- မိန်းမ၌ တပ်မက်လွန်ကြူးမူသိက္ခာ သီလမရှိနိုင်။
 - သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
 - အရက်သေစာ အသောက်အစားလွန်ကြူးမူ စကားမမှန်နိုင်။
 - လောဘရမ္မက် ကြီးလွန်းမူ အရှက် မရှိနိုင်။
 - အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။
 
- The over-sexed has no honour.
 - The over-carnivorous has no pity.
 - The over-imbibed has no truthful world.
 - The over-avariced has no shame.
 - The over-lazy has no education
 
ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -
- အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
 - အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
 - သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
 - အလောင်းအစား ကစားများခြင်း ။
 - မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
 - ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း - တို့ပေတည်း။
 
The causes of ruin are-
- Over-intoxication.
 - Over- indulgence in untimely visits.
 - Over-enjoyment of entertaining pleasure.
 - Over-gambling.
 - Over-association with the bad.
 - Over-procrastination and laziness.
 
လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
လောကနီတီမှတ်သားစရာလေးတွေဖတ်သွားပါတယ်ရှင့်
ReplyDelete