Wednesday, February 29, 2012

လောကနီတိ - ၇










  •  မျက်မာန်ဒေါသကြီးသူကို ရန်တုံ့မပြန် သည်းခံခြင်းဖြင့် အောင်နိုင်ရာ၏.
  • မတော်မမှန်အကောက်ဥာဏ်သုံးတတ်သူကို တော်တည့်ဖြောင့်မှန်စွာကျင့်သုံး ခြင်းဖြင့်အောင်နိုင်ရာ၏.
  • ကောက်ကျစ်ဝန်ကို မပေးလိုသော သူကို ပေးကမ်း စွန့်ကြဲခြင်းဖြင့် အောင်နိုင်ရာ၏.
  • မဟုတ်မှန် ဖောက်ပြန်စွာစကားဆိုတတ်သူကိုဟုတ်တိုင်းမှန်ရာ ဖြောင့်မှန်စွာ ပြောဆိုခြင်းဖြင့်အောင်နိုင်ရာ၏.
  • The violent can be overcome by forbearance.
  • The crooked can be overcome by being straight forward.
  • The miserly can be overcome by lavishing.
  • Those given to concoctions can be overcome by truth.

  • ကျွေးမွေးပေးကမ်းခြင်းသည်မယဉ်ပါးသူကိုယဉ်ပါးစေနိုင်၏ခပ်သိမ်းသောအကျိုးကိစ္စကိုလည်းပြီးစေနိုင်၏.
  • ကျွေးမွေးပေးကမ်းခြင်း၊ချစ်ဖွယ်စကားဆိုခြင်းသူတစ်ထူအပေါ်သာလွန်နိုင်၏.အများ၏ရိုသေလေးစားမှုကိုလည်းရယူနိုင်၏.
  • The unruly may be tamed by feeding and giving and all benefits gained.
  • And edge may be gained by sweet words and subservience of others may also be attained.
ဤလောက၌-
  • ပေးကမ်းခြင်းသည် အချစ်ဆေးဖြစ်၏. . အဆွေခင်ပွန်း အခြံအရံများစေ၏.
  • နှမြောတွန့်တိုဝန်တိုခြင်းသည်ကားအမုန်းဆေးမည်၏.အခြံအရံမဲ့အထီးကျန်ဘ၀သို့ ရောက်စေတတ်၏.
In this word- 
        Generosity is the potion of love. Can bring forth many to wait upon you. 
         Frugality is the potion of hate. Can leave you unattended.


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: