Friday, June 28, 2013

လောကနီတိ- ၁၉


  • အိမ်ယာထောင်ထား အကြင်ယောကျာ်းသည် ပျင်းရိမူမကောင်း။
  • ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်းမရှိမူ မကောင်း။
  • မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိလျှင်မကောင်း။ 
  •  ပညာရှိသည် အမျက်ထွက်တတ်မူမကောင်း။
  • A family man who is lazy is not good.
  • A monk who does not control thought, world and deed in unvirtuous.
  • An authority who acts wantonly is not good.
  • A sage, given anger is not good.

အကြင်အရပ်၌-
  • နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့။
  • နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့။
  • နှိမ့်ချသူမရှိ၊ အကြီးအမြတ် ဖြစ်လိုကြသူများသာဖြစ်အံ့။
  • ထိုသူတို့ လုပ်သမျှ ကိစ္စအ၀၀ သည် ပျက်စီးရတတ်၏။

A place,
  • Where there are no followers but all are leaders.
  • Who want to act wise with no listener,
  • To be great with no one humble is bound to see the ruin of whatever is done.

မင်းအစိုးရမည်သည် -
  • တိုင်းပြည်၏ အခွန်အတုတ်ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏.
  • အမှုထမ်းများ တာဝန်ကျေအောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင်ပြုရာ၏။
  • နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှောက်စားထိုက်သူများကို ချီးမြှောက်စားရာ၏။

Government must be directly in the know-
  • If revenue is received or not and if seeds and food supplies are sufficient or not.
  • If those in service are dutiful or not.
  • If those on whom action must be taken is taken and those worthy of reward are reward.




လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သား ဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)

ရာဇာထွေး

2 comments:

  1. လာရောက်ဖက်ရှုူ့ လေ့လာ မှတ်သားမိထားပါတယ်အကိုရေ၊ လောကမှာပြစ်ပျက်ပြောင်းလဲတက်တဲ့ လောကနိယာမတရားတွေ ၊လူတို့ လိုက်နာ ကျင့်သုံးရမဲ့ လောကနိတိတွေကို သိရှိထားနိုင်မှသာလျှင် လူလောကမှာ အဆင်ပြေပြေဖြတ်သန်းနိုင်လိပ်မယ်လို့ ယုံကြည်ပါတယ် အကို

    ReplyDelete
  2. မင်းအစိုးရသည်၎င်း ရဟန်း များသည်၎င်း လူများသည်၎င်း
    လောကနီတိ ကိုလေ့လာမှူအားနည်းကြကုန်၏
    ထို့ ကြောင့်စောင့်စည်းမှူ အားနည်းကြကုန်၏

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: