Wednesday, April 4, 2012

ဝိသာခါကျောင်းဒကာမကြီး၏ ဂုဏ်အရည်အချင်းများ

(၁)။ (၇)နှစ်သမီးအရွယ်ကပင် သောတာပန်ဖြစ်ခြင်း။

(၂)။ ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံခြင်း။

(၃)။ ဆင်ပြောင်ငါးစီးအားရှိခြင်း။

(၄)။ မဟာလတာရတနာ တန်ဆာကြီးကိုဝတ်ရခြင်း။

(၅)။ ကြီးကျယ်ခမ်းနားသော လက်ထပ်မင်္ဂလာပွဲကြီး ပြုလုပ်ခံရခြင်း။

(၆)။သားသမီးနှစ်ကျိပ်၊ မြေးလေးရာ၊ မြစ်ရှစ်ထောင်ရှိခြင်း။

(၇)။ အသက်(၁၂၀) ရှည်သော်လည်း အမြဲတမ်း(၁၆)နှစ်သမီးဟုထင်ရခြင်း။

(၈)။ ဘုရားရှင်နှင့်လည်းကောင်း၊ သံဃာတော်များနှင့်လည်းကောင်း အကျွမ်းတဝင်ရှိခြင်း။

(၉)။ ဘုရားရှင်ထံမှ ဆုထူး(၈)ချက် ရရှိခြင်း။

(၁၀)။ နိမ္မာနရတိဘုံမှာ(ဘုံစဉ်) ခံစားပြီး နိဗ္ဗာန်ဝင်မည့်သူဖြစ်ခြင်း ။


ကောင်းခြင်း(၅)ဖြာ

(၁)။ ဆံပင်၏ကောင်းခြင်း - ဆံပင်သည် ပိတုန်းရောင်ကဲ့သို့ နက်မှောင်ဝင်းပြောင်နေပြီး ဖြန့်ချလိုက်လျှင် သုံးထောင်ထွာ ရှည်လျားသည်။ ဒူးဆစ်အောက်အထိ ရောက်သည်။ ဆံဖျားမှာ ကော့ပျံတက်နေသည်။ အဖျားချွန်သည်။(ကေသာ)


(၂)။ အသား၏ ကောင်းခြင်း - အသား၏ကောင်းပုံမှာ အသားရောင်သည်ဝင်းဝါစိုပြည်နေ၏။ (မံသ) မိတ်ကပ်လိမ်းစရာမလို၊ ပင်ကိုယ်ချောခြင်းဖြစ်၏။


(၃)။ အရေ၏ ကောင်းခြင်း - အရေ၏ကောင်းခြင်းတွင် ရေသောက်လိုက်လျှင် မြင်ရမလောက်ပင်ဖြစ်၏။


(၄)။ အရိုး၏ကောင်းခြင်း - လှပခြင်းသည် အရိုး၏ကောင်းခြင်းက အဓိကကျသည်။ အရိုးအဆစ် ပြေပြစ်မှ ကိုယ်ခန္ဓာအချိုးအစား ကျနပြီး လှပသော ကိုယ်လုံးပိုင်ရှင်များဖြစ်မည်။(အဋ္ဌိ) ယခုခေတ်လို မော်ဒယ်သင်တန်း တို့ အေရိုးဗစ်သင်တန်းတွေတက်နေစရာမလိုပေ။


(၅)။ အရွယ်၏ကောင်းခြင်း - အရွယ်၏ကောင်းခြင်းတွင် အမြဲတန်း (၁၆)နှစ် သမီးကဲ့သို့ထင်ရခြင်း၊ အရွယ်တင်ခြင်း ဖြစ်ပါသည်။(ဝယ)

မှတ်ရန်။ ။ ဆံ၊ သား ၊ ရေ ၊ ရိုး ၊ ရွယ်။


သားသမီးနှစ်ကျိပ်၊ မြေးလေးရာ ၊ မြစ်ရှစ်ထောင်ဖြစ်ပုံ


ဝိသာခါတွင် သား(၁၀) ယောက်၊ သမီး(၁၀) ယောက်၊ ရှိသည်။ သားသမီးနှစ်ကျိပ် ဖြစ်သည်။ ထိုသား(၁၀) ယောက် ကလည်း သား(၁၀)ယောက်၊ သမီး(၁၀)ယောက်စီးပင်ဖွား၏။ သမီး(၁၀)ယောက်ကလည်း သား(၁၀) ယောက်၊ သမီး(၁၀) ယောက်စီပင်ဖွားမြင်ရာ မြေး(၄၀၀) ဖြစ်သွားသည်။ ထိုမြေး(၄၀၀) ကလည်း မြေးတစ်ယောက် လျှင် သား(၁၀)ယောက်၊ သမီး(၁၀)ယောက်စီပင်ဖွားမြင်သဖြင့် မြစ်(၈၀၀၀) ဖြစ်သွားရ၏။


ဝိသာခါ အရွယ်တင်ပုံ


ကျောင်းအမကြီးဝိသာခါ အရွယ်တင်ပုံမှာ အသက်(၁၂၀) ရှိသော်လည်း အိုစာ၍ မသွားပေ။ သားသမီးများ၊ မြေးများနှင့် ရောနှောထိုင်နေလျှင် ခွဲခြား၍ပင်မရနိုင်ဟု ဆိုပါသည်။


ဘုရားရှင်ထံမှ ဝိသာခါရရှိသော ဆု(၈)မျိုး


၁။အာဂန္တုရဟန်းသံဃာတော်များအား အမြဲတမ်း ဆွမ်းလှူဒါန်းခွင့် ရရှိခြင်း။

၂။ ခရီးသွား ရဟန်းသံဃာများအား အမြဲတမ်း ဆွမ်းလှူဒါန်းခွင့် ရရှိခြင်း။

၃။ ဂိလာန ရဟန်းသံဃာတော်များအား အမြဲတမ်း ဆွမ်းလှူဒါန်းခွင့်ရရှိခြင်း။

၎။ သူနာပြု (ဂိလာနုပဋ္ဌာက) ရဟန်းများအား အမြဲတမ်းဆွမ်းလှူဒါန်းခွင့် ရရှိခြင်း။

၅။ အမြဲတမ်း ယာဂုဆွမ်း လှူဒါန်းခွင့် ရရှိခြင်း။

၆။ အမြဲတမ်း ဘေသဇ္ဇဒါန ဆေးလှူခွင့်ရရှိခြင်း။

၇။ ဘိက္ခုနီတို့အား အမြဲတမ်း အမာလွှမ်းသင်္ကန်း(ကဏ္ဍုပ္ပဋိစ္ဆာဒနစီဝရ) လှူဒါန်းခွင့်ရရှိခြင်း။

၈။ ဘိက္ခု(ရဟန်း) တို့အား အမြဲတမ်း မိုးရေခံသင်္ကန်း(ဝဿိကသာဋိကစီဝရ) လှူဒါန်းခွင့် ရရှိခြင်းတို့ဖြစ်သည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ( နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

http://www.wiradhamma.blogspot.in/

ဦးဇင်းဘလော့သို့လည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

2 comments:

  1. အမတော် စာတွေလာဖတ်သွားတယ်။ ခုလို မှတ်သားစရာလေးတွေ ပြန်လည်မျှဝေတော့လည်း ကိုယ်လည်း ကုသိုလ်ရတာပေါ့။ ခုလို မှတ်ယူသွားတဲ့သူတွေ ရှိတော့။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် အကို ဖတ်တော့ဖတ်ဖူးပါတယ်
    သတိပြန်ရတာပေါ့

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: