Friday, February 17, 2012

လောကနီတိ - ၃











* ပျင်းရိသောသူ အတတ်ပညာမရနိုင်။
* အတတ်ပညာ မရှိသူ ဥစ္စာစီးပွားမရနိုင်။
* ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်း မရနိုင်။
* အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာ သုခမရနိုင်။
* ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ် မရနိုင်။
* ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်အံ့နည်း။
 

*One who is lazy gains no knowledge.
*One who has no knowledge gains no wealth
*One who has no wealth has no good companion.
*One who has no good companion has no solace.
*One who has no solace cannot gain merit.
*How can one find the way to Nirvana without good deeds?



* အကြီးအမှူးလူကြီးမိဘတို့၏ နာယကဂုဏ် (၆) ပါးသည်ကား. . . . .
(က) သည်းခံခြင်း
(ခ) နိုးကြားခြင်း
(ဂ) ထကြွလုံ့လရှိခြင်း
(ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း
(င) သနားကြင်နာခြင်း
(စ) အမြော်အမြင်ကြီးခြင်း . . . . . တို့ပေတည်း။ 
* Patience
* Alertness
* Tenacity
* Reasoning
* Compassion
* Farsightedness are the parental and leadership virtues.


* စကားကို ဗလောင်းဗလဲမပြောမဆိုရာ။
* ဟုတ်တိုင်းမှန်ရာ တည်ကြည်စွာလျှင် တသမတ်တည်း ပြောဆိုရာ၏။
* မင်းသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း၊ ပညာရှိ သူတော်ကောင်းတို့သည် လည်းကောင်း
ဖြောင့်မှန်စွာလျှင် တသမတ်တည်းသာ စကားဆိုကြကုန်၏။
*ဤသဘောတရားသည်ကား ရှေးရှေးသူတော်ကောင်းတို့၏ လမ်းစဉ်လမ်းဟောင်းအကျင့်ကောင်းပေ
တည်း။ 
* Do not speak words in changing moods.
* Say truly in straight and consistent way.
* Kings, monks or the virtuous speak truly and consistently.
* This is the old traditional way of noble practice followed by ancientsages.


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: