Tuesday, August 28, 2012

စေတီအကြောင်း သိကောင်းစရာ



ဘုရားသို့မှန်းခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ၊ နတ်လူဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်။ ထို့အပြင်စေတီတော်မှ ညွှန်ပြသောသင်္ကေတများ မှဟောပြောနေသော တရားတော်များကို ဆင်ခြင်နှလုံးသွင်းနိုင်ပါက ပါရမီရင့်သန်ပြီးသူဖြစ်ပါကဘုရားဖူး ရင်းပင်နိဗ္ဗာန်ရနိုင်ကြောင်းပြော မည်ဆိုပါကလွန် အံ့မထင်.....။


စေတီဆိုတဲ့ ဝေါဟာရ

စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင်မပွင့်ထွန်းခင်ကတည်းကအိန္ဒိယနိုင်ငံမှာရှိနေခဲ့ပါတယ်။ ဝေသာလီပြည် ကြီးရဲ့အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသောအရာဌာနတွေကို စေတီသမုတ်ပြီးကိုးကွယ်ခဲ့တာကြောင့် စေ တီတွေများစွာရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကိုရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့နတ်ကြီးတယ်ဆိုပြီး မခူးကြနဲ့၊ မဖျက်ဆီးကြနဲ့ စသည်ဖြင့်သီးခြား သတ်မှတ် ထားတဲ့ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာတောင်တွေဖြစ်ပါတယ်။ အချို့ ကတော့တော တွေဖြစ်ပါတယ်။

စေတီဆိုတဲ့ အဓိပ္ပာယ်

စေတီဆိုတဲ့အဓိပ္ပာယ်မှာ အရိုအသေပြုအပ်သောအရာ၊ ဌာနအားလုံးပါဝင်ပါတယ်။ အဲဒါကြောင့်ကျွန်တော် ကတော့ မြန်မာလိုပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတဆိုတာပဲသင့်တော်မယ်ထင်ပါတယ်။


ထေရဝါဒဗုဒ္ဓသာသနာပြင်ပမှ စေတီများ


ဟိန္ဒူ ဘုရားစေတီများ ၊ ဒီနေ့ခေတ် Holy City တွေအဖြစ် သတ်မှတ်ခံထားရတဲ့လာဆာ၊ မက္ကာ၊ ဂျေရုဆင် တို့လို မြို့တော်တွေဟာလည်း သက်ဆိုင်ရာဘာသာဝင်တို့ရဲ့ အရိုအသေပေးရာ ဌာနတွေ ဖြစ်လို့ အထက် ကပြော ခဲ့တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်းပြောရရင် စေတီခေါ်ထိုက်ပါတယ်။ (အခုပြောခဲ့တဲ့ စေတီတွေ ကတော့ ထေရဝါဒဗုဒ္ဓသာသနာ ပြင်ပက စေတီတွေပါ )


ထေရဝါဒဗုဒ္ဓသာသနာတွင်းက စေတီ(၄)မျိုး

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေအလေးအမြတ်ပြုကြတဲ့ သာသနာတွင်းစေတီတွေကတော့ အား လုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။

(၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ
(၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
(၃) ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ
(၄) ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ


ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေ ကတော့ ဗုဒ္ဓဂါယာအစရှိတဲ့ သံဝေဇနိယ လေးဌာနတို့ပါပဲ။

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့အထက်ကဖော်ပြခဲ့တဲ့ စေတီတွေ၊ သံဝေဇနိယလေးဌာနလို နေရာတွေ အရိုအသေပေးကြ၊ ကိုးကွယ်ကြတဲ့အခါမှာလည်းနည်းလမ်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဗုဒ္ဓရှင်တော်မရှိတော့
တဲ့နောက်ပိုင်းကျမှ ဗုဒ္ဓရှင်တော်အမှတ်တရအဖြစ်နဲ့ သင်္ကေတပြုထားတဲ့အရာတွေကိုမဆိုထားနဲ့ ဗုဒ္ဓရဲ့ သက်ရှိထင်ရှား ကိုယ်ကာယကြီးကို ကိုးကွယ်တာတောင်နည်းမှန်လမ်းမှန်မဟုတ်ရင် ဗုဒ္ဓကအားမပေးခဲ့ပါ ဘူး။ ကဲ့ရဲ့တော်မူခဲ့ပါတယ်။


ကိုးကွယ်ပုံနည်းလမ်းမမှန်တဲ့အခါ

ဓာတ်တော်စစ်တွေ၊ ပရိဘောဂအစစ်တွေရှိနေသော်လည်း ဗုဒ္ဓရှင်တော်နဲ့လုံးဝမလွဲတစ်ထေရာတည်းတူတဲ့  ပုံတော်ထုလုပ်ထားလည်းအကျိုးများမှာ မဟုတ်ပါဘူး။ ဂါယာအစရှိတဲ့ဒေသတွေကိုသွားလည်း ငွေကုန်လူ ပန်းတာက လွဲလို့ သံသရာအတွက် အကျိုးမများပါဘူး။ ဂါယာက ပြန်လာလို့လည်း ဘာမှ မဖြစ်ပါဘူး။

ကျွန်တော်နားလည်သလိုပြောရရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီကိုးကွယ်ခြင်းဟာ ဗုဒ္ဓဘုရားရှင်ဆီ ကကယ်တင်ခြင်းတစုံတရာကို လိုချင်လို့၊ ကောင်းချီးမင်္ဂလာမြှောက်စားခြင်း တစုံတရာ လိုချင်လို့မဟုတ် တာတော့ သေချာပါတယ်။


မြန်မာပြည်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များ နှင့် ဗိသုကာပညာရပ်

ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒဗုဒ္ဓဘာသာစေတီ၊ ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦး ဆုံးသော ထေရ၀ါဒဗုဒ္ဓဘာသာစေတီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးဖြစ်ပါတယ်..။
(မှတ်ချက်။ ဤစေတီတော်သမိုင်းနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်းစာအုပ်တွင် အသေးစိပ်ဖတ်ရှုနိုင် သည့်အတွက် ယခုမဖော်ပြတော့ပါ.....။) ဒါကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာစေတီကိုရည်ညွှန်းတဲ့အခါမှာ ရွှေ တိဂုံစေ တီတော်မြတ်ကြီးနဲ့သာ ကိုးကားဖော်ပြလိုပါတယ်...

ဗိသုကာပညာရပ်တစ်ခုအနေဖြင့် လေ့လာကြည့်မည်ဆိုပါက ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာတို့  ၏သီးခြားဗိသုကာလက်ရာစင်စစ် ဖြစ်သည်ဆိုသည်ကို အောက်ပါအချက်များအရ သိရှိနိုင်ပါသည်...။


၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားပါတယ်.(ဟိန္ဒူဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း
အဆောက်အဦးကိုဖြစ်စေ၊ အ၀ိုင်းပုံနှင့်အခုံးပုံကို အခြေခံပြီးဆောက်လုပ်ထားကြောင်း တွေ့ရှိရမှာဖြစ်ပါ တယ်)


၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာသုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကိုဆဌဂံမှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲတည်ဆောက်ထားပါတယ်..။ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိပသာဒ ဖြစ်ဖွယ်ပညာသားပါပါ ပြေပြေလေး ပြောင်းလဲယူခြင်းဖြစ်ပါတယ်..


၃. ပစ္စယာသုံးဆင့်ပေါ်တွင် အမျှဝေခြင်းအထိမ်းအမှတ် ခေါင်းလောင်းမှောက်ကိုတည်ထား ရာခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်းစည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ခြင်း၊ အခုံးနဲ့အခွက် ကို ကြည့်သူရဲ့အမြင်တွင် သဟဇာတဖြစ်အောင်ဆက်ထားပုံကို ပညာရှင်များအနေနဲ့  အတုယူကြရပါတယ်။


၎. ခေါင်းလောင်းမှောက်ရဲ့အထက်တွင် ကြာမှောက်၊ ကြာလှန်ကိုတည်ထားပုံမှာလည်း သည်သဘောတရား ပင်ဖြစ်ပါသည်။


၅. ငှက်ပျောဖူးတွင် အထက်သို့ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင်ထီးတော်နဲ့ပြန်အုပ်ထားသော ဒီဇိုင်းမှာလည်း ဖူးမြော်သူရဲ့စိတ်ကိုထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကိုကြည်ညိုနိုင်စေရန် ဆွဲဆောင်သောလက် ရာမြောက်သည့် ဗိသုကာပညာရပ်တစ်ခုဖြစ်ပါတယ်။


၆. ပုထိုးတော်ဒီဇိုင်းဖြစ်သော အာနန္ဒာဘုရားသည် ထိပ်ပိုင်းကဟိန္ဒူဒီဇိုင်းဟုထင်ရသယောင်၊ ဆင်သယောင် ရှိသော်လည်း လိုဏ်သုံးထပ်လုပ်ထားပုံမှာလုံးဝမတူခြားနားခြင်းရဲ့သက်သေဖြစ်၊ ရွှေတိဂုံကဲ့သို့မတည်ရခြင်း မှာ အပူပိုင်းဒေသရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကိုဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့တည်ခြင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်းဇကာများသည် အကောင်းဆုံး သက်သေဖြစ်ခြင်း၊ အပြင်ဘက်ဆုံးကျောက်ပန်းဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိကျောက်ပန်း ဇကာ သည်နေရောင်စစ်ရန်ဖြစ်ပြီး အတွင်းဘက်ဆုံးရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်းဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ခြင်း။


ရည်ရွယ်ချက်မှာ

ဘုရားဖူးလာသူသည် နေပူ၊ လေပူ၊ ဖုန်ထူတို့ကိုဖြတ်ပြီး ဘုရားဖူးလာရာတွင် ပုထိုးတော်ထဲသို့ ရောက် သည်နှင့် လူရော၊ စိတ်ပါအေးချမ်းတည်ငြိမ်သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှလာသော စိတ်ပျံ့ လွင့်နေသော ဘုရားဖူးသူကိုအလင်းရောင် စစ်ထားသောကြောင့် မှောင်သယောင်၊ အလင်းမှိန်သော ပု ထိုးတော်ထဲတွင် စိတ်ကိုတည်ငြိမ်စေပြီးမှ ရုပ်ပွားတော်ပေါ်တွင်သာ အလင်းကျရောက်နေ စေရန်စီစဉ် ထားသော ဗိသုကာလက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကိုဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေခြင်း၊ စိတ်ပညာကိုပါအသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်း သဏ္ဍာန်ဖြင့် ဆောက်လုပ်သောဗိသုကာလက်ရာကို အရှေ့တောင်အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံးတွင် ပါ မတွေ့ရှိရခြင်း၊ ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမကမည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ်မှာမှ မမြင်ဖူးသောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာလက်ရာ သည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။


ဗုဒ္ဓဘာသာ

မြန်မာလူမျိုးများသည် ဘုရားစေတီပုထိုးများ သို့ပုံမှန်မဟုတ်တောင် မကြာခဏသွားလာ ဖူးမြော်ကြသည် ။ အထူးသဖြင့်နေ့ကြီး၊ ရက်ကြီးများတွင်လူငယ်၊ လူကြီးမရွေးဘုရားဖူးသွားကြလေသည်။ သူလိုကိုယ်လို ဘုရား ဖူးနေကျဖြစ်သောကြောင့် ဖူးမယ့် သာဖူးလိုက်သည်။ ဘုရားကိုဘာလို့ သည်လိုတည်ထား သလဲဆိုတာ၊ ဘုရားမှာ ဘာလို့သည်လိုနေရာ တွေထည့်ထားသလဲဆိုတာ သေချာစဉ်းစားရှာဖွေကြသူ အင်မတန်နည်း ပါသည်။ အမှုမဲ့၊ အမှတ်မဲ့ နေကြသူသာများပါသည်။ ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံတည်ထား ရသလဲ။ ဘာကြောင့် ပစ္စယာကို ၃ဆင့် ထားရသလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ
အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာဘာကြောင့် ကြောက်စရာဘီလူးပန်းဆွဲဆိုတဲ့ပုံနဲ့ ဗိသုကာလက်ရာ ပါနေရသလဲ။ ဖောင်းရစ်ကဘာလို့ ခုနှစ်ရစ်ဖြစ်နေရသလဲ။ ကြာကိုဘာကြောင့် မှောက်လိုက်၊ လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့်ကြာပန်းကိုမှ ရွေးထည့်ရသလဲ.... စသည် စသည်ဖြင့်....။

ယခု ဤစာဖတ်နေသော.. မိတ်ဆွေကရော..။ (ကျနော်သည်လည်းဤသို့ အမှုမဲ့၊ အမှတ်မဲ့နေခဲ့ပါသည်။ မိမိ ၏ လေ့လာမှုအားနည်းခြင်းကြောင့် အခြားသောဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင် သီး သန့်အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့်မိမိမှာမသိသေးကြောင်း ၀န်ခံဖြေကြားခဲ့ရသည်ကများပါသည်။ ကဲ့ရဲ့သူများ ရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့်မခံချင်စိတ်များကြောင့် အချို့ သော ဥပမာများဖြင့် ပြဿနာကိုဖြေ ရှင်း ခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ..ကျေနပ်အားရမှု မရှိခဲ့ပါ )


ဘာကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာစေတီတွေကို ယနေ့တွေ့ မြင်နေရသောပုံများအတိုင်း တည်ထားခဲ့ပါသလဲ
ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတစ်ခု၏ အောက်ပါအစိတ်အပိုင်းများနှင့် အမည်များကမည်သို့ သောအချက် များ ကို ရည်ညွှန်းနေကြသနည်း..


၁။ ပန်းတင်ခုံ
၂။ပစ္စယာ ၃ ဆင့်
၃။ခေါင်းလောင်းမှောက် ( သို့  ) သပိတ်မှောက်
၎။ဘီလူးပန်းဆွဲ
၅။ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း
၆။ဖောင်းရစ် (၇)ရစ်
၇။ ကြာမှောက်
၈။ ရွှဲလုံး
၉။ ကြာလှန်
၁၀။ ငှက်ပျောဖူး
၁၁။ထီးတော်
၁၂။ငှက်မြားနှား
၁၃။ထီးတော်
၁၄။ စိန်ဖူးတော်

ယင်းတို့ အပြင် စေတီအနီးရှိ ဟင်္သာနားနေဟန် တံခွန်တိုင်ကို ဘာကြောင့် တည်ဆောက်ထားကြသလဲ....


၁. ပန်းတင်ခုံကိုအကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာလူ့စိတ်တွေထဲမှာလောကုတ္တရာနည်းနဲ့ပိုင်းခြား ရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေအများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီးဥပမာပေးခြင်း၊ ဘုရားကိုပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံဆောက်လုပ်ပေး ထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း။


၂. ပစ္စယာကို ၃ဆင့်ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကိုရည်ညွှန်းကြောင်း၊ ယင်းတို့မှာဘ၀ မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကိုလိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံးသူ့သဘောနဲ့ သူဖြစ်ပျက်မှုကိုသိပြီး အစွဲ ကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကိုရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကိုလိုချင်ခြင်းသည် ဒိဌိတ မျိုး သာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်းဟူသောလောကုတ္တရာနယ်ရဲ့ အောက်ခြေကတဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့်ထားရခြင်း။


၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့အဓိပ္ပာယ်မှာ အထက်ပါသံသရာလည်စေကြောင်းအချက်များ ကို မပြုလုပ်၊ လက်မခံဟူသောအဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်း ညွှန်ခြင်း။


၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန်ပန်းကို လှမ်းဆွဲစေချင်သည်ဟူသောသတိပေးချက် ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန်၅ခုမြောက်တွင် ဘီလူးပန်းဆွဲကိုထားခြင်းမှာဥာဏ်စဉ် ၁၆ပါး ရှိသည့်အနက် ၅ဆင့်မြောက်ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင်ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကိုပါအောင်ထည့်ပြီး အောက်မြန်မာပြည်တွင်မူ ဘီလူးထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကိုအပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်းဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြားမှတ်သားနိုင်ပါ သည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင်ယောဂီများကို တရားစစ်ရာတွင်အ ဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ်မရခင် အခြေခံဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း။


၅. ခါးစည်းခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာမိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း။


၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း။


၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကိုထားခြင်းသည် တရားအားထုတ်နေသောယောဂီဖြစ် လျက်သောတာပတ္တိမဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရခါနီးဥာဏ်စဉ်၁၄ဆင့်မြောက်ရောက်နေစေဦးတော့ သံသရာအ တွက်စိတ်မချရသေးဘဲ ထိုအချိန်တွင်မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာလုပ်မိနိုင်သေးကြောင်း၊ ထို သို့လုပ်မိပါက အောက်သံသရာအပါယ်လေးဘုံသို့ မှောက်မှောက်မှားမှားပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း။


၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿနနယ်ကိုပြဆိုပြီး ဥာဏ်စဉ်အမှတ်၁၅နှင့် ၁၆ သည်အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လော ကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း။


၉. ကြာလှန်သည် ထိုဥာဏ်စဉ် ၁၆ပါးလုံးကိုရရှိပြီးပါက သောတာပန် ဖြစ်ပြီဖြစ်ပြီး အောက်သံသရာကို ပြန် စရာမရှိတော့ဘဲ အထက်မဂ်ဖိုလ်များကို ရရှိကာအလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာဝင်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း။

သင်္ကေတ၀ါဒအရကြာပန်းကိုထားရခြင်းမှာ ရေမှာ၊ နွံမှာပေါက်ဖွားသောကြာပင်ဖြစ်လျက် ရေမစို၊ နွံမ လူး၊ မွှေးကြိုင်သင်းပျံ့ခြင်းရှိသောကြာပန်းကဲ့သို့ လောကီနယ်မှလူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင်ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်းတို့တွင် အဓိပ္ပာယ်ဆင်တူသောဂုဏ်ရည် ချင်းကို ဥပမာခိုင်းနှိုင်းလိုသောကြောင့် ကြာပန်းကိုသုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ်ခံ စဉ်တွင်လည်းကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်းကြာပွင့်များ အလိုလိုပေါ်လာကာခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း။


၁၀. ငှက်ပျောဖူးဆိုတာ ငှက်ပျောတစ်ပင်ရဲ့နိဂုံး သင်္ကေတပါပဲ။ ပေတစ်သီး၊ ကျီးတစ်သား ငှက်ပျောတစ်ပင် တဲ့။ ငှက်ပျောတစ်ပင်ဟာ ငှက်ပျောဖူးထွက်လာပြီး ငှက်ပျောတခိုင်သီးပြီးတာနဲ့ သူ့ဘ၀ပြီးဆုံးရသလို ကြာ လှန် အဆင့်ဖြစ်တဲ့ (သံသရာမှာအောက်သံသရာကို လည်စရာမလိုတော့တဲ့ နိဗ္ဗာန်ရောက်ဖို့သေချာနေတဲ့)
သောတာပန်အဆင့်ကိုရောက်ပြီဆိုရင် သံသရာမှာဆက်ရှင်သန်ကျင်လည်စရာ မလိုတော့တဲ့အတွက် သံသ ရာ ပြီးဆုံးတဲ့အတွက် ငှက်ပျောဖူးနဲ့တင်စား တာပါတဲ့။ ငှက်ပျောဖူးပြီးရင်တော့အထက်မှာ ထီးတော်ပဲရှိတော့ တာမို့ထီးတော်နဲ့ကျန်တဲ့အစိတ်အပိုင်းတွေအကြောင်းကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ပေဖူးပုံ မသုံးဘဲငှက်ပျောဖူး ပုံသုံးရခြင်းအကြောင်းက မျက်စိအမြင်ထဲမှာပုံပန်းသဏ္ဍာန်အရ ကြည်ညိုသပ္ပါယ ဖြစ် မယ့်ပုံကို ရွှေးချယ်ခြင်းဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ တစ်ခြားအကြောင်းကြောင့်ဆိုရင် သိတဲ့သူ များဖြည့်စွက်ပေးကြစေလိုပါတယ်။ သိရှိရသလောက် ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်းရှူးပြီး ထီးတော်ခုနှစ်ဆင့်အဖြစ်တက်သွားသလို သောတာပတ္တိမဂ်ဥာဏ်ရပြီးသားသူဟာလဲ အထက်မဂ်ဖိုလ် ၇ဆင့် ဆီကိုတသမတ်တည်းအစဉ်လိုက် ရရှိ ရောက်ရှိသွားတဲ့သဘောကို ဖော်ကျူးတဲ့အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော်၇ဆင့်ကြား အချိတ်အဆက်မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီ အကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှုနိုင်ပါတယ် )


၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်းဖြစ်ပါတယ်


၁၂. ငှက်မြတ်နားဆိုသည်မှာ ဘုရား၊ ရဟန္တာတို့လက်ရှိဘ၀မှ နိဗ္ဗာန်သို့မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန်မပြု မီခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကိုပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ထို ဟင်္သာ အမြီးပုံငှက်မြတ်နားတွင် ပတ္တမြားကိုထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကိုမြုပ်နှံဌာပနာ ထားခြင်း သည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နားဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူ ငါ တွေးထင်သလို ငှက်မြီးပုံကိုငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာတွင်မြန် မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံနက္ခတ်ကိုယူကာ သည်စေတီကိုတည်ထားကိုးကွယ်သော မြန် မာနိုင်ငံသားများ၏ အစွမ်းအစကိုသမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ်သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း။


၁၃. စိန်ဖူးတော်သည် အသင်္ခတဓာတ်နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာ ဟာရတို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့်သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကားမည်သို့မျှပြန်လည် ပြုပြင်ပြောင်း လဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကိုရည်ညွှန်းခြင်း။

(က) ကာဗွန်ဒြပ်စင်သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီးလေးဆင့်ရှိရာတွင် စိန်အဆင့် တွင်ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တမဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာတို့တွင်ထိပ်ဆုံးအဆင့်ဘုရားသည် ကိလေသာလုံးဝစင်ကြယ်ဆုံးအ ဆင့်ရောက်နေသည်ကို ပြဆိုခြင်း။

(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှုလုံးဝမရှိတော့ခြင်းဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပ မာပေးထားခြင်း၊ သည်နေရာတွင်ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ်ဖြာ ထွက်နေသော်လည်း စိန်ဖူးတော်ကိုဘာကြောင့် တလုံးတည်းထားသနည်းဟူ သောမေးခွန်းရှိလာပါသည်။ ရဟန္တာကိုယ်တော်ကြီး များသည်ကားအချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနားကြသော် လည်း နိဗ္ဗာန်သို့ဝင်စံတော်မူကြသည့် အခါတွင်ကား တူညီသော၊ တခုတည်းသော အသင်္ခတဓာတ်သို့ သာသက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်းထားခြင်းဖြစ်လေသည်။


၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာသတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီတည်ရခြင်းအကြောင်း အနှစ်တရားများကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သောအကျိုးကျေးဇူးတရားများ ခံစားကြရ မည် ဖြစ်လေသည်။ သို့သော် အထက်ပါအချက်များနဲ့မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသောစေတီမျှသာ ဖြစ်ကြောင်းသိရှိနိုင်ပါသည်။ ထိုစေတီ များကိုဖူးမြော်ပါက စီရင်သူရဲ့ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့စိတ်စေတနာ အလိုက်သာအကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည်ထင်ပါသည်။

ထို့ပြင် ဘုရားများတွင်တွေ့ရလေ့ရှိသော တိုင်ထိပ်တွင်ဟင်္သာနားနေဟန်တံခွန်တိုင်အကြောင်း ကိုလည်းရှာ ရှာဖွေဖွေသိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက်ရောက်လိုလျှင် မာနကိုအရင်ချခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်ကဘုရားသိုလာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှစတင်ကာ မာန ချသည့်အနေဖြင့်ရော အရိုအသေပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမ ရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည်တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကိုဘုရားပေါ် မရောက် ခင်အဝေးကတည်းကသတိပေးသည့်အနေဖြင့်တံခွန်တိုင်ကိုမြင့်မြင့်တည်ထားခြင်းဖြစ်ကြောင်းသိရလေသည်။


သည်လောက်တောင် စေတီရဲ့အစိတ်အပိုင်းတစ်ခုချင်းစီအတွက်ရော၊ အားလုံးခြုံငုံပြီးပါ အနှစ်ပါပါအဓိပ္ပာယ် ရှိရှိပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သောရှေးမြန်မာကြီးများရဲ့ သင်္ကေတ၀ါဒကို အံ့သြချီးကျူးလို့မ ဆုံးနိုင်တော့ ပါချေ။ ထိုအဟောင်းများရဲ့အနှစ်များကိုမသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ ငါကအသစ် ထွင်တယ်ဆိုသောစကားကိုလက်ကိုင်ပြုပြီး အဟောင်းကိုဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ် ကိုရောခြင်းများကိုပညာမဲ့ပီပီ ပြုလုပ်နေကြသူတချို့ကိုတွေ့တိုင်းစိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲ တွင်တော့သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါကသမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလိုပြင်နိုင်သည် ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့အ၀ီစိကျမည့် သမိုင်းတရားခံများ ဟုသာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့အနှစ်သာရ ကိုအရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကိုထွင်နိုင်ပါမှ တိုးတက်ခြင်းအစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျလှသော အစုတ်ပလုတ်များနှင့်သည်လို လျှောက်လုပ်ရင်အစုတ် ပလုတ်တွေ ဖြစ်ကုန်တတ်တယ်ဟု ဥပမာပြစရာများသာကျန်ခဲ့မည်ကိုလည်း သတိတရားရလိုက်ပါသည်။


ဤနေရာတွင် ယနေ့ခေတ် ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာပြည်အရပ်ရပ်ရှိ ထေရ၀ါဒစေတီတော်
များတွင် အခြားသောအယူဝါဒများ၏ မိရိုးဖလာကိုးကွယ်ယုံကြည်မှုများဖြင့်စနစ်တကျ အပင်းသပ်ခံထား ရသော အချက်အလက်များကိုတင်ပြလိုပါသည်။ ယခုပိုစ့်တွင်အသေးစိပ်တင်ပြလိုသော်လည်း သီးခြားခေါင်း စဉ်ခွဲ၍တင်ပြလိုပါသည်။ မိမိထက်ပို၍နားလည်တတ်ကျွမ်းသောသူများမှလည်း ပိုစ့်များရေးသားစေလိုပါ သည် ။ ယင်းမှာ စေတီတော်အရပ် ( ၈) မျက်နှာရှိဂြိုလ်ခွင်များ ၊ ဘိုးတော်ရုပ်များ ၊ နတ်ကွန်းများ နှင့် အခြားသော ထေရ၀ါဒဗုဒ္ဓဘာသာ စေတီများ နှင့်အနည်းငယ်မျှသက်ဆိုင်ခြင်းမရှိသော ကိုးကွယ်ယုံကြည်မှု များမှာ ထေရ၀ါဒစေတီများပေါ်တွင် တရားဝင် ဗီဇာ ဖြင့်မတော်တရော်နေရာယူထားမှုများဖြစ်ပါသည်။



အင်ဂျင်နီယာ ဖိုရမ်မှ phyo ရေးသော ပို့စ် အားဆောင်းပါးအဖြစ်ပြန်လည်တင်ပြပါသည်။
read more

Sunday, August 26, 2012

တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကိုသတ်ပေမယ့် နှစ်ဖက်လုံးသေပါတယ်


အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကတော့ အရပ်ထဲမှာ ပြောနေကျအတိုင်းပဲပေါ့။ ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါပဲ။



ဘယ်သူသေသေ ငတေမာပြီးရော။ ကိုယ်အဆင်ပြေရင်ပြီးရော၊ ကိုယ်ချမ်းသာရင်ပြီးရော၊ ကိုယ်ပြည့်စုံ ရင်ပြီးရော။ သူများတွေဘာဖြစ်ဖြစ်။ ကိုယ့်ရဲ့အကျိုးစီးပွားပြည့်စုံဖို့အတွက် သူတစ်ပါး စိတ်ဆင်းရဲရင် ဆင်းရဲပါစေ။ မျက်ရည်ပေါက်ကြီးငယ်ကျရင် ကျပါစေ။ မျက်ရည်ပေါက်ကြီးငယ်ကျရုံမကလို့ သေရင်သေ ပါစေ။ ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ ကိုယ်အဆင်ပြေရင်ပြီးရော။ အဲဒီလို ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ်။ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်း အသေလှတဲ့သူ မဖြစ်နိုင်ပါဘူး။



ကိုယ်အဆင်ပြေရင်ပြီးရော၊ ကိုယ်ချမ်းသာရင်ပြီးရောဆိုတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်မှာ ကိလေသာတွေပဲ လွှမ်းမိုးနေမှာပဲ။ ဘာကိလေသာ အများဆုံးလွှမ်းမိုးမလဲ။ လောဘကိလေသာပေါ့။ ၀ိသမလောဘပေါ့။ မမျှတတဲ့လောဘပေါ့။ မတရားတဲ့ လောဘပေါ့။ လွန်ကဲတဲ့လောဘပေါ့။ လောဘကိလေသာ အမြဲတမ်း လွှမ်းမိုးနေတာ။ ဘယ်သူ့ဆီကဘာရမလဲ။ ဘယ်သူ့ဆီက ဘာခံစားရမလဲ။ ဒါပဲ အမြဲတမ်းစဉ်းစားနေမှာပဲ။ ဘယ်သူနဲ့ တွေ့လိုက်တွေ့လိုက် ကိုယ်ရဖို့၊ ဘာအဖြစ်အပျက်နဲ့ ကြုံလိုက်ကြုံလိုက် ကိုယ်ကောင်းဖို့၊ ဒါပဲ သူအမြဲတမ်းစဉ်းစားနေမှာပဲ။ ကိုယ်ရဖို့၊ ကိုယ်ကောင်းဖို့ဆိုတာပဲ အမြဲတမ်းစဉ်းစားနေတော့ ကိုယ်ရဖို့၊ ကိုယ်ကောင်းဖို့အတွက်ဆိုရင် ဘာအကုသိုလ်မဆိုလုပ်ရဲတယ်။ ကိုယ့်လုပ်ရပ်ကြောင့် ဘယ်သူတွေ ဘယ်လိုပဲ ဒုက္ခရောက်ရောက် ဂရုမစိုက်ဘူး။



ဦးဇင်းတို့ ၂၀၀၃ ခုနှစ်၊ ၀ါတွင်းတုန်းက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ပါရာဂွေးနိုင်ငံမှာ ကုန်တိုက်ကြီးတစ်ခု မီးလောင်တော့ ကုန်တိုက်ပိုင်ရှင်က ကုန်တိုက်ရဲ့ အပြင်ထွက်တဲ့ ထွက်ပေါက်ခြောက်ပေါက်ကို အကုန်လုံးပိတ်ထားလိုက်တယ်။ ဈေးဝယ်နေတဲ့ပုဂ္ဂိုလ်တွေ ငွေမရှင်းဘဲ ထွက်သွားမှာစိုးလို့တဲ့။ ငွေမရှင်းဘဲ ထွက်သွားလို့မရအောင်ဆိုပြီးတော့ ကုန်တိုက်ရဲ့ ထွက်ပေါက်ကြီး အကြီးရော၊ အသေးရော အကုန်ပိတ်ပစ်လိုက်တယ်။ ကုန်တိုက်ရဲ့ထွက်ပေါက်မှန်သမျှ အကုန်ပိတ်ပစ်လိုက်တော့ လူပေါင်းများစွာ မီးလောင်ပြီးသေကြတာပေါ့။ လူပေါင်းနှစ်ရာကျော်သေသွားတယ် ထင်တယ်နော်။ ဘယ်လောက်တစ်ကိုယ်ကောင်းဆန်ထားလဲ။ ဘယ်လောက် အသိဥာဏ်မဲ့ထားလဲ။



တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် တစ်ကိုယ်ကောင်းဆန်တဲ့ လောဘတရား လွှမ်းမိုးလာပြီဆိုရင် မလုပ်သင့်ဆိုတာ ဘာမှမသိတော့ဘူး။ ဈေးဝယ်သူတွေ မီးလောင်သွားတော့ရော သူတို့ဆီက ပိုက်ဆံရပါဦးမလား။ မရတော့ဘူး။ ဈေးဝယ်တဲ့လူတွေလည်းသေတဲ့အပြင် ကုန်တိုက်က ပစ္စည်းဥစ္စာတွေလည်း ဆုံးရှုံးသွားတာပဲ။ အပေါက်တွေ ပိတ်ထားတော့ အပြင်က မီးသတ်မယ့်ပုဂ္ဂိုလ်တွေလည်း ၀င်ပြီးတော့ မီးသတ်လို့ မရတော့ဘူးလေ။ ဒီတော့ ကိုယ့်ကုန်တိုက်က ပစ္စည်းဥစ္စာတွေလည်း မီးလောင်ဆုံးရှုံးကုန်တာပေါ့။ အပေါက်တွေ ပိတ်ထားလည်း ပိုက်ဆံပြန်မရ။ ဖွင့်ထားလည်း ပိုက်ဆံပြန်မရမယ့်အတူတူ ဖွင့်ထားရင် လူတွေ မသေတော့ဘူးပေါ့။ မီးသတ်သမားတွေ အထဲဝင်ငြိမ်းသတ်နိုင်တဲ့အတွက် ကိုယ့်ပစ္စည်းတွေလည်း ဒီလောက်ကြီး မဆုံးရှုံးတော့ဘူးပေါ့။ တစ်ကိုယ်ကောင်းဆန်တဲ့ လောဘက လွှမ်းမိုးနေတော့ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ်ရော၊ သူတစ်ပါးရော၊ နှစ်ဦးနှစ်ဖက်လုံး ဘာမှ အကျိုးမရှိဘူးဆိုတာ လုံးဝမသိတော့ဘူးလေ။



တစ်ကိုယ်ကောင်းဆန်တဲ့အတွက် သူတစ်ပါးအကျိုးကိုလည်း ပျက်စီးအောင် လုပ်ရာရောက်သွားတယ်။ ကိုယ့်အကျိုးကိုလည်း ပျက်စီးအောင်လုပ်ရာရောက်သွားတယ်။ တစ်ကိုယ်ကောင်းဆန်ပြီဟေ့ဆိုရင် လုပ်သင့်မလုပ်သင့်၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ဘာမှ နားမလည်တော့ဘူး။ သူတို့လည်းပဲ တရားစွဲမခံရဘူးလား။ လူသတ်မှု၊ လူသေမှုနဲ့ တရားစွဲခံရတာပေါ့။ ကိုယ့်အကျိုးလည်း ပျက်စီးသွားတာပဲ။ ဈေးဝယ်သူတွေလည်း ဒုက္ခရောက်၊ ကိုယ်လည်း ဒုက္ခရောက်၊ နှစ်ဦးနှစ်ဖက်လုံးဒုက္ခရောက်ပါတယ်။



“ တစ်ဖက်သတ် ” ဆိုတာ တစ်ဖက်ကို သတ်လိုက်တာ၊ ဒါပေမဲ့ တစ်ဖက်လည်းသေ၊ ကိုယ်လည်းသေ၊ နှစ်ဖက်လုံးသေတယ်။ ကိုယ့်ရဲ့ တစ်ဖက်သတ်လုပ်ရပ်ကြောင့် တစ်ဖက်လည်း ဒုက္ခရောက်တယ် ကိုယ်လည်း ဒုက္ခရောက်တယ်။ တစ်ဖက်လည်း ပျက်စီးဆုံးရှုံးတယ်။ ကိုယ်လည်းပျက်စီးဆုံးရှုံးတယ်။ တစ်ဖက်လည်း အကျိုးမရှိဘူး။ ကိုယ်လည်း အကျိုးမရှိဘူး။
                                                                                                              


ကိုယ်လည်း အကျိုးမရှိဘူးဆိုတာက အခုလို ပျက်စီးဆုံးရှုံးတဲ့ကိစ္စမျိုးမှာတော့ သိသာထင်ရှားတာပေါ့လေ။ ပုံမှန်အခြေအနေမျိုးတွေမှာတော့ ကိုယ့်အတွက် အကျိုးရှိသလို ဖြစ်နေတယ်။ ရှိသင့်သလောက်လည်းရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့အကျိုး၊ ရေရှည်တဲ့အကျိုးမဟုတ်ဘူး။ ကံကောင်းလွန်းလို့ ဒီတစ်ဘ၀အကျိုးရှိလည်း နောင်ဘ၀တွေမှာတော့ အကျိုးမရှိနိုင်ဘူး။ အကုသိုလ်ရဲ့ အကျိုးဆင်းရဲဒုက္ခခံရမှာပဲ။ အကုသိုလ်အကျိုးခံရတာဟာ ကိုယ့်ဘက်ကသေတာပဲပေါ့။ နှစ်ဖက်သေတယ်ဆိုတာ အဲဒါပြောတာ။ အဲဒီအထိ ရည်ရွယ်ပြီးပြောတာ။ တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ်ကောင်းစားဖို့၊ ကိုယ်အဆင်ပြေဖို့ဆိုရင် အကုသိုလ်မှန်သမျှ ဘာမဆိုပြုရဲတယ်။ ဒုစရိုက်မှန်သမျှ ဘာမဆို ကျူးလွန်ရဲတယ်။



သူများအသတ်သတ်မှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် သတ်ဖို့ လုံး၀၀န်မလေးဘူး၊ သတ်ရဲတယ်။ သူများပစ္စည်းခိုးမှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် ခိုးဖို့ လုံး၀၀န်မလေးဘူး။ ခိုးရဲတယ်။ လိမ်မှ ညာမှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် လိမ်ဖို့ ညာဖို့ လုံး၀၀န်မလေးဘူး လိမ်ရဲ ညာရဲပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် မလုပ်ရဲတဲ့ မကောင်းမှု၊ မပြုရဲ တဲ့ ဒုစရိုက်ဆိုတာ ရှိကိုမရှိတော့ဘူး။ ပြီးတော့ စိတ်အစဉ်မှာ ဘယ်သူ့ဆီက ဘာရမလဲဆိုတာ စဉ်းစားနေတဲ့စိတ်က အမြဲတမ်း လွှမ်းမိုးနေတဲ့အတွက်ကြောင့် ပစ္စုပ္ပန်အသက်ရှင်စဉ်မှာလည်း စိတ်အေးချမ်းမှုဆိုတာ မရှိပါဘူး။ မအေးချမ်းတဲ့စိတ်နဲ့သေမယ်ဆိုရင် အပါယ်လေးဘုံပဲရောက်မှာပေါ့။ ကိလေသာဖြစ်ရုံလေးတွင်မကဘူး၊ အကုသိုလ်တွေကလည်း ကျူးလွန်သေးတာဆိုတော့ သေခါနီးမှာ ဒီအကုသိုလ်အာရုံတွေထင်လာပြီးတော့ အပါယ်လေးဘုံ ရောက်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် အပါယ်လေးဘုံရောက်မယ်ဆိုတာ အထူးပြောစရာတောင်မလိုဘူး။ အကုသိုလ်အလုပ်ကို သတိရဖို့ အခွင့်အလမ်းပိုများနေလို့။



ကံကောင်းထောက်မလို့ လူပြန်ဖြစ်လာမယ်ဆိုရင်လည်း တစ်ကိုယ်ကောင်းဆန်တဲ့မိဘမျိုး၊ တစ်ကိုယ်ကောင်းဆန်တဲ့ ဆရာသမားမျိုး၊ တစ်ကိုယ်ကောင်းဆန်တဲ့ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းမျိုးနဲ့ပဲ တွေ့ကြုံရမှာပဲ။ ကိုယ်က တစ်ကိုယ်ကောင်းဆန်ခဲ့တာကိုး။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ တစ်ဖက်သတ်လုပ်မှုကြောင့် အပါယ်လေးဘုံရောက်ရတာ။ တစ်ကိုယ်ကောင်းဆန်သူရဲ့ ၀န်းကျင်မှာ လူဖြစ်ရတာ၊ ပစ္စုပ္ပန်မှာလည်း ကိုယ်ဖြစ်ချင်သလိုဖြစ်မလာလို့ စိတ်ညစ်ရတာ၊ စိတ်ဆင်းရဲရတာတွေဟာ ကိုယ့်ဘက်က သေတာတွေပါပဲ။ တစ်ဖက်သတ်ဆိုပေမယ့် နှစ်ဖက်သေပါတယ်။



တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတဲ့အတွက် ကိုယ်နဲ့ပတ်သက်သူကြောင့် ကိုယ့်အကျိုးထိခိုက်လာမယ်ဆိုရင် ကိုယ်နဲ့ပတ်သက်သူ တစ်ဖက်ရဲ့ အလုပ်တွေကို ၀င်ရောက်စွပ်ဖက်ပြီး မလုပ်ဖြစ်အောင် ပိတ်ပင်ဟန့်တားတတ်တယ်။ တစ်ဖက်ကို သတ်လိုက်တာပဲ။ တစ်ဖက်ရဲ့ အလုပ်က လူပေါင်းများစွာ အကျိုးရှိမယ့်အလုပ်ဖြစ်နေရင် လူပေါင်းများစွာရဲ့အကျိုးပါ ဖျက်ဆီးပစ်လိုက်တာပဲ။ ကိုယ်ဘက်သေတာ၊ မသေတာထက် တစ်ဖက်မသေဖို့က ပိုအရေးကြီးတယ်။ တစ်ဖက်ကို သတ်တဲ့ တစ်ဖက်သတ်လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။




အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)



နှစ်သက်မိသော အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ အသေလှတဲ့သူစာအုပ် မှစာစုလေးများအား ပြန်လည်ရေး သားဖော်ပြပါသည်ခင်ဗျာ။ သူငယ်ချင်း ညီအကို၊ မောင်နှမ များအားလုံးဘ၀ အမောတွေ ပြေ ကြပါစေခင်ဗျာ။


ရာဇာထွေး


read more

Saturday, August 25, 2012

ဆိုက်များ Submit ပြုလုပ်ရန်


မိမိရဲ့Site များ၊ ဘလော့များကို Search Engine မှာလွယ်လွယ်ကူကူ ရှာရတာအဆင်ပြေအောင် ပုံမှန်ဒီနေ ရာလေး ၂ခု မှာမိမိရဲ့Site နဲ့ ဘလော့တွေကို Summit လုပ်ပေးနိုင်ပါတယ် ခင်ဗျာ။


၁။ Submit Start (ပုံလေးကိုကလစ်ပြီး Summit လုပ်ပေးပါ)




၂။ Seoscores (ပုံလေးကိုကလစ်ပြီး Summit လုပ်ပေးပါ)









read more

Friday, August 24, 2012

ဝဋ္ဋ်ဆိုတာ လည်တတ်ပါတယ်


ကောင်းမှုပြုလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းမှုပြုရင် မကောင်းကျိုးကို ခံစားရပါတယ်။ ကိလေသာ ကင်းစင်ပြီး နိဗ္ဗာန်သို့ မရောက်မချင်း ကိုယ်ပြုသမျှ ကောင်းမှု မကောင်းမှုများ၏ အကျိုးကို သံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး ခံစားရမှာဖြစ်ပါတယ်။ ဘုရားရဟန္တာတို့တောင်မှ ရှောင်လွဲ လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင် နောက်ဆုံးဘ၀တွင် ပေးဆပ်တော်မူခဲ့ရသော ၀ဋ္ဋ်တော်(၁၂)ပါးကို ဖော်ပြ လိုက်ပါတယ်။



(၁) ဒုက္ခရစရိယာ ခြောက်နှစ်ကျင့်ရခြင်း။

ကဿပဘုရားရှင်လက်ထက် ဇောတိပါလပုဏ္ဏားဖြစ်စဉ် ဘုရားဖြစ်မည်ဆိုလျှင်ခြောက်လမဟုတ်ခြောက်နှစ် ဒုက္ခရစရိယာကျင့်ပါမည်ဆိုသော ၀စီပါတ်တော်။


(၂) စိဉ္စမာဏ ကိုယ်ဝန်နှင့်တကွ စွပ်စွဲခြင်းခံရခြင်း။

ရှေးအခါက သေသောက်ကြူးဖြစ်စဉ် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ဆွမ်းရပ်တော်မူရာ အကျင့်ယုတ် ဟုပြော မိခြင်း ၀ိပါတ်တော်။


(၃)သုန္ဒရီပရိဗိုဇ်မ၏ အစွပ်စွဲခံရခြင်း။

ရှေးအခါက မုနာဠိအမည်နှင့် လူဖြစ်စဉ် ပစ္စေကဗုဒ္ဓါအား အကျင့်ယုတ်ဟု စွပ်စွဲခဲ့ခြင်း ၀ိပါတ်တော်။


(၄)သုန္ဒရီသေရာတွင် တိတ္တိသတင်းလွင့်၍ လူအများယုံမှားခံရခြင်း။

အလောင်းတော်ရသေ့ဖြစ်စဉ် ဈာန်ပျံရသေ့ တစ်ဦးအား ငြူစူခဲ့ဖူးသော ဣသာဝိပါတ်တော်။


(၅) ဒေ၀ဒတ်၏ ကျောက်တုံးလှိမ့်ချခြင်းကို ခံရခြင်း။

သူကြွယ်မျိုးဖြစ်စဉ်ညီကို လှည့်ဖြားခေါ်သွား၍ ကျောက်လွှာဖြင့် ဖိညှပ်ထုသတ်ခဲ့မိသော ၀ိပါတ်တော်။


(၆)ကျောက်လွှာထိခြင်းကြောင့် ခြေမတော်တွင် သွေးစိမ်းတည်ရခြင်း။

ရှေးက သူငယ်ဖြစ်စဉ် ပစ္စေက ဗုဒ္ဓါတစ်ပါးအား ခဲဖြင့်ပစ်ရာ ခြေတွင် သွေးယိုခဲ့ဖူးသော ၀ိပါတ်တော်။


(၇)ဆွမ်းခံကြွတော်မူရာ ဒေ၀ဒတ်တို့၏ အစီရင်ဖြင့် နာဠာဂီရီဆင်နှင့်တွေ့ခြင်း။

ရှေးအခါက ဆင်ထိန်းဖြစ်စဉ်ရှင် ပစ္စေကဗုဒ္ဓတစ်ပါးအား ဒေါသဖြင့်ဆင်နှင့်လိုက်၍တိုက်ခဲ့သော ၀ိပါတ်တော်။


(၈) ခြေမတော်တွင် ကျောက်လွှာကြောင့် အနာတည်ရာဇီဝက ဓားနှင့်ခွဲခြင်း။

ပဒေသရာဇ်မင်းဖြစ်စဉ် မူးယစ်သောက်စားလူအရှင်လတ်လတ်ကို ဓားဖြင့်ထိုးဖြတ်ခြင်းပြုခဲ့သော ၀ိ ပါတ်တော်။


(၉)ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း။

ရှေးအခါက တံငါဖြစ်စဉ် ငါးဦးခေါင်းကို ထုရိုက်ရာတွင် ၀မ်းမြောက်ခဲ့ဖူးသော ၀ိပါတ်တော်။


(၁၀)မာရ်နှိုးဆော်၍ ဝေရဉ္စာတိုင်းသားတို့၏ ကပ်လှူသောမုယောဆွမ်းကို စားတော်မူရခြင်း။

မထင်မရှားသောအမျိုးသားဖြစ်စဉ် ရဟန်းတော်များ ဆွမ်းစားနေသည်ကို ဆွမ်းကြမ်းစားဟု ပြစ်မှား ပြောဆို ခဲ့ဖူးသော ၀ိပါတ်တော်။


(၁၁)ခါးတော်ကိုက်ခဲသော ဝေဒနာခံစားရခြင်း။

ရှေးသောအခါ လက်ဝှေ့သမားဖြစ်စဉ် နိုင်လျှင် ခါးရိုးကို မြေနှင့် ကိုင်ရိုက်ခဲ့ဖူးသော ၀ိပါတ်တော်။


(၁၂)ဆန္ဒန်ဆယ်စီးအားကြီးတော်မူငြားသော်လည်း ၀မ်းတော်သွန်၍ အလွန်အားနွဲတော်မူရခြင်း။

ဆေးဆရာဖြစ်စဉ် သူဌေးသားတစ်ယောက်အား ကုစားရာအခမပေးလို၍ မသက်သာသေးဟု လိမ်လည်ပြော ဆိုရာတွင် ၀မ်းလားဆေးကို တိုက်ကျွေးခဲ့ဖူးသောဝိပါတ်တော်။




ဤ၀ိပါတ်တော်များကိုဖော်ပြရခြင်းကတော့ မြတ်စွာဘုရားရှင်တောင်မှအလောင်းတော်ဘ၀ကပြုလုပ်ခဲ့သော အသေးအမွှားကိစ္စလေးများကို ပရိနိဗ္ဗာန်မပြုမီ နောက်ဆုံးဘ၀အထိ ပြန်လည်ပေးဆပ် ရခြင်းကိုလူတိုင်းကို သိစေချင်၍ဖြစ်ပါတယ်။ ဘယ်အရာမဆိုပေါ့ပေါ့တန်တန်နဲ့ အသေးအမွှားလေးပါလို့ သဘောထားပြီး အပျော် အပျက်အနေနဲ့ ပြောလိုက်ပေမယ့် အဲဒီအသေးအမွှားလေးတွေကလည်း တနေ့မှာ ပြန်လည်ပေးဆပ်ရမည် မှာ မလွဲဧကန်ဖြစ်ပါတယ်။ နောင်သံသရာကို ထားလိုက်ပါအုံး။ ယခု လက်ရှိ ဘ၀မှာတောင် ကိုယ်ကတော့ အပျော်အပျက်အနေနဲ့ ပြောလိုက်သော စကားကြောင့်သူတစ် ပါး ထိခိုက်နစ်နစ်သွားရင် အဲဒီသူအတွက် ဘယ်လောက်နစ်နာသွားမလဲ။ ဒါကြောင့်ဘာကိုမဆို မလုပ်ခင်ကတည်းက သူကငါ့ကို ပြောလိုက်ရင် ငါဘယ် လိုခံစားရမလဲဆိုတာကို တွေးတောဆင်ခြင် သုံးသပ်နိုင်ကြပါစေ။


တောသားလေး
(အနှိုင်းမဲ့စာတိုပေစများ)
read more

Wednesday, August 22, 2012

တစ်သက်စာ

သီချင်းနားထောင်ရန် လင့် = 
တစ်သက်စာ
 
ကျွန်တော်တော့ သီချင်းအေးအေးလေးတွေသာနှစ်သက်တာမို့ Flashsong လေးတွေလုပ်

  ရင်လည်း
အခုလို သီချင်းအေးအေးလေးတွေ ကိုသာရွေးပြီးလုပ်ပါတယ်... အကြိုက်ချင်းတူတဲ့သူတွေ

ရော၊ အကြိုက်ချင်းမတူ တဲ့သူတွေရော အပြင်းပြေလေးတော့ နားထောင်သွားကြပါခင်ဗျာ... သီချင်းလေးနားထောင်ရင်း ခဏတာဘ၀အမောတွေပြေ ကြပါစေခင်ဗျာ...  
 
read more

Sunday, August 19, 2012

ဘ၀ဆိုတာဗေဒါလိုပဲ



လောကမှာ အစဆိုတာရှိရင် အဆုံးသတ်ဆိုတာလည်း ရှိရတယ်။ ငယ်ရွယ်ခြင်းဆိုတဲ့ အစရှိလို့ရှိရင် ကြီး ရင့်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။ နုပျိုခြင်းဆိုတဲ့ အစရှိရင် အိုမင်းခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရ တယ်။ ကျန်းမာခြင်းဆိုတဲ့ အစရှိရင် ဖျားနာခြင်း၊ နာခြင်း ဆိုတဲ့အဆုံးသတ်လည်း ရှိရတယ်။ မွေးဖွားခြင်း ဆို တဲ့အစရှိရင် သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။ ပေါင်းဆုံခြင်းဆိုတဲ့ အစရှိရင် ခွဲခွာခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။


လောကရဲ့  သဘာဝကိုက အစရှိရင် အဆုံးရှိတတ်တဲ့အတွက်ကြောင့် ပေါင်းဆုံခြင်းဆိုတာရှိရင် လမ်းခွဲခြင်းဆို တာလည်း ရှိတတ်စမြဲပဲ။ လမ်းခွဲခြင်းဟာ နေ့စဉ်နဲ့ အမျှ ရှိနေတာပါပဲ။ လမ်းခွဲခြင်းက နှစ်မျိုး ရှိတယ်။ အသက် ရှင်လျက် လမ်းခွဲခြင်းနဲ့ သေဆုံးပြီးတော့ လမ်းခွဲခြင်း၊ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနဲ့ သေကွဲခွဲ ရတဲ့ လမ်းခွဲခြင်း ဆိုပြီးတော့ လမ်းခွဲခြင်းနှစ်မျိုးရှိပါတယ်။ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းကတော့ အသက်ရှင်နေသမျှကာလပတ် လုံး နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ လောကဓံတစ်ခုပါပဲ။


လောကဓံဆိုတာ လောကဓမ္မ၊ " လောက " ဆိုတာ လောကကြီးထဲမှာ " ဓမ္မ" ဆိုတာ ဖြစ်တတ်တဲ့ သဘော တရား။ ဆိုပါတော့ သူငယ်ချင်းနှစ်ယောက်၊ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ညဘက်လက်ဖက်ရည် ဆိုင် ထိုင်ကြတယ်ဆိုရင်လည်း အားရအောင် လက်ဖက်ရည်ဆိုင်ထိုင်ပြီးကြလို့ အချိန်တန်ကိုယ့်အိမ် ကိုယ် ပြန်ကြတော့မယ် ဆိုတော့ လမ်းခွဲရပါတယ်။ သူငယ်ချင်း အချင်းချင်း ချစ်လွန်းလို့ ဆိုပြီးတော့ သူ့အိမ်ကို ကိုယ်လိုက်အိပ်၊ သို့မဟုတ် ကိုယ့်အိမ်ကို သူလိုက်အိပ်နဲ့ ဒီလိုလိုက်အိပ်လို့မဖြစ်ဘူး။ တစ်ခါတစ်ရံပဲ ဖြစ် ချင်ဖြစ်မယ်။ အမြဲတမ်းတော့ မဖြစ်နိုင်ဘူး။ ဒီတော့ ဒါလည်းပဲ နေ့စဉ်ကြုံတွေ့ရတဲ့ လမ်းခွဲခြင်းပါပဲ။


ကျောင်းသွားတဲ့သူ ဆိုလို့ရှိရင်လည်း ကျောင်းသွားတယ်၊ ကျောင်းစတတ်တဲ့အချိန်ကနေ ကျောင်း ဆင်းခေါင်းလောင်းထိုးတဲ့အချိန်ထိ ကျောင်းမှာနေရတယ်။ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ခေတ္တခ ဏပေါင်းဆုံရတယ်။ ကျောင်းဆင်းခေါင်းလောင်းတီးလိုက်ပြီဆိုတာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်လာကြရတယ် ။ ကျောင်းမှာတွေ့တဲ့သူငယ်ချင်း အပေါင်းအသင်းတွေနဲ့လည်း လမ်းခွဲရတယ်။ ကြည်ညိုလေးစားတဲ့ ဆရာ၊ ဆရာမများ နဲ့လည်း လမ်းခွဲရတယ်၊ နေ့စဉ်ကြုံတွေ့ရတဲ့ လမ်းခွဲခြင်းပါပဲ။


ဈေးရောင်းတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း ထို့အတူပဲပေါ့၊ ဈေးဖွင့်တဲ့ အချိန်ကနေ ဈေးသိမ်းတဲ့အချိန်ထိ ဈေးထဲမှာ ထိုင်ရောင်းတယ်၊ ဆိုင်နီးနားချင်းပုဂ္ဂိုလ်တွေနဲ့လည်း ခေတ္တခဏ ပေါင်းဆုံရတယ်၊ ကိုယ့်ဆိုင်လာဝယ်နေ ကျ ဖောက်သည်တွေနဲ့လည်း ခေတ္တခဏ ပေါင်းဆုံရတယ်။ ဒါပေမဲ့ဈေးသိမ်းလို့ဈေးပိတ်ပြီးကိုယ့် အိမ်ကိုယ်ပြန် ရပြီဆိုရင်တော့ အင်မတန်ချစ်လှပါတယ်ဆိုတဲ့ ဆိုင်နီးနားချင်းတွေနဲ့လည်း လမ်းခွဲရပါတယ်၊ ကိုယ့်ကိုကောင်းကျိုးပြုနေတဲ့ ဖောက်သည်တွေနဲ့လည်း လမ်းခွဲရပါတယ်။


ရုံးတတ်တဲ့သူလည်းပဲ ဒီအတိုင်းပဲပေါ့လေ၊ ကိုယ့်ရဲ့ ရုံးကိစ္စ ဆောင်ရွက်ပြီးတော့ ရုံးဆင်းတဲ့အချိန် လည်းရောက်ရော ကိုယ့်အိမ်ကိုယ်ပြန်၊ ရုံးမှာတွေ့တဲ့သူတွေနဲ့ လမ်းခွဲကြရတယ်။ အဲဒီလိုအားဖြင့် ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းကတော့ နေ့စဉ်နဲ့အမျှ အချိန်တိုင်း ကြုံတွေ့နေရပါတယ်။


သိပ်ချစ်ရပါတယ်ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦတောင်မှ တစ်ချိန်လုံး တပူးတွဲတွဲ နေလို့ မရပါဘူး။ လမ်းခွဲရတဲ့ အချိန်ဆိုတာ ရှိရပါသေးတယ်။ အိမ်မှာ အတူနေနေရင်းနဲ့ တစ်ယောက်က အိမ်ထဲမှာ ထမင်းချက်၊ ဟင်းချက် လုပ်နေတယ်၊ ဇနီးမောင်နှံနှစ်ယောက် လမ်းမခွဲရဘူးလား၊ လမ်းခွဲနေရတာပါပဲ၊ တစ်ယောက်နဲ့ တစ်ယောက် မမြင်တွေ့ရတော့ဘူး။


အမျိုးသားက ကိစ္စတစ်ခုရှိလို့ အပြင်ထွက်သွားရင်လည်း လမ်းခွဲရတာပါပဲ။ အမျိုးသမီးက ကိစ္စတစ်ခုရှိလို့ အပြင်ထွက်သွားရင်လည်း လမ်းခွဲရတာပါပဲ။ တစ်ရပ်တစ်ကျေးကိုသွားမှ လမ်းခွဲရတာ မဟုတ်ပါဘူး၊ ကိုယ့် အိမ်ရဲ့ အပြင်ဘက်ကို ထွက်သွားတဲ့ အချိန်မှာလည်း လမ်းခွဲရတယ်၊ ကိုယ့်အိမ်ရဲ့  အပေါ်ထပ် နဲ့ အောက် ထပ်၊ အိမ်ရှေ့ နဲ့ အိမ်နောက်၊ ဒီလိုသွားလာနေတဲ့အချိန်တွေမှာလည်း လမ်းခွဲနေ ရတာပါပဲ။


အတိတ်ကံကောင်းလွန်းလို့ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်က အမြဲတမ်းမျက်စိအောက်ကအပျောက် မခံ တပူးတွဲတွဲ နေနိုင်တယ်ပဲထားဦးတော့ ၊ နောက်ဆုံး ကျင်ကြီးကျင်ငယ် စွန့်ချင်လို့ ရေအိမ်ခန်းထဲ ၀င်လို့ရှိ ရင် လမ်းမခွဲရဘူးလား။ လမ်းခွဲရပါတယ်။


စက္ကန့်နဲ့အမျှ အမြဲတမ်း ကိုယ်ချစ်တဲ့လူနဲ့ တပူးတွဲတွဲ ပေါင်းသင်းဆက်ဆံနေရတယ်ဆိုတာ ရှိ ရဲ့  လား။ မရှိပါ ဘူး။ ကိုယ်ချစ်တဲ့လူနဲ့ အချိန်ပြည့် ရင်ချင်းအပ်၊ ကိုယ်ချင်းထပ်ထားလို့ မဖြစ်နိုင်ဘူးနော်။ လမ်းခွဲချိန်ဆို တာ နေ့စဉ်နဲ့အမျှ ရှိပါတယ်။ ရှင်ကွဲခွဲခဲ့ရတဲ့ လမ်းခွဲခြင်းဆိုတာ အမြဲတမ်းရှိပါတယ်။


ဦးပဉ္စင်းအပါအ၀င် တရားနာပရိတ်သတ်များ ကျင်လည်နေရတဲ့ သံသရာဆိုတာက မြစ်ပြင်ကြီးနဲ့ တူပါတယ်။ ဦးပဉ္စင်းတို့တစ်တွေကတော့ မြစ်ပြင်ထဲမှာရှိတဲ့ ဗေဒါပင်လေးတွေနဲ့တူပါတယ်၊ ကံကြမ္မာ သို့မဟုတ် ကံတရား ကတော့ လေနဲ့တူပါတယ်။ မြစ်ပြင်ကြီးထဲမှာ 


လေက တောင်ဘက်ကနေ တိုက်လိုက်တော့ ဗေဒါပင်လေးတွေ မြောက်ဘက်ရွေ့သွားလိုက်
လေက မြောက်ဘက်ကနေ တိုက်လိုက်တော့ ဗေဒါပင်လေးတွေ တောင်ဘက်ရွေ့  သွားလိုက်
လေက အရှေ့ဘက်နေ တိုက်လိုက်တော့ ဗေဒါပင်လေးတွေ အနောက်ဘက် ရွေ့ သွားလိုက်
လေကအနောက်ဘက်နေ တိုက်လိုက်တော့ ဗေဒါပင်လေးတွေ အရှေ့ ဘက် ရွေ့ သွားလိုက်


နဲ့ လေခေါ် ဆောင်ရာနောက်ကို ဗေဒါပင်တွေ ရွေ့ရွေ့ပြီးတော့ သွားကြရပါတယ်။ အဲဒီလို ရွေ့ သွားရင်းနဲ့ တစ်ခါတစ်ရံ ဟိုဗေဒါပင်အုပ်နဲ့ ဆုံလိုက်၊ တစ်ခါတစ်ရံ ဒီဗေဒါပင်အုပ်နဲ့ ဆုံလိုက်၊ ဒီလေတိုက်လိုက်လို့ပဲ ဆုံပြီး သား ဗေဒါအုပ်နဲ့ ကွဲသွားပြန်လိုက်၊ တစ်ပင်တည်းဖြစ်နေရပြန်လိုက်၊ တော်ကြာ လေကြောင်းသင့်လိုက်လို့ ဟိုဗေဒါတစ်အုပ်နဲ့ ပြန်ပေါင်းမိလိုက်၊ အဲဒီလိုနဲ့ ပဲ ဗေဒါပင်တွေဟာ ဆုံလိုက် ကွဲလိုက်၊ ကွဲလိုက် ဆုံလိုက် နဲ့မြစ်ပြင်ကြီးထဲမှာ ပုံသဏ္ဌာန်အမျိုးမျိုး၊ အနေအထားအမျိုးမျိုး ပြောင်းလဲပြီး ရွေ့လျားကျင်လည်နေရပါတယ်။


အဲဒီလိုပါပဲ သံသရာတည်းဟူသော မြစ်ပြင်ကြီးထဲမှာလည်း ဦးပဉ္စင်းတို့တစ်တွေဟာ ကံကြမ္မာ လေပင့်တဲ့အ တိုင်း၊ ကံတရား လေက စီမံပေးလိုက်တဲ့အတိုင်း လူအမျိုးမျိုးနဲ့ ပေါင်းဆုံလိုက် ခွဲခွာလိုက်၊ ခွဲခွာလိုက် ပေါင်းဆုံ လိုက်နဲ့ ပုံစံအမျိုးမျိုး၊ အနေအထားအမျိုးမျိုး ပြောင်းလဲပြီး လှုပ်ရှားကျင်လည် နေရပါတယ်။


နေ့စဉ်နဲ့အမျှ၊ လစဉ်နဲ့အမျှ၊ နှစ်စဉ်နဲ့အမျှ ဆိုသလိုလမ်းခွဲခြင်းအမျိုးမျိုးကို ကြုံတွေ့နေရပါတယ်။ ဒီလောက်ပြောလိုက်ရင် ဉာဏ်နဲ့ ချဲ့ ထွင်ပြီးတော့ အသေးစိတ် ဆင်ခြင်လို့ ရသွားပါပြီ။ အဲဒီလို အသက် ရှင်နေစဉ်မှာ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနဲ့ လမ်းခွဲရတဲ့အခါမှာလည်း " လမ်းခွဲတာ ၀မ်းနည်းစရာလား " ဆို တဲ့မေးခွန်းက အကျုံးဝင်ပါတယ်။


သံသရာခရီးရှည်ကြီးကို

တစ်ယောက်တည်းလျှောက်လှမ်းလို့

ရတာမဟုတ်တော့လည်း

အပေါင်းအဖော်မိတ်ဆွေဆိုတာတွေနဲ့

မလွဲမသွေဆုံစည်းကြရမှာပါပဲ။

တွေ့ခိုက်ဆုံခိုက် လက်တွဲခိုက်မှာ

သံယောဇဉ်နှောင်ကြိုးမပါတဲ့

မေတ္တာစိတ်သန့်သန့်လေးနဲ့

သူ့တာဝန်ကိုယ့်တာဝန်ကျေပွန်စွာ

ချစ်ခင်ကြင်နာလိုက်ကြမယ်ဆိုရင်

ဘ၀ခရီးဖော်တွေနဲ့

မလွှဲမရှောင်သာလမ်းခွဲကြရတဲ့အခါ

ဝမ်းနည်းပူပန်နေစရာမလိုတော့ပါဘူး။

နှုတ်ဆက်ထွက်ခွာသူနဲ့

လက်ပြကျန်ရစ်ခဲ့သူ

ဘယ်သူပိုဝမ်းနည်းရပါသလဲ။

ထွက်ခွာသူက ပိုသံယောဇဉ်ကြီးရင်

သူပိုဝမ်းနည်းရမှာပါ။

ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင်

သူပိုဝမ်းနည်းရမှာပါ။

နှစ်ယောက်လုံး ညီတူသံယောဇဉ်ကြီးရင်တော့

နှစ်ယောက်လုံးညီတူဝမ်းနည်းရမှာပေါ့။

လမ်းခွဲမှာဝမ်းနည်းစရာမလိုအောင်

သံယောဇဉ်နှောင်ကြိုးတွေကို

အတတ်နိုင်ဆုံး ဖြေလျှော့လိုက်ကြစို့လားကွယ်။


 အရှင်ဆန္ဒာဓိက


မှတ်ချက်။  ။ အရှင်ဆန္ဒာဓိက၏ “ လမ်းခွဲတာဝမ်းနည်းစရာလား ” စာအုပ်မှပြန်လည်ဖော်ပြပါသည်။
read more

Friday, August 17, 2012

လောကနီတိ - ၁၆




ရန်သူကိုဖြစ်စေ၊ မိတ်ဆွေကိုဖြစ်စေ အလွန်အမင်း အကျွမ်းမ၀င်ရာ။
မိတ်ဆွေပင်ဖြစ်လင့်ကစား အမျက်ထွက်သည်ရှိသော် သင့်အပြစ်မှန်သမျှကိုထုတ်ဖော်ပြတတ်၏။

- One Should not love either enemy or friend too much.
- Even though a friend, when one becomes angry, one may reveal all of
your faults.


- မီးကိုလည်း အကြွင်းမထားရာ။
- ကြွေးမြီကိုလည်း အကြွင်းမထားရာ။
- ရောဂါကိုလည်း အကြွင်းမထားရား
- ထိုသည်တို့ကား အဖန်တလဲလဲတိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။

- Do not leave remnants of fire.
- Do not leave remnants of debt.
- Do not leave remnants disease.
- As those may increase times no remnants should be left.


- မျက်နှာမူကား ပဒုမ္မာကြာ။
- နှုတ်ထွက်စကားက စန္ဒကူးနံ့သာ။
- စိတ်နှလုံးကား အဆိပ်ပမာ။
- ထိုသို့သဘောရှိသူကို မပေါင်းအပ်ရာ။

- Whose face is like lotus lily.
- Whose words are as cool as sandal-wood.
- Whose heart is full of poison.
- One should not associate with such a person of that nature.


- ရက်စက်ကြမ်းကြုတ်သော ။
- မနာလိုဝန်တိုသော။
- မချီးမြှောက်မထောက်ပံ့တတ်သော။
- ဖိနှိပ်ချုပ်ချယ်သော အရှင်သခင်မျိုးကို လုပ်ကျွေးမှီခိုခြင်း မပြုရာ။

- Who is severe.
- Who is niggardly.
- Who is uncharitable.
- Who is oppressive, One should not serve and rely on such a master.




လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သားဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)


ရာဇာထွေး



read more

Wednesday, August 15, 2012

တတိယအရွယ်မရောက်ခင်



တတိယအရွယ်အိုမှတရားဝင်ပြီပဲဆိုပါတော့။
      
တတိယအရွယ်ဆိုတာ ရုပ်ကလည်းအို၊ နာမ်ကလည်း အိုလာပါပြီ။ ရုပ်ကလဲ အိုလာပြီဆိုရင် ထိုင်ရ၊ ထရတာ လည်း အဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်း ကြာကြာမထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါးမိနစ် တစ် ခါ လောက် ပြင်ပြင်နေရပါတယ်။ တချို့ဝတဲ့သူတွေဆိုရင် ထိုင်ရတာ တော်တော်လေး ခက်ခဲပါတယ်။ တစ် ချို့ဆိုရင် လူတွဲနဲ့မှ ထိုင်နိုင် ထနိုင် ပါတယ်။ ဒါဟာ ရုပ်အိုခြင်းရဲ့ လက္ခဏာပါ။


နာမ်အိုတယ်ဆိုတာက သတိတွေမေ့မေ့နေတာပါ။ ဥပမာ အခန်းထဲဆေးယူသွားမယ်ဆိုပြီး ၀င်သွား၊ အခန်း ထဲကျတော့ ငါဘာယူမလိုပါလိမ့် ဆိုပြီး မေ့နေ၊ အခန်းထဲကနေ အပြင်ပြန် ထွက်လာပြီးမှ သြော်ငါ ဆေးယူဖို့ ၀င်သွားတာပဲဆိုပြီး သတိရပြီး အခန်းထဲ ပြန်ဝင်ရ၊ ဒါ နာမ်အိုမှုရဲ့ လက္ခဏာတချို့ပါ။


တရားထိုင်တဲ့အခါမှာလည်း ရုပ်အိုလာတဲ့အတွက် ကြာကြာမထိုင်နိုင်၊ ကြာကြာမထိုင်နိုင်တော့ မကြာခ ဏပြင်၊ မကြာခဏပြင်တော့ သမာဓိပျက်၊ နောက် နာမ်ကအိုလာတဲ့အတွက် ကမ္မဌာန်းအာရုံပေါ်မှာ သတိ ကကောင်းကောင်း မကပ်နိုင်တော့ပါဘူး။ နာမ်နဲ့လုပ်ရတဲ့အလုပ်မှာ နာမ်က အိုသွားတဲ့အ တွက် ကောင်းကောင်းအလုပ် မလုပ်နိုင်တဲ့သဘောပါ။ ဒီတော့ သမာဓိက တော်တော်နဲ့မဖြစ်၊ သမာဓိ မဖြစ်တော့ ဥာဏ်စဉ်တွေက မထင်နဲ့၊ ကမ္မဌာန်းဆရာက တရားစစ်တဲ့ အခါကျတော့ ရှေ့ကယော ဂီငယ်ငယ် ကလေးမလေးတွေက ” ဘယ်လိုမှတ် လိုက်တယ်ဘုရား၊ ဘယ်လိုမှတ် လိုက်တယ်ဘုရား နဲ့” လျှောက်စရာတွေ တစ်လှေကြီးနဲ့ လျှောက်သွား၊ ကိုယ့် မှာတော့ ဘာမှလျှောက်စရာမရှိ၊ ဒီတော့ စိတ် ဓါတ်တွေကျပြီး အိမ်ပြန်ချင်စိတ် ပေါက်လာ၊ အိမ်ပြန်ရောက်ပြီး နောက် တခါတရားဝင်ဖို့ သားသမီးတွေက တိုက်တွန်းရင်တစ်ကြိမ်တည်း နဲ့ သေမလောက် ကြောက်သွား တော့ တာပါပဲ။


ဒါ တတိယအရွယ်လို့ခေါ်တဲ့ ရုပ်နာမ်အိုခြင်းရဲ့ ဆိုးပြစ်လက္ခဏာတွေပါပဲ။ နောက် တတိယအရွယ် ရဲ့ ဆိုး ကျိုး လည်းတစ်ခုရှိပါသေးတယ်။ ယောဆရာတော်ဘုရားရဲ့ တရားတွေထဲမှာ အိုလာပြီ ဆို ရင် ” အိုပယ် ဖြစ် တတ်တယ် ” ဆိုတဲ့ စကားလုံးလေး မကြာခဏပါလေ့ရှိပါတယ်။ အိုပယ် ဆိုတဲ့စကားလုံးက လေးကသိပ်လှ တာပါ။ အိုလာပြီဆိုရင် ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေက ကိုယ့်ကို ပယ်ထားလိုက် တာ ပါ။


ထမင်းကျွေးရုံ၊ အ၀တ်ဆင်ရုံကလွဲလို့ အကြံဥာဏ်ယူတာ တိုင်ပင်ဆွေးနွေးတာတွေ မရှိတော့ပါဘူး။ ကိုယ့်နဲ့ ခပ်လှမ်းလှမ်း မှာမြေးတွေက တိုးတိုး တိုးတိုးနဲ့ စကားပြောနေမယ်။ ကိုယ်က ဒါကို          ဟဲ့ မြေးတို့ ဘာတွေပြော နေတာ လဲ လို့ သွားမေးမယ်။ ဒီတော့ မြေးတွေက အို ဒါလူကြီးတွေရဲ့ ကိစ္စမဟုတ်ပါဘူး၊ လူငယ်ကိစ္စပါလို့  ပြန်ပြော ခံရ။ တချို့ဆို ငွေကြေးချမ်းသာပါရဲ့၊ ပညာလည်းတတ်ပါရဲ့၊ မိသားစုအသိုင်း အ ၀ိုင်းကလည်းပေါပါရဲ့၊ သတင်းစာ စာအုပ် ကြော်ငြာလေးကိုဖတ်ပြီး ” သားရေ အရှင်ဆန္ဒာဓိက ရဲ့ နောက် ဆုံးထွက်စာအုပ်ကလေး ၀ယ်ခဲ့ပါဦး” လို့ မှာဖြစ်လိုက်ပါရဲ့။ တစ်ရက်လာလည်း ပါမလာ၊ နှစ် ရက်လာ လည်း ပါမလာ၊ ရက်တွေသာကြာသွားတယ်၊ လိုချင်တဲ့စာအုပ်ကမရ၊ ကိုယ်တိုင်ထွက်ဝယ် ဖို့ကျတော့လည်း ကားရှိပေမယ့် မောင်းပို့မယ့်သူမရှိ၊ ဒါတွေဟာ အိုပယ်ရဲ့ ထင်ရှားတဲ့လက္ခဏာဆိုး တချို့ပါ။ တခြားဒီထက် ဆိုးတဲ့ ကိစ္စတွေလည်း ရှိချင်ရှိဦးမှာပါ။


တကယ်လို့သာ ပထမအရွယ်မှာ တရားကို ကြိုးကြိုးစားစား အားထုတ်ခဲ့ရင် သူတို့ဘယ်လောက်ပဲ ” အိုပယ်” လုပ်ထားလုပ်ထား၊ ကိုယ်က ကိုယ့်ဝိပဿနာတရားလေးနဲ့ နေနေလိုက်ရင် ” အိုပျော်” ဖြစ် သွားမှာပါ။ ၀ိ  ပဿ နာတရားဆိုတာ တစ်ယောက်တည်း တစ်စိတ်ထည်းအားထုတ်ရတာဆိုတော့ သူတို့ အိုပယ်လုပ်လေ ကိုယ့်အ တွက် တရားမှတ်ရတာ အကောင်းဆုံးဖြစ်လေပါပဲ။ တရားထူးတရားမြတ်ရ တာ ကို ခဏ ထားလိုက် ပါဦး။ လူ့ ဘ၀ သက်တမ်းကို ယေဘုယျ ခုနှစ်ဆယ့်ငါးနှစ်နဲ့တွက်လိုက်ရင် အ သက်နှစ်ဆယ့်ငါးနှစ် အတွင်း ဟာ တရား အားထုတ်ဖို့ ပထမအကောင်းဆုံးအရွယ်ပါ။ အသက်ငါးဆယ် အတွင်းဟာ တရားအားထုတ်လို့ ဒုတိယ အ ကောင်းဆုံးပါပဲ၊ ကျန်တဲ့ တတိယအရွယ်သက်တမ်းကို တော့ဆက်မပြောပါရစေနဲ့တော့။  ကိုယ့် အရွယ် ကိုယ်ပြန်ကြည့်ပြီးဆုံးဖြတ်ဖို့ပဲလိုပါတယ်။
      

လူ့ဘ၀ကိုရလာတယ်။ လူ့ဘ၀ကိုရလာပြီး လူ့ဘ၀ရဲ့ အနှစ်သာရဖြစ်တဲ့ ၀ိပဿနာတရားလေးမှ အား ထုတ် မ သွား ရဘဲ သေသွားမယ်ဆိုရင် လူ့ဘ၀ကို ရလာတာ ဘာမှအဓိပ္ပါယ်မရှိတော့ဘူ။ လူဆိုတာသေမျိုးပါ။ မသေခင်လေးမှာ ဒီဝိပဿနာတရားလေးတော့ ကုသိုလ်ဖြစ် လောက်ပဲဖြစ် ဖြစ်၊ ဗဟုသုတဖြစ် လောက် ပဲဖြစ် ဖြစ် ၊ ပါရမီပါသွားအောင် အားထုတ်သွားသင့်ပါတယ်။ လောကီထဲမှာ နေနေကြတာ ဆို တော့ လော ကီ အာ ရုံ တွေနဲ့တော့ ကင်းလို့မရပါဘူး၊ ဒါပေမယ့် မော်ဒန်တွေ ၊ ပို့စ်မော်ဒန်တွေ၊ မန်ယူတွေ၊ အာစင် နယ်တွေ၊ နှစ်လုံး သုံးလုံးတွေ၊ ရားထူးဌာနန္တရတွေ၊ အပြန်အလှန် တုံ့ပြန်မှု တွေ၊ အောင်မြင် ကျော် ကြား မှုတွေနောက် တစ် ကောက်ကောက်လိုက်နေရမှု တွေနဲ့တော့ အရွယ်သုံးပါးလုံးကိုအချိန်ကုန် မ သွားသင့်ပါ ဘူး။ ဒါတွေကို သင့်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခု အနေနဲ့ပဲ သဘောထားသင့်ပါတယ်။ ဘ၀ရဲ့ အဓိက အခန်း ကဏ္ဍထဲမှာ ရှိမနေသင့်ပါ ဘူး။ ကဲ  စာဖတ်သူ ” ဘယ်အရွယ်မှာ တရားအား ထုတ် လို့ အကောင်းဆုံးလဲလို့ ” မေးလာခဲ့ရင် ပထမအရွယ် ပါပဲ၊ဘ၀မှာတကြိမ်သာရတဲ့ နုပျိုခြင်းကို ၀ိပဿနာအရာ မှာ ကောင်းကောင်း ကြီးအသုံးချပစ်လိုက်စမ်းပါ…။


ရဝေနွယ်(အင်းမ)

တတိယအရွယ်မရောက်ခင် ဆင်ခြင်နိုင်ကြပါစေ....
read more

Tuesday, August 14, 2012

ဗုဒ္ဓဘာသာ နှင့် အမျိုးသမီးများ





ဗုဒ္ဓဘာသာသည် အမျိုးသမီးထုကို အစဉ်အမြဲ အလေးပေးခဲ့၏ အမေဖြစ်သည့် အမျိုးသမီးကို ပြုစုလုပ်ကျွေး ဖို့ ၊ လေးစားဖို၊့ တန်ဖိုးထားဖို့ ညွှန်ကြားတော်မူခဲ့၏..။ “အမရာ, ကိန္နရီ, မဒီ, သမ္ဘူလ..” တို့၏ အကြောင်းကိုဖော်ထုတ် ကာ အရည်အသွေးပြည့် သစ္စာမေတ္တာရှိသည့် စံနမူနာပြ အမျိုး သမီးများဖြစ်ကြောင်းကို တခန်းတနားပင် ပြန်လည် ဟာပြတော်မူခဲ့လေသည်။
 

အချို့နေရာ၊ အချို့တရားတော်များ၌ အမျိုးသမီး မကောင်းကြောင်းဟောပြောခဲ့ရခြင်းမှာအမျိုး သားဖြစ်သည့် ရ ဟန်းတော်များ၏စိတ်ကို ပြောင်းလဲပေးခဲ့ခြင်းသာ ဖြစ်၏..။ အမျိုးသမီးများ ဘုရားပေါ် မတက်ကောင်း၊ သိမ်ထဲ မ၀င် 
ကောင်း…စသည့် လွဲမှားသည့် အယူအဆတချို့ဘယ်ကနေ ဘယ် သို့ပေါ်လာသည်ဟု မသိပါချေ..။ အမှန် တကယ် မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကပင်အမျိုးသမီးများ ဘုရားရှေ့တော်မှောက်သွားရောက် ဖူးမြော် ခွင့် ရခဲ့သည်သာ..။ အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများကိုလဲ..“ရဟန်းမ(ဘိက္ခုနီ)..” ပြုခွင့် ပေးတော်မူခဲ့၏ ၊ အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးပေးတော်မူခဲ့ခြင်းပင် ဖြစ်၏..။


တချိန်က “အရှင်အာနန္ဒာ” ကိုယ်တိုင် “ဗုဒ္ဓမြတ်စွာဘုရား” ကို မေးလျှောက်ခဲ့ဖူး၏..။“ မြတ်စွာဘုရား..အမျိုးသ မီး များလဲတရားကျင့်ရင် “သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ..” ဖြစ်နိုင်ပါသလားဘုရား…” လို့လျှောက် ထား သောအခါ..“ဗုဒ္ဓမြတ်စွာဘုရားမြတ်စွာဘုရား”..က..“အာနန္ဒာ…သူတို့လဲ..(အမျိုးသမီးများလဲ) အမျိုးသား များ နည်းတူ တရားထူးတရားမြတ်များရနိင်ပါတယ်..”ဟုပြန်လည်မိန့်ကြားခဲ့လေသည်..။ ဤမိန့်ကြားချက်ကို ထောက် ဆ၍ အမျိုးသမီးလည်း သူတို့၏ စိတ် ပိုင်းဆိုင်ရာ စင်ကြယ်မှုနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ဖို့အတွက် အမျိုးသား များနှင့်တန်းတူ ပင်ဖြစ်ကြောင်း နားလည်အပ်ပေသည်..။

အမျိုးသမီးများအရေး အလေးထားတော်မူသည့်အတွက် ဗုဒ္ဓမြတ်စွာဘုရားက ရဟန်းတော်များကိုဆုံးမရာ၌ ပင် ယောက္ခမအိမ်ကို ရောက်ကာစ အမျိုးသမီးစိတ်ဓာတ်မျိုးဖြင့် နေရမည်ဖြစ်ကြောင်းဥပမာပြ ဆုံးမတော် မူ ခဲ့လေ သည်..။  [( အဓုနာဂတ ၀ဓုနာသမယေန စေတသာ ၀ိဟရိဿာမ)။ အံ၊၁၊၃၉၀၊]

ဗုဒ္ဓမြတ်စွာဘုရားက အမျိုးသမီးထုကို ယောက္ခမယောင်္ကျား/ မိန်းမနှင့်လင်ယောင်္ကျား၏ ဆွေမျိုးများကိုလဲ လေး စား စွာ ဆက်ဆံသင့်ကြောင်း အကြံပေးတော်မူခဲ့သည်..။       (အံ၊သံ၊ပါ)

အမျိုးသမီးထုအပေါ်ထားရှိသည့် မြတ်ဗုဒ္ဓ၏ မဟာကရုဏာတော်ပေတည်း။ “သင်္ဂါလောဝါဒသုတ္တန်..”တွင်
(၁)အိမ်မှုကိစ္စနိုင်နင်းရမည်..။

(၂) လင်ယောင်္ကျားရှာဖွေထားသည့် ပစ္စည်းများကို သိမ်းဆည်းတတ်ရမည်..။

(၃)မိမိယောင်္ကျားမှတပါး အခြားအမျိုးသားတို့နှင့် အိမ်ထောင်ရေး မဖောက်ပြန်ရ..။

(၄)နှစ်ဖက်ဆွေမျိုးတို့ကို မျှမျှတတ ပေးကမ်းရမည်..။

(၅) လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် ပျင်းရိခြင်းမရှိ ကျွမ်းကျင်မှုရှိရမည်..

ဟု အမျိုးသမီးများ၏ လင်ယောက်ျားအပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများကို လမ်းညွှန်မိန့်ဆိုတော်မူခဲ့ သည် ..။ သာ ယာသော အိမ်ထောင်ရေးသည်သာ လောကအတွင်းနေစဉ်နှင့် လောက မှလွတ်မြောက်ရာကျင့် စဉ်များ ကို ကျင့်ကြံရာတွင် ရာနှုန်းများစွာ အထောက်အကူပြုနိင်ကြောင်းမီးမောင်းထိုးပြခြင်း ဟုလည်း နားလည်အပ် ပါ သည်..။


နူးညံ့သိမ်မွေ့သည့် နှလုံးသားပိုင်ရှင် အမျိုးသမီးများ လိမ္မာရေးခြားရှိမ၊ှ စာရိတ္တမဏ္ဍိုင်တည့်မတ်မှ လောကကြီး သာယာ မည့်အရေးကို မြင်တော်မူ၍ ဗုဒ္ဓမြတ်စွာဘုရားက ဤလမ်းညွှန်ချက်များ ကိုဟောကြားတော် မူခြင်း လည်း ဖြစ်သည်။ “သံယုတ္တနိကာယ်” နှင့် “ကုဏ္ဍလကေသီဇာတ်တော်” တို့တွင် အမျိုးသမီးများ သည် အမျိုး သားများထက် “တင်္ခဏုပ္ပတ္တိဥာဏ်” (ရုတ်တရက် အခြေအနေတွင် လျှပ်တပြက်သုံးသည့် ဥာဏ်) သာ လွန်ကြောင်းဟောပြတော်မူခဲ့သည်။


ဗုဒ္ဓမြတ်စွာဘုရားသည် တရားတော်ကိုဟောကြားသည့်အခါ ရဟန်းတော်များနှင့် အမျိုးသားဒကာ များအ တွက် ဟောကြားတော်မူသလို အခါအခွင့်သင့်ရင် အမျိုးသမီးများအတွက်လဲ ဟောကြားတော်မူခဲ့သည်သာ ဖြစ်၏..။ တခါတရံ အကြောင်းအကျိုးပြ၍.. တခါတရံအပြစ်ပြ၍ဟောတော် မူခဲ့၏..။ အမျိုးသားများကို ထူးချွန်သည့် (ဧတဒဂ္ဂ) ဘွဲ့များအပ်နှင်းသလို အမျိုးသမီးများကိုလည်း ထူးချွန်သည့်ဘွဲ့များကို အမျိုးသားများနည်းတူ အပ်နှင်းတော် မူခဲ့သည်..။ “ဂေါတမဗုဒ္ဓမြတ်စွာဘုရား..”..၏ သာသနာတော်ဝယ် အမျိုးသမီးထုများထဲမှ “ထူးချွန်သည့် အမျိုးသမီး များ” ကို “ထူးချွန်သည့် အကြောင်းအရာ” အလိုက် ဆုများအပ်နှင်း၍ အသိအမှတ်ပြုတော် မူခဲ့ သည်..။

“အဦးဆုံး အရင်ဆုံး သရဏဂုံတည်သူ..”ဘွဲ့ ကို
 “သုဇာတာသူဋ္ဌေးသမီး”

“သာသနာတော်အတွက် အလှူဒါန်းဆုံး..”ဘွဲ့ကို
 “၀ိသာခါကျောင်းအမကြီး”

“အကြားအမြင်ဗဟုသုတများသူ..” ဘွဲ့ကို
 “ခုဇ္ဇုတ္တရာကျွန်မ”

“ မေတ္တာဖြင့်နေလေ့ရှိသူ..”ဘွဲ့ကို 
 “သာမာဝတီ မိဖုရား”

“ဈာန်ဝင်စားပြီးနေလေ့ရှိသူ..”ဘွဲ့ကို
 “ ဥတ္တရာ နန္ဒမာတာ” နှင့်

“ မွန်မွန်မြတ်မြတ်ပေးလှူဒါန်းသည့်နေရာတွင် အထူးချွန်ဆုံး အမျိုးသမီး” ဘွဲ့ကို
 “သုပ္ပ၀ါသာ အမျိုးသမီး..”

တို့အား အသီးသီး ဘွဲ့တံဆိပ်များ အပ်နှင်း၍ ထူးချွန်သည့်အမျိုးသမီး များဖြစ်ကြောင်း သံဃာအလယ် ပရိသတ် အလယ်တွင် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် အသိအမှတ်ပြု ကြေငြာတော်မူခဲ့သည်..။ ၎င်းအမျိုးသမီးများ ၏ နောက် ခံသမိုင်းကြောင်းနှင့် ဂေါတမဗုဒ္ဓမြတ်စွာ ဘုရားလက်ထက် အကြောင်းအရာများမှာလဲ ရင်သပ်ရှုမော ဖွယ်ကောင်း လှသည်..။

လေးစားထိုက်ပါပေစွ..။
ဂုဏ်ယူထိုက်ပါပေစွ..။


လူမိုက်တသောင်းကဲ့ရဲ့ ခံရခြင်းထက် သူတော်ကောင်းတစ်ယောက် ကဲ့ရဲ့ခံရမှာကိုကြောက်ရမည် ဟုရှေးထုံး ရှိ ခဲ့လေသည်..။ မှန်ပါ၏..သူတော်ကောင်းတို့ကဲ့ရဲ့ခံရခြင်းသည် မိမိအတွက် အလွန်ရှက်ဖွယ် ပင် ဖြစ်လေ သည် .. ။ ငြိမ်းချမ်းဖြူစင်သည့် သူတော်ကောင်းတို့ နှလုံးသားမှ ထွက်ကျလာသည့် စ ကားလုံးများသည် အမှန်တရား ဖြစ်၍ အလွန်ဂုဏ်ယူဖွယ်လည်းဖြစ်လေသည်..။ ဗုဒ္ဓမြတ်စွာဘုရား ကသူ၏ လက်ယာ လက်ဝဲ အလွန်အားထား ရသည့် တပည့်ကြီးများဖြစ်ကြသည့် “အရှင်သာရိပုတ္တရာ” နှင့် “အရှင်မောဂ္ဂလာန်..” တို့ကိုပင်…..“ချစ်သားတို့ !‘ သာရိ ပုတ္တရာ..” သည်သင်တို့ရဲ့ မွေးမိခင်နှင့်တူသည်၊ “အရှင်မောဂ္ဂလာန်” သည် သင်တို့ရဲ့ ကျွေးမိခင်နှင့် တူလှ သည်ဟု အမျိုးသမီးဖြစ်သည့် မိခင်များကို အလေးထားကာတပည့်ကြီးများအား ဂုဏ်ပြုတော်မူခဲ့သည်..။
 

[( သေယျထာပိ ဘိက္ခဝေ ဇနေတာ ဧ၀ံ သာရိပုတ္တော၊ သေယျထာပိ ဇာတဿ အာပါဒေတာ ဧ၀ံ
 မောဂ္ဂလာနော-သစ္စ၀ိဘင်္ဂ သုတ္တ၊မ၊၃၊၂၉၃)၊]

[အရှင်တိက္ခဥာဏာလင်္ကာရ(ယော)အရှင်သူမြတ်အား..ဤစာဖြင့်ဦးခိုက်ကြည်ညိုပူဇော်ပါသည်.]






read more

Saturday, August 11, 2012

တစ်ခါတုန်းကမြန်မာပြည်- ၁၇

တစ်ခါတုန်းကမြန်မာပြည် ၁ မှ ၉ အထိပုံတွေကို mm-flashsongs မှအကို ဆွေလင်းအောင် ဆီ မှတောင်းယူပြီး ကျွန်တော်ပြန်လည်တင်ပြတာပါ။ ပုံတွေရဲ့မူရင်းအရင်းအမြစ်ကိုမသိသလို ပုံနဲ့ပတ် သက် တဲ့စာသားတွေလည်းပါမလာတာမို့ ကျွန်တော့်စိတ်ထဲတော့ သိပ်ဘ၀င်မကျပါဘူး။ ဒါကြောင့်အ ချိန်ပေးပြီး အင်တာနက်စာမျက်နှာတွေမှာ ၀င်မွှေလိုက်တော့ burmadailynews ဆိုတဲ့ ဆိုက်မှာ ပုံတွေတင်ထားတာတွေ့ရပါတယ်ခင်ဗျာ။ ၎င်းရှေးဟောင်းဓါတ်ပုံလေးများကို ကျွန်တော့်ရဲ့ Blog လေး မှာသိမ်းထားချင်တာမို့ပြန်လည် ကူးယူပြီးဖော်ပြခဲ့တာပါခင်ဗျာ။ ယခုပုံလေးများကိုနှစ်သက်၍ ပြန်လည် အသုံးပြုလိုပါက ဓါတ်ပုံလေးများရဲ့ မူရင်းဆိုက်ဖြစ်တဲ့ burmadailynews ဆိုက်လင့်လေးကိုပြန်လည် ညွှန်းဆိုပေးရန် လေးစားစွာဖြင့်တင်ပြအပ်ပါတယ်ခင်ဗျာ…။


ပုံ၁၁၉...။ ရွေတိဂုံရင်ပြင်(မောင်ကန်စေတီ)

ပုံ၁၂၀...။ ရွေတိဂုံ ရင်ပြင်ရှိ ထီးတော်ကြီးနှစ်လက်(ယ္ခုမတွေ့ရတော့ပါ)

ပုံ၁၂၁...။ မြန်မာ့ဆင် များ...

ပုံ၁၂၂...။ မြန်မာ့ဆင်...

ပုံ၁၂၃...။ မြန်မာ့ဆင်


ပုံ၁၂၄...။ စိန်ဂျွန့်ကောလိပ်


ပုံ၁၂၅...။ Town Church ရန်ကုန်


ပုံ၁၂၆...။ ယုဒသန်ကောလိပ် ဖြစ်လာမည့် mission house


ပုံ၁၂၇...။ ကန်တော်ကြီး


ပုံ၁၂၈...။ Fytche Square(ဗန္ဒုလပန်းခြံ)


ပုံ၁၂၉...။ မြန်မာ့ လှေသူကြီး

ဆက်ရန်....


burmadailynews.co.cc  မှပြန်လည် ကူးယူဖော်ပြပါ သည်ခင်ဗျာ....။

 
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: