Monday, May 20, 2013

လောကနီတိ - ၁၇


  • စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
  • လှို့ဝှက်သော ကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
  • စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
  • ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
  • သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲ ခြင်း ပြုလို၏။
  •  On the Battlefield the brave are wanted.
  • In secret matters one who keeps his tongue is wanted.
  • At a feast , one loved is wanted.
  • In difficult and profound matters one learned is wanted.
  • The wicked on seeing the virtuous wants to oppress and persecute him.

  • အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလို ပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
  • ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
  • ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။
  • ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။
  •  Nothing should be done in haste. If it is done hastily one could worry later.
  • Staying in a narrow place full of faeces is suffering.
  • More so is staying together with one hated.
  • Still more so is staying together with the ungrateful.

  • ဆုံးမသင့်သည်ကို အမြဲ ဆိုဆုံးမရာ၏
  • ယုတ်မာသော အကျင့်ကိုလည်း တားမြစ်ရာ၏
  • ထိုသို့ ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြာ၏ ။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။
  •  Always admonish where it is due.
  • Deter wicked ways.
  • One who does so is liked by the virtuous , but disliked by the wicked.



လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သားဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)


ရာဇာထွေး

1 comment:

  1. titanium arts
    TATONIC ART ford escape titanium CUSTOMING · TATONIC ROCKING T-TATONIC ROCKING T-TATONIC ROCKING T-TATONIC. This unique and original 바카라 사이트 design is crafted with the worrione.com use https://tricktactoe.com/ of casinosites.one sustainable

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: