Monday, February 13, 2012
နှလုံးသားအမြူတေ
“နှလုံးသား အမြုတေ”
ကြယ်မစုံ ... လမထွက်ပေမဲ့..…
လင်းလက်နေခဲ့တဲ့… ညတစ်ညမှာ…
တိုးတိတ်တဲ့... ရင်ခုန်သံ တစ်စုံက …
ငါ့ရင်တွင်းကို... ချွတ်နင်းလို့... ၀င်ရောက်လာခဲ့တယ်…
ဒီ ရင်ခုန်ခြင်း …. သံဇဉ်တစ်ဖွဲ့ကို…..
ငါ့တစ်ယောက်ထဲ… ကြားနိုင်ခဲ့ပေမဲ့….
ခိုင်မာတဲ့… ယုံကြည်ခြင်းနဲ့ အတူ …
ငါ့ နှလုံးသားရဲ့… တွယ်ငြိမှု ”အမြုတေ” ဟာ…
ကျောက်သားစိုင်ထက်... ခိုင်မာခဲ့ပြီဆိုတာ…
သခင့်ညီလေး .… နားလည်တတ်ခဲ့ပါပြီ….
အချိန်တွေတိုင်း .. နေရာတိုင်းမှာ..
နာရီ စက္ကန့်နဲ့ အမျှ… ဖွေရှာရင်း မောခဲ့ရတာကို ….
ရှောင်ပုန်းနေတဲ့ “အမြုတေ” …
ကွယ်ရာမှာ ... ဂရုဏာသက်နေခဲ့တာကိုလည်း ..…
သခင့် ညီလေး ... သိခဲ့ရပါပြီ…..
ကမာကောင်ရဲ့… အမြုတေဟာ.. “ပုလဲ”တဲ့လေ .....
ပုလဲ တစ်လုံး ဖြစ်ဘို့အတွက် …
ကမာတစ်ကောင် ဘယ်လောက် ငိုခဲ့ရသလဲဆိုတာ…
အဲ့ဒီ… ပုလဲလုံးကလေးက လွဲလို့.…. ဘယ်သူ သိနိုင်မှာတဲ့လဲ….?
အကြင်နာသခင် ... ပြန်လာလိမ့်နိုးနဲ့ ….
ယုံကြည်ကိုးစားစွာ … ငိုခဲ့ရတဲ့…
ငါ့ ရင်တွင်းက… မျှော်လင့်ခြင်း မျက်ရည်တွေကိုရော…
ငါ့နှလုံးသားရဲ့.. “အမြုတေ”က လွဲလို့…..
ဘယ်သူကများ…. နားလည်ပေးနိုင်ဦးမှာတဲ့လဲ…..
ညီလေးရဲ့… သံယောဇဉ် “အမြုတေ”…
လွမ်းရစ်စေခဲ့တဲ့.. ပြစ်ဒဏ်တွေ .. ပေးချေဖို့အတွက်….
သမုဒယ ပန်းတစ်ခင်း …. အကြင်နာ လေညင်း ….
လွမ်းချင်း .. ကဗျာ…. သံစဉ်တို့နဲ့ အတူ….
သခင်ထွန်းညှိမဲ့…. ချစ်ခင်ခြင်း အလင်းတိုင်..
သခင် ကိုယ်တိုင်... ကိုင်ဆောင်လို့..…
လရောင်ဆမ်းတဲ့ ... ဟင်းလင်းပွင့်တံခါးမှ တစ်ဆင့်…
ညီ့နှလုံးသားရဲ့... နန်းရင်ပြင်အတွင်း…..
မင်းမူ စေစား… တစ်ထောက်နားလို့ ..
“အမြုတေ” သခင် ……
အသင် လိုရာ ….. စေလှည့်ပါတော့….…။ ။
“ဆောင်းသစ္စာ”
Labels:
ကဗျာ
No comments:
Post a Comment