Monday, February 13, 2012

လောကနီတိ - ၁

ကျွန်တော်တို့အားလုံးလောကနီတိလေးတွေကိုဖတ်ဖူးကြမှာပါ..။ ကျွန်တော်တော့လောကနီတိလေးတွေ ကို ဖတ်ရတာအရမ်းဝါသနာပါသလိုကြိုက်လည်းကြိုက်ပါတယ်..။ကျွန်တော်အားတဲ့အချိန်လေးတွေမှာ Blogs
လေးတွေကိုသွားရောက်လည်ပတ်တတ်ပါတယ်..အဲဒီလို Blogs တွေထဲရောက်ရင်ကျွန်တော်အရင်ဆုံးရှာ
ဖတ်တာ လောကနီတိလေးတွေပါ..ပြီးမှကျန်တဲ့ပို့စ်တွေဆက်ဖတ်တာပါ..။ လောကနီတိ လေးတွေထဲမှာ
ဆောင်ရန်၊ရှောင်ရန်လေးတွေပါပါတယ်ခင်ဗျာ..ယူတတ်ရင်အကြိုးရှိပါတယ်ခင်ဗျာ..ဒါကြောင့်မသိသေးတဲ့ 
သူငယ်ချင်းတွေလည်းဗဟုသုတဖြစ်အောင်၊ သိပြီးသားသူငယ်ချင်းတွေလည်းပိုပြီးမှတ်မိသွားအောင် ကျွန်
တော်လည်း ကိုယ့်ရဲ့ Blog လေးမှာသိမ်းထားချင်တာကြောင့်ဒီလောကနီတိလေးတွေကို ဧရာဝတီစာကြည့် မှခွင့်တောင်းပြီးကူးယူဖော်ပြလိုက်တာပါခင်ဗျာ...။

''နီတိ'' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ် ၍ ''လမ်းညွှန်''ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်
ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများဆိုင်ရာလမ်းညွှန်
ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။

တောင်တိုင်းတွင်ပတ္တမြားမရှိ။   
ဆင်တိုင်းတွင် အမြုတေမရှိ။
တောတိုင်းတွင် စန္ဒကူးမရှိ။
အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန်မရှိ။
 There is no ruby in every mountain.
There is no pearl in every elephant.
There is no sandalwood in every forest.
There is no sage in every place.


ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံအရောက်သွားပြီး ပညာကိုကြိုးစား၍ဆည်းပူး သင်ယူရာ၏။
One who wants knowledge should get to the wise and learn seriously.
စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိ သည်လည်း သူမေးလာသောအခါမှသာဖြေကြားပြောဆိုလေ့ ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟော တတ်ပေသည်။   
As a drum emits sound when struck the learned responds only when asked.
Asked or not, the uneducated speaks too much.
ပေပုရပိုက်စာရွက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟုမမှတ်ယူကောင်း။
ထို့အတူသူတစ်ပါးလက်ဝယ်၌ ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။  
Chronicled knowledge shall not be regraded as one's own.
Property in the hands of other shall not be regarded as one's own.

လိမ္မာယဉ်ကျေးရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။
Being cultured or not can be known by behavior.
Being learned or not can be known by speech.
လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: