Monday, December 31, 2012

နှစ်သစ်ကူးဆုတောင်း

 သက္ကရာဇ် 2012 ဆိုတဲ့နှစ်ဟောင်းတစ်ခုကိုလက်ပြနှုတ်ဆက်ရင်း မင်္ဂလာရှိလှတဲ့နှစ်သစ် 2013 ကိုလက်ကမ်း လို့ကြို ဆိုပါတယ်။ ကုန်ဆုံးသွားပြီးဖြစ်တဲ့နှစ်ဟောင်းတစ်ခုထဲမှာ ကျွန်တော်တို့အားလုံးကံဇာတ်ဆရာရဲ့အလိုကျ ကပြလို့အ သုံးတော်ခံခဲ့ကြရပြီးပါပြီ။ တစ်နှစ်ပတ်လုံးမှာအကောင်းတွေရှိသလိုအဆိုးတွေနဲ့လည်းကြုံတွေ့ခဲ့ကြရမှာပါ။ ကျွန်တော့်အတွက်တော့ 2012 နှစ်သစ်ကူးနေ တဲ့အချိန် (01.01.2012 ဒေသစံတော်ချိန်မနက် 12:15 နာရီ) မှာဓါးပြတိုက်ခံရပြီး 15 မိနစ်အကြာမှာရဲအဖမ်းခံရပါတယ်J။...
read more

Sunday, October 21, 2012

ကုသိုလ်ဖြင့် တည်ဆောက်သော ဘ၀ကောင်းဘ၀မွန်

(မိမိ၏ အပြုအမူကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်းချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။ တဖက်သားအပေါ် မေတ္တာကရုဏာဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကြည့်သော အကြည့်လေးတစ်ချက်၌ပင် ကုသိုလ်ဓာတ်လင်းလက်နေပါသည်။) ကောင်းမှုပြုသောသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏။ နောင်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ ၀မ်းမြောက်ရ၏။ ထိုသူသည် မိမိပြုပြီးသော ကောင်းမှုကံကိုမြင်၍ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏ (ဓမ္မပဒ) ကောင်းမှုပြုသော သူသည် ဤဘ၀၌လည်း...
read more

Thursday, October 18, 2012

ခင်မ

စာမရေးတာလည်းကြာပါပြီ။ ကိုယ့်အပူနဲ့ ကိုယ်မို့စိတ်ညစ်ညစ်နဲ့ ဘလော့ထဲမရောက်တာလည်းတစ် လလောက်ရှိသွားပါပြီ။ “စိတ်ထောင်းတော့ကိုယ်ကြေ”ဆိုတဲ့စကားအတိုင်း ကျွန်တော်လည်းစိတ်ထောင်း တဲ့ဒဏ်တော်တော်လေးခံလိုက်ရလို့ အခုမှနလံပြန်ထနိုင်တာဆိုလည်း မမှားပါဘူး ခင်ဗျား)။   “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးအချက်မပိုင်လျှင် နောင်ပြင်ရန်ခက်တဲ့အမျိုး” လို့ရှေးလူကြီးသူမများက အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်လို့ အင်မတန်မှအရေးကြီးကြောင်း၊...
read more

Friday, September 21, 2012

မမေ့လျော့ခြင်းနှင့်ပတ်သတ်သော အဆိုအမိန့်များ

ပိဋကတ်စာပေတို့၌ အပ္ပမာဒနှင့် ပတ်သက်၍ ထူးခြားသော အဆိုအမိန့်များကို တွေ့ရ၏။ ယင်းတို့မှာ ၁။ မမေ့လျော့ခြင်းသည် မြတ်သော မင်္ဂလာ။ ၂။ မမေ့လျော့ခြင်းသည် နိဗ္ဗာန်ရကြောင်းဖြစ်သည်။ ၃။ မမေ့လျော့သူတို့သည် မသေတော့ပြီ။ ၄။ မမေ့လျော့ခြင်းသည် ကျေးဇူးများသော တရားတစ်ပါးဖြစ်  စသည်တို့ဖြစ်ပါသည်။ ၁။ မမေ့လျော့ခြင်းသည် မြတ်သောမင်္ဂလာ မြတ်စွာဘုရားရှင်သည် ကြီးပွားချမ်းသာခြင်း၏ အကြောင်းမင်္ဂလာတရားတော်များကို ဟောကြားတော်မူရာ တွင် “အပ္ပမာဒေါစ ဓမ္မေသု ဧတံမင်္ဂလ မုတ္တမံ”ဟူသော မင်္ဂလာတရားတစ်ပါးကိုလည်း ထည့်သွင်းဟော ကြားတော်မူ ပါတယ်။ယင်း၏ အဓိပ္ပါယ်မှာ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်းသည် မြတ်သော မင်္ဂလာ မည်၏။ဟူပေသည်။ လောကစည်းစိမ်ချမ်းသာ လောကုတ္တရာစည်းစိမ်ချမ်းသာတို့ကို ရရှိခံစားရခြင်းကို မင်္ဂလာရှိသည်ဟုဆိုကြ သည်။ ယင်း ချမ်းသာတို့ကို အရင်းအနှီးမရှိဘဲ အလကားရရှိကြ သည်မဟုတ်ပေ။ ဒါန၊ သီလ၊ သမထဝိပဿ နာ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးမှု အရင်းအနှီးလိုအပ်ပေသည်။...
read more

Tuesday, August 28, 2012

စေတီအကြောင်း သိကောင်းစရာ

ဘုရားသို့မှန်းခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ၊ နတ်လူဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်။ ထို့အပြင်စေတီတော်မှ ညွှန်ပြသောသင်္ကေတများ မှဟောပြောနေသော တရားတော်များကို ဆင်ခြင်နှလုံးသွင်းနိုင်ပါက ပါရမီရင့်သန်ပြီးသူဖြစ်ပါကဘုရားဖူး ရင်းပင်နိဗ္ဗာန်ရနိုင်ကြောင်းပြော မည်ဆိုပါကလွန် အံ့မထင်.....။ စေတီဆိုတဲ့ ဝေါဟာရ စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင်မပွင့်ထွန်းခင်ကတည်းကအိန္ဒိယနိုင်ငံမှာရှိနေခဲ့ပါတယ်။ ဝေသာလီပြည် ကြီးရဲ့အနီးပတ်ဝန်းကျင်မှာ...
read more

Sunday, August 26, 2012

တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကိုသတ်ပေမယ့် နှစ်ဖက်လုံးသေပါတယ်

အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကတော့ အရပ်ထဲမှာ ပြောနေကျအတိုင်းပဲပေါ့။ ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါပဲ။ ဘယ်သူသေသေ ငတေမာပြီးရော။ ကိုယ်အဆင်ပြေရင်ပြီးရော၊ ကိုယ်ချမ်းသာရင်ပြီးရော၊ ကိုယ်ပြည့်စုံ ရင်ပြီးရော။ သူများတွေဘာဖြစ်ဖြစ်။ ကိုယ့်ရဲ့အကျိုးစီးပွားပြည့်စုံဖို့အတွက် သူတစ်ပါး စိတ်ဆင်းရဲရင် ဆင်းရဲပါစေ။ မျက်ရည်ပေါက်ကြီးငယ်ကျရင်...
read more

Saturday, August 25, 2012

ဆိုက်များ Submit ပြုလုပ်ရန်

မိမိရဲ့Site များ၊ ဘလော့များကို Search Engine မှာလွယ်လွယ်ကူကူ ရှာရတာအဆင်ပြေအောင် ပုံမှန်ဒီနေ ရာလေး ၂ခု မှာမိမိရဲ့Site နဲ့ ဘလော့တွေကို Summit လုပ်ပေးနိုင်ပါတယ် ခင်ဗျာ။ ၁။ Submit Start (ပုံလေးကိုကလစ်ပြီး Summit လုပ်ပေးပါ) ၂။ Seoscores (ပုံလေးကိုကလစ်ပြီး Summit လုပ်ပေးပါ) ...
read more

Friday, August 24, 2012

ဝဋ္ဋ်ဆိုတာ လည်တတ်ပါတယ်

ကောင်းမှုပြုလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းမှုပြုရင် မကောင်းကျိုးကို ခံစားရပါတယ်။ ကိလေသာ ကင်းစင်ပြီး နိဗ္ဗာန်သို့ မရောက်မချင်း ကိုယ်ပြုသမျှ ကောင်းမှု မကောင်းမှုများ၏ အကျိုးကို သံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး ခံစားရမှာဖြစ်ပါတယ်။ ဘုရားရဟန္တာတို့တောင်မှ ရှောင်လွဲ လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင် နောက်ဆုံးဘ၀တွင် ပေးဆပ်တော်မူခဲ့ရသော ၀ဋ္ဋ်တော်(၁၂)ပါးကို ဖော်ပြ လိုက်ပါတယ်။ (၁) ဒုက္ခရစရိယာ ခြောက်နှစ်ကျင့်ရခြင်း။ ကဿပဘုရားရှင်လက်ထက်...
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: