နေဆဲလည်းဖြစ်၏၊စာရေးသူအားဝါဆိုသင်္ကန်းကပ်လှူရန်ပင့်ထားသောဒကာတစ်
ဦးကမနက်ဖြနနံနက်ဝါဆိုသင်္ကန်းလှူပြီး အနုမောဒနာတရားအဖြစ်မိဘက သား
သမီးများကို၊ဆရာကတပည့် ကိုဆုံးမနည်း၊ပြုပြင်နည်း တရားတစ်ပုဒ် ဟောကြား
ချီးမြင့်ပေးပါရန် ကြိုတင်တောင်းပန် လျှောက်ထားလေသည်။
ထိုအခါ စာရေးသူ၏ စိတ်ကူးထဲ၌ လောကလူသားအားလုံး၏ ဖခင်ဆိုလည်း ဟုတ်၊
လောကသားအာလုံး၏ ဆရာဆိုလည်း ဟုတ်တော်မူထသော ဗုဒ္ဓဘုရားရှင်၏ကြည်
လင် ပီပြင်သောပုံရိပ်တော်သည် ၀င်းလက်စွာပေါ်လာ၏။ မည်သည့် အရေးကိစ္စ နှင့်
ကြုံကြုံဦးစွာ ပထမ မြတ်ဗုဒ္ဓကို လှမ်းမျှော်ကြည်မိပါ၏၊ မည်သည့်အကြာင်းကိစ္စ၌-
မည်ကဲ့သို့ ဗုဒ္ဓဘုရာရှင်က လမ်းညွန်ခဲ့သည်။မည်ကဲ့သို့ လိုက်နာကျင့်သုံးအပ်သည်ကို
အတုယူ ကျင့်သုံးနိုင်ရန်ုဖစ်ပါ၏၊ ဤသည်ပင်-စာရေးသူအတွက် ကြီးမာသော ဘ၀ခွန်
အားဖြစ်ပါ၏။
တဖန်ဆက်၍ တွေးလိုက်သောအခါ ရိုင်းသူကို ယဉ်အောင် ဆုံးမ ပဲ့ပြင် သွန်သင်ရာ၌
တုနိုင်သူ၊ ယှဉ်နိုင်သူ မရှိသောကြောင့် အနုတ္တရောပုရိသ ဒမ္မသာရ ဘွဲ့တော်ကြီး ဖြင့် တစ်လောကလုံးကတန်ဖိုးထားအပ်ဂုဏ်ပြုပူဇော်အပ်သော မြတ်ဗုဒ္ဓ၏ အတုယူစရာဆုံး
မနည်း ဆုံးမဟန်ကို ဖော်ပြထားသော သုတ္တန္တပိဋက-အင်္ဂုတ္တရနိကာယ်လာ- ကေသိ
သုတ်သည် စာရေးသူ၏ အသိဥာဏ်၌ ပေါ်လာ၏။
အခါတပါး၌ ကေသိမည်သောမြင်းထိန်းဆရာ တယောက်သည် မြတ်ဗုဒ္ဓထံ အဖူး အ
မြော်ရောက်၍လာ၏၊ ထိုအခါမြတ်ဗုဒ္ဓက ကေသိကို နှုတ်ဆက်စကား မိန့်ကြားတော်
မူ၏။
ဗုဒ္ဓ။ ။ ကေသိ သင်သည် မြင်းတို့ကို ထိန်းကျောင်းပြုပြင်ဆုံးမသွန်သင်သည့်အရာ၌ လူတော်တစ်ယောက်လို့ ထင်ပေါ် ကျော်ကြား လူသိများနေတယ်၊ မြင်းတွေကို ဘယ်ပုံ ဘယ်နည်းဆုံးမပြုပြင်ပါသလဲ ကေသိ၊
ကေသိ။ ။ မြတ်စွာဘုရား တပည့်တော်သည် ဆုံးမထိုက်သောမြင်းကို ရှေးဦးစွာအနု နည်းဖြင့်ဆုံးမပါသည်၊ အနုနည်းဖြင့်မရလျှင် ဒုတိယအဆင့် အကြမ်းနည်းဖြင့် ဆုံးမပါ
သည် မရသေးလျှင်အနုနည်း၊အကြမ်းနည်းတစ်ပြိုင်နက်သုံး၍လည်းဆုံးမပါသည်ဘုရား ။
ဗုဒ္ဓ။ ။ အဲဒီနည်းတို့ဖြင့် ဆုံးမ၍ မရခဲ့သော် ဘယ်ပုံဘယ်နည်း ဆုံးမသလဲ ကေသိ။
ကေသိ။ ။အဲဒီနည်းတွေနဲ့ ဆုံးမပြုပြင်၍ မရခဲ့သော် ထိုမြင်းကိုသတ်ပစ်ပါမည်ဘုရား၊
ဗုဒ္ဓ။ ။အို . အို. အို ဘာကြောင့်လဲကေသိ။
ကေသိ။ ။ ဆုံးမ,မရသည့် မြင်းရိုင်းတစ်ကောင်ကြောင့်တပည့်တော်တို့ ဆရာ့ဆရာ
အစဉ်အဆက် ဂုဏ်သိက္ခာကျဆင်းမည် စိုးသောကြောင့်ပါ အရှင်ဘုရား၊ တပည့်တော် လည်း မြတ်စွာဘုရားကိုလျှောက်လိုပါသည် ဘုရား၊ ရှင်တော်မြတ်စွာဘုရားသည်လည်း
ဆုံးမထိုက်သော လူနတ် ဗြဟ္မာ သတ္တ၀ါတို့ကို ဆုံးမတော်မူရာ၌ အလွန့်အလွန် ထူးချွန် အံ့ဩစရာကောင်းသောကြောင့် အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်ကြီးဖြင့် နာ မည်ကြီးထင်းရှား ကျော်ကြား လှပါသည်ဘုရား၊ ရှင်တော်မြတ် ဘုရားကရော-သတ္တ၀ါ
တွကိုဘယ်ပုံဘယ်နည်းနဲ့ ဆုံးမတော်မူပါသနည်း ဘုရား။
ဗုဒ္ဓ။ ။´ငါလည်းမင်းလိုပဲပေါ့ကွယ်၊ ပထမအနုနည်းနဲ့ဆုံးမတယ်၊ ဒုတိယအနေနဲ့ အ ကြမ်းနည်းနဲ့လည်းဆုံးမတယ်၊ မရရင်တော့ နောက်ဆုံးအနေနဲ့ အနုနည်း အကြမ်းနည်း တပြိုင်နက်သုံးပြီးတော့လည်းဆုံးမတယ်၊ မင်းတို့မြင်းလောကမှာ မြင်းတွေကို ဆုံးမတဲ့ အခါ ချော့ပြီးဆုံးမတာကို အနုနည်းလိုသတ်မှတ်သလို ငါဘုရာသာသနာတော်မှာ၌`ဤ
အရာသည် ကုသိုလ်သုစရိုက်လုပ်ငန်း လုပ်ဆောင်ရသည့်အလုပ်၊ ဤအရာသည် ထိုကု
သိုလ် သုစရိုက်လုပ်ငန်းတို့၏ အကျိုးရလာဒ်၊ ကောင်းတာလုပ်မှလူကောင်း လူကောင်း တို့၏သွားရာလမ်းကား လူ့ပြည် နတ်ပြည် ဗြဟ္မပြည် တို့ဖြစ်၏၊ စသည်ဖြင့်လုပ်ဆောင်ရ မည့်အလုပ် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့ကိုဆိုင်ရာကောင်းကျိုးတရား ရလာဒ်များ
နှင့်ယှဉ်တွဲပြီး ဆုံးမသည်ကို အနုနည်း လို့သတ်မှတ်တော်မူတယ်။
ကေသိ…….မြင်းတို့လောကမှာ မြင်းတွေကို ဆုံမသည့်အခါ ရိုက်နှက်ဆုံးမသည် ကို အ
ကြမ်းနည်းလိုသတ်မှတ်သလို ငါဘုရားသာသနာ၌`ဤအရာသည်ကုသိုလ် ဒုစရိုက်လုပ်
ငန်းမလုပ်သည့်အလုပ် ရှောင်ကြဉ်ရမည့်အချက်၊ ဤအရာသည် ထိုအကုသိုလ် ဒုစရိုက်
တို့၏ အကျိုးရလာဒ် အကုသိုလ်ဒုစရိုက်လုပ်ငန်းတို့ကို လုပ်ကိုင်သူတို့သည်လူ မိုက်၊ လူ
မိုက်တို့၏သွားရာလမ်းကား ငရဲဘုံ တိရိစ္ဆာန်ဘုံ ပြိတ္တာဘုံသာဖြစ်၏´စသည်ဖြင့် မလုပ်ရ မည့်အလုပ် ရှောင်ကြဉ်ရမည့်အချက်တို့ကို ဆိုင်ရာအကျိုးတရား ရလာဒ် များနှင့် ယှဉ်
တွဲပြီး သံဝေဂဥာဏ်ဖြစ်ပေါ်၍ ကြောက်တတ်လာအောင်ဆုံးမသည်ကို အကြမ်းနည်း လို့သတ်မှတ်တော်မူတယ်။
ကေသိ။ ။`ရှင်တော်မြတ်ဘုရားအနေဖြင့် အနုနည်း အကြမ်းနည်း နည်းနှစ်နည်းလုံး
သုံး၍ ဆုံးမမရသည့်သူကို အဘယ်သို့ဆုံးမတော်မူပါသနည်းဘုရား´။ဗုဒ္ဓ။ ။`ကေသိ…..ငါလည်းမင်းလိုပဲပေါ့ကွယ်၊ ဆုံးမမရတဲ့သူကို သတ်ပစ်တယ်ကွဲ့။
ကေသိ။ ။`အို… ..အို…..ဘယ်လိုအမိန့်ရှိလိုက်တာလဲ ဘုရား၊ အရှင်ဘုရား အနေ
ဖြင့် သူတပါးအသက်သတ်ခြင်းသည်မသင့်တော်ပါ၊ အရှင်ဘုရား ကိုယ်တိုင်ပဲ`ပါဏာ
တိ ပါတာဝေရာမဏိ´သူများအသက် သတ်ခြင်းမှ ရှောင်ကြဉ်ရမယ်လို့ ဟောတော်မူ
ထား သည်မဟုတ်ပါလား ဘုရား´။
ဗုဒ္ဓ။ ။`မှန်တယ်ကေသိ၊ သူများအသက်သတ်ခြင်းသည် မသင်လျော်၊ သို့သော် အနု
နည်း အကြမ်းနည်းတို့ဖြင့် လိုအပ်သလိုဆုံးမပါလျှက် ဆုံးမစကားနားမထောင်သူကို ငါ ဘုရားကိုယ်တိုင်ကလည်း`ဆုံးမထိုက်သူ´ဟု အသိအမှတ်မပြု၊ အတူနေ သီတင်းသုံး
ဖေါ်ပညာရှိတို့ကလည်း `ဆုံးမထိုက်သူ´ဟု အသိအမှတ်မပြုကြကုန်၊ ဤကဲ့သို့အများ ကအသိအမှတ်မပြုတော့ခြင်း၊ သူ့အပြစ်နှင့်သူသွားလိမ့်မည်ဟု ပကာသနီကံပြုခြင်း၊၀ိုင်း
၍ကြဉ်ခြင်းကို ငါဘုရားသာသနာ၌ `သတ်ပစ်ခြင်း´ဟုခေါ်ဆိုအပ်သည် ကေသိ´´။
ကေသိ။ ။`မှန်ပါ့…….မှန်ပါ… ကောင်းလိုက်တဲ့သတ်နည်းပါဘုရား၊ ဤနည်းဖြင့်
သတ်ခြင်းသည် ပို၍ထိရောက်ပါသည် အရှင်ဘုရား၊ မသေခင် အရှက်ရ၍သူ့ဘ၀ကို
သေသလိုဖြစ်စေသည့်အတွက် အလွန်ကောင်းသည့်သတ်နည်းပင်ဖြစ်ပါသည် အရှင်
ဘု ရား၊ တပည့်တော်တို့လူ့လောကမှာ မိဘစကားနားမထောင်တဲ့ သားသမီးကို အ
မွေပြတ် ဖြတ်ချလိုက်တာဟာလည်း ဗုဒ္ဓအလိုကျ သတ်နည်းတစ်မျိုးပဲပေါ့ဘုရား၊ အရှင်
ဘုရား၏ ဆုံးမနည်းကို တပည့်တော် အလွန်သဘောကနှစ်ချိုက်မိပါသည် အရှင်ဘုးရာ၊
တပည့် တော်ကို ဥပသကာ ဒကာတစ်ယောက်အဖြစ် အသိအမှတ်ပြုတော်မူပါ အရှင် ဘုရား´ဟု လျှောက်ထားကာ မြတ်ဘုရားကို ရိုသေစွာ ရှိခိုးဦးချပြီးလျှင် မိမိအိမ်သို့ပြန်သွားလေ၏။ဤ သုတ္တံလာ မြတ်ဗုဒ္ဓ၏ဆုံမနည်းသည် အလွန်ထိရောက်၏၊ သာသနသ
မိုင်းကို ပြန်ကြည့်လျှင် လူကြမ်းမင်းသားကြီ အရှင်ဒေ၀ဒတ်ကို`ယခုအချိန်မှစ၍ အရှင်
ဒေ၀ဒတ် ပြုသမျှ ပြောသမျှ ကြံစည်သမျှသာသနာနှင့်မည်သို့မှ မပတ်သက် မသက်ဆိုင် အရှင်ဒေ၀ဒတ်နှင့်သာ သက်ဆိုင်သည်´ဟု သူ့အပြစ်နှင့် သူ့တာဝန် သူယူ ဟူသော သ
ဘောဖြင့် ဘုရားနှင့်သံဃာ ပကာသနီယကံပြု၍ ၀ိုင်းကြဉ်လိုက်သောအခါ အရှင်ဒေဝ
ဒတ်သည် အစတော့ ဒေါသမာနတို့ကြောင့် ပိုဆိုးသလိုဖြစ်ခဲ့သော်လည်း နောက်ဆုံး၌
အားငယ်၍ သတိသံဝေဂ နောင်တကြီးစွာရကာ မြေမျိုနေဆဲ အချိန်၌ပင် ဘုရားရှင်ကို
ဝန်ချတောင်ပန်းရင်း ကန်တော့ပန်း ဆင်မြန်းခဲ့ပါ၏၊ ရိုင်းသူကို ယဉ်ကျေးအောင်ဆုံးမ
တော်မူခဲ့သော မြတ်ဗုဒ္ဓပါပေ။
ထိုမှတဖန် ရဟန္တာသခင် အရှင်ဒိဗ္ဗကို မဟုတ်မဟပ်စွပ်စွဲ ပြောဆိုသော ၀ဎ္ဋ အမည်ရှိ
သော လစ္ဆ၀ီမင်းသားအား ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံပြုစေ၍ သံဃာက ကြဉ်လိုက်
သောအခါ ၀ဎ္ဋ အမည်ရှိ လိစ္ဆ၀ီမင်းသားသည် မူးမေ့လဲကျ နောင်တကြီးစွာရ ကာ အ
မှားကိုဝန်ချတောင်းပန်ခဲ့လေ၏။
တဖန် ဖွားဖက်တော်လည်းဖြစ် တောထွက်သည့်အခါလည်း လိုက်ပါပို့ဆောင်ပေးခဲ့သည့်
အတွက်`ငါ့ကြောင့် သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ရတယ်ဆိုပြီး´မာနကြီးစိတ်ရိုင်း ၀င်ကာ
ငါ့ဘုရား ငါ့တရား ငါ့သံဃာ ဟုဟစ်ကျွေး သံဃာကိုမထိလေးစားလုပ်နေသောအရှင်ဆန္န
ကို ဗြဟ္မဒဏ်ပေး၍ သံဃာကကြဉ်လိုက်သောအခါ အရှင်ဆန္နသည်လည်း နောက်ဆုံး
တော့ မာန်ချ၍ ဟန်ကျသွားလေ၏၊ မြတ်ဗုဒ္ဓ၏ထိရောက်သော ဆုံးနည်းပါ ပေ။
အချိန်တွေကြာတော့ ကြာခဲ့ပါပြီ၊ဘုရားရှင်ပရိနိဗ္ဗာန်စံခဲ့သည့်နှစ်အရေအတွက်ပင်
(၂၅၅၂)နှစ်ပင် ရှိခဲ့ပြီဖြစ်၏၊ ဘုရားမဖြစ်မီ သက်တော်(၂၉)နှစ် အရွယ်တွင်တောထွက်၍ ဒုက္ကရစရိယာ(၆)နှစ်ကြာကျင့်တော်မူခဲ့သည်ဖြစ်၍ တောထွက်သည့်နေ၀ယ်ဖွားမြင်သော သားတော်ရာဟုလာသည်ပင် ဘုရားဖြစ်တော်မူသည့်အချိန်၌ (၆)(၇)နှစ်သား အရွယ်
ရောက်နေလေပြီ၊ ဘုရားဖြစ်ပြီး ပထမ၀ါကို ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော
၌ပင် ၀ါဆိုဝါကပ်တော်မူ၍ ပဉ္စ၀ဂ္ဂီငါးဦးအား တရားဦးစမ္မစင်္ကြာဟောကာ သောတာပန် အ
ရိယာအဆင့်သို့ရောက်အောင်မြှင့်တင်တော်မူပြီးလျှင် အနတ္တလက္ခဏသုတ်ဖြင့် ရ ဟန္တာ
ဖြစ်စေတော်မူ၏၊ နတ်ဗြဟ္မာအများလည်း ကျွတ်တမ်းဝင်ကြပါ၏၊ ၀ါဆိုလပြည့် ကျော်(၇)
ရက်နေ့တွင် နာလကရသေ့အား မောနေယျကျင့်စဉ်ကိုဟောပြတော်မူ၏၊ ထို အခါ နာလ
ကရသေ့သည် ဘုရားရှင်ထံ၌ ရဟန်ပြု၍ မောနေယျအကျင့်ကို ကျင့်တော်မူ သောအခါ
မကြာမီပင် ရဟန္တာဖြစ်တော်မူ၏၊ ထို့နောက် ယသသူဌေးသားနှင့်တကွ အ ပေါင်းပါ သူု
ငယ်ချင်း(၅၄)ယောက်တို့ကို ရဟန်းပြု့စေ၍ ရဟန္တာဖြစ်အောင် ဟောဖေါ် ညွှန်ပြခဲ့၏။
မြတ်ဗုဒ္ဓ၊ ပဉ္စ၀ဂ္ဂီငါးပါး၊ ယသထေရ်သူငယ်ချင်း ငါးဆယ့်လေးပါး၊ ပေါင်း(၆၁)ပါး ဖြင့် သာသ
နာပြုခရီးကိုစတင်တော်မူ၏၊ ဗုဒ္ဓ၀င်တို့၌ အရှင်လနကထေရ်အကြောင်းက ပျောက်နေတတ်
၏၊ ယခုသာသနာပြုခရီးကြွတော်မူသည့်စာရင်း၌လည်း အရှင်နာလက ထေရ် မပါဝင်၊ ဘု
ရားတစ်ဆူ တစ်ဆူကာလ၌ မောနေယျအကျင့်ကို ကျင့်နိုင်သူ ရဟန်း တစ်ပါးသာပေါ်ထွန်း
လေ့ရှိ၏၊ မောနေယျအကျင့် ဟူသည်လည်း လွယ်လွယ်ကူကူအကျင့်မဟုတ်၊ ပုထုဇဉ်ဘ
ဝမှစ၍ ရဟန္တာဖြစ်သည်အထိ ကိလေသာစိတ်မယိုဖိတ်အောင် အထူး လေ့ကျင့်ရသောအ
ကျင့်ဖြစ်၏၊ မြို့ရွာနှင့်စပ်သောကိလေသာ တောနှင့်စပ်သော ကိလေသာ၊ ကာမဂုဏ်အာရုံ အဖုံဖုံနှင့်စပ်သောကိလေသာ ပစ္စည်းလေးပါးနှင့်စပ်သော ကိလေသာစသည်ဖြင့် ကိလေ
သာဟူသမျှကို ဟန့်တားနိုင်ရ၏၊ အရညကင်ဓုတင်၊ ရုက္ခမူခဓုတင်၊ သုသာန်ဓုတင်စသော
ဓုတင် တစ်ဆယ့်သုံးရပ် အကျင့်မြတ်ကိုလည်းကျင့်ရ ၏၊မောနေယျအကျင့်ကိုကျင်သုံး
သော ရဟန်းသည်ပြင်းပြင်းထန်ထန်အားထုတ်ပါက (၇)ရက်သာ အသက်ရှည်၏၊ အ
လယ်အလတ်ကျင့်ပါက(၇)နှစ်သာအသက်ရှည်၏၊ ဖြေး ဖြေးနှေးနှေး သက်တောင့်သက်
သာ ကျင့်ပါက (၁၆)နှစ်သာအသက်ရှည်၏၊ အရှင်နာလ က အထက်ဆုံး အမြတ်ဆုံး ပြင်း
ပြင်းထန်ထန် ကျင်သုံးသောပုဂ္ဂိုလ်ဖြစ်၍ (၇)သာ အ သက်ရှင်နေထိုင်သွားရ၏။
မောနေယျအကျင့်ကိုကျင့်သော ရဟန်းသည် မြတ်ဗုဒ္ဓထံမှ မောနေယျကျင်စဉ်ကို နည်း
ခံပြီးကတည်းက
(၁) နောက်တစ်ကြိမ်ဘုရားရှင်ကိုလာရောက်ဖူးမြှော်ရိုးထုံးစံမရှိ၊ တစ်ခါတည်းတကြိမ်တည်း သဒ္ဓါာတရားအပြည့်ဖြင့် အ၀ဖူးသူဖြစ်၏၊ ဘုရားဖူးနေရုံမျှဖြင့် အချိန်မ ကုန်စေလိုသူဖြစ်၏။
(၂) နောက်တစ်ကြိမ်ဘုရားရှင်၏တရားတော်ကို နာယူရိုးထုံစံမရှိ၊ တခါတည်း တစ်ကြိမ်
တည်းဖြင့် စေ့စပ်သေချစွာ နာယူထားသူဖြစ်၏၊ တရားနာနေရုံမျှဖြင့် ကျေနပ် နေသူမဟုတ်။
(၃) နောက်တစ်ကြိမ် ဤကျင့်စဉ်နှင့်စပ်၍ မရှင်းလင်းသည်များကို လာရောက် မေးမြန်းရိုး
ထုံးစံမရှိ၊ တစ်ခါတည်း တစ်ကြိမ်တည်းဖြင့် ရှင်းရှုင်းလင်းလင်း ကျကျနန သေ သေချာချာ
မေးမြန်းထားသူဖြစ်၏။
ယခုခေတ် အများစုသည် ဘုရားကိုခဏခဏ ဖူးကြပါ၏၊ သို့သော် ဘုရားကိုတကယ်မတွေ့၊
တရားကိုခဏခဏနာကြပါ၏၊ သို့သော် တရားစစ် တရားမှန်ကို မသိ၊ စာ တတ်ပေတတ် ပညာရှိများရှိကြပါလျှက် ကိုယ်မသိသည်ကိုမေးမြန်းရကောင်းမှန်းမသိ၊ တစ်ပိုင်းတစသိရုံ
မျှဖြင့် ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်နေတတ်ကြ၏၊ ဆရာကြီးလုပ်ချင်နေကြ၏၊ ထိုပုဂ္ဂိုလ်
များအနေဖြင့် တကြိမ်းတည်းဖြင့် ဘုရားရှင်ကို တကယ်တွေ့ အောင် ဖူးသွားသော၊ တခါ
တည်းဖြင့် တရားတော်ကို တကယ်သိအောင်နာယူသွား သော တထိုင်တည်းဖြင့် မရှင်း
လင်းသည်များကို ရိုးသားစွာမေးမြန်းသွားသော အရှင်နာ လက၏ မောနေယျကျင့်စဉ်ကို
အတုယူဖို့ အလွန်ကောင်းပါ၏။
အရှင်နာလကသည် မြတ်ဗုဒ္ဓ၏တပည့်အမျိုးအစားထဲတွင် အဂ္ဂသာဝကလည်း မဟုတ်၊
ပုဂ္ဂိုလ်ထူး၊ တပည့်ထူး ၀ိသေသပုဂ္ဂလ ၀ိသေသသာဝက ဖြစ်၏၊ ထို့ကြောင့်ပင် အရှင်
နာလက၏ အကြောင်းသည် စောစောစီးစီး ပျောက်ကွယ်သွားခြင်းဖြစ်၏။
သာသနာပြုခရီးအဖြစ် ဒေသအသီးသီးသို့ဖြန့်၍ ကြွတော်မူကြသည်တွင် မြတ်ဗုဒ္ဓ သည် ဥရုဝေလာတောသို့ကြွတော်မူ၏၊ သုံးလခန့်သီတင်းသုံး၍ ဘဒ္ဒ-၀ဂ္ဂီညီနောင်သုံး ကျိတ်၊
ရသေ့ညီနောင် ရှုင်တစ်ထောင်တို့ကို ချေချွတ်ဆုံးမတော်မူပြီးနောက် ပြာသိုလ ပြည့်နေ့၌ ရာဇာဂြိုလ်ပြည်၌ နှစ်လခန့် သီတင်းသုံး၍ ဘုရင်ဗိဗ္ဗိသာရနှင့်တကွ တိုင်းသူ ပြည်သား
လူအများကို ကျွတ်တမ်းဝင်စေ၍ အမျိုးကောင်းသားတစ်သောင်းကျော်ကို ရဟန္တာအဖြစ်
ရောက်ရှိစေကာ ရဟန်းအဖြစ်ခံယူစေ၏၊ ဥပတိဿနှင့် ကောလိတ သူ ငယ်ချင်းနှစ်
ယောက်ကိုလည်း သူတို့၏တပည့်ပရိဗိုဇ်(၅၀၀)နှင့်အတူ ရဟန္တာဖြစ်စေကာ အရှင်
သာရိပုတ္တရာ အရှင်မောဂ္ဂလာန် အမည်ဖြင့် ထင်ရှားသော အဂ္ဂသာဝက တပည့် ကြီး
များဖြစ်လာ၏။ဖခင်သုဒ္ဓေါဒနမင်းကြီး၏စေခိုင်းချက်အရ ဘုရားရှင်ကို ကပိလ၀တ်နေ
ပြည်တော် သို့ကြွရန် လာရောက်ပင့်ဆောင်ကြသော ကာဠုဒါယီ အမတ်နှင့်တကွ ကပိ
လ၀တ်ပြည် သား အမျိုးကောင်းသား တစ်သောင်းကိုလည်း ရဟန္တာဖြစ်စေ၍ရဟန်းဘ
ဝကိုခံယူစေခဲ့ ၏။
တပေါင်းလပြည့်ကျော်(၁)ရက်နေ့၌ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ လည်း
ကောင်းကျေးဇူးကြီးမားသောခမည်းတော်သုဒ္ဓေါဒန၊ မိထွေးတော်မဟာပဇာမတိ ဂေါတမိ၊ ကြင်ယာတော်ယသော်ဓရာနှင့် ဆွေတော်မျိုးတော်တို့အား ကျေးဇူးဆပ်သော အားဖြင့်
လည်းကောင်း၊ ကပ္ပိလ၀တ်နေပြည်တော်သို့ခြေလျှင်ခရီးဖြင့် ကြွတော်မူ၏။
ရာဇဂြိုလ်နှင့် ကပ္ပိလ၀တ်သည် ယူဇနာပေါင်း(၆၀)ဝေးကွာလေရာ တစ်နေ့လျှင် တစ်
ယူဇနာနှုန်းဖြင့် မဟာသက္ကရာဇ်(၁၀၃)ခုနှစ် တပေါင်းလပြည့်ကျော်(၁)ရက်နေ့မှ စတင်
ထွက်ခွါတော်မူရာ ရက်ပေါင်း(၆၀)ကြာ၏၊ ကဆုန်လပြည့်နေ့မှ ကပိလ၀တ်နေ ပြည်
တော် နိဂြောဓာရုံကျောင်းတိုက်သို့ ရောက်တော်မူ၏၊ နိဂြောဓာရုံကျောင်းတိုက်၌ တန်
ခိုးပြာဋိဟာ အဖုံဖုံဖြင့် သာကီဝင်မင်းမျိုးတို့၏ ခတ္တိယမာန်ကို ချိုးနှိမ်၍ မဟာဗုဒ္ဓ၀င် ကို
ဟောတော်မူ၏၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးအား အနာဂါမ်၊ မိထွေးတော် မဟာပဇာ ပတိ ဂေါတမိအား သောတာပန်တည်စေ၏၊ ကြွင်းသော ဆွေတော်မျိုးတော်တို့အား မိမိ
တို့၏ပါရမီအလျောက် ကောင်းမှုကုသိုလ်များဖြစ်ပွားစေတော်မူ၏။
ကပိလ၀တ်နေပြည်တော်သို့သွားရောက်၍ သုံးရက်မြောက်သောနေ့၌ ညီတော် နန္ဒမင်း
သားကို မင်္ဂလာဆောင်မည့်နေ့၌ပင် ရဟန်းပြုစေတော်မူ၏၊ ထို့နောက် ခုနှစ်ရက် မြောက်
သောနေ့၌ တောထွက်၍ ရဟန်းပြုသောအခါမှစ၍ ပျောက်ကွယ်သွားသော သင်္ခ ဧလ
ဥပ္ပလ ပုဏ္ဍရိက ဟူသော ရွှေအိုးကြီးလေးလုံးကို ဖခင်အမွေအဖြစ်ပေးပါရန် မယ် မယ် ယသော်ဓရာ၏စေခိုင်းချက်အရ အမွေတောင်းရန်လာသော သားတော်ရာဟုလာ မင်း
သားလေးကို`လောကီဥစ္စာအမွေပစ္စည်းဟူသည် ၀ိပါက၀ဋ်အတွင်း၌ စာရင်းဝင်နေသည်
ဖြစ်၍ ဆင်းရဲဘို့သာဖြစ်ချေ၏၊ ငါကိုယ်တိုင် မဟာဗောဓိမဏ္ဍိုင်အပြင်ဝယ် တွင်းပ နှစ်တန်
ရန်သူဟူသမျှကို တွန်းလှန်ပြိုင်ဆိုင်အနိုင်ယူတိုက်ကာရယူခဲ့သည့် သဒ္ဓါ သီလ သုတ စာဂ
ပညာ ဟီရိ သြတ္တပ္ပ တည်းဟူသော သူတော်ကောင်းဥစ္စာရတနာ ခုနှစ်ပါးကို သာ ပေးအံ့၊ သားတော်ရာဟုလာကို လောကုတ္တရာအမွေကိုပိုင်ဆိုင်ခွင့်ရသူဖြစ်အောင် ပြု့စုပေးတော်မူ
အံ့´ဟုကြံစည် သုံးသပ် ဆုံးဖြတ်ပြီလျှင် အရှင်သာရိပုတ္တရာထေရ်ကို ရှင်သာမဏေပြု့ပေး
ပါရန်မိန့်တော်မူလိုက်၏၊ ထိုအချိန်၌သားတော်ရာဟုလာသည်(၇) နှစ်ပြည့်ခါစ အရွယ်မျှ
သာရှိသေး၏။
မြတ်စွာဘုရား၏ သားတော်ရာဟုလာ ကိုရှင်ပြုပေးပြီးနောက် ရာဇဂြိုလ်မြို့သို့ နောက်တစ်
ခေါက်ကြွသွားတော်မူ၏ ဘုရင်ဗိဗ္ဗိသာရလှူဒါန်းသော ဝေဠုဝန်ကျောင်း တိုက်၌သီတင်းသုံး
တော်မူ၏၊ ထိုခရီး၌သားတော် ကိုရင်ရာဟုလာလည်းလိုက်ပါသွား၏၊ မြတ်ဗုဒ္ဓသည်သား
တော် ကိုရင်ရာဟုလာအား အတုမြင်အတတ်သော အရွယ်မို့ အထူး ဂရုစိုက်တော်မူ၏။ အတိမ်းအစောင်းမခံသော နုနုနယ်နယ်အရွယ်မို့ ထိမ်းကျောင်မှုမှန် ကန်စေရန် အမြဲမ
ပြတ်သတိပြုတော်မူ၏၊ များစွာသောဆုံးမသြ၀ါဒ တရားတို့ဖြင့် ပြု့ပြင် တော်မူ၏၊ ကိုရင်
လာဟုလာ လည်ဓါတ်ခံကောင်းသောကိုရင်တစ်ပါးဖြစ်ပါ၏၊ `ငါက ဘုရားသား´ဟူသော
မာန်မျိုးလုံဝမရှိ၊ မည်သည့်အခွင့်အရေးကိုမျှမယူ၊ ယခုလည်း မွေးရပ်ဇာတိ ကပ္ပိလ၀တ်
အဘိုးသုဒ္ဓေါဒန မယ်တော်ယသော်ဒရာတို့နှင့်ခွဲ၍ ရာဇဂြိုလ် မြို့သို့လိုက်လာခဲ့သော်လည်း ဖခင်ဗုဒ္ဓအနားတွင် ပွတ်သီးပွတ်သပ်မနေ အများမြင်ကွင်းတွင် `သားအဖလေကွာ´အထင်
လွဲမှုမျိုးကိုပင်မဖြစ်စေချင်၊ ထို့ကြောင့်ဝေဠုဝန်ကျောင်းတိုက်၏အစွန် သရက်ပင်ပျိုတစ်ပင်
၏ အနီးဝယ် ဆောက်လုပ်ထားသောကမ္မဌာန်း ကျောင်းလေး၌ တစ်ပါးတည်းအေးအေး
ဆေးဆေးသွားရောက်နေထိုင်၏၊
ဆူးသည်(ဗီဇနိယာမအရ သဘောအရ) မည်သူတစ်ဦးတစ်ယောက်ကမျှထက် အောင်
သွေးစရာမလိုဘဲ သူ့အလိုလိုချွန်ထက်၍လာသကဲ့သို့ ကိုရင်ရာဟုလာသည် လည်း ကိုရင်
လေးဘ၀မှစ၍ မည်သူတစ်ဦတစ်ယောက်ကမျှအထူးတိုက်တွန်းစရာမလို ဘဲ သူ့အသိနှင့်
သူ ဆိပ်ငြိမ်ရာအရပ်၌နေထိုင်လျှက် တရာနှလုံးသွင်းနေရကား ထူချွန် မည့်ကိုရင်ဖြစ်မည်
မှာသေချာပါ၏။
တစ်ရက်သောညနေချမ်းအချိန်ဝယ် မြတ်ဗုဒ္ဓသည် ရှင်ရာဟုလာရှိရာကမ္မဌာန်း ကျောင်း
လေးသို့ကြွသွားတော်မူလေ၏၊ ခင်းထားသောနေရာ၌ ခြေတော်ကိုတွဲလျှားချ၍ ထိုင်တော်
မူရင်းခြေဆေးတော်မူ၏၊ ခြေချေးရေခွက်ကိုပင် ဥပမာပြု၍ အလွယ်တကူလိမ်တတ်ညာ
တတ်သောအကျင်ကိုမမွေးရန် လိမ်ညာခြင်းကိုမပြုရန်ဆုံးမတော်မူ၏၊ ရေခွက်ကိုမှောက်ချ
လိုက်လျှင်ရေခွက်ထဲ၌ရေတစ်စက်မျှမကျန်တော့သကဲ့သို့ လိမ်တတ်ညာတတ်သူ၏သန္တာန် ၌ ကောင်းသောအကျင့်စရိုက်တစ်ခုမျှမကျန်ပဲ ရှိနေတတ်ပုံကိုသတိ ပြု့ရန်ဆုံးမတော်မူ၏။
ထိုတစ်ဖန် စစ်မြေပြင်ကဆင်ကြီးသည် ခြေ လက် ကိုယ်ခန္တာ နားရွက် အစွယ် အမြီး နှာ
မောင်း အားလုံးတို့ကိုအသုံးပြု၍ အသက်ကိုပင်စွန့်ကာ တဖက်ရန်သူကိုတိုက်ရဲ ခိုက်ရဲ သ
ကဲ့သို့ (စစ်မြေပြင်ကဆင်ကြီးအနေဖြင့် မလုပ်ရဲသော အရာဟူသမျှ ဘာတစ်ခု မျှမရှိသကဲ့
သို့) လိမ်တတ် ညာတတ်သောသူတစ်ယောက် အနေဖြင့် မလုပ်ရဲသော အကု သိုလ်မ
ကောင်းမှုဟူသည် ဘာတစ်ခုမျှမရှိကြောင်း သို့ဖြစ်၍ ပျော်စေ ပျက်စေ သဘော မျိုးနှင့်
သော်မှလည်း မုသားစကားမပြောဆိုမိစေရန်လည်း အလေးအနက် သတိပေးဆုံး မတော်
မူ၏၊ သားတော်ကိုရင်ရာဟုလာကလည်း ရိုသေစွာ ယုံကြည်စွာ နားထောင် လက္ခံကျင့်
သုံးပါ၏၊ ဖခင်မြတ်ဗုဒ္ဓကိုဘာတစ်ခုမျှစောဒကမတက် စောဒကတက်ဖို့ရန် လည်း စိတ်ကူ
မျှပင်မရှိ၊ ဖခင်မြတ်ဗုဒ္ဓ အပေါ်၌ အကြွင်းမဲ့ချစ်ခင်လေးစား ကြည်ညို အား ထားပြီးသားဖြစ်
၏၊ မြတ်ဗုဒ္ဓသည် သားတော်ရာဟုလာအား ဆက်လက်မိန့်တော်မူ၏။
ဗုဒ္ဓ။ ။`ရာဟုလာ မှန်ကိုမြင်ဘူးတယ်နော်´
ရာဟုလာ။ ။`မှန်ပါ မြင်ဘူးပါသည် အရှင်ဘုရား´
ဗုဒ္ဓ။ ။`ရာဟုလာ မှန်ဆိုတာ ဘာလုပ်ဖို့လဲ´
ရာဟုလာ။ ။`မှန်ဆိုတာကြည့်ဖို့ပါဘုရား´
ဗုဒ္ဓ။ ။`အေးကွဲ့၊ အဲဒီလိုပဲ ဘယ်အရာမဆို ကြည့်ပြီး လုပ်ရမယ် ကြည့်ပြီးပြော ရမယ်၊
ကြည့်ပြီးတွေးရမယ်။
မြတ်ဗုဒ္ဓ၏ အဆုံးအမသြ၀ါဒ စကားသည် လွန်းစွာထိမိ၏၊ ကြည့်လုပ်ဟူသော စ ကားသည်
လွန်စွာ ခရီးရောက်၏၊ လူတို့သည် မှန်ဖြင့် မိမိမျက်နှာ၌ ၀က်ခြံ တင်းတိမ်စသော အပြစ် အ
နာအဆာများရှိမရှိကြည့်၍ မျက်နှာကို လှသည်ထက်လှအောင် ကြည့် ကောင်းသည်ထက် ကြည့်ကောင်းအောင်လိုအပ်သလို ပြုပြင်ကြသကဲ့သို့ မိမိတို့၏ ဆောင်ရွက်ချက်များကို`အပြစ်
အနာ အဆာရှိမရှိ၊ မိမိသူတစ်ပါး နှစ်ဦးသားလုံးအတွက် အကျိုးများမများ အပြစ်ကင်းသော
ကုသိုလ်ဟုတ် မဟုတ်´စသည်ဖြင့် ကြည့်ရှုဆင်ခြင် ပြီးမှ လုပ်ကိုင် ဆောင်ရွက်အပ်၏၊ အပြစ်
ရှိ မရှိ ကြည့်ပြီးမှပြောရမည်ဖြစ်၏၊ အပြစ်ရှိမရှိ ကြည့်ပြီးမှ တွေးရမည် ဖြစ်၏။
အလှအပကြိုက်သူများသည် မှန်ကို ခဏ ခဏ ကြည့်သကဲ့သို့ မိမိဘ၀ကို အမှန် တကယ်
လှလိုပါလျှင်လည်း ဘယ်အရာမဆို မပြုလုပ်မီ တစ်ကြိမ် ပြုလုပ်ဆဲတစ်ကြိမ် ပြုလုပ်ပြီးတစ်
ကြိမ် တခါလုပ် သုံးကြိမ် ဆင်ခြင်စဉ်စား သုံသပ်ပြီးမှ ပြုမူလုပ်ဆောင်ရ မည်ဖြစ်၏၊ အကု
သိုလ်ဖြစ်စဉ်အရာ၌ မပြုမီ ရှောင်ကြဉ်၍ ကုသိုလ်ဖြစ်မည့်အရာ၌ ပြု လုပ်ဖြစ်အောင် ကြိုး
စားကြရမည်ဖြစ်၏။
မပြုမီ မပြောမီ မတွေးမီ ဆင်ခြင်းသုံးသပ်ကြည့်ရှု လိုက်၍ မကောင်းမှန်းသိလျှင် ရှောင်ကြဉ်
နိုင်ရမည် ဖြစ်၏၊ မပြုလုပ်မီ သတိမေ့လျော့၍ မကြည့်ရှုမိခဲ့သော် ပြုနေဆဲ ပြောနေဆဲ တွေး
နေဆဲအချိန်၌ ကြည့်ရှုရမည်ဖြစ်၏၊ မကောင်းမှန်းသိလျှင် ဆက်မလုပ် ပဲ ထိမ်းချုပ်နိုင်ဖို့လို
အပ်ပါ၏။
ပြုပြီး ပြောပြီး တွေးပြီးမှ မကောင်းမှန်းသိလျှင်လည်း ဖုံးကွယ်မထားပဲ လေးစား လောက်သူ
တစ်ဦးဦးထံ၌ အပြစ်ကိုဝန်ခံ၍ နောက်တစ်ဖန် ထိုအမှားမျိုး မလုပ်မိအောင် သတိထားရ
မည်ဖြစ်၏၊ ဤးကား မြတ်ဗုဒ္ဓ၏သားတော်ရာဟုလာအားဆုံးမတော်မူခဲ့သော `ကြည့်လုပ်´
ဟူသော ဆုံးမစကား၏ အနှစ်သာရဖြစ်ပါ၏၊ ယနေ့အခါ၌ကား `ကြည့်လုပ်´ဆိုသော စ
ကား၏ အဓိပ္ပါယ်ကို တစ်မျိုးတစ်ဖုံနားလည်နေကြ၏၊`ပေးသင့် တာပေး ကျွေးသင့်တာ
ကျွေးပြီး ကြည့်လုပ်လိုက် ကိုယ်ကိစ္စ အဆင်ပြေအောင်မြင်ဘို့ အဓိက´ ဟူသော မသမာ
သော အသွင်ဖြင့် အရှက်မရှိပြောဆိုနေကြ၏။
မြတ်ဗုဒ္ဓ မိန့်ကြားခဲ့သော `ကြည့်လုပ်´ဟူသောစကား၏ အဓိပ္ပါယ်ကား အရှက်အကြောက်
တရားကို တန်ဖိုးထား၍ အစစ အရာရာ သေသေချာချာ သုံးသပ်ကြည့်ရှု ပြီးမှ လုပ်ကိုင်
ဆောင်ရွက်ပါဟု ဆိုလို၏၊ ရိုးရိုးမျက်စိဖြင့် မကြည့်ပဲ ဥာဏ်မျက်စိဖြင့် ကြည့်ပါ အဆိုးအ
ကောင်း အကျိုးအကြောင်းကို သုံးသပ်ဆင်ခြင်ပါ ဟု ဆိုလိုခြင်းဖြစ်ပါ ၏၊ တန်ဖိုးရှိသော
စကားကို တန်ဖိုးထားတတ်ဖို့ လွန်စွာအရေးကြီးပါ၏။
တပည့်လက်အောက် ငယ်သားများနှင့် သားသမီးတို့ကို အုပ်ချုပ်ရသော ဆရာမိ ဘများ
သည် နေရာတစ်ကာအလိုလိုက်၍ ပျော့စိစိလုပ်နေလျှင် ထိုတပည့်သားသမီးများ က အ
ရေးမစိုက်တတ်ကြ အရောတ၀င်၍ အရိုအသေမဲ့တတ်ကြသည်ကို သတိပြုဖို့လို ၏၊ နေရာ
တကာချုပ်ချယ်၍တင်းတင်းကျပ်ကျပ်အုပ်ချုပ်လျှင်လည်းသူတို့၏ဘ၀တက်လမ်းကို လှောင်
ပိတ်သလို ဖြစ်သွားတတ်သည်ကို လည်းကောင်း မိမိကို မကျေမနပ်ဖြစ် ၍ ဒေါသအာဃာ
တ တစတစ ကြီးထွားလာပြီး ရန်ရှာ တတ်ကြသည်ကိုလည်းကောင်း သတိပြုရန်လိုအပ်
ပါ၏။ အခြေအနေအရ လိုအပ်လျှင် လိုအပ်သလို အတင်းအလျှော့ပြုလုပ်၍လည်း ကောင်း
မြှောက်တန်လျှင်မြှောက် ခြောက်တန်လျှင်ခြောက်၍ လည်းကောင်း အဖွင့် အ ပိတ်ထား၍
လည်းကောင်း မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျင့်စဉ်နည်းဖြင့် ပြောဆို ဆုံးမ တတ်ရန် လွန်စွာအရေးကြီးပါ၏။
မြတ်ဗုဒ္ဓ၏ ကေသိမည်သော မြင်းထိန်းတစ်ယောက်အားမိန့်ကြားတော်မူခဲ့သော ဆုံးမနည်း
ဆုံးမဟန် သားတော်ရာဟုလာအား လမ်းညွှန်မှုပေးခဲ့သောဆုံးမစကားတို့ ကို အတုယူမှတ်
သားကျင့်သုံး၍ မိဘကသားသမီး ဆရာကတပည့်တို့ အ ပေါ် ပြောဆိုဆုံးမ လမ်းညွှန်မှုပြု
ကြမည်ဆိုပါလျှင် သာလိမ္မာ တပည့်လိမ္မာလေးများ ဖြစ်လာကြမည်မှာ သေချာပါ၏၊ အချုပ်
ဆိုရသော် မိဘဆရာတို့သည်လည်းကောင်း တပည့်သားသမီးတို့ သည်လည်းကောင်း အ
မှားအယွင်းကင်း၍ လောကီ လောကုတ္တရာ အကျိုးစီးပွားအောင် မြင် ပြီးမြောက်ကြစေရန်
အကောင်းအဆုံး အကြောင်းအကျိုး အမှားအမှန်ကို ဝေဖန် ပိုင်းခြား ဆင်ခြင်စဉ်းစား တတ်
သော အသိဥာဏ်ပညာ ၀ိဇ္ဇာမျက်လုံးတို့ဖြင့် အစစအရာရာ ကြည့်နေ ကြည့်စား ကြည့်
သွား ကြည့်ထိုင် ကြည့်ကိုင် ကြည့်ယူ ကြည့်ကူ ကြည့် ပိတ် ကြည့်အိပ် ကြည့်ထ ကြည့်ပြ
ကြည့်ပေး ကြည့်တွေး ကြည့်ပြော ကြည့်လုပ်ကြပါ ရန် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါ၏၊
ကြည့်လုပ်နော် ကြည့်လုပ်……….
ကျမ်းကိုး။ ။သုတ္တန္တ အင်္ဂုတ္တရနိကာယ် တိကနိပါတ်၊ ကေသိသုတ်နှင့် သုတ္တန္တ
ပိဋကမဇ္ဈိမနိ ကာယ်၊ အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်တို့ကို မှီငြမ်းပြုပြင် တန်ဆာဆင် ရေးဖွဲ့ထားပါသည်။
အရှင်သိရီဒတ္ထာလင်္ကာရ၊
No comments:
Post a Comment