Tuesday, April 10, 2012

ကျွန်တော့် အမြင်

ကျနော်တို့ မြန်မာနိုင်ငံမှာ ဘွဲ့ရတွေ ဆယ်တန်းအောင်တဲ့သူတွေ အများကြီးပါ။ ရိုက်သတ်တောင် မကုန်

ပါဘူး။ မသိတာ မတတ်တာ ဘာမှမရှိ- ရှစ်စပ်က ဂျင်ဂျင်လည် တွေချည်း မယုံ လို့ ရှိရင် လူစည်ကားတဲ့နေ

ရာ (ဥပမာ-လ္ဘက်ရည်ဆိုင် စားသောက်ဆိုင် အလှူ၊ မင်္ဂလာဆောင် စသည်ဖြင့်) တစ်နေရာမှာ အကြောင်း

အရာ တစ်ခုကို စပြီး ပြောကြည့် ဘေးကနေ ဝိုင်းပြီးပြောတဲ့ သူတွေဝေဖန်မဲ့သူတွေ ငြင်းကြ ထောက်ပြ သူ

တွေ တစ်ပုံကြီး။
       

နိုင်ငံရေး ပညာရေး စီးပွားရေး ကမ္ဘာ့အရေး NLD အကြောင်းကြိုက်တဲ့အကြောင်းပြောစမ်းချင်ရာစမ်း

မောင် ဘဂျမ်းတွေမှ တစ်ပြုံတစ်ခေါင်း။ တစ်ခုတော့ ရှိတယ်ဗျ... အကြောင်းအရာ တစ်ခုကို သေသေ ချာချာ

ဂဃနဏ မေးကြည့် ဖြေနိုင်တဲ့သူ တော်တော်ရှားလိမ့်မယ်။ ကျန်တာမပြောနဲ့အခု လူတိုင်းနှုတ်ဖျား ရေပန်း

စားနေတဲ့ အမေစု အကြောင်းပဲ အရင်မေးကြည့်အုံး- အမေစု ဘယ်ခု နှစ်မှာမွေးလဲ ငယ်ငယ်တုန်းက ဘယ်

အရွယ်ထိ မြန်မာနိုင်ငံမှာ နေခဲ့သလဲ၊ ဘယ်မှာ တက္ကသိုလ်ဝင်တန်းအောင်လဲ၊ ဘယ်မှာဘွဲ့ရလဲ စသည်ဖြင့်

ပေါ့ဗျာမေးကြည့်ပါ “ အင်း၊ အဲ၊ ဟို " တွေနဲ့ယောင်ဝါးဝါးဖြေပြီး ရန်ပြန်မတွေ့ရင်ကံကောင်းတယ် မှတ်ပါ။
       
ဒါကလည်း တစ်ယောက်တည်းမဟုတ်ဘူး၊ ကျနော်အပါအဝင် အများစုကဒီလိုချည်းပဲ။ ကျနော်တို့ မြန်မာစ

ကား ရှိပါတယ် “ ရေလိုက် ငါးလိုက် " တဲ့။ အဲဒါ စကားတင် မဟုတ်တော့ဘူး ကျနော်တို့ မြန်မာလူမျိုးတွေ

မှာ “ ရေလိုက် ငါးလိုက် " ဆိုတဲ့  အကျင့်ကြီး လူတိုင်းနီးပါးဖြစ်နေတာ။ ဘယ်အရာမဆို သမန်ကာရှန်ကာ ပဲ

သဘောထားတဲ့သူတွေများနေတယ်။
           


ဘယ်နိုင်ငံခြားသားမဆို မေးကြည့်လိုက်ပါ ကမ္ဘာမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားတာ ဘယ်နိုင်ငံလဲ

လို့- မြန်မာနိုင်ငံကိုပဲ လက်ညှိုးထိုးပြမှာ ဧကန်မလွဲပါ။ ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာကကျနော်တို့ 

ဗုဒ္ဓဘာသာဝင် အများစုက ဗုဒ္ဓဘာသာ အကြောင်းကို ထဲထဲဝင်ဝင်မသိတာပါပဲ။ တနည်းအားဖြင့် ပြောရရင်

လေးလေးနက်နက်ကို မရှိတာ။ အဖေ ဗုဒ္ဓဘာသာ အမေ ဗုဒ္ဓဘာသာထို့ကြောင့် ကျနော်လည်း ဗုဒ္ဓဘာသာပါ

ဆိုတဲ့ သူတွေများနေတယ်ဗျာ။ ဘုန်းကြီးကျောင်းလည်း ဥပုသ်နေ့တိုင်း ရောက်ပါရဲ့။ ကျောင်းရောက်တော့

အမျိုးသမီး အများစုက သားကြောင်း၊ သမီးကြောင်း၊ ဆွေကြောင်း၊ မျိုးကြောင်းနဲ့ သူများအတင်းပဲ ထိုင်ပြော

နေ တတ်ကြပြီး ဘုရားဒကာကြီးများကတော့ အာပေါင်အာရင်း သန်သန်နဲ့ မိုးကုတ်ကဘယ်လို မဟာ စည်က

ဘယ်လို ဒါပဲ ငြင်းခုံနေကြတယ်။ တရားဟောဆရာတော် ကြွလာပြီး တရားဟောဘို့ ပလ္လင်ပေါ်ထိုင်လိုက်တဲ့

အခါ ကန်တော့ကြတယ်ပြီးရင် အာမဘန္တေ ပါဘုရား လို့ဆိုပြီး နောက်ဆုံးကြတော့ သာဓုသုံးကြိမ် ခေါ်ပြီး

ပြန် သွားကြတယ်။ အဲဒါ အများစုမေးကြည့် သြကာသ ဘာလဲ မသိ၊ ရပ်ပြစ် ရှစ်ပါး  ဘာလဲ မသိ၊ ဝိပတ္တိ

တရား လေးပါးဘာလဲ မသိ၊ ဘယ်လိုလုပ် သိမှာတုန်း လေ့ မှ မလေ့လာတာ လေ့ လာရ ကောင်းမှန်းလည်း

မသိ။ သူများဦးချ တော့ ဦးချ , ကန်တော့ ဆိုတော့ ကန်တော့ ပြီးပြန်လာကြတာကိုး။ အဲဒီ ရေလိုက် ငါးလိုက်

အကျင့်ကြီးက ဖျောက်လို့ မရဘူး ဖြစ်နေတာ။
   


အဲဒီလို မသိတာတွေ၊ အလေးအနက်မထားတာတွေ၊ မလေ့လာတာတွေ များလာတော့ ကျနော်တို့ဗုဒ္ဓဘာ

သာဝင်တွေဟာအမည်ခံ ဗုဒ္ဓဘာသာဝင်တွေ  ဖြစ်မှန်းမသိ ဖြစ်လာရော။ မိမိတို့ဘာသာတရား အပေါ်

ဘယ်လောက် သက်ဝင် ယုံကြည်မှုရှိသလဲ ဆိုတာ   ဘယ်မှာသွားပြီး တွေ့ရလဲ ဆိုရင် ကျနော်တို့ ဗုဒ္ဓဘာ

သာဝင်တွေ ဘာသာခြားနဲ့လည်း လက်ထပ်ရော အဲဒီ အခြားဘာသာအလွယ်တကူ ကူးသွားရော- အများစု

က မိန်းကလေး တွေ၊ ဘာသာခြားနဲ့ လက်ထပ်ပြီး သူတို့က ပိုပြီးတောင် အယူသည်းသွားကြသေး တယ်။

မြင်ရသူ အဘို့ ရင်နာစရာ ကောင်းလှပါတယ်။ တခါတုန်းက မဂ္ဂဇင်း တစ်ခုမှာ ဖတ်လိုက်ရပါတယ်- ကြာ

ပါပြီ... မလေးရှား ပညာလာသင်တဲ့ မန္တလေးက ကျောင်းသူလေး တစ်ယောက် ငွေကြေးအခက်အခဲ နှင့်

အိမ်ကိုလွမ်းတဲ့စိတ်ကြောင့် မြန်မာပြည်ပြန်လာပါရစေ လို့ မိဘတွေဆီ ခွင့်တောင်းတော့  မိဘတွေက ခွင့်

မပြုဘဲအဲဒီနိုင်ငံမှာပဲ ဆက်နေစေပြီး ကျောင်းပြီးပါက အခြားနိုင်ငံကြီး တစ်နိုင်ငံသို့ ဆက်ပြီး ကူးသွားစေချင်

ကြောင်း နှင့် အဆင်ပြေစေရန် ဘယ်ဂုဏ်တော်ရွတ်၊ ဘယ်ဂါထာပွား ပုတီး ဘယ်နှစ်ပတ်စိတ် ဘယ်လို ယ

တြာချေပါလို့ ပြန်ပြောသတဲ့။ ကြာတော့မိန်းကလေးက စိတ်လေလာပြီး အဲဒီနိုင်ငံသား အရာရှိ အိမ်ထောင်

သည် တစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ အဲဒီလို လက်ထပ်လိုက်တော့ အငယ်အနှောင်းဖြစ်ရုံတင် မကပါ

သူတို့၏ဘာသာထဲသို့ ဝင်ရသည့်    အပြင်.    မြန်မာပြည်ပြန်ဘို့တောင် သူ့ယောက်ျားက ခွင့်မပြုပါ ဘူးတဲ့။
       


တွေးကြည့်ရင် ဝမ်းနည်းစရာကောင်းလှပါ တယ်။ တနည်းအားဖြင့် ပြောရရင် အခြေခံဗုဒ္ဓ ဘာသာအားနည်း

လွန်းတယ်လို့ ဆိုရမှာပါ။ ကျနော်တို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရှင် ဟာ ဥုံဖွ ဆရာ မဟုတ်ပါဘူး။လတ်တ

လော တွေ့ကြုံ နေရတဲ့ အခက်အခဲ လေး ပြေဖျောက်ဘို့ ဘုရားရှင်ကိုပြေးပြီး ဦးချ ရုံ  ပုတီးစိတ်ရုံ လောက်

နဲ့ ဘာမှ ဖြစ်မလာဘူးဆိုတာ သဘောပေါက်ထားရမှာပါ။ ဘုရားရှင်ဟောထားတဲ့ ကံ ဆိုတာ လူတိုင်းသိပါ

တယ်။ ဒါပေမဲ့ လူတိုင်း သဘော မပေါက်ဘူး ဖြစ်နေတယ်။ ကံ ဆိုတာအလုပ်- အလုပ်ကောင်းမှ ကံကောင်း

မယ် တဲ့။ ကောင်းတာလုပ်မှ ကောင်းကျိုး ခံစားရမှာပါ။ လွန်ခဲ့တဲ့ ဘဝပေါင်းများစွာက ကျနော်တို့တွေ ဘာ

တွေ လုပ်ခဲ့ကြတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ အဲဒီလုပ်ခဲ့တဲ့ ကံတွေကြောင့် ယခုဘဝမှာ အကျိုးခံစားနေ

ရတာပါ။ ထို့ပြင်လက်ရှိ ပြုလုပ်နေတဲ့ ကံတွေကလည်းယခုဘဝ သာမက နောင်ဘဝတွေလည်း အကျိုးပေး

မှာ ပါပဲ။ တစ်ခုနဲ့တခုဟာ ကွင်းဆက်တွေလိုဆက်စပ်နေတာပါ။ ဖြစ်ပေါ်လာမည့် ရရှိလာမည့် အကျိုးတရား

ဆိုတာ မြင်နိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး။ အဲဒါကြောင့် မိမိက မျှော်လင့်ချက်ကြီးဖြင့် ကိုးကွယ်ဆည်း

ကပ်နေပါက တကယ်တန်း ဖြစ်မလာသောအခါ မိမိဘာသာတရား အပေါ်ယုံကြည်မှု လျှော့ပါး လာပြီး စော်

ကားသလိုဖြစ်ကာ “ ငါ ကောင်းမှုတွေ လုပ်ရဲ့သားနှင့်ကောင်းကျိုးမပေးဘူး" ဆိုတဲ့  သံသယ အတွေးမျိုးတွေ

ဝင်လာတတ်ပါတယ်။ အဲဒီအတွေးမျိုး ဝင်သွားတဲ့သူ တစ်ယောက်ကို အခြားဘာသာ မှ စည်း ရုံးခဲ့သော် အ

လွယ်တကူ လက္ခံ သွားတတ်ကြတာ တွေ့ဘူးမြင်ဘူးပါတယ်။ အဲဒါဘာပြုလို့လဲ ဆိုရင် မိမိတို့ကိုး ကွယ်တဲ့ 

ဗုဒ္ဓဘာသာ အပေါ်လေ့လာမှုနည်းလို့ လို့ကျနော် မြင်ပါတယ်။ ခု ခေတ်မှာ တာဝန်ရှိ လူကြီးများ မှလည်း

ဗုဒ္ဓဘာသာ အပေါ် အားပေးမှု နည်းသလို မိခင် ဖခင် များမှလည်း သား သမီး များကို သွန်သင် ပြသမှုနည်း

ပါးလာကြတာကို ကျနော်တို့ ပတ်ဝန်းကျင်မှာ မြင်ကြ တွေ့ကြရမှာပါ။ အကယ်၍များ မိဘများ အနေနှင့်

ဗုဒ္ဓ ဘာသာ အကြောင်း လေ့လာရန်အခက်အခဲရှိပါက ဆရာတော် သံဃာတော်များထံ ကိုယ်တိုင်ကိုယ်ကျ

သွားရောက်မေးမြန်းပြီး မိမိသားသမီးများကိုပြန်လည် သွန်သင်ပြသ နိုင်သလိုဘာသာရေးစာအုပ် စာပေများ

ပေးဖတ်ပြီး  မိမိတို့ရဲ့ ဘာသာတရားအပေါ် စစ်မှန်သောယုံကြည်မှု စစ်မှန်သောကိုးကွယ်မှုဖြင့် ဘာသာရေး

အမြင်မှန် ရရှိစေရန် ညွှန်ကြားပြသပြီး ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဘို့ ကြိုးစားအားထုတ်သင့်

ပါကြောင်းအကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် ခင်ဗျား။.  ။


ဌေးနိုင်ဝင်း

09.04.2012


မှတ်ချက်။   ။   (ကျနော် အားလုံးကို ဆိုလိုသည်မဟုတ်ပါ-ယေဘုယျ အားဖြင့် ကျနော်တို့ပတ်ဝန်းကျင်

မှာ တွေ့မြင်ရတာလေးတွေကို တင်ပြထားတာပါ)....။


ဒီပို့စ်လေးကို အပြုံးပန်းဈေးခင်း ဆိုက်လေးထဲမှာ အကို ဌေးနိုင်ဝင်း တင်သွားတဲ့ ဘာသာရေးနဲ့ပတ်သတ်

တဲ့ပို့စ်လေးပါ.... အားလုံးဖတ်သင့် သတိထားသင့်တယ် ထင်လို့ ကျွန်တော် ခွင့်တောင်းပြီး ကျွန်တော့် ရဲ့

ဘလော့လေးပေါ်တင်လိုက်တာ ပါခင်ဗျာ... အခြေခံ မကောင်းရင် အပေါ်ပိုင်း မှာဘယ်လောက်ကောင်းနေ

ကောင်းနေ အချိန်မရွေး ယိုင်လဲ သွားနိုင် တဲ့ သာဓကလေးတွေ မို့ ဘာသာရေးနဲ့ ပတ်သက်ပြီး အခြေခံ

ကောင်းလေးတွေရှိထားဖို့ လိုအပ်တာမို့ ကျွန်တော်ပြန်လည်မျှဝေပေးလိုက်တာပါ ခင်ဗျာ... ဒီပို့စ်လေးဟာ

တခြား သော ဘယ် ဘာသာဝင်တွေကိုမှ စော်ကားရေးသားခြင်း မဟုတ်ပါပဲ မိမိရဲ့ဗုဒ္ဓဘာသာ ၀င်များကို

သာဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ရည်ရွယ်ရေးသားတင်ပြခြင်းသာဖြစ်ကြောင်းပါ ခင်ဗျာ...။

သူငယ်ချင်း ညီအကို၊ မောင်နှမ များအားလုံး ဘ၀အမောတွေ ပြေကြပါစေ...။

ရာဇာထွေး

7 comments:

  1. တကယ်ကိုဖတ်သင့်ပါတယ် အကိုရေ
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ပြန်ရောက်တာနဲ့ လာမွှေသွားတယ်။ကောင်းတဲ့ပိုစ့်လေးမို့ ကျေးဇူးတင်တယ်နော်။
    ရေးသားသူကိုရော ပြန်လည်မျှဝေသူကိုရော ကျေးဇူး

    ReplyDelete
  3. ကျေးဇူးပါဗျာ...
    မှတ်သားသွားပါတယ်...:)

    ReplyDelete
  4. အကိုရေ မှတ်သားသွားပါတယ် အခုလိုတင်ပေးတာ ကျေးဇူးအရမ်းတင်ပါတယ်..

    ReplyDelete
  5. အကိုရေ..ညီလည်း မှတ်သားသွားပါတယ်...:)

    ReplyDelete
  6. အစ်ကိုဖတ်သွားတယ်..အားလုံးကလဲအမှန်တွေကြည်ပါပဲ..အဲ့လိုပဲဖြစ်နေတာများတယ်..အရမ်းကောင်းတဲ့ပိုစ်.လေးပါညီရေး..အခုလိုတင်ပြပေးတာကျေးဇူးတင်ပါတယ်...

    ReplyDelete
  7. ဟုတ်တာတွေပါပဲ
    ရှယ်ပေးတာပဲ ကျေးကျေး

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: