Thursday, February 16, 2012

၂၀၁၂-ခုနှစ်မှာ ကမ္ဘာတကယ်ပျက်မှာလား


ယခုတလော အင်တာနက်၊ စာနယ်ဇင်း၊ရုပ်ရှင်နှင့်ပလူပျံနေသော ကောလာဟ လပညာရှင်အချို့တို့၏ ပ
ယောဂတို့ကြောင့်ခရစ်သက္ကရာဇ်၂၀၁၂ခုနှစ်၁၂လမြောက်ဖြစ်သည့်ဒီဇင်ဘာ၁၂ရက်တွင်ကမ္ဘာလောကကြီး
အမှန်တကယ်ပျက်တော့မှာလားဟူသည့်စိုးရိမ်ကြောင့်ကြမှုများလူအတော်များများတွင် ဖြစ်ပေါ်နေကြသည်
ဟု ကြာသိရသည်။ ထို့အပြင်ယခုအခါ မုန်တိုင်း, ငလျှင်စသည့် သဘာဝဘေးဒဏ်တို့ကလည်း ဟိုနေရာဖြစ်
လိုက် ဒီနေရာဖြစ်လိုက်နှင့် ဆိုးဆိုးရွားရွားဖြစ်ပေါ်လျှက်ရှိနေပြီးလူပေါင်းများစွာ သေကြေပျက်စီးနေကြသည်
ကို လည်း တွေ့မြင်ကြားသိရပြန်သည်။

မြွေပူရာကင်းမှောက်ဆိုသလို AIDS BirdFlu.AH1.N1.စသည့် ရောဂါဆိုးအမျိုးမျိုးတို့ကလည်းထပ်လောင်းဖိ
စီးနှိပ်စက်နေကြပြန်သည်။ အမျိုးမျိုးအဖုံဖုံကမ်းကုန်အောင် ကမ္ဘာဖျက်လက်နက်ခဲယမ်းမီးကျောက်တို့ကို တီ
ထွင်စွဲကိုင်လျှက်တစ်ဦးနှင့်တစ်ဦးရန်လိုခြိမ်း ခြောက်နေကြသော လူကြမ်း သူကြမ်းများကြောင့်လည်း ကမ္ဘာ
သူကမ္ဘာသားအပေါင်းတို့အဘို့ရတက်မအေးဖွယ်ရာ နေ့ရက်များလည်းဖြစ်နေရပြန်သည်။ထိုမျှသာမကထူးထူး
ဆန်းဆန်းအဖြစ်အပျက်များကလည်းကမ္ဘာတစ်လွှားတွင်တစ်နေ့တစ်မျိုးမရိုးရအောင်ဖြစ်ပေါ်နေကြပြန်ရာထင်
ရာမြင်ရာအတိတ်နိမိတ်ကောက် ဟောပြောတတ်သူအချို့ ကြောင့်လူအများအဘို့သို့လောသို့လောနှင့်ပူပန်
သောက ဖြစ်စရာတွေ ထပ်ဆင့်လာ ပြန်ပေသည်။
       
ထိုသို့သောအကြောင်းရပ်တို့ကို သံသယတွေးများနှင့်မေးလျှောက်လာသည့်ပိုဂ္ဂိုလ်ကြီးငယ် အသီးအသီး အ
တွက်သာမက ကမ္ဘာကြီးတကယ် ပျက်တော့မှာလားဟူ သော သံသယဖြင့် စိုးရိမ်ထိတ် လန့် နေကြသော လူ
အများ၏ ထိတ်လန့်စိုးရိမ်မှုပြေပြောက်စေရန်ရည်သန်လျှက် ``တာဝန်သိသူမှာတာဝန်ရှိသည်´´ ဟူ
သည်နှင့်အညီ ကမ္ဘာ့အကြာင်းကို လက်လှမ်းမှီသမျှ ကြိုးစားရှာဖွေ္ဂ္ဂ၍ ဤဆောင်း ပါးကို ရေးသားလိုက် ရပေသည်။
         
ကမ္ဘာ..ဟူသောစကားသည် ကပ္ပ-ဟူသော ပါဠိဘာသာမှ ဆင်းသက်လာသောစကားဖြစ်၏၊ နှစ်ပေါင်းမည်
မျှကြာသည်ဟု ဂဏန်းချ၍ မရေတွက်မသတ်မှတ်နိုင်၊ ကြံဆ ၍သာ သိနိုင်သော အချိန်ကာလ အပိုင်းအခြား တစ်ခုကိုဆိုလို၏။ အလျှား, အနံ, အမြင့် အားဖြင့် တစ်ယူဇနာ(၈-မိုင်ခန့်)စီရှိသော ဂိုဒေါင်ကြီး အတွင်း၌အ
လွန်သေးငယ်လှသော မုန်ညှင်းစေ့တို့ကို အပြည့်ထည့်ထားပြီးလျှင် အနှစ်တစ်ရာ တခါပြည့်မှ တစ်စေ့ထုတ်
ယူ ပစ်သဖြင့် ထိုမုန်ညှင်းစေ့အပုံကြီးကုန်သွားသော်လည်း ကပ္ပ-(ကမ္ဘာ)ဟုခေါ်သောအချိန်ကာ လကား ကုန်
ဆုံးသည်မဟုတ်သေး၊ ထို့ထက် အနည်းငယ်ကြာသေး၏ဟု ကြံဆ၍ သိအပ်ကြောင်း ထေရ၀ါဒကျမ်းစာများ၌ မိန့်ဆိုကြ၏၊ ဤစကားရပ်ကို  ထောက်ဆ၍ ပါဠိလို-ကပ္ပ၊ မြန်မာလို ကမ္ဘာ-ဟူသည်မှာရှည် လျှားလှစွာသော အချိန် ကာလ တစ်ခုကိုဆိုလို၏။ မှန်၏-သတ္တ၀ါတို့၏မှီရာတည်ရာ မြေ,ရေ,လေ ,ကောင်း ကင်,အိုးအိမ်တိုက်
တာ အဆောက်အဦး,တော,တောင်,သမုဒ္ဒရာ, ကျွန်းကြီး,ကျွန်းငယ် အသွယ် နေ, လ, နက္ခတ်တာရာစသည် တို့ဖြင့် ဖွဲ့စည်းထားသော စက်ဘီး သဏ္ဌာန် ကဲ့သို့ စကြ၀ဠာ တောင်တန်းကြီးတစ်ခုဝန်းဝိုင်း၍တည်ရှိသော
ဩကာသလောကဓာတ် စကြ၀ဠာ ကမ္ဘာတစ်ခု၏ သက်တမ်းကို အတိအကျ မရေ တွက်နိုင်။
       
သို့သော် အစရှိလျှင် အဆုံးရှိစမြဲ၊ အဖြစ်ရှိလျှင် အပျက်ရှိစမြဲ ဖြစ်ရကား ထိုကမ္ဘာတစ်ခု၏ သက်တမ်းကို ဗုဒ္ဓ-အစရှိသောပညာရှိတို့၏ အဆိုအမိန့်အတိုင်း လေ့လာကြည့်ကြပါစို့။
       

ထိုကပ်ကမ္ဘာသည်
၁။ ပျက်စီးနေဆဲအနေအထားအချိန်ကာလ သံဝဋ္ဋကပ်၊
၂။ တစုံတခုဖြစ်ပေါ်မှု မရှိသေးဘဲ အပျက်အတိုင်းတည်ရှိနေသော အနေအထားအချိန် ကာလ သံဝဋ္ဋဌာ
ယီကပ်၊
၃။ ပြန်လည်တည်ထူထောင်ရေးကာလ ၀ိဝဋ္ဋကပ်၊
၎။ ထူထောင်ပြီးသည့်အတိုင်း တည်မြဲနေဆဲကာလ ၀ိဝဋ္ဋဌာယီကပ်-ဟု ၄ မျိုးရှိ၏၊ ထိုကပ်လေးမျိုး၏ အချိန်
ကာလ သက်တမ်းကို အတိအကျဂဏန်းချ၍ ရေတွက်သတ်မှတ်မရသောကြောင့် အသင်္ချေယျကပ်ဟုခေါ်၏။
       
ထိုအသင်္ချေယျကပ်လေးမျိုးတို့တွင် ကမ္ဘာဖျက်မိုးရွာသည်မှစ၍ မီးကြောင့်ပျက်မည့် ကမ္ဘာဖြစ်လျှင်မီးလျှံရပ်စဲ
သည့်တိုင်အောင်၊ရေကြောင့်ပျက်မည့် ကမ္ဘာဖြစ်လျှင်ရေရပ်စဲသည့်တိုင်အောင်၊လေကြောင့်ပျက်မည့် ကမ္ဘာ
ဖြစ်လျှင် လေရပ်စဲသည့်တိုင် အောင် သောကာလသည် သံဝဋ္ဋကပ်(ပျက်ဆဲကပ်)မည်၏။
       
မီး-ရေ-လေ တခုခုကြောင့် ပျက်စီးပြီးသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့်တိုင်အောင် သော ကာလသည် သံဝသ
ဋ္ဋဌာယီကပ် (အပျက်အတိုင်းတည်နေသောကာလ)မည်၏။
       
ကမ္ဘာပျက်မိုးရွာသည်မှစ၍ လောကကြီး၌ နေ,လ,နက္ခက်,ကြယ်တာရာတို့ ပေါ်ထွက် လာသည့်တိုင်အောင်
သာကာလသည် ၀ိဝဋ္ဋကပ်(ထူထောင်ရေးကာလ)မည်၏။
      
နေ, လ, နက္ခက်,  ကြယ်တာရာ တို့ ပေါ်ထွက်ပြီးသည်မှစ၍ နောက်ထပ်တဖန် ကမ္ဘာဖျက်မိုးရွာ သည့်တိုင်
အောင် သာကာလသည် ၀ိဝဋ္ဋဌာယီကြပ်(ဖွိ့ဖြိုးပြီးကာလ) မည်၏။ ယခုလက်ရှိ အချိန်ကာလပိုင်းသည် ၀ိဝ ဋ္ဋဌာယီအင်္ချေယျကပ်ဖြစ်၏။ ထိုအသင်္ချေယျ ကပ်လေးကပ်ကိုပေါင်းမှ မဟာကပ် (တစ်ကမ္ဘာ)ဖြစ်၏၊ ဆိုလို
သည်မှာ ကမ္ဘာတစ်ခု၏ အနေအထားသည် ပျက်ဆဲကာလ၊ အပျက်အတိုင်းတည်ရှိကာလ၊ ထူထောင်နေဆဲ
ကာလ၊ ထူထောင်ပြီးဖွိ့ ဖြိုးပြီးကာလ-ဟု အချိန်ပိုင်း ၄ ခုဖြင့် ပါဝင် ဖွဲ့စည်းထားခြင်းဖြစ်သည်-ဟုဆိုလို၏။
       
ထိုအသင်္ချေယျလေးကပ်တို့တွင် ယခုလက်ရှိ ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ်ဦးစ အခါက(တစ်နည်း-ကမ္ဘာဦး
အခါက) လူတို့သည်အသက်အသင်္ချေ တည်နေကြရကုန်၏၊  ကာလရှည်လျားလတ်သော် လောဘ -ဒေါသ
စသောအကုသိုသ်တရားများ တိုးပွားဖျက် ဆီးသဖြင့် တဖြည်းဖြည်း ဆုတ်ယုတ်ကာ အသက် ဆယ်နှစ်တမ်း
တိုင်အောင်  ရောက်လာ၏၊ ဤသို့ ဆုတ်ယုတ်လာသော အချိန်ကာလကို ဆုတ်ကပ်-ဟုခေါ်၏၊ ထိုအခါ ရော
ဂါဘယ ဘေးဆိုးကြီး ခေတ်မီ လက်နက်ဘေးဆိုးကြီး၊ ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုးကြီး တစ်မျိုးမျိုး (ကပ်ကြီး
သုံးပါး တစ်ပါးပါး)ကျရောက်၍ မကောင်းသူတွေမှန် သမျှ သေကြေပျက်စီးကြရကုန်၏၊  အသက်တစ်ရာတမ်း
အောက် ၁၀-နှစ်တမ်း တ၀ိုက်ဆီတွင် လောဘ-ဒေါသ-မောဟ အကုသိုသ်တရာများ မည်မျှသောင်းကျန်း
လာသနည်းဟူမူ လိင်တူအချင်းချင်းဆက်ဆံမှု၊ ဖခင်နှင့်သမီး၊ သားနှင့်အမိဖောက်ပြန်မှု၊ အချိန်မရွေး၊ နေရာ
မရွေး၊ အရှက်မရှိသောင်းကျန်းမှု- တို့သည် လောကဓလေ့ (ဖက်ရှင်) တခုကဲ့သို့ ဖြစ်လာ ၏၊ လူသတ်လက်
နက်တွေ အလိုလို အလျှံပယ်ပေါများပြီး လူသား အချင်းချင်း တိရိစ္ဆာန်ကဲ့ သို့ ရက်ရက်စက်စက် သတ်ဖြတ်
ကြ၏၊ မြို့ရွာတွေပျက်စီးကြ ကုန်၏။ သူတော်ကောင်းစိတ်ဓာတ်ရှိသူ အချို့သော လူတို့သည် ´´ငါတို့က
လည်း ဘယ်သူ့ကိုမှ မသတ်လို၊ ငါတို့ကိုလဲ ဘယ်သူကမှမသတ်ကြစေနဲ့´´ဟု မေတ္တာတရား ရှေ့ရှုကာဘေး
လွတ်ရာပြေးကြပြီး ခြုံပုတ်-တောအုပ်ကျောက်ဂူတောင်ကြားစသည့် တို့၌ ပုန်းအောင်းနေ ထိုင် ကြကုန်၏။
နောက်ဆုံးခုနစ်ရက် လူသတ်ပွဲကြီးပြီး၍ မသေ မပျောက်ကျန်ရစ်ခဲ့သော ထိုလူသား အနည်းငယ်သည် သေ
ကြေပျက်စီးသွားကြသော လူတွေကိုကြည်ပြီး အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ကာအချင်း ချင်းလည်ပင်း
ဖတ်၍ ``ဒို့ အသက်ရှင်နေကြသေးတယ်နော်၊ ဒို့ မသေကြဘူးနော်´´ဟု ၀မ်းမြောက် ၀မ်းသာဖြစ်ကြကုန်၏။ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ကူညီဖေးမစောင့်ရှောက် ကြရင်း စိတ်ဓာတ်ယဉ်ကျေးမှု
ဗြဟ္မာစိုရ်တရားများ ပြန်လည်ထွန်းကားလာသည်နှင့် အမျှ ထိုလူတို့၏ အသတ်တမ်း လည်း သားစဉ်မြေး
ဆက် တဆထက်တစ တိုးတတ်ကာ အသက်အသင်္ချေတိုင်အောင် ရှည်လာကြပြန်၏၊ ဤသို့ ဆယ်နှစ်-သက်
တမ်းမှ အ သင်္ချေယျတမ်းအထိ အသက်တမ်းပြန်တက်လာသော အချိန်ကာလကို တက်ကပ်ဟု ခေါ်၏၊ ဤ
သို့သော ဆုတ်ကပ် တက်ကပ် တစ်စုံကို -အန္တရကပ် တစ်ကပ်ဟု ခေါ်၏၊ ထိုကဲ့ သို့သော အန္တရကပ်ပေါင်း ၆၄-ကပ်ပြည့်လျှင် လက်ရှိ ၀ိဝဋ္ဋဌာယီအသင်္ချေယျ ကပ်ကမ္ဘာသည် ကုန်ဆုံးတော့ ၏၊ ကမ္ဘာပျက် တော့မည်
ဖြစ်၏၊ သံဝဋ္ဋ အသင်္ချေယျကပ်၊ သံဝဋ္ဋဌာယီအသင်္ချေယျကပ်၊ ၀ိဝဋ္ဋ အသင်္ချေယျ ကပ်တို့၌ကား သတ္တ၀ါများ လူပြည် နတ်ပြည်၌မရှိခြင်းကြောင့် တက်ကပ်-ဆုတ်ကပ် အစုံတည်းဟူသော အန္တရကပ် တို့ဖြင့် မသတ်မှတ် မပိုင်းခြားနိုင်သော်လည်း ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ် နှင့်အချိန်ကာလ တူညီ၏-ဟုမှတ်ယူရမည်ဖြစ်၏။
      

ဝိ၀ဋ္ဋဌာယီအသင်္ချေယျကပ်(လက်ရှိကမ္ဘာကြီး)ပျက်ခါနီးလျှင် သတ္တ၀ါတို့သည်  လွန်စွာတရား မဲ့ကြ သည်-ဟု
ဆို၏၊ အမေကိုမယားလုပ်၊ သားကိုလင်လုပ်သည့်အခြေ အနေထိ ဆိုးရွားလာကြ၏၊ ဟိရီ-ဩတ္တ ပ္ပတရားများ
ကို လုံးဝကင်းမဲ့ကြ၏၊ မေတ္တာတရား အကြင်နာတရား ချမ်းသာသူကို ကြည်ဖြူနိုင်သော မုဒိတာ တရားများ ခန်းခြောက်လာ ကြ၏၊ လူလူချင်းညှင်းဆဲကြ၏၊ တစ်ယောက်စားရ တစ်ယောက်မနာလို မရှုစိမ့်ဖြစ်ကြ၏၊ ထို
ခေတ်အခါက ပေါ်ထွန်းသောဝါဒဆိုးကြောင့် တရားမဲ့ခြင်း ကပင်လျှင် ဂုဏ်ရှိသော လုပ်ရပ်-ဖြစ်နေတတ်၏၊ 
သို့သော် ကမ္ဘာမပျက်ခင်အနှစ်တစ်သိန်းက ကြိုတင်၍ ``ကမ္ဘာကြီး လုံးဝပျက်စီးတော့မည်-တဲ့´´ဟူသော
ကောလာဟလ ပေါ်ပေါက်လာမည် ဖြစ်၏၊ ထိုအခါ လောကဗျူဟာနတ်များက-လူ့ပြည်တွင် လှည့်လည်၍
``အို..လူသာတို့ နောင် အနှစ်တစ်သိန်း လွန်မြောက်သောအခါ ဤကမ္ဘာကြီးပျက်စီးတော့မည်၊ ပင်လယ် သမုဒ္ဒရာ,မြေ, မြင့်မိုရ်တောင်နှင့်တကွ ကမ္ဘာ့အဆောင်အယောင်အားလုံး ပျက်စီးချေ တော့မည်၊ လူသားအ
ချင်းချင်း မေတ္တာထားကြပါ၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထား ပွား များကြပါ၊ လူကြီးမိဘရိုသေကြ ပါ၊ ပြုစုလုပ်
ကျွေးပါ၊ ကုသိုသ်ကောင်းမှုပြုကြပါ´´ဟု သတိပေးနှိုးဆော်ကြွေးကြော် တိုက်တွန်းကြလေ၏။
       
         
ထိုအခါ လူသားတို့နှင့်တကွ အချို့နတ်များပင် တုန်လှုပ်ခြောက်ခြား သံဝေဂပွား လျက် မဟုတ်တ ယုတ် တရားမဲ့ဝါဒများကို စွန့်ပယ်လျက် ဗြဟ္မစိုရ်တရားလက်ကိုင်ထား ကာ တရားဖက်ကြပြန်သောကြောင့် သေ
လျင် အထက်အထက်ဘုံ များသို့ရောက် ကြရလေသည်။ နောက်ဆုံး၌ လူ့ဘုံ၊ နတ်ဘုံနှင့် ပထမဈာန်ဗြဟ္မာ့
ဘုံတို့ရှိသတ္တ၀ါအများသည်ကမ္ဘာပျက်မည့်ဘေးမှ လွတ်မြောက်ရာ အထက်ဗြဟ္မာ့ပြည်တို့၌ ဗြဟ္မာများ သာ
ဖြစ်ကြ ရလေ၏။
        ကမ္ဘာပျက်ခါနီးလျှင် လူ့ပြည်၌ မိုးကြီးသည်းထန်စွာရွာသွန်း မြည်းအော်သံကဲ့သို့ အသံကြီးမည်းဟီး လျှက် တချီတည်းမိုးပျက်လေတော့သည်၊ ထိုအခါကျန်ရှိသောလူသား အနည်းငယ်တို့သည် ကမ္ဘာဖျက်မိုး ကြီးမှန်းမသိ၍ ပျော်ပျော်ပါးပါးပင် ကောက်ပဲသီနှံ စိုက်ပျိုးကြလေကုန်၏၊ နွားများစားလောက် အပင်ပေါက် အရွယ် မိုးကျချိန်ရောက်၍ မိုး မရွာတော့မှ ပြင်းထန်စွာတုန်လှုပ်ခြောက်ခြား သံဝေဂပွားလျှက် ဗြ ဟ္မစိုရ်တ
ရားလက်ကိုင်ထားကြလေတော့သည်၊ ထို့ကြောင့်သေသောအခါ လက်ကျန်လူသားအားလုံးသည်လည်း အ
ထက် အထက်ဘုံများ၌ ဖြစ်ကြလေ၏၊ နောက်ဆုံး ကမ္ဘာပျက်မည့်ဘေးမှ ဗြဟ္မာများသာဖြစ် ကြရမည်ဖြစ် ၏၊ ငါး လိပ် စသောတိရိစ္ဆာန်နှင့် ပြိတ္တာ နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှတပါသော ငရဲသားတို့လည်း ဘ၀ါဘ၀ ကပြုခဲ့သော အပရာ ပရိယ ဝေဒနီယ ကုသိုလ်ကံကြောင့် သေသောအခါနတ်ပြည်သို့သာ ရောက်ကြမည်
ဖြစ်၏၊ နတ်ပြည်မှတဖန် ကမ္ဘာပျက်မည့်ဘေးမှ လွတ်ရာ ဗြဟ္မာ့ပြည်သို့ ကူးကြလေ ကုန်၏။
       
(နိယတမိစ္ဆာဒိဋ္ဌိ အကုသိုလ်ကံကြောင့်  ငရဲကျနေသူတို့ကား အ၀ိစိငရဲဘုံသက်ဖြစ်သောသက်တမ်း မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ ပြောင်းရွေ့ခံကြရ၏ဆို၏၊ အယူမှောက်မှားဖောက်ပြန်ခြင်း
၏ ဆိုးကျိုးကား လွန်စွာကြောက်မက်ဖွယ်ကောင်း၏။)

ကမ ၻာစတင္ပ်က္ပံု
       ဤသို့ဆိုလျှင် သတ္တ၀ါအများ ဗြဟ္မာ့ပြည်လား၍ အောက်ဘုံများ၌ သတ္တ၀ါများ မရှိတော့သောအခါ ပ ကတိနေ၀င်ပြီး တဆက်တည်းပင် ဒုတိယနေတစ်စင်းပေါ်လာလေ ၏၊ နေ၀သည်ဟူ၍မရှိတော့ပဲ အပူဓါတ် လွန်ကဲလာ၍ နုနယ်သော ကမ္ဘာ့အဆောင် အယောင်ပစ္စည်းများ စတင်ပျက်စီးလေ၏၊ ကာလအတော် ကြ လျှင် နောက်တစ်စင်း ပေါ် လာပြန်၏၊အပူဒီကရီလွန်ကဲလာ၍ မြစ်ရေများခမ်းခြောက်လာ၏၊ နေခုနှစ် စင်း ထိ ပေါ်လာသောအခါ ကမ္ဘာလောကတစ်ခုလုံး မီးဟုန်းဟုန်းထသဖြင့် ကမ္ဘာ့ ရေ မြေ တော တောင် အား လုံးလောင်ကျွမ်းပျက်စီးကုန်တော့၏၊ ကမ္ဘာလောကဓါတ်တစ်ခုလုံးလောင် ကျွမ်းပျက်စီးပြီးသည့်နောက် နေ ခုနှစ်စင်းလည်း ကွယ်ပျောက်ကာ အမှောင်ထုကြီးကျ လာလေ၏၊ အပါယ်လေးဘုံ ကမ္ဘာတိုက်ကြီး ခြောက် တိုက်အပါအ၀င် လူ့ပြည် နတ်ပြည် ပထမဈာန်ဗြဟ္မာ့ဘုံ သုံးဘုံအထိ စုစုပေါင်းဘုံဌာန(၁၄)ခုလုံး ပျောက် ကွယ်သွားလေ တော့သည်၊ ဒုတိယဈာန် ဗြဟ္မာ့ဘုံအောက်တခွင် တပြည်လုံး၌ အာကာသကောင်း ကင်ပြင် ကြီးသာမင်းမူနေတော့၏၊ အမိုက်မှောင်ကြီး အတိဖြစ်နေ၏၊ ထို ဟင်းလင်းပြင်ကြီးထဲ ၌ တေဇောဓါတ် ဦး
ဆောင်သော ဥတုအသိုက်အအုံများ ဓါတ်နုများသာလျှင် ကောင်းကင် နှင့်အပြည့်ကျန်ရှိလေ ၏။ နောက်တ ဖန်ဖြစ်ထွန်းပေါ်လာမည့် ကမ္ဘာလေကဓါတ်၏ မျိုးစေ့ ဓါတ်ပင်ဖြစ်၏၊ ကမ္ဘာ့နိဂုံးချုပ် မိုးကြီးရွာသွန်းချိန်မှစ၍ ကမ္ဘာလောကဓါတ် တစ်ခုလုံး လုံးဝပျက်စီးပြီး ကောင်းကင်နှင့်ဓါတ်နုများသာ ကျန်သည့်အချိန်ထိ တရွေ့ရွေ့
ခြင်းပျက် စီးနေသော ကာလအပိုင်းအခြားကို ပျက်ဆဲကမ္ဘာ(ကမ္ဘာပျက်သည်)ဟုခေါ်၏။
       
