ယနေ့ညနေ ၃ နာရီ ၈ မိနစ်အချိန်တွင် ဆူမတြားကျွန်း အနောက်တောင်ဖက် ၂၆၈ မိုင်အတွင်းရှိ
ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အင်အား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း
ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပြီး ဆူနာမီသတိပေးချက်များလည်း
ထုတ်ပြန်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများသို့ ယနေ့ညနေ ၆ နာရီနှင့် ၆ နာရီခွဲအချိန်ဝန်းကျင်အတွင်းရောက်
ရှိလာနိုင်သောကြောင့် ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများမှာ အနည်းဆုံးအမြင့် (၁၀)မီတာ
(၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် လိုအပ်ပြီး ယခု ဆူနာမီလှိုင်း
အမြင့်ပေ ခြောက်မီတာခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဦးထွန်းလွင်ကဆိုထားသည်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါ
က ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေ
လှိုင်းတက်သံများအော်မြည်လာလေ့ရှိသည်ဟု ဦးထွန်းလွင်က အကြံပြုထားသည်။
.........................................................................................................
သိခွင့်ရတာ ကျေးဇူးတင်ပါတယ်ညီရေး.....သဘာဝဘေးအန္တရယ်လ်တွေကလဲမလွယ်ဘူး..အားလုံးဘေးကင်းကြပါစေ..
ReplyDeleteအစ်ကိုရေ သတင်းထူးလေးပါဘဲ...လာဖတ်သွားတယ်ဗျာ......ခုမှသိတာ ကျောင်းသွားနေလို့.....ကျေးဇူးပါ
ReplyDeleteဖတ်သွားတယ် အကိုရေ
ReplyDelete