ကညင်ကုန်းကျေးရွာ မီးစက်အလှူရှင်များ စာရင်းကို ဒီမှာမျက်နှာလေးတွင် နေ့စဉ်အပ်ဒိတ်လုပ်ပြီး တင်ပြ
ပေး ထားပါမယ် ခင်ဗျာ...။ ကာယကံရှင် အလှူရှင် များအနေနဲ့မိမိတို့ရဲ့ အမည်များ၊ အလှူငွေများ မပါခဲ့
ရင်ဖြစ်ဖြစ်၊ မှားနေတာဆိုရင် ဖြစ်ဖြစ် လာရောက်အသိပေးကြပါရန် လေးစားစွာ ပန့်ကြားအပ်ပါတယ် ခင်
ဗျာ...။ အခု လို ကညင်ကုန်းကျေးရွာ မီးစက်အလှူလေးအတွက် ၀ိုင်းဝန်းကူညီ လှူဒါန်းပေးကြတဲ့ အလှူရှင်
များကို ကညင်ကုန်းကျေးရွာ သူ/ သား များကိုယ်စား ကျွန်တော်ဒီနေရာကနေ အားလုံးကို အထူးပင်ကျေးဇူး
တင်ရှိပါကြောင်း ရိုသေလေးစားစွာဖြင့် ပြောကြားအပ်ပါတယ် ခင်ဗျာ... ။ အလှူရှင်များ ရဲ့ အကူအညီ မ
ပါရင် ဒီရွာလေးမီးလင်း ဖို့ အရေး အလှမ်းဝေးနေအုန်းမှာ မလွဲဧကန်ပါ ခင်ဗျာ.. ။ အခုတော့ စေတနာရှင်
အလှူ့ရှင်တို့ စေတနာ သဒ္ဓါ တရားကြောင့် မကြာခင် ရက်ပိုင်းအတွင်း ဒီရွာလေး အမှောင်ခွင်းလို့ အလင်း
ဆောင်နိုင်တော့မှာပါခင်ဗျာ...။ စေတနာရင် အလှူ ရှင်များ အနေနဲ့ မိမိတို့ရဲ့...
Thursday, April 26, 2012
ကညင်ကုန်းကျေးရွာ မီးစက်အလှူရှင်များစာရင်း
read more
Monday, April 23, 2012
ကညင်ကုန်းကျေးရွာ မီးစက်အလှူအတွက် ခန့်မှန်း ကုန်ကျငွေ စာရင်း
သဒ္ဓါကြည်လင် စေတနာရှင် အလှူရှင်အပေါင်းတို့ ခင်ဗျာ…..
ဦးဇင်း အရှင်ဝိမလ၀ံသ မှဦးဆောင်၍ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊ ကညင်ကုန်းကျေး
ရွာလေး အတွက်မီးပေးနိုင်ရန် မီးစက်အလှူကို ( ၁၁. ၀၄. ၂၀၁၂ ) ရက်နေ့တွင်စတင်ခဲ့ ပါတယ်…။ ယခု မီးစက်အလှူအတွက်
ကုန်ကျမယ့် အထွေထွေစာရင်းကို တွက်ချက်ကြည့်ရာတွင် ခန့်မှန်းခြေ ကျပ်သိန်း ၃၀ လောက်ကုန် ကျမှာဖြစ်ကြောင်းခန့်မှန်း
တွက်ချက်ထားပါတယ် ခင်ဗျာ…။ အသုံးပြုမယ့်မီးစက်အမျိုးအစားကတော့တရုတ်နီစက် အမျိုးအစားဖြစ် ပါတယ် ….။ ( မြင်းကောင်ရေ
4 ကောင် အားနဲ့ 15000 W (15 KW ) မီးအားထုတ်ပေး နိုင်မဲ့ ဒိုင်နမို အပါအ၀င် မီးစက်တစုံစာအတွက် ) ယနေ့ ရန်ကုန် ပေါက်
ဈေးကျပ် ၁၄ သိန်း ဖြစ်ပါတယ် ခင်ဗျာ….။ လိုအပ်သော မီးချောင်းများ၊ မီးကြိုးများ၊ မီးစက်ထားရန်အမိုးအ ကာပါသော မီးစက်
အိမ် လေးနှင့်သယ်ယူပို့ဆောင်စာရိတ် တွေအတွက် ကျွန်တော်တို့ခန့်မှန်းတွက်ချက်ကြည့်ရာတွင် ကျပ် သိန်း ၃၀ လောက် ကုန်ကျ
မယ်လို့...
Thursday, April 19, 2012
ကိုယ်ချင်းစာ နာတတ်ခဲ့ ပြီ အဖေ

ဧပြီလ ၇ ရက်နေ့
အင်း... ဘာလိုလိုနဲ့ ဖိုးသားလေးတောင် ဒီနေ့ ၃ နှစ်ပြည့်ပြီပဲ…။ မိဘဆိုတဲ့ နေရာကို ကျွန်တော် ရောက်လာခဲ့တာလည်း ၃ နှစ်ပြည့်ပြီပေါ့...။ ဒီနေ့တော့ ထူးထူးခြားခြား သတိရနေမိတာ အဖေ့ကိုပါ…။ လောကကြီးထဲမှာ မေမေ မရှိတော့ပေမဲ့ အဖေကတော့ ရှိနေပါသေးတယ်…။ ဒါပေမဲ့ မေမေနဲ့ ပတ်သက်လို့ ကျွန်တော် နဲ့အဖေ့ကြား တော်တော်လေး သွေးအေးနေသလို အဆင်မပြေတဲ့ မိသားစုပြဿနာလေးတွေကြောင့်လည်း သား အဖချင်း သိပ်ပြီး...
Monday, April 16, 2012
ကညင်ကုန်းကျေးရွာ မီးစက်အလှူ အတွက် ကောက်ခံရရှိပြီးသောအလှူငွေ စာရင်း
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဝက်ခြံဂယက်ကျေးရွာအုပ်စု ကညင်ကုန်းကျေးရွာလေး အတွက် ဦးဇင်း
အရှင်ဝိမလဝံသ မှ ဦးဆောင်ပြီး မီးစက်လှူဒါန်းရန်အတွက် အလှူရှင်များဖိတ်ခေါ်ရာတွင် (ယနေ့ ဧပြီ ၁၆
ရက်နေ့ထိ ) လက်ခံရရှိထားသော အလှူရှင်စာရင်းများကို ကျွန်တော်တို့ တင်ပြပေးလိုက်ပါတယ် ခင်ဗျာ...။
ဦးဇင်းအရှင်ဝိမလဝံသ ဦးဆောင်ပြီး ကျွန်တော် တို့အွန်လိုင်းမှ မောင်နှမများရဲ့ စေတနာအကူညီဖြင့်
(ကညင်ကုန်းရွာလေး မီးရရှိရေး အတွက်) မေလကုန်ပိုင်းတွင် မီးစက်ကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်
ခင်ဗျာ...။ ဦးဇင်းအရှင်ဝိမလဝံသ ကိုယ်တိုင်မြန်မာပြည်သို့ ပြန်လည်ကြွရောက်ပြီး လှူဒါန်းပေးမှာဖြစ်တဲ့အ
တွက် မေလမကုန်ခင်အချိန်ထိ အလှူရှင်များကို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ...။ ဒီနေရာမှာ
ကျွန် တော်တို့ မောင်နှမတွေ အနေနဲ့လုပ်တာ ကိုင်တာလေးများ လစ်ဟင်းမှုလေးတွေရှိခဲ့ပါတယ် ခင်ဗျာ..။
အလှူငွေ စတင်ကောက်ခံ တဲ့ အချိန်မှ စလို့ ယနေ့အချိန်အထိ အလှူအတွက် ကုန်ကျမယ့်...