လက်ရှိသင်တို့ငါတို့နေထိုင်သော ၀ိဝဋ္ဋဌာယီအသင်္ချေယျကပ်ကမ္ဘာတွင် အန္တရ ကပ်ပေါင်း( ၆၄)ကပ်ရှိ ရမည်
ဖြစ်၏၊ ပထမအန္တရကပ်၌ ကကုသန်မြတ်စွာဘုရား ပွင့် တော်မူခဲ့၏၊ဆုတ်ကပ်သက်တမ်း လေးသောင်း
၌ဖြစ်၏။
        ဒုတိယ အန္တရကပ်၌ ကောဏာဂုံမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ် အ သက်တမ်း သုံးသောင်း ၌ဖြစ်၏။
        တတိယ အန္တရကပ်၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ် အသက် တမ်း နှစ်သောင်း ကာလ၌ဖြစ်၏။
        စတုတ္ထ အန္တရကပ်၌ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ် အသက် တမ်းတစ်ရာတမ်း ၌ဖြစ်၏။
        ပဉ္စမ အန္တရကပ်၌ မေတ္တယျမြတ်စွာဘုရား ပွင့်တော်မူမည် ဖြစ်၏၊ ဆုတ်ကပ်အသက်တမ်း တစ်သိန်း တမ်း ၌ ဖြစ်၏။
        ဘုရားရှင်တို့မည်သည် တက်ကပ်ကာလ၌ ပွင့်တော်မူရိုးထုံးစံမရှိ၊ အသက်တမ်း ဆုတ်ယုတ်သော ဆုတ်ကပ်ကာလ၌သာ ပွင့်တော်မူရိုးထုံးစံရှိ၏၊ တဖန် တက်ကပ် ကာလသည် မြန်ဆန်၍ ဆုတ်ကပ်ကာ လသည် နှေးကွေးလေ့ရှိသည်ဟု မိန့်ဆိုကြ၏၊ ကျန်သော အန္တရကပ်(၅၉)ကပ်တွင် ဘုရာသဗ္ဗညူ ပွင့်တော် မူမည် မဟုတ်။
        သင်တို့ငါတို့နေထိုင်သော ဤကမ္ဘာဝယ် ဘုရားငါးဆူပွင့်တော်မူရကား ဘုရား အများဆုံး ပွင့်သော ကမ္ဘာဖြစ်၍ ဘဒ္ဒကမ္ဘာ(ကောင်မြတ်သောကမ္ဘာ)ဟုခေါ်ကြ၏။
        သင်တို့ငါတို့နေထိုင်သော ဤဘဒ္ဒကမ္ဘာသည် အန္တရကပ်(၆၄)ကပ်ပြည့်မှ တပြိုင် နက် ပျက်မည်ဖြစ် ၏၊ ထို့ကြောင့် ကမ္ဘာကြီးပျက်ဖို့ရန် အတော်ပင် အချိန်ကြာလိမ့်အုံး မည်ဖြစ်လေ၏။
       
 ကမ္ဘာဖျက်လက်နက်ကြီးများ
ဤကမ္ဘာလောကဓါတ်ကြီးကို ဖျက်ဆီးသောသဘာဝလက်နက်ကြီးများမှာ မီး ရေလေတို့ဖြစ်ကြ၏၊ မီးကြောင့်
ခုနှစ်ကြိမ်၊ရေကြောင့်တစ်ကြိမ်အလှည့်ကျပျက်ဆီးပြီးလျှင်(၆၄)ကြိမ်မြောက်၌ လေတစ်ကြိမ်ဖျက် သည်ဟုဆို
၏၊မီးကြောင်ပျက်လျှင်ပထမဈာန်အာဘဿရာဗြဟ္မဘုံအထိပျက်၏၊ရေကြောင့်ပျက်လျှင်ဒုတိယ ဈာန်သုဘ
ကိဏှာဗြဟ္မဘုံအထိပျက်၏၊လေကြောင့်ပျက်လျှင်တတိယဈာန်ဝေဟပ္ဖိုလ်ဗြဟ္မာဘုံအထိပျက်သည် ဟုဆို ကြ၏။ သို့ဖြစ်၍ (၆၄)ကမ္ဘာ၊(၆၄)ကြိမ် ပျက်ရာ၌ မီးဖျက်(၅၆)ကြိမ်၊ ရေဖျက် (၇)ကြိမ်၊ လေဖျက်(၁)ကြိမ် ဖြစ်
လေသည်၊ ဤသို့လျှင် (၆၄)ကမ္ဘာတစ်တွဲကို မီး ရေ လေတို့က ဆိုခဲ့ပါ အစီအစဉ်အတိုင်း အလှည့်ကျဖျက်
ဆီးကြလေ သည်၊ တဖန် အချိန်တန်က ကမ္ဘာလောကကြီးပြန်လည်ဖြစ်တည်ထွန်းကား လာအုံးမည်ဖြစ်၏။
      
ဤသို့သော စနစ်ကို မည်သည့်တန်ခိုးရှင်ကမှ ဖန်တီးသည်မဟုတ်၊ မည်သည့် ထာဝရဘုရားသခင်မှ လည်း တားဆီးနိုင်ခွင့်ရှိမည်မဟုတ်၊ သဘာ ၀ တရားတို့၏ ဓမ္မနိယာမဖြစ်စဉ်တစ်ခုပင် ဖြစ်လေ၏။

ခရစ်ယာန်ကျမ်းစာများက ဤကမ္ဘာလောကကိုထာဝရ ဘုရားသခင်ကဖန်ဆင်း  သည်ဟုဆို၏၊  

အစ္စလာမ်ကျမ်းများက တေဇောတေဇကွတ်ရတ်တန်ခိုးတော်ဖြင့်အလ္လာအရှင်မြတ်ကဖန်ဆင်းသည်ဟုဆို၏၊

ဗြဟ္မဏ၀ါဒီများကမူ ဤကမ္ဘာလောကကြီးကို ဗြဟ္မာကြီးကဖန်ဆင်းသည်၊ ဗိဿနိုးနတ်မင်းက စောင့်ရှောက် သည် ၊ သီဝလိနတ်မင်းက ဖျတ်ဆီးသည်ဟုဆိုကြ၏၊

သိပ္ပံပညာ ရှင်များက ဓာတ်ငွေ့များစုပေါင်း ပေါက်ကွဲရာမှ ကမ္ဘာလောက ဓာတ်ကြီး ဖြစ်ထွန်းလာသည်ဟု
ပြောကြ၏၊

ဗုဒ္ဓကျမ်းစာများကမူ ယခင်ကမ္ဘာဟောင်း ပျက်စဉ်က ကျန်ရှိနေသောဥတု,တေဇော,ဓာတ်နုဓာတ်ငွေ့များနှင့် မ ပျက် သော ဗြဟ္မာ့ပြည်၌ရှိနေကြသော သတ္တ၀ါတို့၏ ကံအစွမ်းဟူသော ဓမ္မနိယာမ လမ်းစဉ်အရ ကမ္ဘာ
လောကဓာတ်ကြီး ပြန်လည်တည်ရှိ ထွန်းကားလာသည် ဟုဆို၏၊ သဘာဝကျကျ စီိစစ်လက်ခံတတ်ဖို့ လို အပ်ပါ၏။
      
ကမ္ဘာမပျက်မီအကြား လူဖျက်လက်နက်များ

သင်တို့င်ါတို့နေထိုင်ရာ ဤ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ် ကမ္ဘာကြီး အဆုံးသတ်တွင် မီးရေ, လေတို့ကြောင့် အလုံးစုံမပျက်မီအတွင် အသက်တစ်ရာတမ်းအောက် ဆယ်နှစ်တမ်းသို့ရောက်လာသောအခါ်   အငတ်ဘေး ,  ရောဂါဘေး လက်နက်ဘေးတို့ မကောင်းသူတွေမှန်သမျှ သေကြေပျက်စီးကြရ၏၊ ကမ္ဘာနှင့်ချီ၍ အကြီးအ ကျယ် မပျက် စီးမီအကြား ဆုတ်ကပ်ဖြစ်သော အန္တရကပ်၌ လူသားတို့ပျက်ဆီးခြင်းဟုဆိုလို၏၊ လူ သားတို့ သန္တာန်၌ လောဘအထူး လွမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အငတ်ဘေး ကြီးဆိုက်၍ မကောင်းသူတွေ မှန်သမျှ သေကြေပျက်စီးကြရကုန်၏၊ ထိုကပ်ကို ဒုဗ္ဘိက္ခန္တရ ကပ်-ဟုခေါ်၏။
       
လူသားတို့သန္တာန်၌ မောဟအထူလွမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် ရောဂါဆိုးကြီးများကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရကုန်၏၊ ထို ကပ်ကို ရောဂန္တရကပ်ဟုခေါ်၏။ လူသားတို့ သန္တာန်၌ ဒေါသအထူးလွမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အ ချင်းချင်း လက်နက်တိုဖြင့် သတ်ဖြတ်၍ မကောင်းသူတွေမှန်သမျှသေကြေပျက်စီးကြရ ကုန်၏၊ ထိုကပ်ကို သတ္ထန္တရကပ် ဟုခေါ်၏၊

ဘုရားရှိခိုးဆုတောင်းများ၌ အပါယ်လေးပါး ကပ်သုံးပါး ဟု သုံးနှုန်းထားသော စကားမှာလည်း ဤကပ်သုံးပါး ကိုပင်ရည်ရွယ်၏၊ ဤ ကပ်သုံးပါး လက်နက်သုံးမျိုးကြောင့် ပျက်စီးကြရာ၌ ကမ္ဘာကြီးပါပျက်စီးသည်မဟုတ် မ ကောင်းသူများသာပျက်စီးခြင်းဖြစ်၏၊ ထိုအပျက်မျိုးသည် ယနေ့ခေတ်လို ဆုတ်ကပ် တိုင်းဆုတ်ကပ်တိုင်း ၌ ကြုံကြရမည်ဖြစ်၏၊ နေရာတိုင်းအချိန်မရွေးကြုံတွေ့နိုင်၏။
       
စာဖတ်သူများအနေဖြင့် ဥာဏ်အမြင်ရှင်းအောင်ဤကဲ့သို့မှတ်ယူစေချင်ပါသည်၊မီး ရေ လေတို့ကြောင့်ကမ္ဘာ
ကြီးတစ်ခုလုံးပျက်စီးရခြင်းကို အပျက်ကြီးဟုမှတ်အပ်၏၊ ဆုတ်ကပ်တိုင်းဆုတ်ကပ်တိုင်း၌ လက်နက်ရောဂါ
ငတ်မွတ်တာကြောင့် မကောင်းသူ များသာ ပျက်စီးရခြင်းကို အပျက်သေးဟုမှတ်အပ်၏၊ အပျက်ကြီးလည်း
ပျက်တတ် အပျက်သေးလည်းပျက်တတ်သောကြောင့် `လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော´ဟူသော ၀စနတ္ထ အရ သတ္တ၀ါအားလုံး တည်ရာအားလုံး ရုပ် နာမ်အားလုံးတို့ကို လောက ဟု ခေါ်ဆိုကြခြင်းဖြစ်၏။

အပျက်ကြီးဟု ဆိုရမည့် ကမ္ဘာပျက်မည့်ဘေးမှ လွတ်မြောက်လိုလျှင် မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ ဟူ
သော ဗြဟ္မစိုတရားလက်ကိုင်ထား၍ မိဘ ဆရာ အသက် သိက္ခာ ဂုဏ်ဝါကြီးများသူများကို ရိုသေလေး စား
တန်ဖိုးထားရမည်ဖြစ်၏။
       
အပျက်သေးဟု ဆိုရမည့် ကပ်ကြီးသုံးပါဘေးမှ ကျော်လွှားလွန်မြောက်လိုပါလျှင် (ကပ်ကျော်လိုလျှင်)လော
ဘ၊ ဒေါသ၊ မောဟ တို့ကိုလျှော့ချ ခွာချ ထိန်းချုပ်ကြရမည် ဖြစ်ပါကြောင်း တင်ပြရင်း ဤဆောင်းပါးကို နိဂုံး
ချုပ်အပ်ပါ၏။
        ဤကမ္ဘာလောကကို ငြိမ်ချမ်းသာယာအောင် ဆောင်ရွက်နိုင်ကြပါစေ………

ကျမ်းကိုးစာရင်း
၁။ လယ်တီဒီပနီပေါင်းချုပ်၊
၂။ မဟာဗုဒ္ဓ၀င်၊
၃။ သင်္ဂြိုဟ်ဘာသာဋီကာ၊
၎။ သိပ္ပံခေတ်နှင့် ဗုဒ္ဓ၏အစိန္တေယျတရား၊
၅။ အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကထာ၊
၆။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ၊
ဤဆောင်းပါးကို(၁၇-၄-၂၀၁၀)ရက်နေ့ထုတ် မြန်မာတိုင်းဂျာနယ်တွင် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။
                                                             အရှင်သိဒတ္ထာလင်္ကာရ။

No comments:

Post a Comment

Gadget

This content is not yet available over encrypted connections.
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: