မွန်ပြည်နယ် ၊ ဘီလင်းမြို့ နယ်တွင်ပါဝင်သည့် ၀င်ကရွာမှာပင်လယ်ရေပြင်နှင့် ၁၁၈၁ -ပေမြင့်သည် ၊ကေ
လာသစေတီတော်ကြီးကိုဖူးမြင်နိုင်သည်။ ကေလာသစေတီတောင် တော်ခြေရင်းတွင်မုဆိုးကြီးဦးတောင်
ပိုင်ကိုအကြောင်းပြု၍ ကျေးရွာအတွင်း အမှန်တကယ်ဖြစ်ပျက်ခဲ့သောအကြောင်းအရာပင်ဖြစ်ပါချေ၏ ။
“ ဒကာကြီးသိမ်ဆောက်ဖို့ ငွေကြေးပြည့်စုံပြီးလား ”
တစ်ခုသောဥပုသ်နေ့ တွင်ရဟန်းဒါယကာကြီး ဦးမွန်တော်ကို အများပရိတ်သတ်ရှေ့ တွင် ကျောင်းထိုင်ဆရာ
တော်ဘုရာကြီးကမေးမြန်းလိုက်ခြင်းပင်ဖြစ်သည်။
“ပြည့်စုံပါပြီးဘုရား၊ တပည့်တော်မတည်ငွေ ၃၀၀ကျပ်နဲ့ ခုနှစ်ရက်သားသမီး အလှူငွေ ၁၃၅ကျပ် ရပါပြီးဘု
ရား” (ထိုခေတ်က၀န်ထမ်းတစ်ယောက်လစာမှာ ၆-ကျပ်မျှသာရှိသည် ဟုဆိုသည် )
“အိမ်း...........ဒါဆိုလည်းဂေါပကအဖွဲ့ နဲ့ ညှိပြီး ၊နေရာအတွက်မြေသန့်မင်္ဂလာလုပ်ဖို့ ၊ သိမ်နှုတ်ဖို့ ၊ သိမ်
ပယ်ဖို့ တွေစီစဉ်လိုက်ကွယ်။သံဃာ ၂၇-ပါးပင့်မယ် ၊ ဆွမ်း၊ကွမ်း မလစ်လပ်စေနဲ့ ”
“တင့်ပါ့ဘုရား”
သည်လိုနှင့်သိမ်တည်ဆောက်ရန်ဒယကာကြီး ဦးမွန်တော်မှာစီစဉ်ဆောင်ရွက်နေဆဲ ၊ တိုင်းပြည် မငြိမ်မ
သက်ဖြစ်သည်ကိုအခါင့်ကောင်းယူ၍ တောမီးလောင် တောကြောင့်လက်ပမ်းပေါင်းခတ်သကဲ့သို့ ရွာကို
ဓားပြများဝင်စီးသည်ကိုခံကြရသည်။ ၁၉၅၀-၀န်းကျင်ဖြစ်၍ ရောင်စုံသူပန်များကလည်းမင်းမူနေချိန်၊ အဓိ
ကထားဓားပြအတိုက်ခံရသည်က ရွာသူကြီးဦးမွန်တော်၏ အိမ်ပင်ဖြစ်သည်။ တစ်သက်တာ စုဆောင်း ထား
ရှိသမျှအားလုံးဓားပြလက်ထဲပါသွားသည့်အပြင် သိမ်ဆောင်ရန် အလှူငွေပါ မကျန်ခဲ့ဟုသိရသည်။
ထိုကတည်းက ဦးမွန်တော်က တို့ မိသားစု သထုံမြို့ သို့ ပြောင်းရွေ့ အခြေချနေထိုင်ပြီး ၊ လယ်ယာများကိုလူ
ယုံတော်များနှင့်သာစီစဉ်ထားရှိခဲ့သည် ။ ၁၉၆၀-ခုနှစ်တွင် ရဟန်းဒကာ ၊ ကျောင်းဒကာကြီးဦးမွန်တော်ကွယ်
လွန်ခဲ့သည်။ သည် ဇာတ်လမ်းက သည်သို့ ဆိုလျှင်ဘာမှ ဆန်းကြယ်စရာအကြောင်းမရှိပါပေ ။
သို့ သော်...........
“ဟေ့ မွတ်တား ၊ ငါ ဟိုတစ်ေ န့က၀ယ်လာတဲ့ ကျွဲပေါက်ကြီးကိုပေါ်ကွာ”
”ဟာဆရာသမားကလည်းတခြားကောင်တွေလုပ်ပါ ၊ ဒီကောင်ကြီးကသစ်ဆွဲမယ့် သူတွေဆိုဈေးကောင်း
ရနိုင်တယ် ”
”အေးလေ ...ငါလဲသိတာပေါ့ ၊ အခုဟာက အော်ဒါမှာထားတာကွ ။ ငါမှာရှိတာကနွားပိန်မနှစ်ကောင်နဲ့ နို့ 
စို့ နွားလေးတစ်ကောင်ပဲခြံထဲရှိတာ ၊ ငါမနေ့ ကထပ်ရှာတာ မရတော့....မတတ်နိုင်ဘူးလေ ။ အဲဒီကောင်
ကြီးပဲချကွာ ”
”ဟုတ်....ဟုတ်ကဲ့ဆရာသမား”
”ဟေ့ ....ကျွဲကြီးနဲ့ ငနက်လာကွာ ”
ဟုပြောရင်းဆိုရင်းနွားသတ်သော ဓားကောက်ကိုကိုင်၍ မွတ်တား ဆို သောလူထွားကြီးကခြံထဲသို့ ဆင်းသွား
ခဲ့သည်။ လိုအပ်သော ပစ္စည်းများယူ၍လိုက်လာသည့် ကျွဲကြီး ခေါ် ငကျွဲနှင့် နက်ကျော် ခေါ်ငနက်တို့ က ပါ
လာခဲ့သည်။ သူတို့ အဖို့ တစ်နေ့ ...တစ်နေ့ ကျွဲ ၊ နွား ၃-၄-ကောင်ပေါ်နေရသဖြင့် သည့်အလုပ်က ထမင်း
စားရေသောက်မျှသာ။
“ကဲ မင်းက နဖားကြိုးဆွဲပြီး ခုံပေါ်ဆွဲခဲ့ကွာ ”
”သြော်...အေး”
ဟုဆိုကာ နက်ကျော်ထွက်သွားသည်။
“ဟာ”
“ဟေ့...မွတ်တား ၊ ဒီကောင်ကြီးကမျက်ရည်တွေ ကျနေပါလား၊ နေမကောင်းဘူးလား မသိဘူး”
“အိုကွာ...ဘာဖြစ်ဖြစ်ဆွဲသာလာခဲ့”
ဟုမွတ်တားဖြေသံကြားရ၍ နက်ကျော်နဖားကြိုးကို ကောက်ဆွဲလိုက်သည်။
“ ဟ .... ရုန်းလှချည့်လား ”
“ ဟာ .. ဟာ ငါ့ကိုလှည့်ခတ်နေပြီ ၊ လာကြဦးကွ”
“ နဖာကြိုးမလွတ်စေနဲ့ ”
“ဟေ့ ..ကောင် မင်းခြေတောက်နင်းခံရမယ် ။ သတိထား ”
ခဏခြင်းပင်ပွတ်လောရိုက်သွားသည် ။ သုံးယောက်နှင့်တစ်ကောင်ထိန်းမရ။
“ဟာ .. နဖားကြိုးပြတ်သွားပြီ”
“လိုက်...လိုက် ဟိုမှာခြံဝကို ပြေးပြီး”
ခြံထဲမှရုတ်ရုတ်သဲသဲ အသံကြောင့် သားသတ်လိုင်စင်ရ ဦးမူဆာ အိမ်ပေါ်ကဆင်းလာသည် ။ သူတွေ့ လိုက်
ရသည်က တစ်ရှိန်ထိုး ထွက်ပြေးလာသော ကျွဲပေါက်ကြီး ၊ သူ့ နောက် ကသူ့ တပည့် သုံးယောက် ။
“ဟေ့....ဟေ့ မြို့ထဲဆက်မပြေးစေနဲ့ ၊ ရှေ့ ကပြေးပိတ်”
သူကမည်သို့ သတိပေးနေသော်လည်း ကျွဲပေါက်ကြီး ပြေးနေသည်က သထုံမြို့ နယ်ထဲဘက်ဆီသို့ သာ...။
ဆရာတော်ဦးဇာဂရသည် ဒါယကာကြီး ဦးမွန်တော် ၆-နှစ်ပြည့်ဆွမ်းကျွေးသို့ တစ်ကူးတစ်က လာရောက်
ပင့်ထားသဖြင့် မနေ့ ကတည်းက သထုံရွှေ စာရံဘုရားအနီးတဲကျောင်းသို့ ရောက်ရှိနေခဲ့သည်။ မနက်၅:၃၀
တွင်အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်သဖြင့်သံလ၁ လာတောက်သော ကပ္မိယနှင့်အတူ ဈေးလမ်းအ
တိုင်း ဘုံကျောင်းလမ်းဘက်သို့ ကြွလှမ်းလာခဲ့သည်။ ထိုစဉ်မှာပင် လူအများရုတ်ရုတ်သဲသဲဖြင့်ပြေးကြ၊ လွှား
ကြ၊ဆူညံအော်ဟစ်သံများ ကြားလိုက်ရသည်။ဈေးတောင်းများ ၊ ဈေးပန်းများ ပစ်၍ ပြေးလွှားနေကြသော
ဈေးသည်များ ၊ ဈေးဝယ်သူများကိုဆရာတော် ခေတ္တာမျှရပ်၍ လေ့လာကြည့်နေခဲ့သည်။ ထိုစဉ်ကပ္မိယမှ
“ဆရာတော်ဘုရား......ဘေးကပ်တော်မူပါဘုရား၊ ဟိုမှာကျွဲတစ်ကောင်လွှတ်လာလို့၊ အန္တာရယ်ကင်း
အောင် ဘေးကပ်နေတော်မူပါ ဘုရား ”
”သြော်အေးအေး ” ဟု ဆရာတော်ကအမိန့် ရှိသည် ။
ထိုအချိန်မှာပင် သားသတ်ရုံမှ လွတ်လာသော ကျွဲပေါက်ကြီးသည် ကဒုန်းစိုင်းပြေးလာပြီ.......
ဆရာတော် ဦးဇာဂရကိုမြင်လိုက်သည့်နှင့်တုန့် ကနဲ့ ရပ်တန့် သွားသည် ။
ရှေ့ ခွာနှစ်ခုသည်ပင်အရှိန်ကြောင့်လျောသွားပြီး ၊ ဆရာတ်ေရှေ့အရောက်ဒူးတုပ်လျက်ရောက်လာခဲ့သည်။
ကျွဲပေါက်ကြီး၏ မျက်ဝန်းနှစ်ခုမှာ အသနားခံနေသည့်ပမာ ။မျက်ရည်တွေက လည်း ယိုစီးကျနေသည် ။သိပ်
မကြာ သားသတ်သမား ၃-ယောက် ရောက်လာခဲ့သည် ။ အကျိုးအကြောင်းမေးမြန်းသိရှိသွားသော ဆရာ
တော် ဦးဇာဂရက ချက်ခြင်းပင်ကျွဲပေါက်ကြီး အသက်ကိုကယ်ရန် ဆုံးဖြတ်လိုက်သည် ။ သူတွင့်ပါလာသော
ဝတ္တုငွေနှင့် ဈေးသူ ၊ ဈေးသားများ ထည့်ဝင်ငွေပေါင်း၍ ကျွဲပေါက်ကြီး ကို သားသတ်မားလက်မှ ကယ်ဆယ်
လိုက်တော့သည်။ ထိုစဉ်ကသထုံမြိဲု့ လေးသည် ယခုလောက် လူဦးရေ မများပြားသေးပေ ။ ထို့ကြောင့်လည်း
ဤသတင်းကိုကြားရသည်နှင့် ထေရ၀ါဒဗုဒ္ဒဘာသာဝင်များပီပီ တတ်စွမ်းသမျှ ၀တ္တုငွေပါဝင်ကုသိုလ်ယူကြ
သည်မှာဆရာတော်ဦးဇာဂရ ၊ ဦးမွန်တော် ၆-နှစ်ပြည့်ဆွမ်းကျွေးတရားဟောပြီးသည့်တိုင်၊ ဦးမွန်တော်အိမ်
ရှေ့ တွင်ပရိသတ်ကြီးကမဆဲသေး.......။
“ဘုန်းဘုန်းဘုရား ....တပည့်တော်စားလိုက် ၊ အိပ်လိုက်နဲ့ မနေလိုပါဘုရား ၊ ဆရာတော် ဆောက်လက်စမ
ပြီးသေးတဲ့ တိမ်တော်ကြီး အတွက်တတ်အားသ၍ လုပ်အားဒါန ပါဝင်လိုပါတယ်ဘုရား ။ တပည့်တော် ကို
သစ်ဆွဲခွင့်ပြုပါ ” ဟုကျွဲကြီးက အိမ်မက်ပေးလာသည် ။
ဆရာတော် သဘောအရတိရစ္ဆာန်များကိုမညှင်းပန်းလို့ ၊ မကြာခဏ အိမ်မက်ပေးလာတော့ တိရစ္ဆာန်ဘဝ
မှအကုသိုလ်ကံကြွေး လျော့ပါးစေခြင်းဌာ သစ်ဆွဲ ဆင်ပိုင်ရှင် ဦးလွမ်းနှင့်ညှီနိုင်းပြီး ၊သစ်ဆွဲ ခွင့်ပြုခဲ့ရတော့
သည် ။ ထူးတော့တော်တော်ထူးပေသည် ။ တခြားကျွဲတွေထက် ပိုပြီး အလုပ်ပိုလုပ်သည် ။ ခိုခိုကပ်ကပ် လုံး
ဝမရှိ ၊ ဆရာတော်ကြီး ပေးထားသော သိမ်ဒကာကြီးဟုခေါ် လျင် အလွန် သဘောကျသည်ဟန်ရှိသည် ။
မနက် ၆ ၊ ည ၆ သစ်ဆွဲရ၍ နေ့လည်တွင် ၁ -နာရီခန့် နားရသည် ။ ဒါပေမယ့် သိမ်ဒကာကြီး ကတော့လို
အပ်သလို ဆက်ခိုင်းလို့ ကတော့ တစ်ခါမျှရန်းကန်ခြင်းမရှိ ၊ စိတ်လို လက်ရလုပ်သည်သာ ...... ။
ထို့ ကြောင့်လည်း သစ်ဆွဲလုပ်ငန်းရှင်များသာ “သိမ်ဒကာကြီး”ကိုဈေးကောင်းပေး၍ ဌားရမ်းကြသည်။ အ
လုအယက်ဈေးပိုပေးကြသဖြင့် သစ်ဆွဲဆင်လောက်နီးပါး ဈေးကောင်းရပေသည် ။ တချို့ ဆိုလျှင် အပိုင်ဝယ်
ယူလို၍ဆရာတော်အား လာရောက်လျှောက်ထားသူများရှိသည် ။ သို့ သော် ဆရာတော် ကမိန့် သည်မှာ -
“သိမ်ဒကာကြီး ကိုသိမ်အဆောက်အဦးပြီးတာနဲ့ရေစက်ချပြီး ၊ သူ့ ကို ဘေးမဲ့ပေးမှာပါ၊ ရောင်းဖို့ ဆိုတာတော့
မဖြစ်ပါဘူး ” ဒါကြောင့်လည်းနောက်ဆုံး “ သိမ်ဒကာကြီး ” ကိုသစ်ဆွဲချိန်အမှီဈေးကောင်းပေး ၍အလုအ
ယက်ဌားရမ်းကြရသည် ။ သည်လိုနှင့် ၃- နှစ်အတွင်းဆရာတော် ဦးဇာဂရ ၏ သိမ်တော်ကြီးသည် ကျေနပ်
အားရဖွယ်ကောင်းလောက်အောင်သေသပ်ခန့် ညားစွာအောင်မြင်ပြီးစီးသွားခဲ့ပေတော့သည် ။
၁၉၆၀ -ခုနှစ် ၊ ပြာသို့ လပြည့်နေ့  ။ သိမ်တော်ကြီးရေစက်ချပွဲ ။
အထက်အညာဒေသမှာနာမည်ကျော်ဓမ္မကထိကများကတရားဓမ္မလာရောက်ချီးမြင့်ကြသည်မှာခုနှစ် ရက်
၊ ခုနှယ်လီ ပြည့်ခဲ့ပေပြီ ။ ညတရားပွဲတိုင်း ရိုသေတုဝပ်စွာမဏ္ဍပ်အလည်မှာ တရားနာနေသည်က ထူးထူး
ခြားခြား “သိမ်ဒါယကာ” ကျွဲပေါက်ကြီး ။ ယနေ့  နံနက် ၁၀-နာရီ သိမ်ရေစက်ချပေတော့မည် ။ မည်သူက
မျှမခေါ်၇ဘဲမဏ္ဍပ်ထဲဝင်လာသည့် “သိမ်ဒါယကာကြီး ” ကိုလူတိုင်းက လမ်းဖယ်ပေးကြသည် ။ သူကျော့ပေါ်
တွင် ကဗ္မလာအနီလွှမ်းခြုံထားသည် ။ ပလ္လင်အနီး ရိုသေတုပ်ဝပ်စွာ ဦးခေါင်းကိုမြေပေါ်မှေးတင်ထား၍ ဆရာ
တော်ကို ဖူးမျော်သည်မှာ လူတိုင်းအဖို့ ထူးခြားဆန်းကြယ် ၊ ပြောမဆုံးပေါင် တောသုံး တောင်ဖြစ်နေရပေ
တော့သည် ။ ဆရာတော်ဦးဇာဂရ၏ တရားပွဲအပြီး ၊ ရေစက်ချ အမျှဝေသည်။ သိမ်ဒါယကာ ကျွဲပေါက်ကြီး
သည် ဦးခေါင်းကိုအနည်းငယ်ကြွ၍ သုံးကြိမ်သုံးခါ ခေါင်းငြိမ့်သာဓုခေါ်ဟန်ပြပြီး ၊ ရုတ်ရက်ငြိမ်သက်သွားလေ
သည်။ ကြေးစည်ရိုက်သံကစည်ဝေနေသည်။ ပရိတ်သတ်ကလည်း ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေ ကြ
သည်။ သိမ်ဒါယကာကြီးကား မတုန်မလှုပ် ၊ နေရာကမရွေ့  ။ ကျောက်ရုပ်ကြီးပမာ ။ ဆရာတော် ဦးဇာဂရ
ကိုယ်တိုင်အနီးကပ်၍ “ သိမ်ဒကာကြီး ထတော့လေ ” ဟုဆိုသော်လည်းမလှုပ်မရှား ။ ငြိမ်သက်စွာ တုပ်
ဝပ်နေလျက်ပင် ။ သေသေချာချာလေ့လာတော့မှ အသက်မရှိတော့ပါတကား ။
*************
“ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား ”
“ဟင်......မင်း ”
” ဟုတ်ပါတယ် ဘုရား ၊ တပည့်တော်ဆရာတော့် ရဟန်းဒါယကာကြီးဦးမွန်တော်ပါဘုရား ”
”အေးအေး ...အခုလိုချမ်းချမ်းသာသာအရောင်အဆင်း တောက်တောက်ပြောင်ပြောင်နဲ့ အဆင်းရနံသင်း
ထုံနေတဲ့နတ်သားအဖြစ်မြင်ရတာဝမ်းမြောက်ပါတယ်ကွယ် ”
“ဒါကလဲဆရာတော်ကျေးဇူးကြောင့်ပါဘုရား”
“တကယ်တော့တပည့်တော်တို့ ရွာကိုဓားပြတိုက်စဉ်ကသိမ်ဆောက်မယ်ငွေတွေပါမသွားပါ ဘုရား ၊ တပည့်
တော် ရွှေ ၊ ငွေ တွေသာအကုန်ပါသွားပါတယ် ၊ ဒါပေမယ့်ဝတ္တုငွေပေါကြွယ်စဉ်ကမဖောက်ပြန်ခဲ့တဲ့ တပည့်
တော်ဟာဓားပြတိုက်ရာမှာသီးခြားနေရာမှာထားလို့ ကျန်ခဲ့တဲ့သိမ်ဆောက်မယ့်ငွေတွေကိုအရင်းပြုပြီး ၊ ဘ
ဝကိုနောက်တစ်ကြိမ်ချမ်သာဖို့ ကြိုးစားခဲ့တာပါ ဘုရား ၊နောက်စုဆောင်းပြီးမှ သိမ်ဆောက်မယ်လို့ စဉ်စား
ခဲ့ပေမယ့် သေသာသေခဲ့တယ် ၊ တပည့်တော်အကုသိုလ်ကြွေးတွေနဲ့ ပေါ့ဘုရား ”
“ဒါကြောင့်လည်း ဘုရားပစ္စည်း ၊ သံဃာ့ ပစ္စည်း ၊ သာသနာပစ္စည်း မတရားယူခဲ့မိလို့ တပည့်တော်ကျွဲဘဝ
နဲ့ ဆရာတော်ဆီမှာရောက်ခဲ့ရတာပါဘုရား...ယခုတော့တပည့်တော်ရဲ့ အကုသိုလ်အကြွေး ကုန်ခဲ့ပါပြီးဘုရား
တပည်တော့်လိုအဖြစ်မျိုး နောင်မဖြစ်ရအောင်ဆရာတော်လူပရိတ်သတ်ကိုဆုံးမပေးတော်မူပါဘုရား ”
”အေး...အေး...အေး ၊ သာဓု......သာဓု ...... သာဓု”
(အရှင်ဓမ္မရက္ခိတ)
************************
အခုလို ပြန်လည်မျှဝေလိုက်တာ ဟာ စာဖတ်သူနောက်တစ်ခုခုပါသွားစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ပါ...။
ဖြစ်ရပ်မှန်ဇာတ်လမ်းလေး ဖတ်သွားပါတယ်ဗျာ......သင်ခန်းစာတွေပေါ့ဗျာ.....
ReplyDeleteမှတ်သားစရာလေးပါပဲ
ReplyDeleteစာဖတ်သူများအားလုံးကိုမျှဝေပေးသင့်တဲ့ ဖြစ်ရပ်မှန်လေးပါရှင်
ReplyDeleteအကိုရေ လာဖတ်သွားပါတယ်....
ReplyDeleteကျေးဇူးပါဗျာ....
ReplyDeleteစာဖတ်နေတဲ့အချိန်လေးအတွင်းမှာတော့ လောဘ ၊ ဒေါသ ၊ မောဟလေးတွေကင်းကွာသွားခဲ့ရပါတယ်...:)
ရာဇာလေးရေ..
ReplyDeleteမကြီးလွမ်းလာခဲ့တယ်နော်။ ဟိုနေ့က ဘလော့ထဲ မျောက်ဝင်သွားလို့ ပျောက်သွာတား..အဟီး
အကောင့်ရှိရင် ပေးထားဦး.. ဘလော့မိတ်ဆွေတွေ အနေနဲ့ပေါ့။
ခင်မင်တဲ့
အလွမ်းမြို့
စာဖတ်သူများအားလုံးကိုမျှဝေပေးသင့်တဲ့ ဖြစ်ရပ်မှန်လေးပါ လာဖတ်သွားပါတယ်
ReplyDelete