Friday, August 17, 2012

လောကနီတိ - ၁၆




ရန်သူကိုဖြစ်စေ၊ မိတ်ဆွေကိုဖြစ်စေ အလွန်အမင်း အကျွမ်းမ၀င်ရာ။
မိတ်ဆွေပင်ဖြစ်လင့်ကစား အမျက်ထွက်သည်ရှိသော် သင့်အပြစ်မှန်သမျှကိုထုတ်ဖော်ပြတတ်၏။

- One Should not love either enemy or friend too much.
- Even though a friend, when one becomes angry, one may reveal all of
your faults.


- မီးကိုလည်း အကြွင်းမထားရာ။
- ကြွေးမြီကိုလည်း အကြွင်းမထားရာ။
- ရောဂါကိုလည်း အကြွင်းမထားရား
- ထိုသည်တို့ကား အဖန်တလဲလဲတိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။

- Do not leave remnants of fire.
- Do not leave remnants of debt.
- Do not leave remnants disease.
- As those may increase times no remnants should be left.


- မျက်နှာမူကား ပဒုမ္မာကြာ။
- နှုတ်ထွက်စကားက စန္ဒကူးနံ့သာ။
- စိတ်နှလုံးကား အဆိပ်ပမာ။
- ထိုသို့သဘောရှိသူကို မပေါင်းအပ်ရာ။

- Whose face is like lotus lily.
- Whose words are as cool as sandal-wood.
- Whose heart is full of poison.
- One should not associate with such a person of that nature.


- ရက်စက်ကြမ်းကြုတ်သော ။
- မနာလိုဝန်တိုသော။
- မချီးမြှောက်မထောက်ပံ့တတ်သော။
- ဖိနှိပ်ချုပ်ချယ်သော အရှင်သခင်မျိုးကို လုပ်ကျွေးမှီခိုခြင်း မပြုရာ။

- Who is severe.
- Who is niggardly.
- Who is uncharitable.
- Who is oppressive, One should not serve and rely on such a master.




လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သားဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)


ရာဇာထွေး



6 comments:

  1. မှတ်သားစရာ လောကနီတိလေးတွေ ဖတ်သွားတယ် မောင်ရာဇာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. တကယ်ကိုပဲ ဘဝအမောတွေ ပြေသွားတယ် အကိုရေ...
    ကျေးဇူးပါဗျာ....:-)

    ReplyDelete
  3. ရန်သူကိုဖြစ်စေ၊ မိတ်ဆွေကိုဖြစ်စေ အလွန်အမင်း အကျွမ်းမ၀င်ရာ။
    မိတ်ဆွေပင်ဖြစ်လင့်ကစား အမျက်ထွက်သည်ရှိသော် သင့်အပြစ်မှန်သမျှကိုထုတ်ဖော်ပြတတ်၏။
    မှတ်သားစရာလေးတွေအတွက်ကျေးဇူးပါဗျာ ။

    ReplyDelete
  4. မှတ်သားစရာ နီတိတွေအတွက် ကျေးဇူးအရမ်းတင်တယ်.. အကိုရေ..။

    ReplyDelete
  5. လေ့လာမှတ်သားသွားပါတယ်ရှင်

    ReplyDelete
  6. ကျောင်းစာသင်ရိုးမှာ ငယ်စဉ်ကတည်းက ဒီလောကနီတိစာကို သင်ပေးထားသင့်တယ်
    အလွတ်ကျက်ပြီးမှတ်ထားသင့်တယ်.ခုလိုဖော်ပြပေးတဲ့အတွက်ကျေးဇူးပါ

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: