Wednesday, March 7, 2012

လောကနီတိ - ၁၂

  •  သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှရသော ရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏ ။
  • မသူတော်တို့ ဥစ္စာသည်ကား များပင်များငြားသော်လည်း သမုဒ္ဒရာ ရေကဲ့သို့ သောက်၊ သုံး မှီခိုရာမရနိုင်.။ 
  • Little as the wealth of the virtuous may be, it can be used as good water from a well.
  • But much as the wealth of the nonvirtuous can be not useful as water from the ocean.

  • မြစ်တို့သည် ရေကို မသောက်ကုန်။
  • သစ်ပင်တို့သည် အသီးကို မစားကုန်။
  • သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့၏ အကျိုးအတွက် ဖြစ်၏။
  •  Rivers do not drink water.
  • Trees do not eat fruit.
  • The wealth of the virtuous is for the benefit of others.

  • မတောင့်တအပ်သည်ကို မတောင့်တရာ။
  • မကြံစည်အပ်သည်ကို မကြံစည်ရာ။
  • တရားသဖြင့်သာလျှင် ကောင်းစွာ ကြံစည်ရာ၏။
  • အချိန်ကို အချည်းနှီးအလဟသာ မကုန်ဆုံးစေရာ။
  • Crave not for what should not.
  • Think not for what should not.
  • Think well in just way.
  • Do not pass away the time in futility.




လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: