Friday, March 30, 2012

သံသယစိတ်လေးကင်းဝေးနိုင်ပါစေ

လူ့လောကကြီးမှာ ယုံကြည်မှုဟာ လွန်စွာ အရေးပါလှပါတယ်... တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်မှု

တည်ဆောက် ယူဖို့ အလွန်ခက်ခဲတယ် ဆိုတာ မှန်ပေမယ့် ထိုယုံကြည်မှုက တစ်ခဏသာ မျက်စိတစ်မှိတ်

အတွင်းမှာလည်း ရုတ်ခြည်း ပျောက်ကွက်သွားတတ် တာမျိုး လည်း ရှိတတ်ြကပါတယ်... ဘဝနဲ့ရင်းပြီး အချိန်

ကြာမြင့်စွာနဲ့ ခိုင်မြဲခဲ့တဲ့ ယုံကြည်မှုဟာ လူတစ်ချို့ရဲ့ စိတ်လိုက် မာန်ပါ ဆုံးဖြတ်တတ်မှုတွေကြောင့်ပဲ ဘာမ

ဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးနဲ့တင် အဆုံးသတ် သွားရတာတော့ အင်မတန်မှ နှမြောစရာ ကောင်း လှပါ

တယ်…. အဲဒီယုံကြည်မှုပျက်ပြားသွားပြီး ဆိုရင် နောက်ဆက်တွဲ အဖြစ်နဲ့ သံသယစိတ်က အစားထိုးဝင်ရောက်

လာတတ်တာ သဘာဝပါ... ဒီသံသယစိတ်ကြောင့်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်....

ယုံကြည်မှု ကင်းသွားတာဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ အဖြစ်အပျက် အမျိုးမျိုးကို ဖြစ်ပေါ်လာနိုင် စေပါ

တယ်... ယုံကြည်မှုကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်တော့ အန္တရာယ် အသွယ်သွယ်ကနေ

လည်း ကျော်ဖြတ်နိုင်မှာ ဖြစ်သလို ပြဿနာမျိုးစုံကိုလည်း တားဆီးနိုင်မယ်လို့ ယုံကြည် ပါတယ်... တစ်ယောက်

အပေါ်တစ် ယောက် ယုံကြည်စိတ်ချစွာနဲ့ ဆက်ဆံနိုင်မှ သာလျှင် အောင်မြင်မှုနဲ့ ကောင်းကျိုးချမ်းသာ အဖြာဖြာ

ကို ရရှိနိုင်မှာလည်း ဧကန်မလွဲပါ... စိတ်နဲ့ကိုယ် ကပ်မနေပေမယ့်အများအမြင်မှာတော့ အောင်နိုင်သူအဖြစ်ဂုဏ်

ယူဝင့်ကြွားလိုစိတ်နဲ့ ယုံကြည်မှုကို ဖျက်ဆီး ရိုက်ချိုးခဲ့သူများရဲ့ ရင်ထဲမှာတော့ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက် တွေ

ရှိမှာ အသေအချာပါ... တစ်ချို့ကျတော့ စိတ်ထင်တိုင်း ဇွတ်တရွတ် ဖန်းတီးယူတတ်တာကြောင့် ဘဝတက်

လမ်း နှောင်းနှေးသွားရတတ် တာလည်းမျိုးလည်း တွေ့ဖူးပါတယ်... ဇွဲကြီးလွန်းပေမယ့် ထိုဇွဲကို စနစ်တကျ အ

သုံးမချတတ်တာကြောင့်လည်း ဆိုးကျိုးကိုသာ ရရှိတတ်ပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးသွားတတ်ကြ ပါတယ်...



လူရယ်လို့ ဖြစ်လာမှတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့၊ အဆင်ပြေ ချောမွေ့စွာ ပြောဆို ဆက်ဆံ

တတ်ဖို့က အလွန်ပဲ အရေးကြီးလှပါတယ်... ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူကို လူအများက ချစ်ခင် ယုံ

ကြည် ကြသလို၊ လောကကို အရွဲ့တိုက်ပြီး စိတ်ထင်ရာစိုင်း နေကြသူတွေကိုလည်း ဖွယ်ခွာ ရှောင်ရှားနေတတ်

ကြပါတယ်... လူ့အသိုင်း အဝိုင်းမှာ လူအမျိုးမျိုး စိတ်အထွေထွေမို့ အကောင်းမြင် သဘောထားရှိသူ၊ အရာရာကို

အဆိုးဘက်ကနေ ကြည့်မြင်တတ်သူ စသဖြင့် လူပေါင်းစုံနဲ့ ထိတွေ့ ပြောဆိုနေကြရပါတယ်... ဖြူစင်တဲ့ နှလုံး

သားနဲ့ တစ်ဖက်သားအပေါ် ယုံကြည်မှု အပြည့်အဝထား ဆက်ဆံ တတ်သူတွေ အတွက်တော့ ကမ္ဘာလော က

ကြီးဟာ နေချင့်စဖွယ် ပျော်ရွှင်ကြည်နူးစဖွယ် အတိဖြစ်နေမှာပါ... ဒါကြောင့် သူငယ်ချင်းအားလုံး လည်းသူတစ်

ပါးအပေါ် သံသယစိတ်နဲ့ မယုံမကြည် ဆက်ဆံတတ်မှုကနေ ရှောင်ဖယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။

4 comments:

  1. ဟုတ်ကဲ့ပါ အကိုေ၇ ဒီပိုစ့်လေးကလမင်းကိုသတိပေးနေသလိုပဲ
    သံသယစိတ်အရမ်းများတာ ဘယ်သူမှကိုမယုံတာ. ဟီ
    ပြင်နေပါတယ် .. အခုတော့နဲနဲလိမ္မာနေပါပြီး :D

    ReplyDelete
  2. ရာဇာလေးရေ..

    မကြီးလွမ်း လာဖတ်ပြီး ပြုံးသွားတယ်။ အဲဒီစကားက မကြီးလွမ်း ခဏခဏပြောနေကျ စကားလုံးတွေမို့ပါ။
    ရာဇာပြောသလို အကြိုက်တွေတူနေတယ်ဆိုတာ ၈၀% နှုန်းထိ မှန်နေပြီ။ မကြီးလွမ်းကတော့ သံသယစိတ်လည်း
    မထားဘူး သံသရာမှာလည်း အပါမခံချင်တာမို့ ... ဖတ်ပြီး ရှိနေတဲ့အသိလေးနဲ့ ထပ်တိုးပေါင်းစပ်သွားတယ်နော်။


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  3. ဒီပိုစ်လေးကကျွှန်တော်ရင်ဝယ်တွင်မှတ်သားသွားပါတယ်ခင်ဗျာ။။ကျေးဇူးတင်ပါတယ်..

    ReplyDelete
  4. အရမ်းကိုကောင်းတဲ့အရေးအသားလေးပါကိုရာဇာရေ
    မှန်လိုက်တာရှင်-----သံသယစိတ်တွေများနေရင်လဲ မိမိကိုတိုင်အရမ်းပင်ပန်းရပါတယ်

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: