မယ့်လမ်းပါတဲ့
ဒီချောင်းမှာရွှင်၊
ဗေဒါခင်ပြာလဲ့
စံပယ်ကို
ယမယ်ဖွဲ့ (ယိုးမယ်ဖွဲ့) ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊
ဗေဒါခင်ပြာလဲ့
ပျိုမယ်ကို
ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊
ဗေဒါခင်ပြာလဲ့
စေတီငယ်ယမယ်ဖွဲ့၊
ကမ်းကပ်ချင်ခဲ့။
လင်းယဉ်နွဲ့
တချီချီ
ကျူရိုးရှင်သူ့စကား၊
နားကျခဲ့ပြီ
ကျွတ်ဆုမြတ်
စလွယ်ချည်၊ ဗေဒါရီပြာလဲ့။
စုန်ချည်
ဆန်ချည်နဲ့
ဒီချောင်းရေ
ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။ ။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ်
နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)
မှတ်ချက်။ ။ နှစ်သက်မိသော
ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာ” လေးများပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့လေးထဲမှာ
အမှတ် တရသိမ်းထားချင်တာမို့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာစာစု” များစာအုပ်မှ ကူးယူရေးသားဖော်ပြထားခြင်း
ဖြစ် ပါတယ်ခင်ဗျာ။ စာအထား၊ အသို နှင့် စာလုံးပေါင်း အမှားအယွင်း များရှိခဲ့ပါက
ကျွန်တော့်ရဲ့ ပေါ့ဆမှုအမှားများ သာဖြစ်ကြောင်းပါခင်ဗျာ ။
ရာဇာထွေး
ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတော်တော်များများအားလုံးနီးပါးကို ညလေးအရမ်းနှစ်သက်တယ်.. အကိုရေ.. ကျေးဇူးပါ..။
ReplyDeleteဘာသာရေးနဲ့တွေးရင်တော့ သံသရာမှာခင်တွယ်ပြီး လည်ပတ်နေတာကို
ReplyDeleteဖေါ်ပြတယ် လို့ မြင်မိတယ်
ဆရာဇော်ဂျီကဗျာတွေအားလုံးလိုလိုအကောင်းတွေပါပဲနော်
ReplyDeleteအမှတ်တရပြန်ဖော်ပြပေးလို့ကျေးဇူးပါပဲ