မှန်းဖို့လိုပဲ
မဗေဒါ၊
ဘယ်ရွာဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ
ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။
ဒီတက်လျင်ပျော်
ဗေဒါမော်
ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ။
မဗေဒါ၊
ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊
ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ
ဒီကျလျင်ရွှင်
ဗေဒါခင်
ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ။
ဘုတ်မက
အီ၊ ပီပီက သံမစဲ၊
မဗေဒါ
စုန်ဆန်လမ်းကို ၊ မှန်းဖို့လိုပဲ။ ။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ်
နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)
မှတ်ချက်။ ။ နှစ်သက်မိသော
ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာ” လေးများပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့လေးထဲမှာ
အမှတ် တရသိမ်းထားချင်တာမို့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာစာစု” များစာအုပ်မှ ကူးယူရေးသားဖော်ပြထားခြင်း
ဖြစ် ပါတယ်ခင်ဗျာ။ စာအထား၊ အသို နှင့် စာလုံးပေါင်း အမှားအယွင်း များရှိခဲ့ပါက
ကျွန်တော့်ရဲ့ ပေါ့ဆမှုအမှားများ သာဖြစ်ကြောင်းပါခင်ဗျာ ။
ရာဇာထွေး
No comments:
Post a Comment