အိမ်ယာထောင်ထား အကြင်ယောကျာ်းသည် ပျင်းရိမူမကောင်း။
ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်းမရှိမူ မကောင်း။
မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိလျှင်မကောင်း။
ပညာရှိသည် အမျက်ထွက်တတ်မူမကောင်း။
A family man who is lazy is not good.
A monk who does not control thought, world and deed in unvirtuous.
An authority who acts wantonly is not good.
A sage, given anger is not good.
အကြင်အရပ်၌-
နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့။
နာခံသူမရှိ၊...
Friday, June 28, 2013
Tuesday, June 25, 2013
စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ(စိတ်အားဖြည့်ဓမ္မနှင်းပွင့်)

၁။ စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ
အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့ လူသားတွေအနေနဲ့
ရုပ်ဝတ္ထုပစ္စည်းဘက်မှာ မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင်
ကြိုးစားနေကြသလို ကိုယ့်နှလုံးသားထဲက စိတ်ကိုလည်း
မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ပါတယ်။
တကယ်ဆို….
ရုပ်မော်ဒယ်လ်သစ်ဖို့ထက် စိတ်မော်ဒယ်လ်သစ်ဖို့က
ပိုပြီးတောင် အရေးကြီးပါသေးတယ်။
၂။ ကျင့်စဉ်မှန်ဖို့ အဓိက
ရဟန္တာဆီ တပည့်ခံအားထုတ်မှ ရဟန္တာဖြစ်မှာ...
Friday, June 21, 2013
လောကနီတိ - ၁၈

ဥစ္စာမရှိဘဲ အစားမကြူးရာ။
ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
ပညာမရှိဘဲ စကားများစွာ မဆိုရာ။
Without wealth, be not excessive in eating.
Without strength, love not fighting.
Without learning, speak not too much.
မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
သူမမေးဘဲ များစွာ မပြောရာ။
မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)
Don't visit another's house frequently without being...
Tuesday, June 18, 2013
အတင်းပြောတာ အကုသိုလ်အလုပ်(စိတ်အားဖြည့် ဓမ္မနှင်းပွင့်)

၁။ ကိုယ်ကျင့်တရားသည် အရေးကြီးဆုံး လူသိက္ခာ
လူတစ်ယောက်ဟာ ပင်ကိုယ်ရုပ်အဆင်း ဘယ်လောက်ချောချော
ကိုယ်ကျင့်တရားမကောင်းရင် လုံးဝကျက်သရေမရှိပါဘူး။
ပင်ကိုယ်ရုပ် မလှပေမယ့် ကိုယ်ကျင့်တရားကောင်းရင် ကျက်သရေရှိပါတယ်။
လူတစ်ယောက်ရဲ့ ဂုဏ်သတင်းပျံ့မွှေးမှုကို ရေရှည်တည်တံ့အောင်
ထိန်းသိမ်းထားနိုင်တာ ကိုယ်ကျင့်တရားရနံ့ တစ်ခုပဲရှိပါတယ်။
ကိုယ်ကျင့်တရား ခိုင်မြဲနေသမျှ ဂုဏ်သိက္ခာအားလုံး ခိုင်မြဲနေဦးမှာပါပဲ။
ကိုယ်ကျင့်တရား...
Saturday, June 8, 2013
အချစ်ကံဆိုးတာ အဆိုးကံချစ်လို့(စိတ်အားဖြည့်ဓမ္မသံစဉ်)

၁။ ကြာပန်းလေးလို ကျင့်နေမှာ
ရွှံ့နွံကြားမှာပေါက်ဖွားပေမယ့် ရွှံ့နွံမလိမ်းကျံ မကပ်ငြိတဲ့ကြာကို သူတော်ကောင်းတိုင်း အတုယူသင့်ပါတယ်။
လောကဓံရွှံ့နွံတွေ ကာမဂုဏ်ရွှံ့နွံတွေကိလေသာရွှံ့နွံတွေကြားမှာ ပေါက်ဖွားကြီးပြင်းလာပေမယ့်
အဲဒီရွှံ့နွံတွေနဲ့မလိမ်းကျံ မကပ်ငြိတဲ့ ပုဂ္ဂိုလ်ဟာ သန့်စင်မြင့်မြတ်တဲ့ ကြာလိုလူအစစ်ပါပဲ။
၂။ ရလေလိုလေ
ဒီအရသာလေးကို တစ်ခါလောက် ခံစားခွင့်ရရင်
ကျေနပ်ပါပြီလို့ တောင်းတခဲ့ပေမယ့်
တကယ်လည်းခံစားရရော...
Sunday, June 2, 2013
ရတနာလူသား(စိတ်အားဖြည့်ဓမ္မသံစဉ်)

၁။ ရတနာလူသား
လူသားအများစုက လူဝတ်ကြောင်ဖြစ်တွေဖြစ်ပြီး၊
လူသားအနည်းစုကသာ ရဟန်းတော်တွေဖြစ်ကြပါတယ်။
လောကမှာ ရတနာဆိုတာ ရှားလည်းရှားပါးပါတယ်။
လူတိုင်းလည်းပိုင်ဆိုင်ခွင့်မရပါဘူး။
လူနည်းစုသာခံယူနိုင်တဲ့ ရဟန်းဘဝဆိုတာ တကယ်တော့
ရတနာထိုက်တဲ့ ဘဝပါပဲ။
၂။ ကျေးဇူးပဲ အချစ်ရေ
ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု မြတ်နိုးသူရဲ့ သစ္စာကင်းမှုဟာ
စိတ်ထားတတ်သူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့
ဘဝလွတ်မြောက်မှုဆုလာဘ်ကြီးပါပဲ။
အသုံးချတတ်သူတစ်ယောက်အတွက်
အချစ်ကံခေတာဟာ...