Friday, July 12, 2013

လောကနီတိ- ၂၀



သူယုတ်မာကို အချစ်မလွန်ရာ။
သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။
Do not love the unvirtuous too much.
Even though praised highly, the wicked may act impolitely and boisterously.



မြွေသည် အမျက်လွန်၏။
မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။
The snake is extreme in anger.

The wicked is more furious than the snake.
Though the snake can be subdued by charm and drugs , there is no remedy for
subduing of the wicked.



မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
One who knows himself of his foolishness, may be said to be the wise.
One who thinks of himself as the wise even though he is foolish may be said to be the foolish.



သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင် တတ်၏။
သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။
The foolish thinks his evil deeds as honey so long as there occurs no due results for his evil deeds.
When bad results occured due to his evil deeds, then he gets into trouble.



လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။
The fool, if he is stronger, may plunder others possessions by force.
After death that fool of less knowledge lands in hell.



လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သား ဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)

ရာဇာထွေး

2 comments:

  1. အကိုရေ.. နီတိကလေးတွေကို ဖတ်ရတဲ့အတွက် ဗဟုသုတရတာပေါ့..
    ဒီတော့.. ကျေးဇူးလည်း တင်ခဲ့ပေါ့.. :)

    ReplyDelete
  2. နေမကောင်းလို့ ခုမှရောက်ဖြစ်တယ်။ မှတ်သား သွားပါတယ် ငါ့မောင်။

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: