)။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
၃၃။ (၃)။ သစ္စာလေးပါးကို သိခြင်း။
၃၄။ (၄)။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( စိတ်ထားရေး မင်္ဂလာ ၄-ပါး )

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၃၅။ (၁)။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ်ခြင်း။
၃၆။ (၂)။ မစိုးရိမ်ခြင်း။
၃၇။ (၃)။ ကိလေသာမြူ ကင်းခြင်း။
၃၈။ (၄)။ ဘေးကင်းခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)

ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


မှတ်ချက်။

၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ ခင်ဗျာ...။


( မင်္ဂလာအကျိုးပြ နိဂုံး )

ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

ဤ သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုင်မခံရ၊ အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။ ၃၈-ဖြာ မင်္ဂလာတရားသည် နတ်
လူတို့အတွက် အမြတ်ဆုံးသော မင်္ဂလာမည်၏။

(လင်္ကာ)

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။

အချိန်ပေးပြီးဖတ်ပေးသွားတဲ့သူငယ်ချင်းညီအကို၊ မောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..သူငယ်
ချင်းအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျာ.....။      ။




( ဆယ်စောင်တွဲ စာအုပ် အားမှီငြမ်းရေးသားပါသည်။ )


read more

၃၈ ဖြာမင်္ဂလာ

၃၈ဖြာမင်္ဂလာအကြောင်လေးတွေ၊လင်္ကာလေးတွေကိုသူငယ်ချင်းအားလုံးကြားဘူး၊ဖတ်ဘူးကြမှာပါ.....တချို့
လည်းမေ့ကုန်တာလေးတွေလည်းရှိမှာပါ.....ဖတ်ဘူးတဲ့သူတွေလည်းပြန်ဖတ်ချင်ဖတ်လို့ရအောင်၊ မေ့နေတဲ့
သူတွေလည်းပြန်မှတ်မိအောင်ကျွန်တော်ရှာပြီးပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ...ညီငယ်ငယ်လေးတွေ၊ ညီမ
ငယ်ငယ်လေးတွေ အတွက်ရည်ရွယ်တာပါခင်ဗျာ...ဒီ ၃၈ဖြာမင်္ဂလာ တွေကို လူမျိုးမရွေး၊ ဘာသာမရွေးပုဂ္ဂိုလ်မရွေး၊ လိုက်နာကျင့်သုံးကြဖို့၊ ထိုသို့လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင်ရန်သူရန်ဘက်မနှိပ်စက်နိုင်ခြင်း အ ကျိုး ၊ ဘေးရန် ကင်းကွာ လွန်ချမ်းသာခြင်းအကျိုး၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်း အကျိုးများကို ရရှိခံစား ကြ ရဖို့ရာ ၃၈-ဖြာ မင်္ဂလာ ကို မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ်....။

သူငယ်ချင်းတို့မှတ်မိလွယ်အောင်အလင်္ကာလေးနဲ့အခုလိုဖော်ပြပေးပါမယ်...

မင်္ဂလသုတ်(၃၈ဖြာမင်္ဂလာ တရားတော်)

ဗုဒ္ဓဟောကြား၊ ဤတရား နာကြားအာနန္ဒာ ။ ဇေတ၀န်ခေါ်၊ ထိုကျောင်းတော်၊ နီးသော်သာဝထ္တိ။
ကျောင်းလှူရှင် ကား၊ သူဌေးသား ၊ မှတ်သားအနာတပိဏ် ။ ထိုကျောင်းတော်မှာ ၊ မြတ်ဗုဒ္ဓါ ၊ စံပါနေခိုက်
မှာ ။ အမည်တပါး ၊ မ ထင်ရှား ၊ နတ်သားရောက်လို့လာ ။ ညဥ့်ဦးလွန်လာ ၊ သန်းခေါင်ခါ ၊ချဉ်းလာကျောင်း
တော်ရာ ။ လွန်စွာနှစ် သက် ၊ အဆင်းဖက် ၊ လင်းလက်ကိုယ်ရောင်ဝါ ။ ဇေတ၀န်တွင်း ၊ ကိုယ်ရောင်ဝင်း၊ ထွန်းလင်းစေလျက်သာ ။ ဗုဒ္ဓထံပါး ၊ ထိုနတ်သား ၊ ၀ပ်တွားဦးချကာ ။ သင့်ရာနေရာ ၊ ရပ်နေကာ ၊ လျှောက်
လာထိုဂါထာ။ နတ်လူအများ ၊ တောင့်တငြား ၊ ကြီးပွားချမ်းသာရာ ။ ကြီးပွားကြောင်းသာ၊ မင်္ဂလာ၊ ကြံပါမရ
ရှာ ။ မင်္ဂလာကား ၊ ဘယ်တရား ၊ ဟောကြားမိန့်ဆိုပါ ။

( ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ ၊ မှတ်ကြမင်္ဂလာ)

(၁) လူမိုက်ဖြင့်သာ၊ မပေါင်းရာ ၊ မှတ်ပါမင်္ဂလာ။

(၂) ပညာရှိသူ၊ ပေါင်းဖော်မူ ၊ မှတ်ယူမင်္ဂလာ။

(၃) ပူဇော်ထိုက်သူ၊ ပူဇော်မူ ၊ မှတ်ယူမင်္ဂလာ။

(၄) လျောက်ပတ်သင့်ရာ၊ နေထိုင်တာ၊ မှတ်ပါမင်္ဂလာ။

(၅) ရှေးကပြုလတ်၊ ကုသိုလ်မြတ် ၊ မှတ်အပ်မင်္ဂလာ။

(၆) ကိုယ်နှုတ်စိတ်အား ၊ ကောင်းစွာထား ၊ မှတ်သားမင်္ဂလာ။

(၇) ကြားမြင်သုတ၊ ပြည့်စုံက ၊ မှတ်ကြမင်္ဂလာ။

(၈) လက်မှုသိပ္ပ၊ တတ်မြောက်က ၊ မှတ်ကြမင်္ဂလာ။

(၉) ကောင်းစွာသင်လတ်၊ ၀ိနည်းမြတ် ၊ ကျင့်အပ်မင်္ဂလာ။

(၁၀) ကောင်းသောစကား၊ ပြောဆိုငြား ၊ မှတ်သားမင်္ဂလာ။

(၁၁) မိဘနှစ်ပါး၊ လုပ်ကျွေးငြား ၊ မှတ်သားမင်္ဂလာ။

(၁၂) ဇနီးသားအား၊ ထောက်ပံ့ငြား ၊ မှတ်သားမင်္ဂလာ။

(၁၃) နှောက်ယှက်ကင်းစွာ၊ လုပ်ဆောင်ရာ ၊ မှတ်ပါမင်္ဂလာ။

(၁၄) စွန့်ကြဲဒါန၊ ပေးလှူက ၊ မှတ်ကြမင်္ဂလာ။

(၁၅) သုစရိုက်အား၊ ကျင့်ကြံငြား ၊ မှတ်သားမင်္ဂလာ။

(၁၆) ဆွေမျိုးများအား၊ ထောက်ပံ့ငြား ၊ မှတ်သားမင်္ဂလာ။

(၁ရ) အပြစ်ကင်းစွာ၊ လုပ်ဆောင်ရာ ၊ မှတ်ပါမင်္ဂလာ။

(၁၈) မကောင်းစိတ်ထား၊ ကြံစည်ငြား ၊ ရှောင်ရှားမင်္ဂလာ။

(၁၉) ကိုယ်နှုတ်ဖြင့်သာ၊ မကောင်းတာ ၊ ရှောင်ပါမင်္ဂလာ။

(၂၀) ကစော်အရက်၊ လှော်စာဖက် ၊ ရှောင်အပ်မင်္ဂလာ။

(၂၁) ကုသိုလ်တရား၊ မမေ့ငြား ၊ မှတ်သားမင်္ဂလာ။

(၂၂) ရိုသေသင့်သူ၊ ရိုသေမူ ၊ မှတ်ယူမင်္ဂလာ။

(၂၃) မာနမထား၊ ဦးနှိမ်ငြား ၊ မှတ်သားမင်္ဂလာ။

(၂၄) တင်းတိမ်၍သာ၊ ရောင့်ရဲစွာ ၊ နေပါမင်္ဂလာ။

(၂၅) သူ့ကျေးဇူးအား၊ သိတတ်ငြား ၊ မှတ်သားမင်္ဂလာ။

(၂၆) သင့်လျော်သည့်ခါ၊ တရားနာ ၊ မှတ်ပါမင်္ဂလာ။

(၂၇) သည်းခံတရား၊ လက်ကိုင်ထား ၊ ကျင့်ငြားမင်္ဂလာ။

(၂၈) ဆုံးမစကား၊ နာယူငြား ၊ မှတ်သားမင်္ဂလာ။

(၂၉) ရဟန်းသူမြတ်၊ ဖူးမြင်လတ် ၊ မှတ်အပ်မင်္ဂလာ။

(၃၀) သင့်ခါဓမ္မ၊ ဆွေးနွေးက ၊ မှတ်ကြမင်္ဂလာ။

(၃၁) ဣနြေ္ဒခြောက်ဖြာ၊ စောင့်ထိမ်းရာ ၊ ကျင့်ပါမင်္ဂလာ။

(၃၂) အကျင့်မြတ်အား၊ ကျင့်ကြံငြား ၊ မှတ်သားမင်္ဂလာ။

(၃၃) သစ္စာလေးဝ၊ သိမြင်က ၊ မှတ်ကြမင်္ဂလာ။

(၃၄) မြတ်နိဗ္ဗာန်အား၊ ဆိုက်ရောက်ငြား ၊ မှတ်သားမင်္ဂလာ။

(၃၅) လောကဓံကြုံ၊ စိတ်မတုန် ၊ မှတ်ကုန်မင်္ဂလာ။

(၃၆) မကောင်းကြုံလည်း၊ ၀မ်းမနည်း ၊ မှတ်မြဲမင်္ဂလာ။

(၃၇) ကောင်းတာကြုံလတ်၊ မတပ်မက် ၊ မှတ်အပ်မင်္ဂလာ။

(၃၈) လောကဓံစုံ၊ ဘေးမကြုံ ၊ မှတ်တုံမင်္ဂလာ။

မင်္ဂလာအား၊ ပြုကြငြား ၊ ရန်များအောင်နိုင်ရာ။

နေရာအပေါင်း၊ ချမ်းသာကြောင်း ၊ ပြုကောင်းမင်္ဂလာ။

လို့အခုလိုအလင်္ကာလေးနဲ့သီကုံးထားပါတယ်...ဖတ်ရတာကောင်းသလို၊ မှတ်မိလည်းလွယ်ပါတယ်... မူရင်း မှာတော့အခုလိုဖော်ပြထားပါတယ်...

( မင်္ဂလာနိဒါန်း )
ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀ တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
အကျွန်ုပ်အာနန္ဒာသည် မင်္ဂလာတရားတော်ကို မြတ်စွာဘုရား၏ ရှေ့မှောက်တော်မှ ဤသို့ ကြားနာမှတ်သား
ခဲ့ရ ပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး ဆောက်လုပ်လှူ ဒါန်းသော
ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပါသည်။ထိုအခါ မထင်ရှားသော နတ်သားတယောက်သည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာပါ သည်။ ဇေတ၀န်တကျောင်းလုံး နတ်သား၏
ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပနေပါသည် ။ မြတ်စွာဘု ရားရှိရာသို့ ချဉ်းကပ်လာသော နတ်
သားသည် သင့်လျော်ရာအရပ်၌ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် ဂါထာဖြင့် ဤသို့ မေးလျှောက်လေသည်။

( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်း သာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မ
သိနိုင် ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။

( မြတ်စွာဘုရားရှင်ဟောကြားမယ့် ၃၈ ဖြာမင်္ဂလာကိုဆက်လက်ဖော်ပြပါမည်ခင်ဗျာ..)
read more

Sunday, February 26, 2012

လောကနီတိ - ၆










  လောက၌ အသက်ရှင်လျက်သေသူဟု ဆိုအပ်သောသူငါးယောက်တို့ကား -
- အလွန်အမင်းဆင်းရဲခြင်းနှင့် ဒုက္ခိတဘ၀ရောက်ရသူ
- နာတာရှည် ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခံရသူ
- ကြောင်းကျိုးမှားမှန် ဧကန်မသိ မိုက်မဲခြင်းကြီးလှသူ
- ဥစ္စာချေးငှား၊ များစွာ ကြွေးမြီ ထူပြောသူ
- မင်းဝယ် ကိုယ်ကြပ်ခစားထမ်းရွက်ရသူ
- The disabled and extreme poverty,
- the long-term infirm,
- the foolish who knows not what is good or bad,
- the one who owes others enormously,
- the one who has to serve the king closely, may be considered lifeless thought alive.

  
ပညာရှိတို့သဘောကား -
- ကျရောက်လတ္တံ့သော ဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
- မျက်မှောက်ဒိဌ ကြုံတွေ့ရသော ဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာရင်ဆိုင် ဖြေရှင်း
တတ်ပေ၏။
The nature of the wise -
- A voids imminent danger when he sees it.
- Courageously unravels the danger befall.


- လောက၌ကျောက်ထီးသည်လေး၏
- ထို့ထက် ဆရာမိဘတို့ အဆုံးအမသြ၀ါဒက ပို၏လေး၏
- အရာရာတို့ထက် မြတ်စွာဘုရား၏ တရားစကားသည်ကား အလေးဆုံး  အမြတ်ဆုံးဖြစ်၏။
- Weighty is a stone umbrella.
- Weightier still are the words of elders.
- Weightiest and noblest of them all are the words of Buddha.


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

လောကနီတိ - ၅










* မကောင်းသော အရပ်။
* မကောင်းသော မိတ်ဆွေ။
* မကောင်းသော အမျိုးအနွယ်။
* မကောင်းသော ဆွေမျိုးခင်ပွန်း။
* မကောင်းသော မယား။
* မကောင်းသော ကျေးကျွန်။
ဤ သူတို့ကို ဝေးစွာ စွန့်ပစ်ရာ၏.

* A bad place ,

* A bad friend,

* A bad descendent,

* A bad relative,

* A bad wife,

* A bad servant,

All these should be abandoned.



အကြင်အပေါင်းအဖော်သည် -

* ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း ၊

* ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း ၊

* ဥစ္စာစည်းစိမ် ဆုံးရှုံးပျက်စီးသော အခါ၌ လည်းကောင်း ၊

* ရန်သူဖမ်းဆီးခြင်းခံရသော အခါ၌ လည်းကောင်း ၊

* တရားရုံးများ၌ အမှုကိုရင်ဆိုင်ရသော အခါ၌ လည်းကောင်း ၊

* နာရေးကိစ္စ ဈာပနနှင့်ကြုံရသော အခါ၌ လည်းကောင်း ၊

မိမိနှင့်အတူရပ်တည်ပေ၏. ထိုသူသည် အဆွေခင်ပွန်းကောင်းမည်၏။

He who stands together-

* When disease strikes,

* When hunger strikes,

* When impoverished,

* When captured by enemy,

* When having to face the court,

* When there is death in the home,
 
Such a companion is a true friend.

* အများအကျိုးအတွက် တစ်စုံတစ်ယောက်၏ အကျိုးကို စွန့်၍ ဆောင်ရွက်ရာ၏။

* ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်ကိုမူကား အရာရာကို စွန့်၍ ဆောင်ရွက်ရာ၏။

* For the good of all, an individual's interest should be overlooked.

* For the good of the nation and the people all other interests should be overlooked.



* မိမိအတွက် အကျိုးမပြုသည့် အရပ်ဒေသကို ရှောင်ကြဉ်ရာ၏။

* သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျိုးဖြစ်ထွန်းမည့် အရပ်ဒေသကို ရှာကြံရာ၏။

* နေရာသစ်၌ အကျိုးဖြစ်မဖြစ် တွက်စစ်သေချာ မလေ့လာ မစူးစမ်းဘဲနေရာဟောင်းကို

မစွန့်ခွာရာ။
* One should avoid a place which brings no benefit.

* One should seek a place of benefit.

* One should not abandon the old place recklessly without knowing the condition of the new.


* မိတ်ဆွေစစ် ခင်ပွန်းကောင်းသည် အရင်းမှာ အဖျားတိုင်အောင် ချိုသော ကြံ၏သဘောနှင့်တူ၏။

* မိတ်ဆွေ အတုအယောင်သည်ကား အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက်အချို

ရည်မထွက်သော ကြံ၏ သဘောနှင့်တူ၏။
* A good friend is like a sugar-cane which is sweet from stem to top.
* A bogus friend is like a sugar-cane that is sweet only at the stem but loses its taste at the top.





လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

Wednesday, February 22, 2012

တခါတုန်းကမြန်မာပြည် - ၎



၁၆။ ရေတွင်းတခု မှာ ရေငင်(ရေခပ်) နေတာပါ..

 ၁၇။ သင်္ဘောဆိပ် တခု နဲ့ အင်္ဂလိပ်စစ်တပ် ကိုအခုလိုတွေ့ရပါတယ်.. ဘယ်မှာမှန်းတော့မသိပါဘူး...

၁၈။ မြန်မာမှု့ ပန်းပု လက်ရာတွေပါ.... အခုခေတ်တော့တော်တော်ရှားသွားပါပြီ.....

  ၁၉။ အမဲလိုက် ထွက်လာကြတာထင်ပါတယ်...

 
၂၀။ အကျဉ်းသားတွေလို့ထင်ပါတယ်... ခြေကျင်း ၊ လက်ထိပ်တွေကို တွေ့လို့ပြောတာပါ...


မှတ်ချက်။   ။ ပုံတွေကို mm-flashsongs မှာ တင်ထားတာတွေ့လို့ သိမ်းထားချင်တာကြောင့် ပို့စ်တင်တဲ့
သူဆီမှ တောင်းပြီး ကျွန်တော်ပြန်တင်လိုက်တာပါ... ၁ မှ ၉ အထိပါ ။ ပို့စ်တင်တဲ့သူက ပုံတွေရဲ့ အရင်းအ
မြစ်ဖြစ်တဲ့ မူရင်း ဆိုက်ကို ပြန်လည်ဖော်ပြမထားသလို ပုံမှာလည်း ဘာစာမှ ဖော်ပြမထားပါ ဘူး..ဒါကြောင့်
ပုံမှ စာတွေကို ကိုယ့် သဘောနဲ့ ကိုယ်တင်ပြထားခြင်းဖြစ်ပါတယ် ခင်ဗျာ... ၁ မှ ၉ အထိပါ..နောက်ပိုင်း
ကျွန်တော် အွန်လိုင်းပေါ်မှာ အချိန်ပေးပြီ လိုက်ရှာလိုက်တော့ ဒီပုံတွေ ရဲ့ မူရင်း ဆိုက်ကိုတွေ့ရတဲ့နောက်
ပိုင်း မူရင်းဆိုက် ဖြစ်တဲ့ www.burmadailynews.co.cc/ ကိုဖော်ပြပြီးပုံလေးတွေကို ဆက်ပြီးတင်ပြခဲ့ပါ
တယ်... အခုလည်း ကျွန်တော့် ရဲ့ blog လေးမှာ သိမ်းထားချင်တာကြောင့်အခုလိုပြန်လည်ဖော်ရခြင်းဖြစ်
ပါတယ်ခင်ဗျာ... ပုံလေးတွေရဲ့ မူရင်း ဆိုက်ဖြစ်တဲ့ www.burmadailynews.co.cc/ ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...
read more

လောကနီတိ - ၎











  • ပထမအရွယ်ပညာရှာ၊
  • ဒုတိယအရွယ် ဥစ္စာရှာ၊
  • တတိယအရွယ် တရားရှာ။
  • Pursue education in early age.
  • Pursue wealth in middle age.
  • Purse Dhamma in old age. 
  • အတတ်ပညာ မရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။
  • အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
  • ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။
  • One without knowledge has to carry other's burden.
  • One who has knowledge is honoured by others.
  • So strive daily to get knowledge.
  • မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရ၏။
  • အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့ ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ မတင့်တယ်ဖြစ်ရာ၏
  • အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့်သမီး မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏။
  • Parents must educate the children while young.
  • If not, they will be unbecoming-bird is unbecoming among hams as.
  • For not being educated, son and parents can turn out to be an enemy.


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

Sunday, February 19, 2012

Photoshop protable

Adobe photoshop protable  ဆော့ဝဲလ် တွေပါ....အင်းစတောလုပ်စရာမလိုပဲတိုက်ရိုက်အသုံးပြုချင်တဲ့
သူတွေ အတွက် အလွယ်တကူ အသုံးပြုလို့ရအောင် Cs 1 မှ Cs 5  အထိ စုစည်းပြီးတင်ပေးလိုက်ပါ
တယ်.... လိုအပ်သလို အသုံးပြုနိုင်ပါတယ် ခင်ဗျာ... ။






အဆင်မပြေရင် Comment မှာအော်ခဲ့ပါခင်ဗျာ..... 

မှတ်ချက်။  ။  Download ဆွဲပြီးရလာတဲ့ ဖိုင်လေးကိုကိုယ့်စက်ထဲကကြိုက်တဲ့နေရာမှာထားပြီးဖိုင်လေး ကို ဖွင့်လိုက်ပါ... ပြီးရင် shortcut (Icon) လေးကို Desktop ပေါ်တင်ထားပြီး  တန်းသုံးလို့ရပါပြီ...။
read more

ဆရာတော်ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟောကြားဆုံးမတော်မူသောတရားတော်များ



read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: