Sunday, July 1, 2012

ကဗျာချစ်သူ



ကဗျာချစ်သူ

ကဗျာလေးတွေကို ချစ်တယ်
ကဗျာချစ်တဲ့ သူတွေကိုလည်းချစ်တယ်
ခံစားချက်တွေကိုဖွင့်ဟလို့ရတာ ကဗျာ
ကဗျာဟာ ခံစားချက်ရှိသူတို့ရဲ့ ရင်ဖွင့်ရာနေရာ
ခံစားချက်တွေနဲ့ ရေးဖွဲ့သီကုန်းတဲ့ စာ
ကဗျာ...။

ရင်မှ ဝေဒနာ
ကာရံ မလှ စာစီမကျ ပေမယ့်
ခံစားသူရင်ကို အေးမြ လှပစေတာ
ကဗျာ...။

တွေ့ကြုံလာကြ လောကဓမ္မတာ
စိတ်မှာ ဈာန်သွင်း ရေးဖွဲ့ နိုင်တာ
ကဗျာ...။

လွတ်လပ်စွာ တွေး
လွတ်လပ်စွာ ရေး
လွတ်လပ်စွာ ခံစားနိုင်တာ
ကဗျာ...။

ကဗျာ ဆရာမဟုတ်ပါ
ကဗျာ ချစ်သူပါ
ကဗျာ ကိုမရေးတတ်ပါ
ကဗျာ ကိုခံစားတတ်ခြင်းပါ
ကဗျာ အကြောင်းကိုနားမလည်ပါ
ကဗျာ ကပြောတဲ့စကားသာနားလည်ခြင်းပါ
ဤသို့ကြောင့် ကဗျာ လေးတွေ ကို ချစ်သည်..။



သူငယ်ချင်းတွေကဗျာရေးတာအားကျမိတယ်... ကျွန်တော်က ကဗျာပဲဖတ်တတ်တာမရေးတတ်ပါဘူး... အခုရေးထား တာလေးကသူငယ်ချင်းတယောက်ရေးတဲ့ကဗျာလေးတပုဒ်မှာ ကွန်မန့်ပေးဖို့ရေးထားတဲ့ ကွန်မန့်လေးပါ... ကျွန်တော့် ဘလော့မှာတော့ ကဗျာလေးအဖြစ်ပြန်ရေးထားတာပါ... ကဗျာမဟုတ်တဲ့ကဗျာမပီသတဲ့ ကဗျာလေးပါ...။



သူငယ်ချင်းညီအကိုမောင်နှမများအားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ...။


ရာဇာထွေး

7 comments:

  1. အောင်မြတ်လေးကိုရာဇာရေ မရေးတတ်ပေလို့ပဲ
    ရေးများရေးတတ်ရင် သများတို့ရေးဖို့ကျန်မှာမဟုတ်ဘူးနော်------

    ဆက်ရေးပါ တကယ်ကောင်းတယ် စာသားယူထားတာလေးတွေကလဲလှတယ်

    ReplyDelete
    Replies
    1. အဟီး အမဖြူကလာမြှောက်တော့ လူကဘ၀င်တောင်မြင့်သွားတယ် :D
      ဒန်ပေါက်ဝယ်ကျွေးမယ်... မသန့်ကိုပြောရဘူးနော်:P

      ခင်မင်စွာဖြင့်

      Delete
  2. ဟုတ်ပါတယ် အရေးအသားတွေကောင်းပါတယ်။ဆက်ရေးပါ အားပေးနေပါ့မယ်

    ReplyDelete
  3. ဒီကလည်း ကဗျာမဟုတ်တာလေး ကဗျာမကျတာလေးကိုဘဲ ခံစားတတ်တဲ့ နှလုံးသားနဲ့
    လာဖတ်တွားတယ်။ စံပယ့်ကိုဘဲ ဒံပေါက်ကျွေးလို့ရဘူး...သာမီးလည်း ချားချင်တယ်။


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
    Replies
    1. မကြီးသွေးတိုးရောဂါနဲ့ ဒန်ပေါက်ကတည့်ဘူးလေ :P

      ခင်မင်စွာဖြင့်
      ရာဇာထွေး

      Delete
  4. သဘောကျတယ်ဗျာ ...
    အချိန်ရရင်လာလည်ပါဦး
    http://alinyinne.blogspot.com

    ReplyDelete
  5. ကြိုက်တယ်ဗျာကဗျာလေးက

    အားပေးတယ်နော်

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: