အလှူမှတ်တမ်းဓါတ်ပုံလေးများကို အောက်ကလင့်တွင်လည်း သီးသန့်တင်ထားပေးပါတယ်ခင်ဗျာ..။
ကညင်ကုန်းကျေးရွာမီးစက်အလှူ စာရင်းရှင်းတမ်း
ကညင်ကုန်းကျေးရွာကျေးရွာ မီးစက်အလှူလေးနှင့် ပညာရေးဒါနအလှူပွဲလေးကို ၁၅/ ၀၆/ ၂၀၁၂ ရက်နေ့ တွင်အောင်မြင်စွာရေစက်ချလှူဒါန်းခဲ့ပြီးပါ ပြီခင်ဗျာ…။ ကျွန်တော်တို့အလှူဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ အလှူ အတွက်ကောက်ခံရရှိတဲ့ အလှူငွေများနှင့်တကွ အလှူအတွက်ကုန်ကျငွေစာရင်းအစုစုတို့ကို အလှူရှင်များသိ ရအောင်တင်ပြလိုပါတယ်ခင်ဗျာ…။ ဒါမှလည်းအလှူရှင်များအနေနဲ့မိမိတို့လှူဒါန်းလိုက်တဲ့ငွေကို ဘယ်နေ ရာတွေမှာဘယ်လိုအသုံးပြုလိုက်တယ်ဆိုတာကို သိကြမှာပါခင်ဗျာ…။ ဦးဇင်းအရှင်ဝိမလ၀ံသ အပါအ၀င် ကျွန်တော်တို့မောင်နှမတွေဦးဆောင်ပြီး ပထမဦးဆုံးလုပ်ဖူးတဲ့ စုပေါင်းအလှူလေးပါခင်ဗျာ…။ ကျွန်တော်တို့ အနေနဲ့အခုလို မျိုးလည်းတခါမှ လုပ်ဖူး၊ ကိုင်ဖူးခြင်းလည်းအလျှင်းမရှိခဲ့ ဖူးပါဘူးခင်ဗျာ..။ ဒါကြောင့် ကျွန်တော် တို့မောင်နှမတွေအနေနဲ့ လုပ်တာကိုင်တာလေးများ အမှားအယွင်းများရှိခဲ့မယ်၊ လိုအပ်ချက်လေးတွေရှိနေခဲ့ မယ်ဆိုရင်ကျွန်တော်တို့ရဲ့ ပေါ့ဆမှုလို့ပဲသဘောထားပြီး နားလည်ခွင့်လွတ်စေချင်ပါတယ်ခင်ဗျာ..။ အခုလို အ လှူလေးတခုအထမြောက် အောင်မြင်သွားအောင်ကူညီလှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်များနဲ့တကွ ကျေးဇူးတင် ထိုက်သူများအားလုံးကို ဒီနေရာလေးကနေထပ်မံပြီးကျေးဇူးတင်ရှိပါကြောင်း ယခုအလှူလေးကိုဦးဆောင်ပြီး လုပ်ပေးခဲ့တဲ့ ဦးဇင်းအရှင်ဝိမလ၀ံသနှင့် ကျွန်တော်တို့မောင်နှမများကိုယ်စား ကျွန်တော်ပြောကြားလိုပါတယ် ခင်ဗျာ…။
အလှူအတွက်ကောက်ခံရရှိထားသောနိုင်ငံခြားငွေကို မြန်မာနိုင်ငံသို့လွှဲပြောင်းရာတွင် အောက်ပါအတိုင်း မြန် မာကျပ်ငွေများကိုရရှိပါတယ်ခင်ဗျာ။ ဒီနေရာမှာငွေဈေးအတက်၊ အကျရှိတာမို့ ကျွန်တော်တို့လွဲအချိန်နဲ့ အခု စာရင်းရှင်းတမ်းထွက်တဲ့အချိန်မှာ ငွေဈေးဟာအပြောင်းအလဲဖြစ်ချင်ဖြစ်နေနိုင်ကိုတော့ အားလုံးသတိချပ်စေ ချင်ပါ တယ်ခင်ဗျာ…။
မြန်မာပြည်မှတာဝန်ခံဖြစ်တဲ့အမမကျင်စန်းနှင့်အလှူအတွက်အစစအရာလိုက်ပါဦးဆောင်ကူညီပေးခဲ့တဲ့ ဦးလေးဦးပါအိ(မကျင်စန်းဖခင်)တို့မှပြည်တွင်းပြည်ပအလှူရှင်များလှူဒါန်းထားသောအလှူငွေများကို ဦးဇင်းအရှင်ဝိမလ၀ံသထံသို့အလှူရှင်များကိုယ်စားပေးအပ်လှူဒါန်းနေစဉ်
စဉ် | နိုင်ငံခြားငွေအမျိုးအစား.. | နိုင်ငံခြားငွေများအား ကျပ်ငွေအဖြစ်ပြောင်းလဲခြင်း | မြန်မာကျပ်ငွေ.... |
၁။ | စင်္ကာပူဒေါ်လာ | စုစုပေါင်း ( ၁၄၉၈ ဒေါ်လာအတွက်လွှဲပြောင်းငွေကျပ် ) | ၉၈၃.၄၀၀ ကျပ် |
၂။ | မလေးရှားရင်းဂစ် | စုစုပေါင်း ( ၁၅၈၀ ရင်းဂစ် အတွက်လွှဲပြောင်းငွေကျပ် ) | ၄၁၇.၀၀၀ ကျပ် |
၃။ | အင်္ဂလန်ပေါင် | စုစုပေါင်း ( ၁၀၀ ပေါင် အတွက်လွှဲပြောင်းငွေကျပ်) | ၁၃၀.၀၀၀ ကျပ် |
၎။ | ဒိန်းမတ် ခရိုနာ | စုစုပေါင်း ( ၂၇၀၀ ခရိုနာ အတွက်လွှဲပြောင်းငွေကျပ်) | ၃၅၀.၀၀၀ ကျပ် |
၅။ | အမေရိကန်ဒေါ်လာ | စုစုပေါင်း ( ၂၀၀ ဒေါ်လာ အတွက်လွှဲပြောင်းငွေကျပ်) | ၁၆၀.၀၀၀ ကျပ် |
၆။ | အိန္ဒိယ ရူပီ | စုစုပေါင်း ( ၁၀၀၀ ရူပီ အတွက်လွှဲပြောင်းငွေကျပ်) | ၁၇.၀၀၀ ကျပ် |
၇။ | မြန်မာ ကျပ် | စုစုပေါင်း ( မြန်မာကျပ်ငွေဖြင့် လှူဒါန်းသောငွေကျပ်) + | ၂.၄၈၃.၀၀၀ ကျပ် |
အလှူအတွက်ကောက်ခံရရှိသောစုစုပေါင်းမြန်မာငွေကျပ် = | ၄.၅၄၀.၄၀၀ ကျပ် |
အလှူအတွက်ကျွန်တော်တို့ ကောက်ခံရရှိငွေဟာစုစုပေါင်း (၄.၅၄၀.၄၀၀ကျပ်) ဖြစ်ပါတယ်ခင်ဗျာ…။ ဒီနေ ရာမှာကျွန်တော်တို့အနေနဲ့ တင်ပြစရာတစ်ခုရှိပါတယ်ခင်ဗျာ…။ ကနဦးအလှူငွေကောက်ခံခဲ့ရာမှာ အလှူ ရှင်တစ်ဦးဖြစ်တဲ့ ဦးဇင်းအရှင်ကောဝိဒ (စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း) မှအလှူငွေကျပ် ၁ သိန်းကိုနှုတ်က တိအားဖြင့်ထည့်ဝင်ထားခဲ့ပါတယ်ခင်ဗျာ..။ ကျွန်တော်တို့အလှူခံပိတ်သိမ်းချိန်မှသာအလှူငွေကို လာရောက် ထည့်ဝင်မှာဖြစ်ပါတယ်ခင်ဗျာ...။ ကျွန်တော်တို့အနေနဲ့ အလှူခံပိတ်သိမ်းချိန်တွင်အလှူငွေများလိုက်လံ စုဆောင်းခဲ့ပါတယ် ခင်ဗျာ..။ အဲဒီအချိန်မှာတိုက်ဆိုင်စွာဖြင့် ဦးဇင်းအရှင်ကောဝိဒ မှာခရီးလွန်နေသဖြင့် ကျွန်တော်တို့နှင့်အဆက် အသွယ်ပြတ်တောက်ခဲ့ရပါတယ် ခင်ဗျာ..။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဦးဇင်း ထည့်ဝင်ထားတဲ့ အလှူငွေ၁သိန်းကို ချန်လှပ်ထားခဲ့ပြီးလက်ရှိကောက်ခံရရှိထားတဲ့ အလှူငွေစုစုပေါင်း (၄.၅၄၀.၄၀၀ကျပ်) ကိုသာထိုကျေးရွာလေးမှာပင်အားလုံးကို လှူဒါန်းခဲ့ကြပါတယ်ခင်ဗျာ..။ ဒါကြောင့်မို့ ကညင် ကုန်းကျေးရွာမီးစက်အလှူငွေအတွက် ကျွန်တော်တို့လက်ရှိ ကောက်ခံရရှိတဲ့အလှူငွေ မှာစုစုပေါင်း (၄.၅၄၀.၄၀၀ကျပ်) ဖြစ်ပါတယ်ခင်ဗျာ…။
အလှူအတွက် အသုံးပြုကုန်ကျငွေစာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် ခင်ဗျာ…။
ပစ္စည်းဝယ်ယူခဲ့သောဘောက်ချာစာရင်းများ
နောက်ဆုံးဘောက်ချာစာရွက်(1လို့ရေးထားပါသည်)မှာသွပ်ကြိုးခွေဝယ်ယူထားသောဘောက်ချာဖြစ်ပါတယ် ခင်ဗျာ..။ ၁ပိဿာကို ၂၀၀၀ိ/ကျပ်ဈေးဖြစ်ပြီး ၁၁ပိဿာအတွက်၂၂၀၀၀ိ/ကျပ် ကျပါတယ်ခင်ဗျာ..။ ပြေစာ မှာရေးထားတာမရှင်းမှာစိုးလို့ အသိပေးတာပါခင်ဗျာ...။ မီးစက်အပါအ၀င် အထွေထွေပစ္စည်းများဝယ်ယူခဲ့ တဲ့(ဘောက်ချာပါ) စားရင်းများရဲ့စုစုပေါင်းငွေမှာ ၃.၆၄၆.၆၈၉ ကျပ်ဖြစ်ပါတယ်ခင်ဗျာ...။ အထွေထွေအသုံးပြု ခဲ့တဲ့စာရင်းများမှာအောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ...။
အထွေထွေအသုံးပြုငွေစာရင်း
စဉ် | ရက်စွဲ | အကြောင်းအရာ | အသုံးပြုငွေ............. |
၁။ | ၁.၀၆.၂၀၁၂ | ကညင်ကုန်းရွာသို့မီးတပ်ဆင်မည့်သူများပထအကြိမ်သွားရောက် လေ့လာရာတွင်လမ်းခရီးစရိတ်အတွက်အသုံးပြုငွေ | ၂၀.၀၀၀ိ/ကျပ် |
၂။ | ၅.၀၆.၂၀၁၂ | စက်ဝယ်/ သယ်ယူစရိတ်နှင့် စက်လိုက်ဝယ်သူများအားထမင်း ကျွေးမွေးအတွက်အသုံးပြုငွေ | ၁၀.၀၀၀ိ/ကျပ် |
၃။ | ၆.၀၆.၂၀၁၂ | လမ်း၃၀ လျှပ်စစ်ပစ္စည်းဆိုင်မှဝယ်ယူပြီးမီးကြိုးများကိုအိမ်သို့ သယ်ယူစရိတ် | ၅.၀၀၀ိ/ကျပ် |
၎။ | ၉.၀၆.၂၀၁၂ | ပထမအကြိမ်ဝယ်ယူပြီးမီးကြိုးများကိုအိမ်မှတဆင့်မရမ်းကုန်း သို့သယ်ယူစရိတ် | ၇.၀၀၀ိ/ကျပ် |
၅။ | ၉.၀၆.၂၀၁၂ | ပထမအကြိမ်ဝယ်ယူပြီးမီးကြိုးများနှင့်မီးစက်အားမရမ်းကုန်း မှ ကညင်ကုန်းကျေးရွာသို့သယ်ယူစရိတ် | ၁၁၀.၀၀၀ိ/ကျပ် |
၆။ | ၁၃.၀၆.၂၀၁၂ | ဒုတိယအကြိမ်မီးချောင်းများ၊ မီးခလုတ်များနှင့်လိုအပ်သော ပစ္စည်းများအားရန်ကုန်မှကညင်ကုန်းကျေးရွာသို့သယ်ယူစရိတ် | ၁၅.၀၀၀ိ/ကျပ် |
၇။ | ၁၄.၀၆.၂၀၁၂ | စက်သုံးဆီ ၄ ဂါလံ(စက်အင်ဂျင်ဝိုင်အပါအ၀င်) | ၁၅.၅၀၀ိ/ကျပ် |
၈။ | ၁၅.၀၆.၂၀၁၂ | အလှူရေစက်ချပွဲတွင်ပင့်သံဃာတော်များအားဝတ္ထုအလှူငွေ ကပ်လှူခြင်း | ၃၅.၀၀၀ိ/ကျပ် |
၉။ | ၁၅.၀၆.၂၀၁၂ | ကျေးရွာမူလတန်းကျောင်းလေးအတွက်စာရေးစားပွဲခုံ ၅စုံ အတွက်ကုန်ကျငွေ | ၁၅၀.၀၀၀ိ/ကျပ် |
၁၀။ | ၁၅.၀၆.၂၀၁၂ | ကျေးရွာမူလတန်းကျောင်းလေးအတွက်ကျောင်သုံးဗလာစာအုပ် များဝယ်ရန်လှူငွေ | ၁၀၀.၀၀၀ိ/ကျပ် |
၁၁။ | ၁၅.၀၆.၂၀၁၂ | အလှူရေစက်ချပွဲတွင်သံဃာတော်များအားဆွမ်းကပ်ခြင်း၊ အလှူ ပွဲလာဧည့်ပရိသတ်များအားမုန့်ဟင်းခါး၊ ထမင်းများ ကျွေးမွေးလှူဒါန်းခြင်း | ၁၅၀.၀၀၀ိ/ကျပ် |
၁၂။ | ၁၅.၀၆.၂၀၁၂ | ကျေးရွာမီးတပ်ခအတွက်မီးဆရာ(လျှပ်စစ်ဝန်ထမ်း)များလုပ် အားခပေးဆောင်ခြင်း | ၂၅၀.၀၀၀ိ/ကျပ် |
၁၃။ | ၁၅.၀၆.၂၀၁၂ | မီးဆရာ(လျှပ်စစ်ဝန်ထမ်း)များအား ရန်ကုန်သို့အပြန်ခရီးတွက် လမ်းစရိတ်ပေးငွေ | ၁၀.၀၀၀ိ/ကျပ် |
မီးစက်အပါအ၀င်အထွေထွေလျှပ်စစ်ပစ္စည်းများအတွက်ကုန် ကျငွေ(ဘောက်ချာပါစာရင်းများ) | + ၃.၆၄၆.၆၈၉ ကျပ် | ||
အလှူအတွက်အသုံးပြုပြီးကုန်ကျငွေစုစုပေါင်း | = ၄.၅၂၄.၁၈၉ ကျပ် | ||
~~ | ~~~~~~~ | ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ | ~~~~~~~~~~~ |
အလှူအတွက်ကောက်ခံရရှိသောစုစုပေါင်းမြန်မာငွေကျပ် | ၄.၅၄၀.၄၀၀ ကျပ် | ||
အလှူအတွက်အသုံးပြုပြီးကုန်ကျငွေစုစုပေါင်း | - ၄.၅၂၄.၁၈၉ကျပ် | ||
လက်ကျန်ငွေ | ၁၆.၂၁၁ ကျပ် |
မြန်မာပြည် ရန်ကုန်တာဝန်ခံမှ ပို့ပေးထားသောမူရင်းစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါတယ် ခင်ဗျာ...။
ပုံများကိုကလစ်ပြီးဆိုက်ကြီးအဖြစ်ပြောင်းပြီးကြည့်ရှုနိုင်ပါတယ်ခင်ဗျာ...။ အလှူအပြီးစာရင်းချူပ်ရာတွင်လက် ကျန်ငွေ ၁၆.၂၁၁ကျပ် ကျန်ရှိပါတယ်ခင်ဗျာ...။ ၎င်းကျန်ရှိငွေကို နောက်ပိုင်းအလှူများတွင်ထည့်ဝင်အသုံးပြု သွားရန်ကျွန်တော်တို့ တာဝန်ခံများအနေနဲ့ ထိန်းသိမ်းထားပါကြောင်း စေတနာ့ရှင်အလှူရှင်များအားလုံးကို အသိပေးတင်ပြလိုပါတယ်ခင်ဗျာ...။ အခုလိုအလှူလေးအထမြောက်အောင်မြင်သွားအောင် အစစအရာရာ ပန့်ပိုး ကူညီလှူဒါန်းပေးကြသော စေတနာရှင် အလှူရှင်များနှင့်တကွကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျွန်တော် တို့အလှူဖြစ်မြောက်ရေးအဖွဲ့မှကျေးဇူးအထူးပင်တင်ရှိပါကြောင်း ရိုသေလေးစား စွာဖြင့်ပြောကြား လိုပါတယ် ခင်ဗျာ....။
အလှူ့ရှင်များနှင့်တကွ ညီအကိုမောင်နှမများအားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ။
ရာဇာထွေး