Wednesday, March 14, 2012

လောကနီတိ - ၁၄


  • ဖုန်းတောင်းယာစကာများအဖို့ နေ့ရောညပါ အိပ်စက်ကြစေကာမူ ၊
  • သာမန် ရပ်သူရွာသားများ အဖို့ ညဥ့်သုံးယံစလုံး အိပ်စက်ကြစေကာမူ၊
  • မှူးမတ် ပညာရှိများသည်ကား ညဥ့်သုံးယံတွင် နှစ်ယံသာလျှင် အိပ်စက်ရာ၏၊
  • ပြည့်ရှင်မင်းသည်ကား ညဥ့်သုံးယံတွင် တစ်ယံသာလျှင် အိပ်စက်ရာ၏ ။
  • Though beggars sleep day and night,
  • The commons sleep the entire night,
  • The ministers and the wise may sleep two watches,
  • And the king but one.


  • ပစ္စည်း ဥစ္စာကြွယ်ဝချမ်းသာသူလည်း မရှိသော၊
  • အကြားအမြင်နှင့် ပြည့်စုံသူ ပညာရှိသူလည်း မရှိသော၊
  • အုပ်စိုးသူမင်းအစိုးရလည်းမရှိသော၊
  • မြစ်ကြောင်းကန်ချောင်းလည်းမရှိသော၊
  • ဆေးဝါးသမားလည်းမရှိသော၊
ဤအရပ်ဒေသမျိုးတွင် တစ်နေ့တစ်ရက်မျှ အခြေချမနေအပ်။

One should not live even a day in a place-
  • Without the wealthy,
  • Without the learned,
  • Without government,
  • Without rivers,
  • Without medicines and physicians.

  • မြတ်နိုးသူမရှိသော အရပ်၊
  • ချစ်ခင်သူမရှိသောအရပ်၊
  • အဆွေခင်ပွန်းမရှိသောအရပ်၊
  • အတတ်ပညာ သင်ကြားပေးသူ မရှိသောအရပ်၊
  • ထိုအရပ်မျိုး၌ တစ်နေ့တစ်ရက်မျှ မနေအပ်။
One should not stay even a day in a place.
  • Without person adored,
  • Without person attached,
  • Without relative,
  • Without teacher.



လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: