တနေ့က ဦးဇင်း အရှင်ဝိမလ၀ံသ တင်လိုက်တဲ့ “ ၀ိုင်းဝန်းကူညီပေးကြပါ ” ဆိုတဲ့ ပိုစ်လေးဖတ်လိုက်ရပါ
တယ်… ။ အလှူရှင်ရှာတဲ့ ( အလှူခံတဲ့ ) ပို့စ်လေး ဆိုလည်း မမှားပါ ဘူး…။ ဒီ အစီအစဉ်လေးရှိ ခဲ့မှန်း
လည်း အစက ကျွန်တော် မသိခဲ့သေးပါဘူး…။ တရက်မှာ တော့ အမ လွမ်း ( အလွမ်းမြို့လေး ) က ကျွန်
တော့် ကို ဦး ဇင်းရဲ့ အလှူ အစီအစဉ် လေးရှိတဲ့ အကြောင်းပြောလာပါတယ်… ။ အမှန်ပြောရရင် ဦးဇင်း
ဦးဝိမလ၀ံသ ကိုကျွန်တော် ဘလော့ထဲ မရောက်ခင်ကတည်း ကသိထားတာပါ…။ ကျွန်တော် ဘလော့ထဲ
ရောက်လာ တာမကြာသေးပေမယ့် နိုင်းဆိုက် တွေ ကွန်တွေမှာတော့ လည်ပတ်နေတာကြာပါပြီ… ။ ဦးဇင်း
ကို ကျွန်တော် အက်ဒမင် ကူလုပ်ပေးနေတဲ့ အိမ်လွမ်းသူ ဆိုက်နဲ့ အပြုံးပန်းဈေးခင်း ဆိုက်တွေ မှာဘာသာ
ရေးပိုစ်လေးတွေ လာရောက်တင်ပေးဖို့ လျှောက်ထားခဲ့ဖူး ပါတယ် … ။ ဦးဇင်းလည်း အားရင်အားသလိုလာ
တင်ပေးပါတယ်.. ။ အဲဒီကထဲက ဦးဇင်းနဲ့ ဆိုက်တွေထဲမှာ ကွန်မန့်လေးတွေနဲ့ ရင်းနှိးခဲ့တာပါ…။ ဦးဇင်းနဲ့
စတင်ရင်နှီးတဲ့ အချိန် ကနေစလို့ အခုချိန်အထိ ဦးဇင်းက ဘာလေးလုပ်ချင်လိုက်တာ ဆိုတဲ့ စကားမျိုး၊ ပို့စ်
မျိုး ရေးသားတင်ပြခြင်း လည်းမရှိခဲ့ ပါဘူး…။ အခုလည်း ဦးဇင်းလုပ်ချင်တဲ့ အလှူအကြောင်း အမ လွမ်း
( အလွမ်းမြို့လေး ) လာပြောမှ သိရတာပါ…။ ဦးဇင်းအနေနဲ့ လုပ်ချင်တဲ့ဆန္ဒသာပြင်းပြနေပေမယ့် ကုန်ကျ
မယ့် ငွေကြေးအတွက် မတတ်နိုင် လို့ ဒီအတိုင်း တပါးတည်း စဉ်းစားနေတာ တနှစ်ကျော်တဲ့ အထိဘာမှ
အကောင်အထည်မဖော်နိုင်သေးဘူးဆိုတာ ဦးဇင်းရဲ့ ပို့စ်လေးမှာ ဖော်ပြထားလို့ ဖတ်ရင် သိနိုင်ပါ တယ်..။
အမလွမ်း ( အလွမ်းမြို့လေး ) လာပြောတော့ဒီအစီစဉ် လေး ကိုကျွန်တော် ချက်ချင်းပဲလက်ခံလိုက်ပါတယ်
… ။ နောက်ပြီး ကျွန်တော်နဲ့မောင်နှမတွေ လိုဖြစ်နေတဲ့ ညီမလေး လမင်း ( ချစ်စံအိမ် ) ကိုလည်း ကျွန်တော်
တို့ အစီအစဉ်လေး သွားချပြလိုက်ပါတယ်..။ သူလည်းအားတတ်သရော တတ်နိုင်သလောက် ပါဝင်မယ် ဆို
တော့ ကျွန်တော်တို့အားတက်သွားပါတယ်…။ ကျန်တဲ့ ဘလော့မောင်နှမတွေကိုတော့ ဘာ မှ မစီစဉ်ရ
သေး လို့ ကျွန်တော်တို့ အသိမပေးခဲ့သေးပါ ဘူးခင် ဗျာ …။ ဒီအလှူလေးအထမြောက်ဖို့ အရေး ဦးဇင်း က
ဦး ဆောင် လို့ ကျွန်တော်တို့ဘလော့မောင်နှတွေ က တတ်အားသ လောက် ၀ိုင်းကူညီကြမယ် ဆိုပြီး ဒီအစီ
အစဉ်လေးကို စပြီး အကောင်အထည်ဖော်ကြတာပါ…။ ဒါမေမယ့် ဘယ်ကဘယ်လို ဘာကိုစလုပ်ရမယ် မှန်း
မ သိတာတော့ အမှန်ပါ…။ ကျွန်တော်ကိုယ်တိုင်လည်း အခုလို တခါမှ မလုပ်ဖူးပါဘူး…။ ကိုယ့်တယောက်
ထဲ လှူချင်တာဆို ရင်တော့ လွယ်ပါတယ်…။ ဦးဇင်းဆီ အလှူငွေထည့် ပေးလိုက်ယုံ နဲ့ပြီးပါတယ်…။ သို့
သော် ဦးဇင်းရဲ့အလှူအ တွက် ကျွန်တော်တို့ အားနဲ့ လည်း မတတ်နိုင်ပါ ဘူး ခင်ဗျာ…။ ကိုယ်တတ်နိုင် သ
လောက်လေး သာလှူဒါန်း နိုင်မှာ ဖြစ်လို့ နောက်ထပ်အလှူ ရှင်များစွာလိုအပ်နေမှာ အ မှန်ပါ… ဒါကြောင့်
မလေးရှား မှာ ရှိတဲ့စေတနာ သဒ္ဒါတရားထက်သန်တဲ့ အလှူရှင်မောင်နှမတွေ ကို ကျွန်တော် ဒီနေရာလေး
ကနေလာရောက်လှူဒါန်းဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ် ခင်ဗျာ…။ ။
အလှူဆို တဲ့နေရာမှာလည်း နည်းတာ၊ များတာက အဓိက မကျပါဘူး ခင်ဗျာ…။ ဆရာတော်ကြီ်း များအလှူ
အတန်းနဲ့ ပတ်သတ်လို့ ခဏခဏ မိန့် ကြား နေတဲ့သြ၀ါဒလေး တခုရှိပါတယ်…။ “ညောင်ပင်ကြီးလောက်
လှူလည်း ညောင်စေ့လေးလောက်သာရတတ် သလို…။ ညောင်စေ့လေး လောက်လှူလည်း ညောင် ပင်
ကြီး လောက်ရတတ်ပါတယ်” ဆိုတာပါ ပဲ ခင်ဗျာ…။ ဆိုလိုရင်း ကတော့နည်းတာ များတာအဓိကမကျပဲလှူ
တန်း တဲ့နေရာ၊ လှူတန်းတဲ့အချိန်ခါမှာသာလှူတတ်ဖို့ မိမိရဲ့ စိတ်သာ အဓိကကျပါတယ် ခင်ဗျာ…။ ကိုယ်
က တစ် ကျပ်ပဲ လှူနိုင်တယ်၊ သူတို့ ကတော့ တစ်ထောင် တောင်လှူနိုင်တယ် ဆိုပြီးလည်း အားငယ်စရာ
မလိုပါ ဘူး…။ ကိုယ်လှူလိုက်တဲ့ တစ်ကျပ်ပေါ်မှာ စေတနာ သုံးတန် ထက်သန်ပြဌာန်း နေမယ်၊ စိတ်ထား
ဖြူဖြူစင်စင်နဲ့ စိတ်ထဲ မှာလည်း ၀မ်းသာပီတီ တြွေုဖစ်နေပြီဆိုရင် ကိုယ်လှူလိုက်တဲ့အလှူကအ ထမြောက်
သွားပါပြီ…။ အဲဒီနေရာ မှာစေတနာ သုံးတန် ပတ်သတ်လို့ ကျွန်တော်မှတ်သားဖူးထားတာလေးနည်း နည်း
ပြန်ရှင်းပြချင်ပါတယ်ခင်ဗျာ…။ မှားတာပါရင်လည်း ခွင့်လွတ်ပါ ခင်ဗျာ..။
၁။ ပုဗ္ဗစေတနာ = မလှူမီ ကြိုတင်ဖြစ်တဲ့ စေတနာ
၂။ မုဉ္စစေတနာ = လှူဆဲအခိုက်မှာ ဖြစ်နေတဲ့ စေတနာ့
၃။ အပရစေတနာ = လှူပြီးနောက်ပိုင်းမှာ ဖြစ်တဲ့စေတနာ တို့ပဲ ဖြစ်ပါတယ်။
ဒီသုံးမျိုးမှာ ဗုဒ္ဓဘာသာဝင်များ အဖြစ်များကာ ဖြစ်ဖို့လည်းလွယ်တဲ့စေတနာတွေက ပုဗ္ဗစေတနာ နဲ့၊ မုဉ္စစေ
တနာ တွေဖြစ်ပြီး အပရစေတနာ က ဖြစ်ဖို့အတော်ခက်ခဲပါတယ်...။ ဆိုကြပါစို့… အလှူဒါန တစ်ခုခုကို ပြု
ကြတော့မယ်ဆိုရင် အလှူရှင်တွေရဲ့ စိတ်ထဲမှာ ဘယ်မှာ လှူလိုက်မယ်၊ ဘယ်လို လှူလိုက်မယ်၊ ဘယ်
လောက် လှူလိုက် မယ် ဆိုတဲ့ စိတ်ကူးအကြံလေးတွေ ဖြစ်နေတာ၊ ကြိုတင်ပြီး လှူဖို့အတွက် ပြင်ဆင်စု
ဆောင်းနေတာ စတာတွေ ဟာ ကိုယ်လှူမယ့်အလှူအတွက် မလှူမီဖြစ်ပေါ်နေတဲ့ ပုဗ္ဗစေတနာ ပါ... ။ အဲဒီလို
ကြိုတင်ပြီးဖြစ်ပေါ် နေတဲ့ စေတ နာလေးတွေဟာ ကုသိုလ်စိတ်ကို ဖြစ်စေပြီး ကုသိုလ်တရားကို တိုးပွားစေ
ပါတယ်...။ ထို့အတူ လှူဆဲအခိုက်အ တန့်မှာ စေတနာအပြည့်နဲ့ ကြိုးကြိုးစားစား ဆက်ကပ်လှူဒါန်း၊ ကျွေး
မွေး ဧည့်နေတာဟာ မမောနိုင်မပန်းနိုင်ပါပဲ...။ အဲဒီအခိုက်အတံ့မှာ ကျွေးချင်မွေးချင် အဆင်ပြေပြေ ဧည့်ခံ
ချင်စိတ်ကလွဲပြီး ကျန်တဲ့ဘာစိတ်မှ မရှိတဲ့အတွက် လှူဆဲအခိုက်အတန့်မှာ ဖြစ်တဲ့စေတနာကလည်း အထူး
ပြောစရာ မလိုအောင် ပြည့်စုံနေတတ်ကြပါတယ်...။ အဲ… ပြဿနာက လှူပြီးအခိုက်အတန့်မှာ ဖြစ်ရမယ့်
အပရစေတနာ ပါ...။ ကိုယ်လှူထားတဲ့ အလှူကို သတိတရဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၊ ပီတိဖြစ်ကာ မကြာ
ခဏ ဆင်ခြင်ပြီး ကောင်းလိုက်တာ အားရလိုက်တာ စတဲ့အတွေး လေးတွေနဲ့ နေနိုင်မှ အပရစေတနာ လေး
အားကောင်းပြီး ကုသိုလ်တရား တိုးပွားမှာပါ...။ စေတနာသုံးတန်နဲ့ပြည့် စုံနေမှာပါ…
သူများတွေများများလှူတာ အားကျလို့ ကိုယ်ကလည်းအားကျမခံလိုက်လှူမယ်၊ လှူလိုက်ပြီးတဲ့ အလှူ ငွေ
နဲ့ ပတ်သတ်လို့ ကိုယ့်စိတ်မှာ ၀န်ထုပ်ဝန်ပိုးလိုဖြစ်နေမယ် ဆိုရင်တော့ အပရစေတနာ = လှူပြီး နောက်
ပိုင်းမှာ ဖြစ်တဲ့ စေတနာ က မပြည့်စုံတာမို့ကိုယ်လှူလိုက်တဲ့ အလှူက စေတနာသုံးတန်မပြဌာန်းနိုင် တော့
သလို ရသင့်သ လောက်အလှူရဲ့ကုသိုလ်ဒါန အစုစုတို့ကိုလည်း မရနိုင်တော့ပါဘူး …။ ဒါကြောင့် အလှူ နဲ့
ပတ်သတ်လို့ နည်းတာ၊ များတာက ပဓာန မကျပါဘူး…။ စေတနာသုံးတန်နဲ့ ပြည့်စုံနိုင်ဖို့သာအရေးကြီး ပါ
တယ် ခင်ဗျာ…။ အခုလည်း ဦးဇင်း အရှင်ဝိမ လ၀ံသ ရဲ့ ကညင်ကုန်းကျေးရွာ လေးမီးလင်းဖို့အရေး မီးစက်
အလှူအတွက် ကျွန်တော် တို့အားလုံးစုပေါင်းပြီး ၀ိုင်း ၀န်း လှူဒါန်းလိုက်မယ်ဆိုရင် ဒီအလှူလေးက အထ
မြောက်သွား မှာပါခင်ဗျာ.…။ နှမ်းတစေ့ထဲနဲ့ ဆီမဖြစ်နိုင်ပေ မယ့် နှမ်းစေ့တွေများလာရင်တော့ ဆီ ဖြစ်ပါ
တယ် ခင်ဗျာ….။ ကျွန်တော် တို့တွေ ညဖက်မီးရဲ့ အလင်း ရောင်အောက်မှာ နေကြသလို ကညင်ကုန်း ရွာ
သူ/ ရွာသား တွေ လည်းနေချင်ကြမှာပါ…။ ကျွန်တော်တို့ တွေ တီဗွီ၊ ရေဒီယို ကထုတ်လွင့်တဲ့ သတင်းတွေ
၊ တေးသီချင်းတွေ ကြည့်နေ၊ နားထောင်နေကြသလို ကညင်ကုန်း ရွာသူ/ ရွာသွားတွေလည်း ကြည့်ချင်၊ နား
ထောင်ချင်ကြ မှာပါ…။ ကျွန်တော်တို့တွေရဲ့ လူနေမှုအဆင့် အတန်းတွေ အထိုက်လျှောက်မြင့်တက်နေ သ
လောက်၊ ကိုယ့် ထက် အရမ်းနိမ့် ကျနေတဲ့သူတွေ ကိုကျွန်တော်တို့တွေသိရဲ့သား၊ မြင်ရဲ့သား နဲ့မသိချင်
ယောင်ဆောင် ( ဥပေက္ခာပြု ) နေ မယ် ဆိုရင် ကျွန်တော်တို့ တရား ပါ့ မလားခင်ဗျာ…။ တကယ်လို့များ
ကျွန်တော်တို့သာ ကညင်ကုန်း ရွာသူ/ ရွာသွားတွေ ဖြစ်နေမယ်ဆိုရင်ကိုယ့် ရွာကိုမီး လင်းအောင်လုပ်ပေး
မယ့် စေတနာရှင် အလှူရှင်တွေ ကိုဘယ်လောက်တောင် ၀မ်းပန်းတသာနဲ့ ကျေးဇူးတင်နေကြမလည်း ဆို
တာ သူတို့နေရာက နေခဏလောက် ၀င် ခံစား ကြည့်ရင်၊ ကိုယ်ချင်းစာစိတ်လေး နဲ့ကြည့်ရင် သိနိုင်ပါတယ်
ခင်ဗျာ…။ ဒါကြောင့် ကျွန်တော်တို့တတွေလည်း သူတို့အတွက် လူသားချင်းစာနာပြီး တတ်နိုင်သလောက်
လေးတွေမျှ ဝေ ပေးနိုင်အောင် စေတနာရှင် အလှူရှင် (ဂရုဏာလက်ပိုင်ရှင်) များကိုထပ်မံဖိတ် ခေါ်ပါတယ်
ခင်ဗျာ…။
သူငယ်ချင်း ညီအကို မောင်နှတွေအားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ…။
ရာဇာထွေး
အလှူအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) ဆက်သွယ်ရန် ဖုန်း = +918083881812 ဆက်သွယ်ရန် အီးမေးလ် = ashinwimalawuntha@gmail.com . |
အလွမ်းမြို့လေး ဆက်သွယ်ရန် အီးမေးလ် = alwanmyolay@gmail.com . |
မလေးရှား တာဝန်ခံ ရာဇာထွေး ( မလေးရှား ) ဆက်သွယ်ရန် ဖုန်း = 016 6787843 ဆက်သွယ်ရန် အီးမေးလ် = yarzar.htwe5@gmail.com . |
စကာင်္ပူ တာဝန်ခံ နန်းထွေးစန္ဒာ (စကာင်္ပူ) ဆက်သွယ်ရန် ဖုန်း = +6593812015 ဆက်သွယ်ရန်မေလ်း = rainblue2010@gmail.com ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက် Bank Account- OCBC-Bank( Account No. 581-308-608-001) . |
ဇော်ဇော် (စကာင်္ပူ) ဆက်သွယ်ရန် ဖုန်း = +6581422464 . |
မြန်မာပြည် တာဝန်ခံ အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ) ဆက်သွယ်ရန်မေလ်း = thirinda000387@gmail.com . |
မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း) ဆက်သွယ်ရန် ဖုန်း = 95973036380 . ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက် Bank Account-( Account No. 027-121-013-4461) ( ကမ္ဘောဇဘဏ် - သင်္ဃန်းကျွန်းမြို့နယ် ) |
တူးတူးမာ (မုံရွာ ) ဆက်သွယ်ရန် (ရုံးဖုန်း) = 71-23629 . |
လာဖတ်တွားပီ။ အဟဲ...
ReplyDeleteအုတ်တစ်ချပ်သဲတစ်ပွင့် အလှူတွေဖြည့်ရင်း မိုးရေခံအိုးလေးအမြန်ဆုံးပြည့်ပါစေ။
ReplyDeleteမောင်ရာဇာရဲ့ တိုက်တွန်းနှိုးဆော်မှုလေးအတွက် သာဓု သာဓု သာဓုပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်