သည်ဆောင်းပါးကိုမရေးမီသားငယ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ သားငယ်အိပ်နေသည်။ နှစ်နှစ်ခြိုက်
ခြိုက်ပါပဲ၊ အပြစ်ကင်းသောမျက်နှာလေးဖူးဖူးလေးကိုကြည့်မ၀သည်သို့ ရှိသည်။ ထိုသို့ ကြည့်မ၀ရင်းမှဖြစ်နေ
သည့် စိတ်နှင့် စေတသိက်များ၊သံယောဇဉ်တရား သမုဒယအပေါ်အရင်းတည်ဖြစ်ပေါ်နေသည့်စိတ်၏ အ
တွင်းသဘာဝလက္ခဏာများသည်စိတ်တွေကြောင့်ပင် သားငယ်နှင့် ပတ်သက်၍ ပူဆွေးသောက ဖြစ်ခဲ့ရသေး
သည်။ ထိုသို့  ပူဆွေးသောကဖြစ်ခဲ့ရခြင်း၏ ဒဏ်ရာဒဏ်ချက်ကို တလောက ကျွန်တော်ပြင်းပြင်းထန်ထန်
ခံစားခဲ့ရသည်။ ယခုတော့ အဲဒီခံစားချက်များ၊ပူဆွေးမှုများရှိပါသလာ ဟု မေးလျှင်မရှိတော့ပါဟုဖြေရမည်
ပင်။ အဘယ့်ကြောင့်နည်း။ ပူဆွေးမှု၊ သောကဖြစ်မှုစသည့် ခံစားချက်တွေကိုဖြစ်ပေါ်စေသည့် အခြေနေ
ပေါ်တွင် ဖြစ်ပေါ်ခဲ့သည့် စိတ်တွေ၊ ပျောက်ကွယ်သွားပြီပဲ။ ထိုစိတ်အစား အခြားသောစိတ်တွေ အစားထိုး
ဝင်နေရာယူလာသည်။ ရှေ့ ကစိတ်တွေပျက်သွားသည့်နေရာအစားနောက်စိတ်တွေနေရာယူလာပြီပဲ။
သည့်နောက် နောက်ထပ်စိတ်တွေနေရာတွင် နောက်ထပ်အသစ်ဖြစ်ပေါ်လာသည့် စိတ်တွေနေရာတရစပ်
ဝင်လာပြန်သည။ ထိုအခါ ဟိုတခါတုန်းကပူဆွေးခဲ့သော သဘောသဘာဝနှင့်ထပ်တူထပ်မျှ ခံစားရတာမျိုး ယခုအချိန်တွင် မရှိတော့သည်မှာ သေချာလှပါသည်။
အာရုံတစ်ခုတွေ့ ၊ မြင်၊ ထိ၊ သိခံစားရတိုင်း စိတ်တမျိုးဖြစ်ပေါ်စမြဲ။ အာရုံတို့ သည်လည်း အမြဲတမ်းတည်
မနေ၊ တွေ့ မြင်ခံစား၊ ထိသိနိုင်သည့် အာရုံခံ ကိရိယာများဖြစ်သည့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ သည်လည်း အာရုံအမျိုးမျိုးအပေါ်မူတည်၍ ခံစားချက်အမျိုးမျိုးပေးနေသည်။ ထို့ ကြောင့်စိတ်သည် အမျိုးစုံ မှတ်ရသည်။ အမျိုးစုံခံစားပေးနေရသည်။ အသက်ရှည်လာလေ လူ့ ဘ၀မှာ အနေကြာလာလေ၊
နှစ်တွေများလာလေ အာရုံခံစားခဲ့ရတာ ဒုနဲ့ ဒေးပင်။ ထို့ ကြောင့် ဘ၀တလျှောက်လုံးဖြစ်ခဲ့ရသောစိတ်တွေ
ကလည်း တောင်ပုံရာပုံပင်။ ဘယ်လောက်များခဲ့ပြီလဲ။ ကိုယ်ဘ၀ကိုနောက်ပြန်လှည့်ကြည့်လျှင် ဖြစ်ခဲ့သော အကုသိုလ်စိတ်တွေကလည်း အနန္တ။ ဖြစ်ခဲ့သော ကုသိုလ်စိတ်ဆိုတာကတော့...။ ကျွန်တော် တော်တော်
တုန်လှုပ်သွားသည်။ သားနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော သောကမီးကို ကျွန်တော် ပြန်အမှန်ရမိသည်။
တစ်ခုသော နေ့ လယ်ခင်းဖြစ်သည်။ သားငယ် အစားအသောက် အနေထိုင်မှား၍ စဖျားသည်။ညနေ
ရောက်တော့ အဖျားကပိုလာသည်။ ကုနေကျ မြန်မာတိုင်းရင်းဆေးဆရာထံ ပြေးရသည်။ မြန်မာဆေးဖြင့် ကုသည်။ အပူကမကျ။ အပူရှိန်တွေ ထပ်တိုးလာသည်။ ကိစ္စမရှိ၊ဆေးရှိန်ကြောင့် အပူကြွတာပဲဟုထင်သည်။ သားငယ်ကို ပုခက်ထဲမှာ ထည့်သိပ်သည်။ပုခက်လွှဲနေရင်နှင့်ပင် သားငယ် ပုခက်ထဲမှာ လူးလိမ့်လာသည်ကို သိတိပြုမိသည်။ ပြီးတော့ သားငယ် တစ်ကိုယ်လုံးကောက်ကွေး၍ တက်တော့သည် သူ့ အမေက အလန့် 
တကြားထအော်သည်။ ကျွန်တော်က သားငယ်ကို ပုခက်ထဲမှ ဆွဲထုတ်ရသည်။ သားငယ်သတိလစ်နေသေး
သည်။မျက်ဖြူလည်း လန်နေသည်။ ကျွန်တော်ထူပူသွားသည်။ ရုတ်တရက် ဘာလုပ်ရမှန်းမသိ။ သို့ သော် ကျွန်တော် ရင်ထဲအပူက ပို၍ကြီးသည်ဟု ကျွန်တော်ထင်သည်။ မြန်မာဆေးတွေဖြင့် ကုထားသဖြင့် ရေခဲ မကပ်ရဲသေး။ သို့ သော် ဖြစ်ချင်ရာဖြစ်ဆိုကာ ရေပတ်ဝတ်ဖြင့် သားငယ်နဖူးကို ရေပတ်တင်လိုက်သည်။ သားငယ် ညည်းသံနည်းနည်း ထွက်လာသည်။ ကျွန်တော် သားငယ်ကို ပုခုံးပေါ်ထမ်းတင်၍အိပ်ပေါ်မှ ပြေး
ဆင်းခဲ့သည်။ ကားသမားကိုပြေးခေါ်ခိုင်းရသည်။ ကားသမားသွေားခေါ်၊ ကားသွားထုတ်၊အိမ်ကိုမောင်းလာ
သည်အထိကျွန်တော် မစောင့်နိုင်တော့။ လမ်းပေါ်တွင် ထမ်း၍ ပြေးနေတော့သည်။ သူ့ အမေက နောက်က
ငို၍ ပြေးလိုက်လာသည်။ကျွန်တော်ခြေလှမ်းတွေက ဆေးခန်းဆီသို့  ပြေးနေသည်။ သို့ သော်ကားနှင့်သွားမှ
ရောက်နိုင်သည်ကို ကျွန်တော် မသိမဟုတ်၊ သိသည်။ မစောင့်နိုင်တော့စိတ်ကစောနေသည်။ သားငယ်က သတိလစ်နေဆဲ။ ဆေးခန်းကို ကျွန်တော် မြန်မြန်ရောက်ချင်လှပြီ။ သားငယ်ကို မြန်မြန် သတိရစေချင်လှပြီ။
အဲဒီအချိန်မှာကျွန်တော် စိတ်ထဲမှာ အဲသည့်စိတ်တစ်ခုတည်းရှိတော့သည်ဟု ထင်သည်။ ထိုစဉ်ကသတိ
ပဋ္ဌာန်အားထုတ်သည့် အလေ့အကျင့် အတော်အတန်ရှိပြီးဖြစ်သောကျွန်တော်သည်ကိုယ့်ကိုကိုယ်သတိထား
ကြည့်မိလိုက်သေးသော်လည်းသတိထားချင်သည့် စိတ်တွေပင် ကုန်ခမ်းလာသည်။ ကျွန်တော်ကိုယ်သည်
ဘွိုင်လာအိုးကြီးတစ်အိုးလို ဆူပွက်နေသည်။ သားငယ်တိမ်းပါးသွားရင်ကောဟုသော အတွေးမျိုးလည်း မတွေးရဲ တွေးရဲဖြင့် တွေးနေမိသေးသည်။ သားငယ်က သတိမရသေး။ဘယ်တော့မှ သတိမရတော့ပြီလား။ ရင်ဘတ်ကို စမ်းကြည့်မိတော့ အသက် ရှုရပ်နေသလိုလို။သို့ သော် သူ့ နှုတ်မှ တအင်းအင်းနှင့် ညည်းသေး၍ နည်းနည်းစိတ်သက်သာသလို၊ သားငယ်ကို အသက်ရှင်စေချင်သည်။ သို့ သော် ထိုအချိန်၊ထိုအခါတုန်းက မသေချာတော့သည့်အချိန်နှင့် အခြေအနေ။ ထိုသို့ မသေချာခြင်းကို ကျွန်တော် ကြုံတွေ့ ရမှာအရမ်းစိုးရိမ်
နေသည်။ ထိုစိုးရိမ်စိတ်ကြောင့် စိတ်တွေ ပူလောင်နေသည်။ ဆင်းရဲလွန်းမကဆင်းရဲနေသည်။ကားရောက်
လာသည်။ ဆေးခန်းကို အမြန်မောင်းခိုင်းရသည်။ ကားက ကီလိုတစ်ရာကျော်မောင်းနေသော်လည်း ကျွန်
တော်စိတ်ထဲမှာ နှေးသလိုထင်မိသည်။နေအိမ်မှ ဆေးခန်းသို့ ဆယ်မိုင်ခန့် ပင်မောင်းလိုက်ရပါသည်။ သို့ 
သော်ကျွန်တော် စိတ်ထဲ ဆယ်ကမ္ဘာမက ထင်နေမိသည်။ သောကကြောင့်ဖြစ်သော အထင်အမြင်မှားခြင်း။
ဆေးခန်းရောက်၍ ရေခဲရေများဝိုင်းအုံလိုက်တော့မှ သားငယ် အပူကျလာသည်။ သတိရလာသည်။ မျက်လုံး
ပွင့်လာသည်။ ဖေဖေဟုခေါ်လာသည်။ ၀မ်းသာလိုက်ရသည်မှာမပြောနှင့်တော့။ဆရာဝန်က သောက်ဆေး
ပေး၍ ပြန်လွှတ်သည်။ တစ်ညလုံးရေခဲအုံရသည်။ မနက်လင်းမှ အဖျားကျသွားသည်။သားငယ်နေကောင်း
သွားပေပြီ။ တစ်ညလုံးအိပ်၍မရ။ ရေခဲကိုင်ထားသော ကျွန်တော့်လက်ကို အေးသည်ဟုမထင်။ စူးနစ်ပူ
လောင်နေသောစိတ်ထဲက သောကမီး...။ ပရိဒေ၀မီးသည် တော်တော်နှင့် မငြိမ်းသေး။ ဆူပွက်ပေါက်ကွဲခဲ့
သည်ကိုး။ ထိုအပူသည် တစ်ရက်နှင့် မပြေ၊ နှစ်ရက်နှင့်လည်း မပြေ။ ထိုအပူကိုကြိုးစားမှတ်သော်လည်း
စိတ်ထဲက လှိုင်းတွေက တော်တော်နှင့် မပြေ။ ဥပါဒါန် အစွဲတွေကြောင့်ဖြစ်သောသောကလှိုင်းများပါလား။
သြော်သမုဒယသစ္စာ။ ထို့ ကြောင့်ပင် ဒုက္ခဖြစ်စေသောအကြောင်းကိုဗုဒ္ဓမြတ်စွာကတွေ့ ရှိဟောခဲ့တာကိုး...။ ကိုယ်တွေ့ ယှဉ်သော ခံစားမှုမှသည်ယခုသွေးအေးသွားချိန်၌ ကျွန်တော် သုံးသပ်မိသည်။ ချမ်းမြေ့ရိပ်သာ
ဆရာတော်ကြီးဟောကြားသော 'ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေးတရားတော်များ' မှ တရားသံများကိုကျွန်တော်
ကြားယောင်မိပါသည်။
"ဟောသည်မှာ ဘုရားရှင် သဘာဝလေးမျိုးသွားမြင်တယ်။ ပထမဆုံး ရုပ်ရော၊နာမ်ရောဟာ မပြတ်ဖြစ်ဖြစ်ပြီး ပျက်ပျက်နေတဲ့ ဖြစ်ပျက်ပြောင်းလဲဒုက္ခသဘာဝကြီးပဲလို့  ဒီသဘာဝ တစ်မျိုးကို မြင်တယ်။ ဒုတိယ အဲသည့်
ဒုက္ခသဘာဝကြီးကို အရှိအတိုင်းမြင်တာနဲ့  သည်ဒုက္ခသဘာဝကြီးဘာကြောင့်ဖြစ်ပေါ်လာရသလဲလို့ ဆင်ခြင်
မိတော့ လိုချင်တပ်မက်နှစ်သက်တွယ်တာမှုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတာပဲ လို့ အမှန်အ
တိုင်းမြင်လာတယ်။ ဒါဖြင့်ရင် အဲဒီအကြောင်းများ ငြိမ်းသွားရင်မရှိဘဲနေရင် အဲဒီဆင်းရဲဖြစ်ပေါ်လာဦးမလား၊ မဖြစ်ပေါ်တော့ဘူး။ ဒီတာ့ တတိယအနေနဲ့  အကြောင်းငြိမ်းရင်ဖြင့် အကျိုးဆင်းရဲငြိမ်းမှုဆိုတဲ့သဘာဝကို
လည်း ရှင်တော်မြတ်ဘုရား၊ သိမြင်သွားတယ်။ ဟုတ်ပြီ အကျိုးဆင်းရဲ မဖြစ်ပေါ်ပဲငြိမ်းရင်လိုချင်တဲ့ချမ်းသာ
ရပြီ။ ဘာကြောင့်လည်းဆိုတော့ချမ်းသာဆိုတာ ဆင်းရဲငြိမ်းမှ ရတာ မဟုတ်လား။ဆင်းရဲမငြိမ်းရင်ချမ်းသာ
ဆိုတာရပါ့မလား။ မရဘူး။ ဆင်းရဲငြိမ်းမှ ချမ်းသာရတယ်။ သည်တော့ ဆင်းရဲငြိမ်းမှုဟာ ဘာကြောင့်များ
ငြိမ်းသလဲဆိုတော့ လိုချင်တပ်မက် နှစ်မက် နှစ်သက်မှုဆိုတဲ့အကြောင်း မရှိလို့ ဆင်းရဲငြိမ်းနေတာ။ အဲသည့်
အကြောင်းက ဘာကြောင့်မရှိသလဲဆိုတော့ သဘာဝကိုသိမြင်လို့  မရှိတာဘဲလို့ ။ ဟောသည်လို ဆင်းရဲ
ငြိမ်းစေတဲ့ အကျင့်လမ်းမှန်ကိုလည်းစတုတ္ထသဘာဝ အနေနဲ့  သဘောပေါက်လိုက်တယ်။ အမှန်အတိုင်း
သိမြင်လို့  ဆင်းရဲခြင်းရဲ့ အကြောင်းဖြစ်တဲ့ လိုချင်တပ်မက် နှစ်သက်တွယ်တာမှု တဏှာငြိမ်းခြင်းဆိုတဲ့သ
ဘာဝကိုလည်းတွေ့ ရတယ်။ အဲသည့် ငြိမ်းခြင်းကြောင့် ဆင်းရဲငြိမ်းတယ်ဆိုတဲ့သဘာဝကိုလည်း တွေ့ ရ
တယ်။ မိဘနှင့် သားသမီးဆိုသော သံယောဇဉ်သည် ကြီးမားလှသည်။ မိဘက သားသမီးကို၊သားသမီးက မိဘကို မပျက်စီးစေလိုသည်မှာ ပုထုဇဉ်တိုင်း၏ပင်ကိုယ်စိတ်များပင်ဖြစ်ပါသည်။ နှောင်ဖွဲ့ တတ်သော ထိုနှောင်ကြိုးကြောင့်ပင်လျှင်အချိန်မတိုင်မီ တိမ်ပါးခြင်း၊ခွဲခွာခြင်းတို့  ကြုံရသောအခါ မိဘတို့ သည်လည်း
ကောင်း၊ သားသမီးတို့ သည်လည်းကောင်း၊ ပြင်းထန်သော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောပူဆွေး
မှုတို့ နှင့် ကြုံရတတ်ပါသည်။ သည်နှောင်ကြိုး၏အားသည် သတိပဋ္ဌာန်ရှုမှတ်သည့်အလေ့အကျင့်ကိုပင်လျှင် လွင့်စင်သွားနိုင်သည်အထ ဖယ်ရှားနိုင်စွမ်းအားကောင်းလှပါသည်။ သြော်သမုဒယဟူသည် ဒုက္ခဖြစ်စေခြင်း
၏ အကြောင်းပါလား။ လိုချင်တပ်မက်မှု၊နှစ်သက်စွဲလမ်းမှု၊ ငါ၊ သူတစ်ပါး၊ မိန်းမ၊ ယောက်ျားဟူသော် အစွဲ
အလမ်း၊ ငါ့သား၊ ငါ့သမီးဟူသည့် အစွဲအလမ်း။ အစွဲအလမ်းသည် မီးနှင့် တူလှချေသည်။
ထိုမီးကို ငြိမ်းသတ်နိုင်ရန် ဆင်းရဲမှုကို ငြိမ်းစေရန် နည်းလမ်းရှိပါသည်။မဂ္ဂင်ရှစ်ပါးတည်းဟူသောဆင်းရဲငြိမ်း
ရာ အကြောင်းကို အခြေခံ၍သတိပဋ္ဌာန်တရားကို အားထုတ်ခြင်းဖြင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ပင် ဖြစ်
ပါတော့သည်။
(မြသန်းစံ)

No comments:
Post a Comment