အ၀ိဇ္ဇာဘယ်မှာနေ မိမိစိတ်မှာနေ၊
တစ်ခါတလေမိုက်မဲမှု သင်္ခါရကိုပြု။
သင်္ခါရပြုတော့ ၀ိညာဏ်တွယ်၊
နာမ်ရုပ်အိမ်ကိုသွယ်။
အကြည်ခြောက်သွယ် မှန်တံခါး၊
ကောင်းစွာ တပ်ဆင်ထား။
အာရုံခြောက်ပါးတွေ့ဆုံသော်၊
ဝိညာဏ်ခြောက်ပါး ဆိုင်ရာပေါ်။
ပေါ်လာလေတဲ့ အာရုံများ၊
ကောင်းစွာသူခံစား။
ကောင်းစွာသူခံစား။
ခံစားပြီးတော့ လိုချင်ပြန်၊
စွဲလမ်းဥပါဒါန်။
စွဲလမ်းဥပါဒါန်။
ဥပါဒါန်ကြောင့် ရလိုမှု၊
ကံတွေ ကံတွေ ထပ်ဆင့်ပြု။
ကံတွေ ကံတွေ ထပ်ဆင့်ပြု။
ကံပြုမိတော့ ဇာတိပေါ်၊
နာမ်ရုပ်အသစ်ပေါ်။
နာမ်ရုပ်အသစ်ပေါ်။
နာမ်ရုပ်ပေါ်တော့ အိုနာဆုံး
သေတော့ ခေါင်းတစ်လုံး ။ ။
သေတော့ ခေါင်းတစ်လုံး ။ ။
(ဆရာတော် ဦးဃောသိတ)
ဆရာတော် ဦးဃောသိတ ၏မှတ်သားဖွယ်ရာ “ပဋိစ္စသမုပ္ပါဒ်အကျဉ်းပြ လင်္ကာ” လေးအားပြန်လည်ရေး သားဖော်ပြပါသည်။
ရာဇာထွေး
ကိုရာဇာထွေးရေး အဲ့ဒါက ပဋိစ္စသမုပ္ပဒ် အပြည့်အစုံတော့ မဟုတ်သေးဘူး
ReplyDeleteပဋိစ္စသမုပ္ပဒ် (၈)သွယ်ထဲက အင်္ဂါ(၁၂)ပါး အကြောင်းလေးပဲ ရှိသေးတယ်
ရေးထားတာလေးက ရွတ်ဆိုရလွယ်ကူတော့ ကောင်းတာပေါ့
မှန်ပါတယ်... အမ သမီးတော်ခင်ဗျာ...
ReplyDeleteအခုဖော်ပြထားတာလေးက အင်္ဂါ ၁၂ ပါးအကြောင်းပြလင်္ကာလေး
ဆိုလည်းမမှားပါဘူးခင်ဗျာ...ဖတ်လို့လည်း ကောင်း၊ မှတ်မိလည်း လွယ်
တာမို့ ဒါလေးကိုသာရွေးပြီး တင်လိုက်တာပါခင်ဗျာ့...
ပဋိစ္စဓာတ်၊ သမုပ္ပါဒ်၊ ရဟတ် ချားစကြာ..
အင်္ဂါမှာကား၊ ဆယ့်နှစ်ထား၊ သုံးပါး အဓွန့်သာ..
နှစ်ဆယ်ခြင်းရပ်၊ သုံးအစပ်၊ လေးထပ်ရှိ အလွှာ..
သုံးခုဝဋ္ဋ၊ နှစ်မူလ၊ ခွဲကြ ပဋိစ္စာ..
ပဋိစ္စရှိ၊ ကြောင်းကျိုးသိ၊ သုဒ္ဓိ ကင်္ခါသာ.. လို့ဆိုတဲ့
ပဋိစ္စသမုပ္ပါဒ်အကျဉ်း ဆောင်ပုဒ် လေးကိုမှတ်သားဖူးပါတယ်ခင်ဗျာ..
အခုဖော်ပြထားတာလေးကတော့အမပြောသလို အင်္ဂါ ၁၂ ပါးလင်္ကာလေး
ပေါ့ခင်ဗျာ...အပြည့်အစုံမဟုတ်ပါဘူးခင်ဗျာ... အခုလိုမှတ်ချက်ပေးအသိ
ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ့...
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
နှစ်ခါလောက်ဖတ်မှပဲ နားလည်သလိုဖြစ်တယ်
ReplyDeleteဗဟုသုတ တော့ စဉ်းစားရင်းအတော်လေးရခဲ့တယ်
ဘယ်လိုလူပဲဖြစ်နေပါစေတော့ သေရမှာ မုချ ပါပဲနော်....
မတွေ့ရတြာ့ကာပြီနေကောင်းရဲ့လား
အစစ အရာရာ အဆင်ပြေပါစေလို့ဆုတောင်းရင်း