Tuesday, April 3, 2012

ဘ၀ကို ချမ်းမြေ့စွာဖြတ်သန်းပါ



ကျွန်တော် တို့အားလုံးလူရယ် လို့ဖြစ်တည် လာရင် မိဘတွေရှိမယ်၊ မိသားစုတွေရှိမယ်၊ မိတ်ဆွေသူ

ငယ်ချင်း တွေရှိမယ်၊ လူ့အသိုင်းအ၀ိုင်းပတ် ၀န်းကျင်ဆိုတာ ရှိမယ်၊ ကိုယ့်ကိုချစ်တဲ့သူတွေ ရှိသလို

မုန်းတဲ့သူတွေ လည်း ရှိနေမှာပါ… ဒါတွေအားလုံးနဲ့သဟဇာတဖြစ်အောင်နေနိုင်ရင် ဘယ်လောက်

ကောင်းလိုက် မလည်းလို့ စဉ်းစားကြည့်မိပါတယ်… လူသားအားလုံးဟာ ပုထုဇဉ်လူသားတွေ မို့လော

ဘ၊ ဒေါသ၊ မာန်မာနတွေ အတ္တတွေ နဲ့မကင်းကြ တာမို့လည်း လောကကြီးမှာ အင်အားကြီးသူ က

အင်အားနည်းသူကို အနိုင်ယူတဲ့ ကြီးနိုင် ငယ် ညှင်းဝါဒ တွေ၊ လူအချင်ချင်းကူ ညီရိုင်းပင်းရမယ် စိတ်

ဓါတ်တွေ ခေါင်းပါးလာကြ ပါတယ်… ဒုက္ခရောက်နေတဲ့ သူကို ကူညီရမယ့် အစား ကိုယ့်အတ္တ ကိုယ်

ကျိုးအတွက် ရေနစ်သူကို ၀ါးကူ ထိုးနေကျတဲ့အဖြစ်တွေ ကိုတွေ့ ရ တော့လောကကြီးက မတရားပါ

လား လို့ အပြစ်တင်မိပါတယ်… သေချာစဉ်းစားကြည့်လိုက်တော့လောက ကြီး ကသူ့ဟာသူနေတာ

ပါ… လူတွေကသာသူ့ကို အရောင်သွားဆိုးပေးနေကြတာပါ… ကျွန်တော် တို့အားလုံး လူဘ၀ ကိုခဏ

တာလေး သာရကြတာပါ… လူ့လောကကြီးထဲကို အလည်ရောက်လာတဲ့ဧည့်သည်တွေပါ… အချိန်

တန်ရင်ပြန်ကြမယ့်သူတွေပါ… ရလာတဲ့ လူ့ဘ၀ ခဏတာအချိန် လေးမှာ လောဘတွေ၊ ဒေါသတွေ၊

အ တ္တတွေ နဲ့ဘ၀ကို ဖြတ်သန်းရင် ပူလောင်လွန်းလှပါတယ်… သာယာအေးချမ်းတဲ့ အေးမြမှုကိုမရပဲ

အင်မတန်မှ ပူလောင်လွန်းလှတဲ့ကန္တာရ အလယ် ကိုလျှောက်လှမ်းနေရသလို ဘ၀ကိုဖြတ်သန်း ကုန်

ဆုံးသွားမယ် ဆိုရင် ကျွန်တော် တို့ လူဖြစ်ရကျိုးမနပ် ဖြစ်ရပြီ ပေါ့… လူ့ဘ၀ ခဏတာ အချိန်တို

တို လေးမှာ လူပီသအောင်နေ သွား ပြီး ဘ၀ကို အေးချမ်းစွာ နဲ့ဖြတ်သန်းရင်း ကိုယ့်ရဲ့နောက်ဆုံး

အချိန်လေးကိုအဆုံးသတ်သွားသင့် ပါတယ်… လူ့လောကြီးတခု လုံးအတွက် လုပ်မပေးနိုင်တောင်

ကိုယ့်ပတ်ဝန်းကျင်က သူတွေအတွက်ကိုယ်လုပ်ပေး နိုင်တာလေးတွေ အများကြီးနေမှာပါ…ကျွန်တော်

လည်းဘ၀မှာအတတ်နိုင်ဆုံး လူပီသအောင်နေသွားမယ် လို့ဆုံး ဖြတ်ထားခဲ့ပါတယ် … ကိုယ့်မိသားစု

အတွက်ဖြစ်စေ၊ ကိုယ်ချစ်ရတဲ့သူတွေကိုဖြစ်စေ၊ ကိုယ်ရဲ့ခင်မင် ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အ

တွက်ဖြစ်စေမထင်မှတ်တဲ့ လိုအပ်တာ လေးတွေကို အကောင်းဆုံး ဖြည့် ဆည်းပေးတာက သိပ် ကို

ရိုးစင်းတဲ့အကူအညီ တစ်ခုပဲလို့ ကျွန်တော် နားလည်လက်ခံထားပြီး အတတ်နိုင် ဆုံးကူညီ ပေးပါ

တယ်…. နေ့တိုင်း လည်း ဘယ်သူတစ်ဦး တစ်ယောက်မှ မသိအောင်လုပ်ဆောင်ခဲ့တဲ့သေးသေး ဖွဲဖွဲ

အမှတ် တမဲ့လုပ် ဆောင်ချက် လေးတွေလည်း ရှိတတ်ပါတယ်…. ဥပမာ တစ်စုံတစ်ယောက်ရဲ့ ကြိုး

ပမ်းမှုတွေကို အား ပေးထောက်ခံ ပေးတာမျိုး၊ အချိန်နဲ့ အင်အားပေးဝေပြီး နားထောင်ပေးခဲ့တာမျိုး၊

နှုတ်နဲ့ကူညီတာမျိုး တွေပါ… ကိုယ်ကျိုးမပါပါဘဲ လုံးဝ အတ္တမဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့က

တော့ ကြိုးစားနေဆဲပါ… အကူအညီ ကောင်းလို့လည်း မိတ်ဆွေတွေ ခဏခဏဆုံးရှုံး ဖူးပါတယ်…

(ငွေရေးကြေးရေး အကူအညီပေးမိပါတယ်… သူတို့ပြန်မဆပ်နိုင်တော့ရှောင်နေကြတယ်… နောက်

တော့ အခေါ်အပြောမရှိတော့ ပဲ မိတ်ဆွေတွေ ဆုံးရှုံးတာခံရတာကိုပြောတာပါ)… ဘယ်လို ပဲဖြစ်

နေပါစေ ကျွန်တော့် ဘဝနဲ့ တခြားသူတွေ အတွက် လုပ်ဆောင်ချက် တွေတစ်သားတည်း တစ်ထပ်

တည်း ဖြစ် ချင်မှ ဖြစ်ပေမယ့်ကိုယ့်ရဲ့ကူညီ ကြိုးပမ်း အားထုတ် ခဲ့မှုအတွက်ကိုယ့် ကိုယ် ကိုယ်သိတဲ့

အလျှောက် ကိုယ့် ရဲ့ ဘဝနေနည်းအပေါ် ကျွန်တော် အားရ ကျေနပ်မှုဖြစ်ပါတယ်။




ကျွန်တော် ဟာ ဗုဒ္ဓဘာဝင် တဦးဖြစ်တာမို့ ကံ၊ ကံ၏ အကျိုးကိုလည်း ယုံကြည်သက် ၀င်ပါတယ်…..

“ ကိုယ်ပြုသည့် ကံ၊ ကိုယ့်ထံပြန် ” ဆိုတာ ရှိသလို " ပေးဆပ်ခြင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ် " လို့ဆို

တဲ့ဆိုရိုး စကားတစ်ခုလည်း ရှိပါတယ်... ကိုယ်ပေးလိုက်တာနဲ့ တိုက်ရိုက်အချိုးအစား ညီညီ ကိုယ်ပြန်

ရတတ်တာကို ဆိုလိုတာပါ… မေတ္တာပေးရင် မေတ္တာပြန်ရသလို စေတနာဟာလည်း တုံ့ပြန် စေတနာ

ပြန်လာ တတ် ပါတယ်... တစ်စုံတစ်ယောက် အတွက်ကိုယ်က ကောင်းတာလေး ကူညီပေးခဲ့ပေမယ့်

တစ်ခြားသူတွေ ကရော ငါ့အတွက် ဘာလို့ပြန်မလုပ်ပေးတာလည်းဆိုတဲ့အတွေးမျိုး ကျွန်တော် ဘယ်

တော့မှမထား ရှိခဲ့ပါဘူး။ သူတစ်ပါး အ တွက်ကိုယ်တတ်နိုင်တာ ကို စေတနာနဲ့ ဆောင်ရွက်ပေးခြင်း၊

ကူညီပေးခြင်းတွေဟာ ဘဝတစ်ခု လုံး လုပ်ဆောင် နေရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ ကျွန်တော် ခံယူ

ထားပါတယ်…. ဒါက ကျွန်တော် ပတ်ဝန်းကျင်မှာရှိနေ တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်း

တွေ အပေါ်မှာ ထားရမယ့် ကျွန်တော် ခံယူထားတဲ့ ကျွန်တော် ရဲ့သဘော ထားနဲ့ အမြင်လေးပါ…

အဲဒီလိုပဲ ကျန်တဲ့သူတွေလည်း သူတို့ရဲ့ပတ်ဝန်းကျင်မှာဒီလို သဘောထားလေး တွေသာထားနိုင်မယ်

ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလည်းလို့တွေးရင်း ကိုယ့်ရဲ့ဘ၀နေနည်းလေး နဲ့သက်ဆုံး

တိုင် ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကိုဖြတ်သန်းဖို့ ကျွန်တော် သံဓိဌာန်ချထားပါတယ်… လူတယောက်

ရဲ့ လို အပ်နေတဲ့ အရာလေးတခုကို ဖြည့်ဆည်းပေးလိုက် ရ လို့ပြန်ရ လာတဲ့ ပီတိ လေးကတော့

ဘယ်အရာ နဲ့မှကို မတူသလို ကိုယ့်ရဲ့ စိတ်ကို အေးချမ်းမှု ပေးစေ နိုင် တာအမှန် ပါ… အဲဒီအေးချမ်း

မှု လေးတွေနဲ့အတူ ကိုယ့် ဘ၀ ရဲ့နေ၀င်ချိန်လေးကို လူပီသစွာ ဖြင့် အားလုံး ပဲဖြတ်သန်းနိုင်ကြ

ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ ….။

9 comments:

  1. လမင်းလည်းတတ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင်
    နေပါတယ်.. အကိုရေ ဘ၀မှာချမ်းမြေ့ အောင်နေတတ်ရင်
    ချမ်းမြေ့တာပေါ့အကိုရေ တခါတလေတော့လည်းပူလောင်မှုတွေတွေးမိတတ်ပါတယ် အကိုရေ
    ပိုစ့်လေးအတွက်ကျေးဇူးတင်ပါတယ်...

    ReplyDelete
    Replies
    1. အန်တီတင့် ပြောခဲ့တဲ့ စကားလေးက မှတ်သားစရာတွေ
      အများကြီးပါတယ် ညီမလေးရ...(ဘဝကိုဖြတ်သန်းတဲ့အခါ
      စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဆိုတာကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တိုင်ရှာဖွေခဲ့မှုပါပဲ)
      ဆိုတာလေးကို အကိုအရမ်းသဘောကျတယ်..အန်တီပြောချင်တာလေးကို အလွယ်
      တကူသဘောပေါက်လိုက်တယ်... ညီမလေးလည်းသဘောပေါက်မယ် ထင်ပါတယ်..

      ခင်မင်စွာဖြင့်
      ရာဇာထွေး

      Delete
  2. လာဖတ်သွားတယ်။ အတွေးတွေ စိတ်တွေအတော် တူနေပါလားကွယ်။ သင်္ကြန်မလည်ချင်တာ လူများရင်မနေတတ်တာ တွေကအစ တော်တော်ကို တူနေပါတယ် ငါ့မောင်ရေ။
    ပိုစ်လေးအတွက် အားရှိ၏
    ပျော်ရွှင်ပါစေ


    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
    Replies
    1. အခုလို (အပြူသဘောဆောင်တဲ့)အားပေးမှုလေးတွေအတွက်
      ကျေးဇူးတင်ပါတယ် မကြီးလွမ်း ခင်ဗျာ..

      ခင်မင်လေးစားစွာဖြင့်
      ရာဇာထွေး

      Delete
  3. ဟုတ်တယ်အစ်ကိုရေ လောကမှာ နေတတ်ဖို့အရမ်းအရေးကြီးပါတယ်.....လူတိုင်းကတော့ ကိုယ့်ဘ၀ကို အကောင်းဆုံးဖြတ်ကျော်ချင်ကြတာပေါ့.....ဒါပေမဲ့ လူဆိုတဲ့အတိုင်း အတ္တလေး လောဘလေးကလည်း မကင်းနိုင်ဘူးလေ...အစ်ကို့ပို့စ်လေးကိုဖတ်ပြီး အဲလိုစိတ်ထားလေးတွေ အမြဲတမ်းထားနိုင်အောင်လည်း ကြိုးစားနေပါတယ်....အစ်ကို့ရဲ့ စိတ်ထားလေးကိုလည်း သိရလို့ ၀မ်းသာ ဂုဏ်ယူပါတယ်ဗျာ.....ဒီလိုစိတ်ထားလေးတွေ အမြဲတမ်း ပိုင်ဆိုင်နိုင်ပါစေ.......

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် ညီလေး ဆူးရေ...

      ခင်မင်စွာဖြင့်
      ရာဇာထွေး

      Delete
  4. ဘဝကိုဖြတ်သန်းတဲ့အခါ စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဆိုတာ
    ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တိုင်ရှာဖွေခဲ့မှုပါပဲ မောင်ရာဇာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ အန်တီ မှတ်သားထားပါမယ် ခင်ဗျာ...

      ရိုသေလေးစားစွာဖြင့်
      ရာဇာထွေး

      Delete
  5. အကိုကြီးရေမှတ်သားသွားပါတယ်တကယ်ကောင်းသောစာပေလေးတွေပါ...

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: