Friday, September 21, 2012

မမေ့လျော့ခြင်းနှင့်ပတ်သတ်သော အဆိုအမိန့်များ

ပိဋကတ်စာပေတို့၌ အပ္ပမာဒနှင့် ပတ်သက်၍ ထူးခြားသော အဆိုအမိန့်များကို တွေ့ရ၏။ ယင်းတို့မှာ ၁။ မမေ့လျော့ခြင်းသည် မြတ်သော မင်္ဂလာ။ ၂။ မမေ့လျော့ခြင်းသည် နိဗ္ဗာန်ရကြောင်းဖြစ်သည်။ ၃။ မမေ့လျော့သူတို့သည် မသေတော့ပြီ။ ၄။ မမေ့လျော့ခြင်းသည် ကျေးဇူးများသော တရားတစ်ပါးဖြစ်  စသည်တို့ဖြစ်ပါသည်။ ၁။ မမေ့လျော့ခြင်းသည် မြတ်သောမင်္ဂလာ မြတ်စွာဘုရားရှင်သည် ကြီးပွားချမ်းသာခြင်း၏ အကြောင်းမင်္ဂလာတရားတော်များကို ဟောကြားတော်မူရာ တွင် “အပ္ပမာဒေါစ ဓမ္မေသု ဧတံမင်္ဂလ မုတ္တမံ”ဟူသော မင်္ဂလာတရားတစ်ပါးကိုလည်း ထည့်သွင်းဟော ကြားတော်မူ ပါတယ်။ယင်း၏ အဓိပ္ပါယ်မှာ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်းသည် မြတ်သော မင်္ဂလာ မည်၏။ဟူပေသည်။ လောကစည်းစိမ်ချမ်းသာ လောကုတ္တရာစည်းစိမ်ချမ်းသာတို့ကို ရရှိခံစားရခြင်းကို မင်္ဂလာရှိသည်ဟုဆိုကြ သည်။ ယင်း ချမ်းသာတို့ကို အရင်းအနှီးမရှိဘဲ အလကားရရှိကြ သည်မဟုတ်ပေ။ ဒါန၊ သီလ၊ သမထဝိပဿ နာ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးမှု အရင်းအနှီးလိုအပ်ပေသည်။...
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: