- ဆူးကို အဘယ်သူချွန် ၍ ထက်သနည်း၊
- သမင်မျက်လုံးကို အဘယ်သူ မျက်စဉ်းခတ်၍ကြည်လင်သနည်း၊
- ရွှံညွန် ၌ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်၍ ထုံမွှေးသနည်း။
- သူ့သဘာဝအလျောက်သာဖြစ်ကြကုန်၏။
- အမျိုးကောင်းသားအမျိုးကောင်းသမီးတို့မည်သည်သူတစ်ထူးအကူမရ မူလည်း
- မိမိဘာသာကြိုးအားထုတ်ရာ၏။
- Who sharpens the thorne to be pointed?
- Who put eyedrops the deer'seye to be shiny?
- Who put scent in the lily growing in mud to be fragrant?
- Those may happen by nature.
- The good descendents should themselves try without help.
- ကျီးတို့ ၏ အလယ်၌ ရောနှောခြင်းဖြင့် ဟသာင်္မင်းအတွက် မတင့်တယ်။
- နွားအုပ်အတွင်း ရောနှောနေ ခြင်းဖြင့် ခြင်္သေ့မင်းအတွက် မတင့်တယ်။
- မြည်းအုပ်အတွင် ရောနှောနေခြင်းဖြင့် သိန္ဒောမြင်းအတွက် မတင့်တယ်။
- သူမိုက်တို့ အလယ်၍ ရောနှောနေခြင်းဖြင့် ပညာရှိသူတော်ကောင်း အတွက် မတင့်တယ်။
- A hamsa is out of place among crows.
- A lion is out of place among cattle.
- A horse is out of place among donkeys.
- A learned man is out of place among the bad.
- အရသာပျက်ကြောင်းတရားလေးပါ။ တို့သည်ကား-
- ထုံးမပါသောကွမ်း။
- ဆားမပါသောဟင်း၊
- ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမော်ကြွား ၀တ်ဆင်ခြင်း၊
- ပညာမတတ်ဘဲ ပျို့၊ ကဗျာ ၊ လင်္ကာ ဖွဲဆိုခြင်းတို့ ပေတည်း။
- What causes unsavouriness are:-
- A betel-quid without lime.
- Curry without salt.
- Dressing up flauntingly without wealth.
- Composing verse without education.
- အကြီးအမှုး လူကြီးမိဘ တို့၏ နာယက ဂုဏ်ခြောက်ပါးသည်ကား-
- က) သည်းခံခြင်း၊
- ခ) နိုးကြားခြင်း၊
- ဂ) ထကြွလုံလရှိခြင်း၊
- ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း၊
- င) သနားကြင်နာခြင်း၊
- စ) အမြော်အမြင်ကြီးခြင်း တို့ပေတည်း။
- Patience, aLertness, tenacity, reasoning, compassion, farsightedness are the parental and leadership virtues.
လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
No comments:
Post a Comment