Wednesday, August 8, 2012

မျိုးချစ်ပြည်ဖွား - သတိထားလော့



သတိထားလော့
သကျနွယ်ဖွား - သာကီများနှင့်
နွယ်ယှက်ဆင်းကာ - တို့မြန်မာတို့။

နောင်ခါအရေး - သောကဝေးအောင်
အနာဂတ်အား - သင့်သွေးသားကို
အမြှောင်မယား - အချောင်ထားသဖြင့်
မျိုးဇာတိလုံး - ပျက်ပျက်ပြုန်းမည်။

လင်ယူမမှား - ဗျာမများအောင်
အမျိုးသားရေး - စိတ်ဓာတ်သွေးနဲ့
လျှင်မြန်မနှေး - တားမြစ်ပေးလော့ ….။

ဘာသာပျက်မည် - အရေးသည်ကြောင့်
မိစ္ဆာညစ်သွေး - ကင်းစင်ဝေးအောင်
ဆိုဆုံးမကာ - အခါခါဖြင့်
လျှင်မြန်ယခု - မကြာပြုလော့ …။

သင်၏အိမ်ပါး - အနီးနားတွင်
မျိုးဖျက်မိစ္ဆာ - ရောက်လို့လာပြီ
မျိုးချစ်ပြည်ဖွား - သတိထားလော့ ..။





မှတ်ချက်။  ။ နှစ်သက်မိသော ကဗျာလေးတပုဒ်ကို ပြန်လည်တင်ပြပေးလိုက်တာပါ။ ကဗျာရေးသူအမည်ကို မသိတာမို့ဖော်ပြမထားပါဘူး ခင်ဗျာ။ မူရင်းကဗျာရေးသူရဲ့ ကလောင်အမည်ကို သိတဲ့သူများ ကျွန်တော့်ကို အကြောင်းပြန်ပေးပါရန် ရိုသေစွာဖြင့် ပြောကြားလိုပါတယ် ခင်ဗျာ...။


3 comments:

  1. ဖတ်တော့ဖတ်ဖူးတယ်ရေးသူမေ့နေပြီ
    မှတ်မိတဲ့အခါမှပြောပြမယ်နော်
    ကဗျာကောင်းလေးမျှဝေပေးလို့ကျေးဇူးပါ

    ReplyDelete
  2. ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားတယ် မောင်ရာဇာရေ။
    ခြေလှမ်းမမှားဘို့အတွက်ကြိုတင်ဆင်ခြင်သင့်ကြတာပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကဗျာလေးဝေမျှလို့ ကျေးဇူးပါကိုကြီးရေ

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: