Friday, March 8, 2013

မြန်မာမလေး မ, ယဉ်ကျေး


“မြန်မာမလေး မ,ယဉ်ကျေး”

ဘုရား တရား သံဃာ
ရတနာ မြတ်သုံးပါးနဲ့ 
ဆရာသမား မိဘ
အနန္တာ အနန္တကို
အမြဲဦးချ သတိတရနဲ့ 
တုပ်ကွရှိခိုး မြတ်နိုးလေ့ရှိတဲ့ အမူအရာ
ဗုဒ္ဓဘာသာ အစဉ်အလာပါ။

သမီးကလေး အိပ်ယာကနိုးရင်
ဘုရား ရှိခိုးရဲ့လား။
ဘုရားစဉ်မှာ အမြဲလမ်းဖို့ 
ပန်းရေချမ်းမှ ကပ်ရဲ့လား။
ကိုယ်မစားခင် စားဦးတင်ဖို့ 
ဆွမ်းတော်ပွဲမှ ပြင်ရဲ့လား။
ကမ္ဘာသားတွေ မေတ္တာဝေ
ဒူဝေေ၀သံ သာရဲ့လား။
မိမိပြုသမျှ လှူဒါန
အမျှ အမျှ ဝေရဲ့လား။
ရေလိုအေးလို့  ပန်းလိုမွှေး
ငြိမ်းအေးကြည်သာ ရှိရဲ့လား။
ကိုယ်မှုနှုတ်မှု၊ စိတ်မှု
သာဓုသံဆို ချိုရဲ့လား။

မြန်မာပြည်သူ၊ စိတ်ထားဖြူ
လူနှင့်လူချင်း၊ ချစ်ခင်ရင်း
သတင်းမွှေးပျံ့  နူးညံ့တယ်။
လောကဓံကွေ့ ၊ ဘယ်လိုတွေ့ တွေ့ 
မရွေ့ မဏ္ဍိုင်၊ မယိမ်းယိုင်
စိတ်ခိုင်ခိုင်လဲ ထားပါတယ်။

စာရိတ္တအကျင့်၊ ဇာတိမြင့်
ဥာဏ်နဲ့  ယှဉ်ကာ၊ မျှတစွာ
ငါ၏အရေး၊ သူ့ အရေး
တပြေးညီညီ ကျင့်ပါတယ်။

ဗုဒ္ဒသားကောင်း၊ သမီးကောင်း
စိတ်ကောင်းမွေးမှ၊ စာကောင်းရ
စိတ်လှစေမှု၊ လုံးလပြု
စိတ်နုသူလဲ မဟုတ်ချေ
အနေရဲအောင် နေပါတယ်။

မြန်မာမလေး မ,ယဉ်ကျေး
သတင်းပျံ့ မွှေး၊ ဂုဏ်ပျံ့ မွှေး
ဝေးနီးကျော်စေ ချင်ပါတယ်။

                         
                                                          ( တင်မိုး )

4 comments:

  1. အဲဒီကဗျာလေးကို ၉တန်းလောက်ကထင်တယ်ဖတ်ဖူးတာ
    ကြာတော့မေ့နေပြီ ခုမှပြန်သတိရမိတယ်
    အားလုံးအတွက် ပြန်လည်မျှဝေပေးလို့ကျေးဇူးပါ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အဲ့ဒီ့ကဗျာလေးကိုအရမ်းသဘောကျကျေနပ်အားရမိပါတယ်။နောက်လဲဒါမျိုးလေးတွေကိုပဲတင်စေချင်ပါနယ်။

    ReplyDelete
  4. မြတ် သဘောကျနှစ်ခြိုက်တဲ့ထဲမှာ ဟောသည်ကဗျာလေးလည်း ပါတယ်။ အခုလို ပြန်လည်ဝေမျှပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ခင်မင်စွာနဲ့
    မြတ်ပန်းနွယ်

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: