Thursday, March 22, 2012

တခါတုန်းကမြန်မာပြည်- ၁၀

တခါတုန်းက မြန်မာပြည် ၁ မှ ၉ အထိပုံတွေကို mm-flashsongs မှအကို ဆွေလင်းအောင် ဆီမှတောင်းယူ
ပြီးကျွန်တော်ပြန်လည်ပြတာပါ... ပုံတွေရဲ့ မူရင်း အရင်းအမြစ်ကို မသိသလိုပုံနဲ့ပါတ်သက်တဲ့စာသားတွေ
လည်းပါမလာ တာမို့ ကျွန်တော့်စိတ်ထဲတော့သိပ် ဘ၀င်မကျပါဘူး... ဒါကြောင့်အချိန်ပေးပြီး အင်တာနက်
စာမျက်နှာတွေမှာ ၀င်မွှေလိုက်တော့ burmadailynews ဆိုတဲ့ ဆိုက်မှာ ပုံတွေတင်ထားတာတွေ့ရပါ
တယ်ခင်ဗျာ... ကျွန်တော့်ရဲ့ Blog လေးမှာသိမ်းထားချင်တာမို့ ပြန်လည်ကူးယူတင်ပြပါသည်ခင်ဗျာ..။


ပုံ၄၆...။ စစ်တပ်ဌာနချုပ်အဖြစ်ပြောင်ထားသောမန္တလေးနန်းတွင်းရှိ အဆောင်တခုရှေ့တွင် အမှတ်တရဓါတ် ပုံအရိုက်ခံနေသော အင်္ဂလိပ်အရာရှိကြီးများ။
ပုံ၄၇...။ မြန်မာဝန်ကြီးတဦးနှင်း၎င်းဧ။်မိသားစု (ဝက်မစွတ်ဝန်ဟုထင်ပါသည်)
ပုံ၄၈...။ မင်းတုန်းမင်းတရားကြီးဆောက်လုပ်ပေးထားသော ခရစ်ယန် သာသနာပြု ဆရာမတ်ကြီးကျောင်းနှင့် ထိုကျောင်းတွင် ပညာသင်ကြားနေသော မင်းညီမင်းသားများ။
ပုံ၄၉...။ အင်္ဂလိပ်များသိမ်းပိုက်ပြီးစ မန္တလေးနေပြည်တော်။
ပုံ၅၀...။ အင်္ဂလိပ်ဆေးတပ်။

ပုံ၅၁...။ မန္တလေးမြို့တွင် ကင်းလှည့်နေသော အင်္ဂလိပ်မြင်းတပ်။

ပုံ၅၂...။ အင်္ဂလိပ်တို့ဧ။်သေဒဏ်အပေးခံရသောမြန်မာ့တော်လှန်ရေးသမားမျာ။

ပုံ၅၃...။ အင်္ဂလိပ်တပ်ဖွဲ့များသရက်မြို့သို့ရောက်ရှိလာစဉ်။
ဆက်ရန်....
အခုတင်ပြပေးတဲ့ပုံလေးတွေကို burmadailynews.co.cc မှပြန်လည် ကူးယူဖော်ပြပါသည်ခင်ဗျာ....။
read more

Monday, March 19, 2012

ချစ်ကျွမ်းဆွေသာ ကိုယ့်ရဲ့ကမ္ဘာ(စိတ်အားဖြည့် ဓမ္မသံစဉ်)















၁။ မွေးရာပါ ဖွားဖက်တော်

မြေကြီးထဲက ထွက်လာသမျှ မှိုပွင့်တွေရဲ့ ထိပ်မှာ မြေမှုံ သဲမှုံလေးတွေကပ်ပါလာသလို

မွေးဖွားလာသမျှ လူသားတွေရဲ့ ခန္ဓာအစဉ်မှာလည်း သေခြင်းတရားကပ်ပါလာပါတယ်။

မှိုပွင့်ပေါ်ကမြေမှုံ သဲမှုံတွေကို ဆေးကြောပစ်လို့ ရချင်ရလိမ့်မယ်။

လူသားခန္ဓာက သေခြင်းတရားကိုတော့ လုံးဝဆေးကြောပစ်လို့ မရပါဘူး။


၂။ စိတ်ထားမြတ်မှ ပါရမီဖြစ်မယ်

ဘာအလုပ်ပဲလုပ်လုပ် ပါရမီဖြစ်အောင်လုပ်ဖို့အရေးကြီးပါတယ်။

လူမှုစီးပွားမျှော်လင့်ချက်နဲ့ တမလွန်ကောင်းကျိုးတောင့်တချက်တွေကို

ဘေးချိတ်ချောင်ထိုးထားလိုက်ပြီး နိဗ္ဗာန်ချမ်းသာမျှော်လင့်ချက်နဲ့

အများကောင်းကျိုးတောင့်တချက်တွေကိုရှေ့တန်းတင်ဦးညွတ်ထားလိုက်ရင် လုပ်သမျှပါရမီဖြစ်ပြီ။


၃။ ပေါင်းတတ်ရင် မိတ်ဆွေ

လောကဓံခံနိုင်ရည်ရှိဖို့နဲ့ ဘဝမှာလိုအင်ဆန္ဒတွေ မများဖို့အတွက်

တစ်နေ့ကျရင်သေရမှာပဲလို့ သေခြင်းတရားနဲ့ပတ်သတ်ပြီး ဆင်ခြင်ကြရပါမယ်။

စိတ်ကောင်း နှလုံးကောင်းရှိဖို့နဲ့ ဝိပဿနာစိတ်ကလေး အဆက်မပြတ်ဖြစ်ဖို့အတွက်

“အချိန်မရွေး သေသွားနိုင်တယ်”

“ခဏနေ သေရင်သေသွားနိုင်တယ်” လို့

သေခြင်းတရားနဲ့ ပတ်သတ်ပြီး ဆင်ခြင်ရပါမယ်။


၎။ စိတ်ချမ်းသာမှ သူဌေးအစစ်

ငွေကြေးဥစ္စာမပြည့်စုံတဲ့ လူကို လူဆင်းရဲလို့ခေါ်ကြသလို

အရည်အသွေးကောင်းတွေ မပြည့်စုံတဲ့ စိတ်ကိုလည်း စိတ်ဆင်းရဲလို့ ခေါ်ကြပါတယ်။

စိတ်ဆင်းရဲနေတဲ့လူဟာ စိတ်ဓာတ်အရည်အသွေးကောင်းတွေ ချို့တဲ့နေတဲ့လူပါ။


၅။ အဆာခံမှ အသာစံမယ်

ဆာနာရောဂါဟာ အသိဥာဏ်ပွင့်လင်းမှုနဲ့ တရားတိုးတက်မှုကို အဟန့်အတား ပြုတတ်တယ်ဆိုတာကို

ကိုးကားပြီးဆာနာရောဂါဒဏ်ကို အန်တုသည်းခံရခြင်းတစ်စိတ်တစ်ပိုင်းပါဝင်တဲ့ ဥပုဉ်စောင့်သုံးခြင်းကို

အလွယ်တကူမပစ်ပယ်သင့်ပါဘူး။

အဆိုးဆုံးရောဂါဒဏ်ကိုသည်းခံနိုင်သူရဲ့ သန္တာန်မှာ အကောင်းဆုံးစွမ်းရည်သတ္တိတွေ

ကိန်းဝပ်လာတတ်တာမို့ တန်ခိုးကြီးမားတဲ့ ဥပုသ်စောင့်သုံးခြင်းကို

အလေးအနက်ကျင့်ကြံအားထုတ်ကြည့်စေချင်တယ်။


၆။ ဗိုက်ခိုင်းလို့မိုက်ရိုင်းတာပါ

သတ္တဝါတွေဟာနေ့စဉ်နဲ့အမျှ နေ့ရောညပါ ဝမ်းဗိုက်ရဲ့အလိုကို လိုက်နေကြရပါတယ်။

ဝမ်းဗိုက်ရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနေကြရပါတယ်။

ဒါကြောင့် သတ္တဝါအားလုံးဟာ ဝမ်းဗိုက်ရဲ့တမန်တော်တွေ ဝမ်းဗိုက်ရဲ့ကျေးကျွန်တွေဖြစ်ကြပါတယ်။


၇။ ကိုယ်လိုချင်တာနံပါတ်တစ်

စိန်တစ်လုံးသရက်သီးစားပြီးရင် တခြားဘယ်သရက်သီးမှ မစားချင်တော့သလို

နိဗ္ဗာန်ချမ်းသာကို ရပြီးတော့မှ တခြားဘယ်ချမ်းသာကိုမှ မလိုချင်တော့ပါဘူး။

နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးနံပါတ်တစ်ချမ်းသာပါ။


၈။ အစွဲရမ်းရင် အကွဲကြမ်းမယ်

တစ်ယောက်အပေါ်တစ်ယောက် တဏှာအစေးဓာတ်နဲ့

ငြိကပ်တွယ်တာနေမယ်ဆိုရင် ခဏလေးလမ်းခွဲရလည်း။

ဘဝဝေးနှစ်ခြမ်းကွဲသွားသလို ဝမ်းနည်းရင်နင့်ရပါတယ်။


၉။ အာဟာရအစစ် ရင်တွင်းချစ်

လောကမှာစားစရာတစ်ခုဟာ ကောင်းကောင်းဆိုးဆိုး

နည်းနည်း များများ ကိုယ်ချစ်ကျွမ်းဝင်တဲ့သူနဲ့

အတူတူစားရမယ်ဆိုရင် အဲဒီစားစရာဟာ

အကောင်းဆုံးစားစရာပါပဲ။ဘာလို့လဲဆိုတော့ ချစ်ကျွမ်းဝင်ခြင်းထက်

ပိုကောင်းတဲ့ အရသာ လောကမှမရှိလို့ပါ။


၁၀။ ချစ်ကျွမ်းဆွေသာ ကိုယ့်ရဲ့ကမ္ဘာ

ပုထုဇဉ်သဘာဝအလိုအလျောက် ဖြစ်တည်နေတဲ့အတွင်းအောက်ခံသံယောဇဉ်ရဲ့အပေါ်မှာ

ထုထည်ကြီးမား ခိုင်ခံ့တဲ့မေတ္တာစစ်၊ မေတ္တာမှန်ကို စနစ်တကျဖွဲ့စည်းတည်ဆောက်ပြီး

သူချစ်၊ကိုယ်ချစ် အပြန်အလှန် ချစ်ကြတဲ့သူတွေဟာ အကျွမ်းဝင်သူတွေဖြစ်နိုင်ပါတယ်။

အကျွမ်းဝင်ခြင်းရဲ့ အောက်ခံအရောင်က သံယောဇဉ်ဖြစ်ပြီး အပေါ်အရောင်က မေတ္တာတရားဖြစ်ပါတယ်။




မှတ်ချက်။           ။အရှင်ဆန္ဒာဓိက၏(စိတ်အားဖြည့် ဓမ္မသံစဉ်)စာအုပ်မှကောက်နှုတ်ချက်များဖြစ်ပါသည်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
read more

တခါတုန်းကမြန်မာပြည်- ၈





 
ပုံ၃၆။ ပလ္လင်တခု (နာမည်တော့မသိ) ပါ...
ပုံ၃၇။ သူတို့ဘာလုပ်နေတာလည်း.......
ပုံ၃၈။ မြိုရိုးဟောင်းတခုလို့ထင်ပါတယ်....
ပုံ၃၉။  မြန်မာတော်လှန်ရေးသမားတွေကိုရှာနေတဲ့ ပန်ချာပီ တပ်လို့ဖော်ပြထားပါတယ်(မူရင်း)..

ပုံ၄၀။ မင်းကွန်း လို့ထင်ပါတယ်....


မှတ်ချက်။   ။ ပုံတွေကို mm-flashsongs မှာ တင်ထားတာတွေ့လို့ သိမ်းထားချင်တာကြောင့် ပို့စ်တင်တဲ့

သူဆီမှ တောင်းပြီး ကျွန်တော်ပြန်တင်လိုက်တာပါ... ၁ မှ ၉ အထိပါ ။ ပို့စ်တင်တဲ့သူက ပုံတွေရဲ့ အရင်းအ

မြစ်ဖြစ်တဲ့ မူရင်း ဆိုက်ကို ပြန်လည်ဖော်ပြမထားသလို ပုံမှာလည်း ဘာစာမှ ဖော်ပြမထားပါ ဘူး..ဒါကြောင့်

ပုံမှ စာတွေကို ကိုယ့် သဘောနဲ့ ကိုယ်တင်ပြထားခြင်းဖြစ်ပါတယ် ခင်ဗျာ... ၁ မှ ၉ အထိပါ..နောက်ပိုင်း

ကျွန်တော် အွန်လိုင်းပေါ်မှာ အချိန်ပေးပြီ လိုက်ရှာလိုက်တော့ ဒီပုံတွေ ရဲ့ မူရင်း ဆိုက်ကိုတွေ့ရတဲ့နောက်

ပိုင်း မူရင်းဆိုက် ဖြစ်တဲ့ www.burmadailynews.co.cc/ ကိုဖော်ပြပြီးပုံလေးတွေကို ဆက်ပြီးတင်ပြခဲ့ပါ

တယ်... အခုလည်း ကျွန်တော့် ရဲ့ blog လေးမှာ သိမ်းထားချင်တာကြောင့်အခုလိုပြန်လည်ဖော်ရခြင်းဖြစ်

ပါတယ်ခင်ဗျာ...ပုံလေးတွေရဲ့ မူရင်းဆိုက်ဖြစ်တဲ့ www.burmadailynews.co.cc/ ကို ကျေးဇူးတင်ပါတယ် 

ခင်ဗျာ...
read more

Wednesday, March 14, 2012

အလိုချင်ဆုံးမိသားစုဘ၀လေး


ကျွန်တော်တို့ရဲ့ရခဲလှတဲ့လူ့ဘ၀ဆိုတာအလွန်ပဲတိုတောင်းလွန်းတဲ့အချိန်ကာလလေးတခုပါ….။ ဒီတိုတောင်း

လှတဲ့၊ ရခဲလှတဲ့၊ တန်ဖိုးရှိလှတဲ့ အချိန်လေးမှာ တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနေ

တတ်ဖို့ နဲ့ တစ်ယောက်အပေါ် တစ်ယောက် အပြစ်မမြင်တတ်ဖို့ အလွန်မှအရေးကြီးပါတယ်။ နောက်ပြီး တစ်

ယောက်အပေါ် တစ်ယောက် စိတ်ကောင်း စေတနာကောင်း ထားတတ်ဖို့လည်း အထူး လိုအပ်ပါတယ်။ မိမိ

ရဲ့မိသားစုအပေါ်မှာဘဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာဖြစ်ဖြစ် စိတ်ကောင်း စေတနာကောင်းနဲ့

နားလည်သည်းခံစိတ်တွေသာမွေးနိုင်ထားနိုင်မယ်ဆိုရင်ဘယ်လောက်ပျော်ရွှင်စရာကောင်းမလည်းလို့ကျွန်

တော် အမြဲတွေးတောမိပါတယ်..။ နောက်ဆုံး မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့မိမိရဲ့ပတ်ဝန်းကျင်အပေါ်ဒီလို

စိတ်တွေမထားနိုင်တောင် ကျွန်တော်တို့ရဲ့မိသားစုတွေ အပေါ်မှာတော့ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့

စိတ်ကောင်း စေတနာကောင်းထားသင့်ပါတယ်..။





ကျွန်တော်တို့လူ့ဘ၀ကိုရလာတဲ့အချိန်မှာမိဘတွေဖန်တီးပေးတဲ့မိသားစု ဘ၀လေးတခုရယ်၊ မိမိကိုယ်တိုင်

ဖန်တီးတဲ့မိသားစုဘ၀လေးရယ် ဆိုတဲ့မိသားစုဘ၀လေးနှစ်ခုကိုကျွန်တော်တို့အားလုံးဖြတ်ကျော်လာခဲ့ကြ

ရမှာပါ..။ မိဘတွေဖန်တီးပေးတဲ့ မိသားစုဘ၀လေးမှာတော့ ကျွန်တော်တို့ အားလုံးဟာမိဘတွေ ရဲ့အရိပ်

အာဝါသအောက်မှာနေထိုင်ရင်းနဲ့ ဖန်တီးရှင် မိဘတွေရဲ့ကောင်းမွေဆိုးမွေ တွေကို ရွေးချယ်ပိုင်ခွင့်မရှိဘဲခံ

စားကျော်ဖြတ်ခဲ့ရတာပါ..။ အဆင်မပြေကြတဲ့မိဘတွေကြားထဲမှာကြီးပြင်း ခဲ့ကြရတဲ့ ကလေးတွေရဲ့ဘဝ

တွေဟာတကယ်ဘဲ သနားစရာကောင်းလှသလို၊ အမိ အဖ အစုံရှိပါလျှက်နဲ့ မိတ ကွဲဖတကွဲနေ ရတဲ့သူတို့

ရဲ့ဘ၀လေးတွေဟာလည်း တကယ်ဘဲ အားငယ်စရာ၊ ကြေကွဲစရာကောင်းလှပါတယ်..။ တခါတလေ မိဘ

တွေအနေနဲ့ သားသမီးတွေကို ယူသင့်မယူသင့်ရွေးချယ်ပိုင်ခွင့် ရှိကြပါတယ်..။ သားသမီးတွေအနေနဲ့တော့

မိဘတွေ ကိုရွေးချယ်နိုင်ခွင့်မရကြပါဘူး...။ ဒါကြောင့်မိဘတွေရဲ့ကောင်းကျိုး ဆိုးကျိုးတွေကိုသား သမီးတွေ

ဘဲခံစားကြရ တာပါ..။ အဲဒီလိုခံစားကြီးပြင်းခဲ့ကြတဲ့ကလေးတွေဟာ စိတ်ဒါဏ်ရာတွေနဲ့လောကကြီး ကိုအ

ကောင်းမမြင်ဘဲအ ရွဲ့တိုက်ကြပါတယ်...။ သူတို့ရဲ့ဖြူစင်တဲ့စိတ်ဓါတ်လေးတွေမိဘတွေကြောင့် အရောင်

တွေ နဲ့စွန်းထင်း ခဲ့ကြပါတယ်...။ တချို့ကလေးတွေလည်း အဆင်မပြေတဲ့မိဘတွေကြောင့် ဘ၀ ကပေး

တဲ့သင်ခန်းစာတွေကိုသင်ယူရင်း ကိုယ့်ဘ၀ကို ကိုယ့်အသိစိတ်ဓါတ်လေး နဲ့ပြုပြင်သွားကြရင်း မိဘတွေ

ဖန်းတီးပေးတဲ့မိသားစုဘ၀လေး ကိုပြီးဆုံးစေခဲ့ကြပါတယ်..။





ကျွန်တော်ပြောချင်တာ မိဘတွေမကောင်း ကြောင်းမဟုတ်ပါဘူး..။ မိဘတွေဖန်တီးတဲ့မိသားစု ဘ၀ လေး

မှာ ကျွန်တော်တို့ကလေးတွေအနေနဲ့ ဘာမှရွေးချယ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့အခွင့်အရေးမရှိဘူး ဆို

တာကိုပြောချင်တာပါ..။ အမေ့ကြောင့် အဖေ့ကြောင့်ဆိုပြီးမိဘတွေပေါ်အပစ်တင်ခွင့်ပြောဆိုခွင့်လည်း

ကျွန်တော်တို့မှာမရှိပါဘူး..။ ကျွန်တော် တို့ရဲ့ကျေးဇူးရှင်မိဘတွေမို့ပါ..။ မိဘတွေအနေနဲ့သားသမီးတွေရဲ့

ခံစား ချက်တွေကိုတော့နားလည်ခံစားတတ် သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်...။ ကျွန်တော်ထင်တာ

မှားကောင်းမှားနိုင်ပါတယ်..။ ကျွန်တော်ဟာ ဒီလိုမိသားစုဘ၀ထဲကနေ ကြီးပြင်းလာသူတယောက်မို့ကျွန်

တော့်ရဲ့အမြင်လေးကို ပြောတာပါ..။ အဖေ၊ အမေရှိလျှက်နဲ့တကွဲစီနေခဲ့ရတာမို့လည်းဘ၀မှာမပြည့်စုံ

မှု့တွေနဲ့ဘဲဖြတ်သန်းခဲ့ရတာပါ..။ အဲဒီအချိန်ထဲက ရင်ထဲမှာ အလိုချင်အတောင့်တဆုံးနဲ့အဖြစ်ချင်ဆုံး

ဆန္ဒတခုကတော့ သာယာချမ်းမြေ့တဲ့မိသားစုဘ၀ လေးတခု ကိုပိုင်ဆိုင်ချင်တာပါ..။ ကျွန်တော့်ရဲ့မိသား

စုဘ၀လေးကိုဘယ်လိုသာယာချမ်း မြေ့အောင်၊ ကျွန်တော် ရဲ့အိမ်ထောင် ရေးကိုဘယ်လိုတည်တံအောင်၊

ကျွန်တော့်ရဲ့မျိုးဆက်သစ်ကလေးတွေကို ကျွန်တော်ခံစားခဲ့ ရ သလိုကျွန်တော်ဖြတ်သန်း ခဲ့ရသလိုမဖြစ်

ရလေအောင်ကျွန်တော်အများ ကြီးလေ့လာပါ တယ်..။ မိဘတွေဆီက ဘ၀နဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာ၊

ပတ်ဝန်းကျင်ကနေရတဲ့သင်ခန်းစာတွေနဲ့ ဘ၀ မှာ သာယာချမ်းမြေ့တဲ့မိသားစု ဘ၀လေးရဖို့ဆောင်ရန်

ရှောင်ရန်လေးတွေကို ကျွန်တော်နားလည်ခဲ့ပါပြီ….။





ကျွန် တော်ရဲ့အမြင်လေးပြောရရင် အိမ် ထောင်တခုမှာအဓိကအရေးကြီးဆုံးကနားလည်မှု့ပါ..။ ယောက်

ကျားရော၊ မိန်းမရော အဓိကအနေနဲ့ နားလည်မှု့ အရေကြီးပါတယ်..။ တယောက်အပေါ်တယောက်လည်း

ရိုသေလေးစားသမှု့ အမြဲတမ်း ရှိသင့်ပါတယ်..။ ရိုသေလေးစားရမယ်ဆိုတာ အသက်အရွယ်ကိုပြောတာမ

ဟုတ်ပါဘူး..။ အိမ်ထောင်ရှင်၊ အိမ်ထောင်ရှင်မတွေအနေနဲ့ မိမိရဲ့အိမ်ထောင်ဖက်အပေါ်မထေမဲ့မြင်မလုပ်

ဖို့လေးစားဖို့ပြောချင်တာပါ..။ တယောက်အ ပေါ်တယောက်အဲဒီလို ရိုသေလေးစားမှု့ ရှိမှလည်းအိမ်တွင်း

ရေးပြဿနာတွေ ကိုအတူဖြေရှင်းနိုင်မှာပါ..။





အိမ်ထောင်ရှင်ယောက်ကျားတွေအနေနဲ့လည်းငါအိမ်ထောင်ဦးစီးဘဲဆိုပြီးလုပ်ချင်တာမလုပ်သင့်ပါဘူး..။

မိမိရဲ့ ဇနီးမယားအပေါ်မှာလည်း အနိုင်မယူ သင့်ပါဘူး..။ အိမ်ထောင်ရှင်မ များအနေနဲ့လည်းမိမိရဲ့ လင်

သားအပေါ် အထင်အမြင်သေးခြင်း၊ မလေးမစားပြောဆိုဆက်ဆံခြင်း၊ ကြမ်းတမ်းစွာအော်ဟစ်ပြောဆိုခြင်း

တွေမလုပ်သင့်ပါဘူး..။ လင့်အလုပ်၊ မယားအလုပ် ဆိုပြီးလည်းမခွဲခြားသင့်ပါဘူး..။ ယောက်ကျားသားတွေ

အနေနဲ့မိမိရဲ့ဇနီးသည်တွေ အ ပေါ်မှာ အမေ၊ အမလို ၊နှမလို သဘောထားစောင့်ရှောက်သင့်ပါတယ်..။

ကြင်နာ သင့်ပါတယ်..။ ချစ်လို့ဘဲယူယူ၊ မချစ်လို့ဘဲယူယူပါ..။ သူ့အပေါ်မှာတန်ဖိုးထားရပါမယ်..။ ပြဿနာ

တခုဖြစ်လာရင် ကိုယ်တယောက်ထဲဖြေရှင်းတာထက် ဇနီးသည်နဲ့အတူ တိုင်ပင်ဖြေရှင်းသင့်ပါတယ်..။ တခါ

တလေကျွန်တော်တို့ယောက်ကျားတွေမှာမရှိတဲ့အတွေးမျိုး၊ အကြံဥာဏ်မျိုးတွေ သူတို့တွေမှာရှိတတ်ကြ

ပါတယ်..။ ကျွန်တော့်သူငယ်ချင်းတွေရှိပါတယ်..။ အိမ်းတွင်းရေးပြဿနာတွေ ကိုအရက်နဲ့ဖြေရှင်း(စိတ်ညစ်

လို့အရက်သောက်တာပါ)ကြပါတယ်..။ ဒါအဖြေမဟုတ်ပါဘူး..။ အကျိုးဆက်အဖြစ် အိမ်ထောင်ရေးပြိုကွဲ

သွားကြပါတယ်..။ အဲဒီလိုတွေပြိုကွဲသွားရင် ကလေးတွေရဲ့ဘ၀ တွေဟာအနာဂတ်မဲ့ပြီး သနားစရာမိဘ

မဲ့ကလေး တွေဖြစ်ကုန်ကြပါတယ်..။ နောက်ကျွန်တော်ဆောက်လုပ်ရေး မှာလုပ်တုန်းက ကန်ထရိုက်လုပ်

တဲ့သူငယ်ချင်းတယောက်ဆိုရင် မိသားစုအပေါ်အရမ်း တကိုယ်ကောင်းဆန်ပါ တယ်..။ မိန်းမကို တပတ်

တခါဈေးဖိုးပေးရင်စာရင်းတောင်းပါတယ်..။ ဘာဝယ်တယ်ဘာသုံးတယ်ပေါ့..။ ဈေးဖိုးလေး တသောင်းအ

ပေါ်ဒီလိုမလုပ်သင့်ပါဘူး..။ သူကတော့တပတ်ကို ၄၊ ၅ သောင်းလောက် ဘီယာစတေရှင်မှာသွား သုံးနေ

တာပါ..။ ဘာလို့ဒီလိုလုပ်လည်းလို့ ကျွန်တော်မေးတော့စိတ်ညစ်လို့စိတ်သက်သာရာရအောင်ထွက်ပေါက်

ရှာတာပါတဲ့..။ ဒါထွက်ပေါက်မဟုတ်ပါဘူး…။ နောက်ဆုံးတော့အိမ်ထောင်ရေးပြိုကွဲတာပါဘဲ…။ မိန်းမ

ကတော့ သမီးလေးနှစ်ယောက်နဲ့ဘ၀ကိုရုန်းကန်နေချိန်မှာ သူကတော့အပျော်အပါးတွေနဲ့အချိန်ကုန်နေ

တုန်းပါဘဲ..။ မိန်းမနဲ့သမီးလေးတွေရဲ့ဘ၀ဟာတကယ်ဘဲသနားစရာ ကောင်းလှပါတယ်..။ မိန်းမသားတွေ

ရဲ့ဘ၀တွေဟာလုံခြုံမှု့မရှိပါဘူး..။ အထူးသဖြင့်အခုလို အိမ်ထောင်ပျက်သွားတဲ့ မိန်းမသားတယောက် ရဲ့

ဘ၀ဟာပိုပြီးလုံခြုံမှု့မရှိပါဘူး..။ လူကြီးသူမတွေပြောတဲ့ တံခွန်မရှိတဲ့ဘုရား၊ လင်မရှိတဲ့မယား လူမရိုသေ

ဘူး၊ မလေးစားဘူး လို့ပြောတာကြာဘူး ပါတယ်..။ အရမ်းလည်း မှန်ပါတယ်..။ အဲဒီ မိန်းမတွေရဲ့နေရာ မှာ

ကျွန်တော်တို့ရဲ့ အမေ၊ အမ ၊နှမ ဆိုတဲ့စိတ်ကလေးနဲ့ကြည့်ကြည့်ပါ..။ ဒါ ကြောင့်ကျွန်တော်တို့တွေ ရဲ့

ဇနီးသည်တွေအပေါ်မှာ အမေလို၊ အမလို တမျိုး၊ နှမလေးလိုတမျိုး၊ ကြင်ကြင် နာနာ သဘောထားပြီးဆက်

ဆံစေချင်ပါတယ်..။ နောက်ပြီးအိမ်ထောင်ရှင်ယောက်ကျားတွေ အနေနဲ့လည်း ပုထုဇဉ်လူသား တွေမို့အမှား

တော့မကင်းနိုင်ကြပါဘူး..။ ဘယ်အကြောင်းကြောင့်မှားမှားကိုယ်ရဲ့မိသားစုဘ၀ကိုတော့ မ ထိခိုက်စေသင့်

ပါဘူး..။ မှားခဲ့တဲ့အမှားအပေါ်မှာလည်း ဇနီးသည်အပေါ်မှာဝန်ခံရဲတဲ့သတ္တိတွေရှိရပါမယ်…။ ပြဿနာတ

ခုကိုလည်းတ ဖတ်သက်အမြင်နဲ့ ဆုံးဖြတ်ချက်မချသင့်ပါဘူး..။ ဒီလိုပါဘဲ အိမ်ထောင်ရှင်မတွေအ နေနဲ့

လည်းမိမိရဲ့ လင်သားအပေါ်ဖခင်တယောက်လို ရိုသေခြင်း၊ အကိုတယောက်လိုလေးစားခြင်း၊ မောင်တ

ယောက်လိုချစ်ခင်ကြင် နာခြင်းတွေနဲ့လင်သားအပေါ်ပြုစုစောင့်ရှောက်သင့်ပါတယ်..။ လိုအပ်တဲ့အခါမှာ

လည်းလင်သားအပေါ်မှာ မိခင်တယောက်လို မေတ္တာမျိုးတွေနဲ့ နားလည်ခွင်လွတ်ပေးသင့်ပါတယ်…။ အဲ

ဒီလိုနေ ထိုင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးတဲ့ သာယာပျော်ရွင်စရာကောင်းတဲ့မိသား

စုဘ၀လေးကို ကျွန် တော်တို့တကယ်ဘဲရရှိမှာပါ..။





နောက်ဆုံးအနေနဲ့သာယာပျော်ရွင်စရာကောင်းတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ချင်တဲ့အိမ်ထောင်ရှင်တွေ

အနေနဲ့ဒါလေးတော့လိုက်နာစေချင်ပါတယ်..။ အားလုံးတော့သိပြီးသားတွေ ဖြစ်မှာပါ..။ ဒါပေမယ့် လူတွေ

တော်တော် များများမလိုက်နာမကျင့်သုံးကြလို့ အိမ်ထောင်ရေးအဆင်မပြေမှု့တွေနဲ့ ကလေးတွေရဲ့အနာ

ဂတ်လေးတွေ မရေမရာဘဲ မိဘမဲ့ဘ၀တွေကိုရောက်နေရတာပါ..။ အိမ်ထောင်ရှင်တွေအနေ နဲ့လိုက်နာ

သင့်တဲ့ကျင့်ဝတ်လေးတွေပါ….


လင့်ကျင့်ဝတ် ၅ ပါး။

မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။ ။

၁။ နှိမ့်ချ မဆက်ဆံခြင်း၊ မထီမဲ့မြင် မပြုခြင်း၊

၂။ စည်းစိမ်ဥစ္စာအပ်နှင်းခြင်း၊

၃။ မယားအငယ်အနှောင်း မထားခြင်း၊

၎။ အ၀တ်တန်ဆာ ဆင်ပေးခြင်း၊

၅။ မြတ်နိုးကျင်နာမှုရှိခြင်း။ တို့ဘဲဖြစ်ပါတယ်..။

မယားကျင့်ဝတ် ၅ ပါး။

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့် ချီ၊ ပျင်းရိမမူ ၀တ်ငါးဆူ၊

အိမ်သူကျင့်ရာ။ ။

၁။ ချက်ပြုတ်ချုပ်လုပ်ခြင်း၊ အိမ်တွင်းမှုကိုကောင်းစွာစီမံလုပ်ဆောင်ခြင်း၊

၂။ ရှာဖွေစုဆောင်းရရှိသည့် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

၃။ မိမိလင်မှတပါး အခြားယောက်ကျားများနှင့် ကျုးလွန်သော အကျင့်မှကင်းခြင်း၊

၎။ နှစ်ဖက်ဆွေမျိုးတို့ကို ချီးမြေုာက်ခြင်း၊

၅။ နေထွက်မှနေ၀င် အိမ်မှုကိစ္စ အမြဲမပြတ်လုပ်ဆောင်နေပြီး ပျင်းရိမှုကင်းခြင်း တို့ဘဲဖြစ်ပါတယ်..။

ဒီကျင့် ၀တ်လေးတွေကကျွန်တော်တို့ရဲ့မြန်မာယဉ်ကျေးမှု့နယ်ပယ်နဲ့အရမ်းကိုကိုက်ညီသလို လိုက်လည်း

လိုက်နာသင့်တဲ့ကျင့်ဝတ်လေးတွေပါ...။ ဒီကျင့်ဝတ်လေးတွေကိုလိုက်နာကျင့်သုံးရင်းနဲ့သာ ယာပျော်ရွင်

ချမ်းမြေ့တဲ့မိသားစုဘ၀လေးကိုကိုယ်တိုင်ဖန်တီးနိုင်ကြပါစေလို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ….။ ။


( ရာဇာထွေး )


မှတ်ချက်။ ။ ကျွန်တော့်ရဲခံစားချက်တွေ၊ ကျွန်တော်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေ၊ အိမ် ထောင်တခုအပေါ်မှာမြင်
တဲ့ ကျွန်တော့်ရဲ့အမြင်တွေ၊ မိဘမေတ္တာငတ်ခဲ့ရတဲ့ကလေးတွေနေရာကနေပြီး ခံစားရေးသားထားတာပါ
..။ စာဖတ်သူတွေအနေနဲ့ဖတ်ရတာအဆင်မပြေတာရှိခဲ့ရင်..ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာ..။
read more

ဂုဏ်တော်(ကဗျာ)



ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် တွေကိုသူငယ်ချင်းတို့အားလုံးသိပြီးသားဖြစ်မှာပါ... ဂုဏ်တော်တွေနဲ့(အနက်)ကိုပိုပြီးမှတ်မိလွယ်အောင်ကဗျာသဘောမျိုးလေးနဲ့ပြန်ဖော်ပြပေးထားတာပါ..ကလေး ငယ် တွေအတွက်ရည်ရွယ်တာပါ...ကျွန်တော်ကူးပြီးသိမ်းထားတာကြာပါပြီ ဘယ်ဆိုဒ်ကကူးထားမှန်းလည်းမမှတ် မိတော့ပါဘူး..ရေးတဲ့ သူနဲ့မူရင်ဆိုဒ်ကိုပြန်မညွှန်းနိုင်တာကျွန်တော့်ရဲ့ညံ့ဖျင်းမှု့ပါ.. ကဲဂုဏ်တော်လေးတွေပွား ကြအောင်....

ဘုရားဂုဏ်တော်

သုံးဦးပူဇော်

ကိုယ်တော်သိမြင်

မှန်မြင်ကျင့်ပွါး

မြတ်စကားနှင့်

သုံးပါးလောက

ဟောပြထိုက်သူ

နတ်လူဆရာ

သစ္စာသိမြင်

ဘုန်းခြောက်ရှင်

ကိုးအင် ဘုရားဂုဏ်။


အနက်

(၁) သုံးဦးပူဇော် - လူနတ်ဗြဟ္မာသတ္တ၀ါသုံးပါးတို့၏ ပူဇော်အထူးကိုခံတော်မူထိုက်သော မြတ်စွာဘုရား။ (အရဟံ)

(၂) ကိုယ်တော်သိမြင် - တရားအလုံးစုံကို ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။ (သမ္မာသမ္ဗုဒ္ဓေါ)

(၃) မှန်မြင်ကျင့်ပွါး - အသိဝိဇ္ဇာ၊ အကျင့်စရဏတို့ကိုမှန်ကန်စွာ မြင်တော်မူ၍ ကောင်းစွာ ကျင့်ကြံတော် မူသော မြတ်စွာဘုရား။ (၀ိဇ္ဇာစရဏ သမ္ပန္နော)

(၄) မြတ်စကားနှင့် - ကောင်းသောစကားကိုသာ ပြောကြားတော်မူသော မြတ်စွာဘုရား။ (သုဂတော)

(၅) သုံးပါးလောက - လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ (လောက၀ိဒူ)

(၆) ဆုံးမထိုက်သူ - ဆုံးမထိုက်သူ (ကျွတ်ထိုက်သူ) နတ်လူဗြဟ္မာတို့အား ဟောကြားဆုံးမတော် မူသော မြတ်စွာဘုရား။ (အနုတ္တရောပုရိသ ဓမ္မသာရထိ)

(၇) နတ်လူဆရာ - လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်းတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ် စွာဘုရား။ (သတ္ထာဒေ၀ မနုဿာနံ)

(၈) သစ္စာသိမြင် - သစ္စာလေးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။ (ဗုဒ္ဓေါ)

(၉) ဘုန်းခြောက်ရှင် - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ (ဘဂ၀ါ)

ဤသို့ ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။

***

တရားဂုဏ်တော်

မဂ်ဖိုလ် နိဗ်ယတ်

ရှုအပ် ကိုယ်တိုင်

ကျိုးဖြိုင်မလင့်

ထိုက်သင့်ဖိတ်ခေါ်

ဆောင်သော် ကပ်ထား

ခံစားကိုယ်စီ

ဤခြောက်လီ ခေါ်သည် တရားဂုဏ်။


အနက်

(၁) မဂ်ဖိုလ် နိဗ်ယတ် - မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ် အားဖြင့် ဆယ်ပါးသော တ ရားတော် ၊ (သွာက္ခာတော ဘဂ၀တာ ဓမ္မော)

(၂) ရှုအပ် ကိုယ်တိုင် - သူများပြောစကားဖြင့် မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ရှုအပ် သိအပ်သော တရားတော်၊ (သန္ဒိဋ္ဌိကော)

(၃) ကျိုးဖြိုင်မလင့် - အချိန်အခါ မလင့် အကျိုးပေးတတ်သော တရားတော်၊ (အ-ကာလိကော)

(၄) ထိုက်သင့်ဖိတ်ခေါ် - လာလှည့် ရှုလည့်ပါဟု ဖိတ်ခေါ်ထိုက်သော တရားတော်၊ (ဧဟိပဿိကော)

(၅) ဆောင်သော် ကပ်ထား - မိမိနှလုံးသားထဲရောက်အောင် ကပ်ဆောင်ထားသင့်သော တရားတော်၊ (သြပနေယျိကော)

(၆) ခံစားကိုယ်စီ - တရား ကျင့်ကြံ အားထုတ်သူအားလုံး ကိုယ်စီကိုယ်ငှ ကောင်းကျိုး သိမြင်ခံစား ရသော တရားတော်၊ (ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ)


ဤသို့ ဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်မြတ်အား ရိုသေလေးမြတ်စွာ ရှိခိုး ကန်တော့ပါ၏။

***

သံဃာ့ဂုဏ်တော်

ကျင့်ကောင်းရှစ်ပါး

ဖြောင့်ငြားတသွယ်

ရည်ရွယ်နိဗ္ဗာန်

ရိုသေရန်နှင့်

လှူခံဆောင်ဝေး

ထိုက်သေးဧည့်ကောင်း

မြတ်လှူလောင်း၍

အပေါင်းလက်ချီ

လယ်ကောင်းမည်

ကိုးလီ သံဃာ့ဂုဏ်။



အနက်

(၁) ကျင့်ကောင်း ၈ ပါး - သမ္မာဒိဋ္ဌိ အစရှိသော အကျင့်ကောင်း အကျင့်မြတ် ၈ ပါးကို ကျင့်တော် မူသော သံဃာတော် အရှင်မြတ်များ။ (သုပ္ပဋိပန္နော)

(၂) ဖြောင့်ငြား တသွယ် - ဖြောင့်မတ် မှန်ကန်စွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (ဥဇုပ္ပဋိပန္နော)

(၃) ရည်ရွယ် နိဗ္ဗာန် - နိဗ္ဗာန်သို့ ရည်ရွယ်၍ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (ဉာယပ္ပတိပန္နော)

(၄) ရိုသေရန်နှင့် - ကောင်းမွန် ရိုသေစွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (သာမိစိပ္ပဋိပန္နော)

(၅) လှူခံဆောင်ဝေး - အဝေးမှ ဆောင်ယူလာသော ပစ္စည်းများကို အလှူခံ ထိုက်ပါပေသော သံ ဃာတော် အရှင်မြတ်များ။ (အာဟုနေယျော)

(၆) ထိုက်သေး ဧည့်ကောင်း - ဧည့်ကောင်း ဆောာင်ကောင်းတို့အတွက် ရည်ရွယ်ထားသော ပစ္စည်း များကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (ပါဟုနေယျော)

(၇) မြတ်လှူ လောင်း၍ - မြင့်မြတ်သော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (ဒက္ခိဏေယျော)

(၈) အပေါင်း လက်ချီ - လူ၊ နတ်၊ ဗြဟ္မာအပေါင်းတို့ လက်အုပ်ချီမိုး ရှိခိုးခြင်းငှာ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (အဉ္စလိကရဏီယျော)

(၉) လယ်ကောင်းမည် - ကုသိုလ်ကောင်းမှု မျိုးစေ့တို့ စိုက်ပျိုး ကြဲဖြန့်ရာ လယ်တာ မြေကောင်းသ ဖွယ် ဖြစ်ပါသော သံဃာတော် အရှင်မြတ်များ။ (အနုတ္တရံ ပုညက္ခေတ္တံ လောကဿ)



ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ..မူရင်းဆိုဒ်ကိုရှာလို့တွေ့ရင်လည်းကျွန်တော် လင့်ပေး ပါ့မယ်ခင်ဗျာ..သူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ..
read more

လောကနီတိ - ၁၄


  • ဖုန်းတောင်းယာစကာများအဖို့ နေ့ရောညပါ အိပ်စက်ကြစေကာမူ ၊
  • သာမန် ရပ်သူရွာသားများ အဖို့ ညဥ့်သုံးယံစလုံး အိပ်စက်ကြစေကာမူ၊
  • မှူးမတ် ပညာရှိများသည်ကား ညဥ့်သုံးယံတွင် နှစ်ယံသာလျှင် အိပ်စက်ရာ၏၊
  • ပြည့်ရှင်မင်းသည်ကား ညဥ့်သုံးယံတွင် တစ်ယံသာလျှင် အိပ်စက်ရာ၏ ။
  • Though beggars sleep day and night,
  • The commons sleep the entire night,
  • The ministers and the wise may sleep two watches,
  • And the king but one.


  • ပစ္စည်း ဥစ္စာကြွယ်ဝချမ်းသာသူလည်း မရှိသော၊
  • အကြားအမြင်နှင့် ပြည့်စုံသူ ပညာရှိသူလည်း မရှိသော၊
  • အုပ်စိုးသူမင်းအစိုးရလည်းမရှိသော၊
  • မြစ်ကြောင်းကန်ချောင်းလည်းမရှိသော၊
  • ဆေးဝါးသမားလည်းမရှိသော၊
ဤအရပ်ဒေသမျိုးတွင် တစ်နေ့တစ်ရက်မျှ အခြေချမနေအပ်။

One should not live even a day in a place-
  • Without the wealthy,
  • Without the learned,
  • Without government,
  • Without rivers,
  • Without medicines and physicians.

  • မြတ်နိုးသူမရှိသော အရပ်၊
  • ချစ်ခင်သူမရှိသောအရပ်၊
  • အဆွေခင်ပွန်းမရှိသောအရပ်၊
  • အတတ်ပညာ သင်ကြားပေးသူ မရှိသောအရပ်၊
  • ထိုအရပ်မျိုး၌ တစ်နေ့တစ်ရက်မျှ မနေအပ်။
One should not stay even a day in a place.
  • Without person adored,
  • Without person attached,
  • Without relative,
  • Without teacher.



လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

ပြောသလိုလုပ်မှ သူတော်ကောင်း(စိတ်အားဖြည့်ဓမ္မသံစဉ်)















၁။ အနေဆိုးတာ အဆိုးနေဖို့မဟုတ်

ကျန်းမာရေးကောင်းကောင်း မကောင်းကောင်း

အနာရောဂါ ရှိရှိ မရှိရှိ တရားအားထုတ်မှုကိုတော့

လုံးဝလက်မလွှတ်သင့်ပါဘူး။

အနာရောဂါဖြစ်လာတာဟာ သတိအားကောင်းဖို့ မမေ့လျော့ဖို့

ဖြစ်လာတာပဲလို့ နှလုံးသွင်းပြီး မကျန်းမာတဲ့ကြားထဲကပဲ

စွမ်းနိုင်သလောက် ကြိုးစားအားထုတ်ရပါမယ်။


၂။ စိတ်ဖျားနေရင်ဆေးကုပါ

အရာရာကိုအကောင်းဘက်ကနေ ကြည့်တတ် မြင်တတ် နှလုံးသွင်းတတ်တဲ့

ယောနိသောမနသိကာရမရှိခြင်းကြောင့် စိတ်ကျမ်းမာရေး ချွတ်ယွင်းရတာပါ။

အကောင်းထဲမှာလည်း အဆိုးရှိ အဆိုးထဲမှာလည်း အကောင်းရှိတာမို့

အကောင်းနဲ့ အဆိုးကိုမျှတအောင် တွေးယူပြီး စိတ်တည်ငြိမ်အောင်

ထားတတ်မယ်ဆိုရင် အကောင်းနဲ့ တွေ့လို့လည်းစိတ်မတက်တော့ပါဘူး။

အဆိုးနဲ့တွေ့လို့လည်းစိတ်မပျက်တော့ပါဘူး။

ဒါဆိုရင်စိတ်ကျန်းမာရေးကောင်းပါပြီ။


၃။ ပါရမီမပြည့်ဘဲ နိဗ္ဗာန်မရောက်နိုင်

ပါရမီကတော့ သံသရာလွတ်လိုသူတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့အလုပ်ကိုခေါ်တာပါ။

ဒါန၊သီလ၊သမထ၊ဝိပဿနာအလုပ်တွေဆိုတာ

မြင့်မြတ်သူတွေရဲ့အလုပ်ဖြစ်လို့ အဲဒီအလုပ်တွေပြုလုပ်အားထုတ်နေတာဟာ

ပါရမီဖြည့်နေတာပဲပေါ့။


၎။ ကြေးစားယောဂီ

အကြံအစည်အောင်မြင်ချင်လို့

လိုအင်ဆန္ဒုပြည့်ဝချင်လို့ဆိုတဲ့ လောကီအကျိုးစီးပွားမျှော်လင့်ချက်နဲ့

တရားအားထုတ်နေတဲ့ယောဂီကို ကြေးစားယောဂီလို့ခေါ်ပါတယ်။

ပထမပိုင်းမှာ မွန်မြတ်သန့်စင်တဲ့ ရည်ရွယ်ချက်မရှိပေမယ့်

တရားအားထုတ်ရင်း အသိဥာဏ်ရင့်ကျက်လာရင်တော့

ရည်ရွယ်ချက်လည်းမွန်မြတ်သန့်စင်လာမယ်

တရားအဆင့်လည်း အံ့သြဖွယ်ရာတိုးတက်လာပါမယ်။

ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်

တရားကို အားထုတ်ဖြစ်အောင် အားထုတ်လိုက်ပါ။


၅။ အကောင်းမိုးမှ အမိုးကောင်းမယ်

အမိုးကျဲနေတဲ့အိမ် မိုးရေနှိပ်စက်မယ်။

အမှတ်ကျဲနေတဲ့စိတ် ကိလေသာနှိပ်စက်မယ်။

ကိုယ်ရဲ့စိတ်အိမ်ကို သတိအမိုးစိပ်စိပ်မိုးမှ

ကိလေသာမိုးရေဘေး ကင်းဝေးလိမ့်မယ်။


၆။ စိတ်ကြည်ဆေးလေးသောက်လိုက်ပါဦး

တစ်ခါတစ်ရံ ဝိပဿနာတရားရှုမှတ်ရင်းနဲ့

စိတ်တွေနောက်ကျူနေတဲ့အခါ

စိတ်တွေမကြည်မလင်ဖြစ်နေတဲ့ အခါမျိုးတွေမှာ မိမိအားသန်တဲ့

မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တစ်ခုခုကို ပွားများပြီးတော့နေမယ်ဆိုရင်

ဒါမှမဟုတ် မေတ္တာဘာဝနာ ပွားများပြီးတော့နေမယ်ဆိုရင်

စိတ်ကလေးကြည်လင်သွားပါတယ်။

စိတ်ကလေးကြည်လင်သွားတဲ့အချိန်မှာ

ဝိပဿနာကိုဆက်ပြီး ရှုမှတ်သွားမယ်ဆိုရင်

ပိုပြီးအကျိုးကျေးဇူးကြီးမားပါတယ်။


၇။ ဝမ်းနည်းနေတာအလုပ်မရှိလို့

ကိုယ်တန်ဖိုးထားတဲ့ အလုပ်တစ်ခုခုကို

စိတ်ဝင်စားမှုအပြည့်အဝနဲ့ စွဲစွဲမြဲမြဲ လုပ်နေခဲ့ရင်

စိတ်ဓာတ်တွေခိုင်မာပြီး အသိဥာဏ်တွေရင့်ကျက်လာမှာပါ။

နှလုံးသားတွေမာကျောနေမှတော့ ဘာသဘောနဲ့ဘယ်သူကိုယ့်ကိုစွန့်စွန့်။

တွန့်လွန့်မနေတော့ပါဘူး။ နှုတ်ဆက်ပြုံးပြရုံပေါ့ကွယ်။


၈။ ခန္တီတာဝန်

ဆဲဆိုတာ သူ့အလုပ် ၊ သည်းခံတာကိုယ့်တာဝန်။

ကဲ့ရဲ့တာသူ့အလုပ်၊ သည်းခံတာကိုယ့်တာဝန်။

ချစ်စရာကောင်းတာ သူ့အလုပ်။

မချစ်မိအောင် သည်းခံတာကိုယ့်တာဝန်။

မုန်းစရာကောင်းတာ သူ့အလုပ်

မမုန်းမိအောင်သည်းခံတာ ကိုယ့်တာဝန်။

အာရုံတွေပေါ်တာ သူ့အလုပ်

ကိလေသာမဖြစ်အောင်သည်းခံတာ ကိုယ့်တာဝန်။


၉။ တကယ်ချစ်ရင် ခွင့်လွှတ်တယ်

ရှေးရေစက်ကြီးလွန်းလို့ တွေ့ခွင့်၊ဆုံခွင့် ချစ်ခင်ခွင့်

ရခဲ့ကြတာမဟုတ်လား။

ဘာလို့များ တစ်ယောက်အပေါ်တစ်ယောက်။

ခွင့်မလွှတ်နိုင်လောက်အောင် စိတ်ဆိုးငြိုးတေးနေရတာလဲ။

နာကျည်းမှု ကုဋေကုဋာနဲ့ ဝမ်းနည်းစွာလမ်းခွဲခဲ့ကြမှတော့။

သံသရာတစ်ကွေ့ ပြန်လာတွေ့တဲ့အခါ။

ဘယ်လိုအပြုံး ဘယ်လိုမျက်လုံးတွေနဲ့

နှုတ်ဆက်ပွေ့ဖက်ကြမလဲကွယ်။


၁၀။ ပြောသလိုလုပ်မှ သူတော်ကောင်း

သတိအကြောင်း၊ ဝိပဿနာအကြောင်းတွေ

ဖောင်ဖောင်ကြီးပြောနေပေမယ့် စိတ်နေစိတ်ထားရော

ကိုယ်ကျင့်တရားနဲ့ ကိုယ်နှုတ်အမူအရာရော

ပြောင်းလဲတိုးတက်လာမှု မရှိဘူးဆိုရင် အဲဒီလူဟာ

ချုန်းပြီးမရွာတဲ့ မိုးနဲ့အတူတူပါပဲ။




မှတ်ချက်။     ။အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့် ဓမ္မသံစဉ် စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်းလာရောက်ဖတ်ရှုနိုင်ပါသည်။
read more

တခါတုန်းကမြန်မာပြည်- ၇




 
ပုံ- ၃၁ ။ ဘယ်နေရာဆိုတာတော့သေချာမသိပါဘူး ခင်ဗျာ...
 
ပုံ၃၂။ မန္တလေးလို့တော့ထင် ပါတယ်...
 
ပုံ ၃၃ ။ ပုဂံ မှာရှိတဲ့ဘုရား တဆူထင်ပါတယ်..
 
ပုံ၃၄။ မြို့လား ရွာလားတော့ မသိဘူး ခင်ဗျ....

ပုံ ၃၅။ ဘာတွေရောင်းလို့ ဘာတွေဝယ်နေ ပါလိမ့်......



မှတ်ချက်။   ။ ပုံတွေကို mm-flashsongs မှာ တင်ထားတာတွေ့လို့ သိမ်းထားချင်တာကြောင့် ပို့စ်တင်တဲ့

သူဆီမှ တောင်းပြီး ကျွန်တော်ပြန်တင်လိုက်တာပါ... ၁ မှ ၉ အထိပါ ။ ပို့စ်တင်တဲ့သူက ပုံတွေရဲ့ အရင်းအ

မြစ်ဖြစ်တဲ့ မူရင်း ဆိုက်ကို ပြန်လည်ဖော်ပြမထားသလို ပုံမှာလည်း ဘာစာမှ ဖော်ပြမထားပါ ဘူး..ဒါကြောင့်

ပုံမှ စာတွေကို ကိုယ့် သဘောနဲ့ ကိုယ်တင်ပြထားခြင်းဖြစ်ပါတယ် ခင်ဗျာ... ၁ မှ ၉ အထိပါ..နောက်ပိုင်း

ကျွန်တော် အွန်လိုင်းပေါ်မှာ အချိန်ပေးပြီ လိုက်ရှာလိုက်တော့ ဒီပုံတွေ ရဲ့ မူရင်း ဆိုက်ကိုတွေ့ရတဲ့နောက်

ပိုင်း မူရင်းဆိုက် ဖြစ်တဲ့ www.burmadailynews.co.cc/ ကိုဖော်ပြပြီးပုံလေးတွေကို ဆက်ပြီးတင်ပြခဲ့ပါ

တယ်... အခုလည်း ကျွန်တော့် ရဲ့ blog လေးမှာ သိမ်းထားချင်တာကြောင့်အခုလိုပြန်လည်ဖော်ရခြင်းဖြစ်

ပါတယ်ခင်ဗျာ...ပုံလေးတွေရဲ့ မူရင်းဆိုက်ဖြစ်တဲ့ www.burmadailynews.co.cc/ ကို ကျေးဇူးတင်ပါတယ် 

ခင်ဗျာ...
read more

Monday, March 12, 2012

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်



aungthin စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူ

ငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အ သက်

အရွယ် ထောက်လာသည့်တိုင်နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်

တတ်အောင်အကြံပေးလိုသည့်ဆန္ဒရှိနေသည်။ ရန်ကုန်မြို့မှစာရေးဆရာကြီး ဦးအောင်သင်း အား ခေတ်ပြိုင်

ဂျာနယ် အယ်ဒီ တာချုပ်ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့်အထူး သဖြင့်

ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့ သို့ဖြေ

ကြားသည်။



ဖြေ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေ ဟာ

ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘ၀ကိုတည်ဆောက် ကြ

တယ်ဆိုတော့ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ် လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။

နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီး တယ်ဆိုပါတော့နော်။ ဘာကြောင့်လဲဆိုတော့ ကို စိန်ကျော်

လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့သိပ်မခွာ

ချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြားသိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြား ထဲမှာ

သွားပြီးတော့ ဒီလိုလုပ်တဲ့အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။

အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာမေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့

သူတို့ကို စကားပြောချင်တာကပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်

လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ကျနော် ပြောချင်တာပါ။



မေး။ ။ ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခုဆရာပြောတဲ့လူငယ်အမျိုးအစား တွေကို ပြန်ကြည့်

တဲ့ အခါကြတော့ မြန်မာနိုင်ငံကနေနိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယား

တို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အ ထူးသဖြင့်

ကိုယ်ကာယလုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့အရေအ

တွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခု န

ဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိ လာ

လို့ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။


စွန့်တယ်ဆိုတာ စားရဖို့


ဖြေ။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့

အခါကြတော့ သူတို့မှာလေ အရင်းအနှီးတော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ…

ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွား

တာ။ ဥပမာဆိုပါတော့။ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကိုရောင်းလိုက်ရတယ်

ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာအကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်း

အနှီးဆိုတာက ကိုယ်ကပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုးနပ်မှာပေါ့။

သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ

အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကိုကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထား

ရတဲ့ အရင်းအနှီးနို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲ

ဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။


လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား


အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးကဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်း

ပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ

တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံ

ရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်းချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုး

က ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့

အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေ

ကုန်ထားပြီ။ ဘယ်လောက်အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက်အကျိုး ရှိ

မှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာကမမြင်သာတဲ့ အရင်းအနှီးတွေကို သ

တိပေး ချင်ပါတယ် ကိုစိန်ကျော်လှိုင်။



အရွယ်အရင်းအနှီး


အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့သတိမထားမိတဲ့ အရင်း အနှီးကို

ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊အသက်အရွယ်ဆိုတာအရေးကြီးပါတယ်။ ဆိုပါတော့ကိုစိန်ကျော်

လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂)နှစ်ဆိုတော့ (၃) နှစ်

လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက်(၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ

ထွက်မယ်။ (၃)နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။ အသက် (၂၅) နှစ်ကြမှထွက်ဖြစ်

တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အ

ရင်းတွေသည်အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်

ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါပြန်သွားတဲ့အခါကြ သင်္ဘော

ဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်းလက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။ အဲဒီတော့ ပြောချင်တာက

အဲဒီအရွယ်အရင်းအနှီးကိုကြပ်ကြပ်ကြီးသတိထားဖို့လိုမယ်လို့ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး

အရွယ်အရင်းအနှီးပါ။ အဲဒီ့အရွယ်အရင်းအနှီး ကိုဆုံးရှုံးလိုက်တဲ့ကိစ္စဟာပေါ့ပေါ့သေးသေးမထင်နဲ့။ နောက်တ

ခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကိုတော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့

အသက် (၂၂) နှစ်နဲ့အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်

လည်း တော်တော် ကွာသွားပြီ။ အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ်သန်တုန်းမြန် တုန်း

ကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီ

ဟာကိုတန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့အရေးကြီးတယ်ဆိုတာကို ပထမ

ဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါသူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ကျနော်ဒါတွေပြောနေ

တာတခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီးထင်ရှားလာလိမ့်မယ်။

သိပ်အရေးကြီးပါတယ်။


ဦးနှောက်အရင်းအနှီး


နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာကနိုင်ငံခြားကို သွားလိုက်

တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့်တပည့်

တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲကဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်း

တယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့

လည်းမရဘူး။ သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့

အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီးအကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့

ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။ ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။

သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ

သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ

စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။



ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ

ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကိုသိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့

ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံ

စည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်

လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့

တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအ

ရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင်

ကိုယ့်တိုင်းကိုယ့်ပြည်ကိုပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ်

အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။

မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။ နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်

ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိ

ရင်ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့မုံရွာကနေပြီးတော့ မန္တလေးကို သွား

ချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင်ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်း

ဝယ်ရေးကိုသူသဘောပေါက်လာတယ်။ ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင်

လှော်ပြီးတော့ ရောင်းမလား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် addedvalue ပေါ့နော်

။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်

လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ပြန်လာတဲ့ကလေးကဒီ (၄-၅) နှစ်ရှိ

လို့ ပြန်ရောက်လာတဲ့အချိန်မှာသူ့သူငယ်ချင်း ကသူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွား

တတ်တယ်။ အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။

ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။

ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။



ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်


မေး။ ။ အဲလိုမျိုးတီထွင်တဲ့ဦးနှောက်တုံးမသွားအောင်အခုလောလောဆယ်မှာအကြောင်းအမျိုးမျိုးကြောင့် နိုင်

ငံရပ်ခြားမှာ ကိုယ်ကာယကိုအားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ဆရာအကြံပေးခြင်

လဲခင်ဗျ။


ဖြေ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေးစဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါ

ကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေ

ရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း

အပျော် အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန်သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့

ကုန်နေတဲ့အချိန်တွေကိုတန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။


အဲဒီတော့ ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ-

သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်း

ရံကိုင်တဲ့လုပ်ငန်း။အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်

လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်

တဆင့် တက်တက်ပြီးတော့ သိအောင်လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့

ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။


ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူကကားမောင်းနေ ရတာပဲ။

ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်

တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်

ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊

အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လားအဲဒါမျိုး

ထိအောင် ဆက်ပြီးလေ့လာတာမျိုး။



သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်


ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲ

တန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေ

ပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင်လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့

တာဝန်ကျေအောင်လုပ်နေတာတင်ပါ ဖြစ်မယ်။ အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့

ကပ်ပြီးတော့နေမယ်ဆိုလို့ရှိရင်အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာသူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်

ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။

ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကိုမပြန်ဘူးဆိုတဲ့ စိတ်မျိုး

နဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံး

ပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့အမြတ်ဖြစ်လိမ့်မယ်လို့

ကျနော်ပြော ချင်ပါတယ်။


မေး။ ။ ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေအများစုပေါ့နော် အခု

လို နိုင်ငံရပ်ခြားမှာသွားပြီးတော့အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အ

တည်းတွေဖြစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလိုအရင်းအနှီးတွေလည်း တော်တော် များပါ

တယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့

အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များယူဆမိလားခင်ဗျ။


ဖြေ။ ။ ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်

တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်

ကိုပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေအကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ

အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွားပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်

သာပါတယ်။ တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေအကုန်လုံးတွက်၊ ဒါတွေ ငါ

ရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။

ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက်ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်

ထင်ပါတယ်။



မိသားစုပတ်ဝန်းကျင်အရင်းအနှီး


မေး။ ။ ဟုတ်ကဲ့အများကြီးကောင်းပါတယ်ဆရာ။အခုလို ဆွေးနွေးပြောပြတာလေ။လူငယ် တွေအတွက် ကို

။ နောက် ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကိုဘာများမှာကြား ချင်သေးလဲခင်ဗျ။


ဖြေ။ ။ ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့

ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်

ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅)နှစ်အတွင်းမှာ အပြောင်းအ

လဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင်ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်

တယ်။ မိဘဖြစ်တဲ့သူကကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။ အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်

က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့

တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူကပြင်ဆင်ရတော့မယ်။အဲဒါ ခုနက ပြော

တဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်

က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေ

ကလည်းရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ပြောင်းလဲသွား တဲ့

အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းကစီး

ပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့

လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထား

လမ်း ဖြစ်သွားပြီ။ အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက

တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။



နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်

သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။ တ

ခါတရံကျတော့ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်

သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး

ဖြစ်သွားတတ်တယ်။ ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အ

မျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း

တချက်စဉ်းစားရမယ်နော်။



နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။

ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို

ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်း ထဲ

ကလား။ သို့မဟုတ်လို့ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။ အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်

က ငွေကြေးထိန်းသိမ်းတဲ့ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။

ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်း

အပေါင်းအသင်း တွေနဲ့ တလလောက်စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။

အရင်းအနှီးဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန်ထွက်ရတယ်။

အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါဇနီးသည်မလိမ္မာလို့ရှိလျှင် ပြော

တာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင်လုပ်ထားနိုင်

တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။ ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘ

လက်ထဲမှာအမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေပေါ်လာနိုင်သလား။

ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပွားရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲဝင်သွား

ရလို့ ပိုက်ဆံကုန်သွားတယ်ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘကသုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ် ဘယ်လို

လုပ်မလဲ။ ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ

ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်းစဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။



လူမှုရေးဝန်းကျင်အပြောင်းအလဲ


နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့စီးပွား ရေးဝန်း

ကျင်တွေ နဲ့ ရောပြီးတော့ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေကလဖက်ရည်ဆိုင်

ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ-

ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့

စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင်ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေး

ဝန်းကျင်ကြောင့်မို့လို့ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာဆုံးရှုံးရ

တဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။ ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်

မှာအပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါထပ်ပြီးတော့ နိုင်

ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦး

တည်ရာမှန်းမသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကိုမျက်ခြေမပြတ်အောင်

ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင်နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့

ကျနော်ထင်ပါတယ်။ အဲဒါတချက်။



နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော

အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက

ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်

ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး

ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မ လား။ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။

အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသပတ်ဝန်းကျင် နဲ့

လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသ

မီးတွေ ထွန်းကားလာတဲ့အခါမှာဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘ၀ မျိုးကို မမျှော်လင့်နိုင်

ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစား

ထားဖို့ဆိုတာလိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။



(မှတ်ချက်)။ ။ အထက်ပါ ဆရာ အောင်သင်းရဲ့ တင်ပြထားပုံလေးကတော်တော်လေးမှန် ကန်နေတာတွေ့ရ ပါ

တယ်... ကျွန်တော် တို့လို ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေ အားလုံး ဒီပို့စ်လေးကို ဖတ်ပြီး ကိုယ့်

လက်ရှိ အခြေ အနေတွေကို ပြန်သုံးသပ် သင့်တယ် လို့ ထင်ပါတယ် ... ကျွန်တော် တို့ပေးလိုက်ရတာနဲ့

ကျွန်တော် တို့ပြန်ရလိုက်တာ မတန်ပါ ဘူး... ကျွန်တော်ဆိုရင် ပြည်ပ မှာနေခဲ့တာ 10 နှစ်ကျော်နေပြီ

မို့ပေးဆပ် ခဲ့ရတဲ့ အချိန်တွေ၊ လုပ်အားတွေ နဲ့ ပြန်ရလာတဲ့ အကျိုး ခံစားခွင့် တွေ ကိုချိန်ထိုး ကြည့်ရင်

မတန်ဖူးလို့ ဆိုချင်ပါတယ် ... ဆရာ ရဲ့ ဒီဆောင်းပါး လေးဖတ်လိုက်မိ တော့ ကိုယ့်ကို ကိုယ်လည်းပြန်လည်

ဆင်ခြင် မိပါတယ်... ဆရာပြော ခဲ့သလိုပါပဲ ကျွန်တော် ကိုယ့်ရဲ့အမိနိုင်ငံကို ပြန်ဖို့ စိတ်ထဲမှာ တွေးပြီး

ပူပန် နေမိပါတယ်...ငါ ပြန်ရောက်သွား ရင် ဘာတွေကို ဘယ်ကနေ ဘယ်လို စလုပ်ရ လည်း ဆိုတဲ့ စိုးရိမ်ပူ

ပန်တဲ့ စိတ်တွေဖြစ်နေ မိတာပါ... ကိုယ် ထွက်ခွာ သွားတဲ့ 10 နှစ်တာ အတောအတွင်း အခြေအနေတွေ

ကလည်း အများကြီး ပြောင်းလဲ သွား သလို အားလုံး ကိုအသစ်ကနေ ပြန်စရ မှာမို့ ဆရာပြောသွားတဲ့ “ အ

ရွယ် အနှီး ” ကလည်း ဒီမှာ လာစကားပြောနေပါ ပြီ... ပြည်ပရောက် ဘ၀တူ ညီအကို မောင်နှ မ အားလုံးဖတ်

သင့်တယ် ထင်လို့ ကျွန်တော် ပြန်လည် တင်ပြပေး လိုက်ပါ တယ် ခင်ဗျာ....။
read more

ဘာသာခြားကမေးရင် ဘယ်လိုဖြေမလဲ


မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော်သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။


၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်းထားတယ်လို့ ပြောတယ်ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည်ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲလို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း မရှင်းပြတတ်ပေမဲ့ တပည့်တော်က ကိုယ့်ဘာသာအကြောင်း ရှင်းပြချင်လို့ ဒီမေးခွန်းကို ဖြေပေးပါဦးဘုရား။


၂။ တပည့်တော်တို့ဟာ သူတစ်ပါးအသက်သတ်ရင်တော့ အပြစ်ဖြစ်တယ်ဆိုပြီး ဘာဖြစ်လို့ အသားငါးကျတော့ စားကြတာလဲတဲ့၊ အသားငါးစားတာဟာလည်း သူတစ်ပါးအသက်သတ်သလို ဖြစ်မနေဘူးလားတဲ့။ ဒါနဲ့ တပည့်တော်က ကိုယ်တိုင်မသတ်ဘူး။ သူများရောင်းလို့ ၀ယ်စားတာ၊ ရောင်းတဲ့လူမရှိရင် မစားဘူးလို့ပြောတဲ့အခါ သူငယ်ချင်းက ၀ယ်စားတာဟာလည်း ရောင်းတဲ့လူသတ်အောင် အားပေးသလိုဖြစ်နေတဲ့အတွက် အပြစ်မဖြစ်ဘူးလားလို့ မေးပါတယ်ဘုရား။


၃။ ဗုဒ္ဓဘာသာဟာ ဘာကိုယုံကြည်ပါသလဲလို့ မေးပါတယ်ဘုရား။


၎။ ဗုဒ္ဓဆိုတာ ဘယ်သူလဲ။ ဗုဒ္ဓဟာ လူတစ်ယောက်ဆိုရင် မင့်တို့က ဘာဖြစ်လို့ ရှိခိုးရိုသေပေးနေရတာလဲ၊ သူ့မှာ တန်ခိုးတွေ မရှိဘူးလားလို့ မေးပါတယ်ဘုရား။ ဒီမေးခွန်းတွေကို တပည့်တော်လည်း တက်နိုင်သလောက်တော့ ဖြေပေးပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော် တိတိကျကျမဖြေနိုင်တာတွေရှိတဲ့အတွက် အရှင်ဘုရားအနေနဲ့ ဖြေပေးဖို့ရန် တောင်းဆိုလိုက်ရခြင်း ဖြစ်ပါတယ်ဘုရား။


တပည့်တော်ဟာ ဒူဘိုင်းမှာနေတဲ့လူမို့ အဲဒီကမူစလင်လူတွေနဲ့ပဲပေါင်းသင်းနေရပြီး ဗုဒ္ဓဘာသာသူငယ်ချင်းမရှိတဲ့အတွက် သူငယ်ချင်းမူစလင်တွေက ကိုယ့်ဘာသာအကြောင်းမေးရင် သေချာမရှင်းပြနိုင်လို့ အခုမေးခွန်းတွေကို တပည့်တော်အားသနားသဖြင့် ဖြေဆိုပေးပါရန် လျှောက်ထားတောင်းပန်းအပ်သည်အရှင်ဘုရား။ ဦးတင်ပါတယ်ဘုရား။


အဖြေများ


ကမ္ဘာမြေ၊ လ၊ နေ၊ လူစတဲ့အရာတွေဟာ လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ သဘာဝတရားတွေမို့ တစ်စုံတစ်ယောက်မှ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ လောကမှာရှိတဲ့အရာတွေဟာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတဲ့အရာတွေကြီးပါပဲ။ ရှေးယခင်အချိန်ကာလများစွာက နေ၊ လတို့မဖြစ်ပေါ်သေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအခါတုန်းက နေလတို့မရှိတဲ့အတွက် ကမ္ဘာလောကကြီးဟာ အမှောင်ထုကြီးပဲ တည်ရှိနေခဲ့ရတာပါ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နေလတို့ဖြစ်ပေါ်လာတဲ့အခါကျမှ ကမ္ဘာပေါ်မှာ အလင်းရောင်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလို နေတွေလတွေပေါ်လာလို့ အလင်းရောင်ရရှိခဲ့တဲ့အခါကျမှသာလျှင် နှစ်၊ လ၊ ရက်၊ ရာသီဥတုတွေကို လူတွေက သတ်မှတ်လာခဲ့ကြတာပါ။


ဗုဒ္ဓဘာသာတို့ရဲ့ အယူအဆအတိုင်း အကြောင်းကြောင့် အကျိုးဖြစ်လာတာလား၊ ဖန်ဆင်းရှင်ဝါဒတို့ရဲ့ ဖန်ဆင်းထားလို့ အရာဝတ္ထုလူတွေ ဖြစ်လာတာလားဆိုတာကို ရှင်းလင်းနားလည်အောင် ဥပမာပေးလေးတစ်ခုနဲ့ နှိုင်းယဉ်ပြောပြပေးပါမယ်။ မောင်နီဆိုတဲ့လူတစ်ယောက် ဖြစ်လာတာဟာ ဖန်ဆင်းရှင်က ဖန်ဆင်းပေးလို့ ဖြစ်လာတာလား။ သူ့ရဲ့မိဘနှစ်ပါးအတူအိပ်ခဲ့ကြလို့ ဒါမှမဟုတ် သူတို့ရဲ့ သွေးသားတွေ ရောစပ်ပေးလိုက်လို့ ဖြစ်လာတာလားဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလိုစဉ်းစားကြည့်မယ်ဆိုရင် ဘယ်ရာမဆို အကြောင်းတရားမရှိဘဲ အကျိုးတရားဖြစ်မလာနိုင်ဘဲနဲ့ အကြောင်းကြောင့် အကျိုးတရားရလာဒ်များ ပေါ်ပေါက်လာတယ်ဆိုတာ သိသာထင်ရှားစွာ သိမြင်လာပါလိမ့်မယ်။ ဒါဆို လောကရှိအရာများဟာ ဘယ်သူမှဖန်ဆင်းပေးလို့မဟုတ်ဘဲ အကြောင်းတရားရှိခြင်းကြောင့် အကျိုးတရားတွေ ဖြစ်လာတဲ့အရာတွေဆိုတာ သိလောက်မယ်ထင်ပါတယ်။


အရာအားလုံးမှာ အတိတ်၊ မျက်မှောက်ဆိုတဲ့ ကြောင်းကျိုးလှုပ်ရှားပြုလုပ်မှုတွေကြောင့် ပျော်ရွှင်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ ဖြစ်လာကြတာပါ။ မိမိက ပျော်ရွှင်အောင်လုပ်ခဲ့မယ်ဆိုရင် မိမိထံမှာ ပျော်ရွှင်မှုတွေရောက်လာမှဖြစ်ပြီး မိမိက သူတစ်ပါးစိတ်ထိခိုက်အောင် လုပ်ခဲ့ပေးမယ်ဆိုရင် မိမိဆီကိုလည်း စိတ်ဒုက္ခရောက်စရာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရောက်ချင်တဲ့ နိဗ္ဗာန်ကိုလည်း မိမိတို့ဘာသာရောက်အောင် ပြုလုပ်ကြတာဖြစ်သလို မိမိတို့မရောက်ချင်တဲ့ ငရဲပြည်ကိုလည်း မိမိဘာသာပြုလုပ်ကြလို့ သွားကြရခြင်း ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် ဖန်တီးသူများဖြစ်ပြီး မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ပြုလုပ်ကြတာပါ။


ဥပမာ-ကြည့်မှန်တစ်ခုကိုယူပြီး အဲဒီမှန်ကို ကြည့်လိုက်တဲ့အခါမှာ မိမိမျက်နှာက ပြုံးနေရင် မှန်ထဲမှာ ပြုံးနေပုံလေး မြင်ရမှာဖြစ်သလို မိမိက ဒေါသထွက်စိတ်တိုနေပုံနဲ့ မှန်ကိုကြည့်ရင် မှန်ထဲမှာ အဲဒီအတိုင်းပဲ မြင်ရပါလိမ့်မယ်။ အဲဒီပြုံးပျော်ရွှင်ဝမ်းနည်းမှု ဒေါသထွက်မှုတွေကို တခြားတစ်စုံတစ်ယောက်က ဖန်ဆင်းပေးလို့ မှန်ထဲမှာပေါ်လာတာမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ဖန်ဆင်းလို့ မိမိတို့ဖန်ဆင်းသလို မှန်ထဲမှာ ပုံရိပ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိတို့က မျက်မှောက်မှာ သူတစ်ပါးကောင်းစားအောင်၊ သူတစ်ပါးအပေါ် စိတ်ထားကောင်းနဲ့ပြုလုပ်ပေးရင် အဲဒီပြုလုပ်ပေးတဲ့အရာတွေဟာ မိမိပြုလုပ်တဲ့အတိုင်း မှန်တွင်ပေါ်လာသလို ပြန်လည်ပုံဖော်ပေးမှာမို့ မိမိပုံဖော်ခဲ့တဲ့အတိုင်း ပြန်လည်ခံစားရပါလိမ့်မယ်။ မိမိက သူတော်ကောင်းအလုပ်လုပ်ရင် သူတော်ကောင်းအကျိုး ခံစားရမှာဖြစ်ပြီး မိမိက သူယုတ်မာအလုပ်လုပ်ရင် သူယုတ်မာအကျိုးကို ခံစားရပါမယ်။ မိမိက အများအကျိုးလုပ်ပေးရင် မိမိမှာလည်း အများကပြန်လည်ပေးဆပ်ကြမဲ့ ကောင်းကျိုးတွေ ပြန်လည်ရရှိမှာပါ။


မိမိက ကြည့်မှန်ထဲမှာ မျက်နှာကြီးရှုံ့မဲပြပြီး မှန်ထဲမှာ ပြုံရွှင်နေတဲ့ပုံစံလေး ပြန်ပေါ်လာချင်လို့တော့ မရသလို ဘယ်သူကမှလည်း လုပ်ပေးလို့မရပါဘူး။ မိမိစိတ်က ပြုလုပ်တဲ့အတိုင်း မိမိစိတ်မှာ ပြန်လည်သက်ရောက်လာမှာဖြစ်သလို မိမိနှုတ်၊ ကိုယ်တို့နဲ့ပြုလုပ်တဲ့အရာတွေကလည်း မိမိပြုလုပ်ခဲ့သလို ကောင်းတာဆိုရင် ကောင်းတာပြန်လာမှာဖြစ်ပြီး မကောင်းတာလုပ်ခဲ့ရင် မကောင်းတာတွေ ပြန်လာမှာပါ။ ဒါကြောင့် လူချင်းတူနေပေမဲ့ လှတာ၊ ချမ်းသာတာ၊ ပညာတတ်တာ၊ စိတ်ထားကောင်းတာစတဲ့အချက်တွေဟာ ကိုယ့်ပြုလုပ်ခဲ့တဲ့လုပ်ရပ်ပေါ်မှာမူတည်ပြီး အကျိုးပေးနေတာကြောင့် ကွဲပြားနေရတာပါ။ တကယ်လို့ လူအားလုံးကို ဖန်ဆင်းရှင်တစ်ဦးကသာ ဖန်ဆင်းပေးတာဆိုရင် လူလူချင်းမို့ ကျန်တာတွေလည်း တူနေရပါလိမ့်မယ်။


သက်ရှိမှာတောင် မိမိတို့ဖန်ဆင်းပြုလုပ်ထားတဲ့အတိုင်း ပြန်လည်ဖြစ်ပေါ်သေးတာဆိုရင် သက်မဲ့တွေမှာလည်း အကြောင်းကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာကြတယ်ဆိုတာ ထူးထွေပြောစရာလိုမယ် မထင်ပါ။ ဥပမာ-သက်မဲ့တွေမှာလည်း မိုးရွာရင်၊ မြေသြဇာရှိရင် မြက်ပင်ဟာ ပေါက်လာမှာဖြစ်သလို မိုးမရွာရင်ဖြစ်စေ၊ မြေသြဇာမရှိခဲ့ရင်ဖြစ်စေ မြက်ပင်ဟာ ပေါက်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သက်ရှိ၊ သက်မဲ့အရာအားလုံးဟာ အကြောင်းတရားပေါ်မူတည်ပြီး အကျိုးတရားတွေဖြစ်လာကြတာမို့ မည်သူကမှ ဖန်ဆင်းပေးစရာမလိုသလို ဖန်ဆင်းပေးလို့လည်း မရပါဘူး။


၂။ လူသားတွေရဲ့ ခန္ဓာကိုယ်ဓာတ်သဘာဝကြီးက အသားစားမှဖြစ်မယ်၊ အသားစားမှ လိုအပ်တဲ့ခန္ဓာကိုယ်စွမ်းအားတွေရှိပြီး ကျန်းမာအသက်ရှည်မယ်ဆိုရင် အသားကိုစားနိုင်ပါတယ်။ ဒါပေမဲ့ မိမိစားမဲ့အသားဟာ သူ့ဘာသာသူ ဘယ်လိုပုံစံနဲ့ဖြစ်စေ သေပြီးသားသတ္တ၀ါ ဖြစ်နေရပါမယ်။ မိမိကိုယ်တိုင်လည်း တိရစ္ဆာန်ကို မသတ်ရသလို သူတစ်ပါးကိုလည်း မသတ်ခိုင်းရ၊ မိမိစားမှာဆိုပြီးတော့လည်း သူတစ်ပါးက ပြုလုပ်မပေးရ၊ မိမိပယောဂလုံးဝမပါရပါ။ အဲဒီလိုဆိုရင်တော့ မိမိစားတဲ့အသားရဲ့သက်ရှိတိရစ္ဆာန်ဟာ မိမိနဲ့မည်သို့မည်မျှမှ ပတ်သတ်မှုမရှိတဲ့အတွက် အပြစ်မရှိပါပေ။ အဲဒီလိုမဟုတ်ဘဲ မိမိပယောဂတစ်ခုခုပါခဲ့ရင်ဖြစ်စေ၊ မိမိရှေ့မှာသတ်နေတာကိုမြင်နေရတဲ့ အသားငါးကိုဖြစ်စေ၊ မိမိကြိုတင်မှာထားလို့ သူတစ်ပါးကသတ်ပေးလိုက်ရင်ဖြစ်စေ အဲဒီလိုအသားငါးများကို စားမယ်ဆိုရင်တော့ မိမိမှာလည်း အပြစ်ရှိတာမို့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။


တချို့သောလူတွေဟာ အသားငါးတော့ မစားကြပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျတော့ ညစ်ပစ်ယုတ်မာကြပါတယ်။ အဲဒီလို လူတွေနဲ့စာရင် စိတ်ဓာတ်ကောင်းပြီး အသားငါးစားတဲ့လူတွေကို လူကောင်းလို့ ခေါ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်ကြီးဟာ အသားငါးစားမှ ကျန်းမာသက်ရှည်မှာမို့ဖြစ်စေ၊ သစ်သီးသစ်ရွက်နဲ့ အသက်ဆက်ဖို့မဖြစ်နိုင်ရင်ဖြစ်စေ စိတ်ဓာတ်ကောင်းဖို့သည် အဓိကအကျဆုံးဖြစ်တာမို့ မိမိပယောဂမပါတဲ့ အသားငါးဆို စားချင်ပါက စားနိုင်ကြပါတယ်။


၃။ ရေကန်ထဲကို ကျောက်ခဲတစ်လုံး ပစ်လိုက်တဲ့အခါ အဲဒီကျောက်ခဲပစ်ချလိုက်တဲ့အရှိန်ကြောင့် ရေလေးတွေဟာ နဘေးကို လွင့်စင်သွားကြပေမဲ့ အချိန်တန်တဲ့အခါကျတော့ အဲဒီပစ်လိုက်တဲ့ ကျောက်ခဲဆီကိုပဲ ရေလေးတွေ ပြန်လာကြပါတယ်။ ဘောလုံးတစ်လုံးနဲ့ နံရံတစ်ခုကို ကန်လိုက်တဲ့အခါ မိမိကန်လိုက်တဲ့ဘောလုံးလေးဟာ နံရံကိုမှန်ပြီး မိမိဆီကိုပဲ ပြန်လာသလို မိမိလုပ်တဲ့ ကောင်းကံမကောင်းကံဟာ မိမိဆီပဲပြန်လာကြတာမို့ အဲဒါကို မလွဲမသွေ ခံစားကြရပါတယ်။ မိမိက ကောင်းတာလုပ်ရင် ကောင်းကျိုးတွေပြန်လာမှာဖြစ်သလို မကောင်းတာလုပ်ရင် မကောင်းကျိုးတွေ မိမိဆီကို ပြန်လာမှာ အမှန်ပါ။ ဒါတွေဟာ သဘာဝတရားတစ်ခုပဲမို့ မည်သူကမှ ဖန်ဆင်းပေးခြင်း မဟုတ်ပါ။


အဲဒီလို မိမိလုပ်တဲ့လုပ်ရပ်တွေ မိမိဆီကို အကျိုးပေးရန်ပြန်လာတဲ့အခါမှာ အောက်ပါအတိုင်း (၄)မျိုးထဲက တစ်မျိုးမျိုးနဲ့တော့ ပြန်လာကြပါတယ်။

၁။ တချို့ ကောင်းကံမကောင်းကံတွေဟာ မျက်မှောက်ဘ၀မှာ အကျိုးပေးတယ်။

၂။ တချို့ ကောင်းကံမကောင်းကံတွေဟာ ဒုတိယဘ၀မှာ အကျိုးပေးတယ်။

၃။ တချို့ ကောင်းကံမကောင်းကံတွေဟာ တတိယဘ၀ကနေ ပန်းတိုင်ရောက်တဲ့အထိ အကျိုးပေးတယ်။

၎။ တချို့ ကောင်းကံမကောင်းကံတွေဟာ အကျိုးပေးခွင့်မရလိုက်လို့ ပျောက်ပျက်သွားတတ်ပါတယ်။ ဥပမာ-ကောင်းမှုသေးလေးဟာ ကောင်းမှုကြီးအကျိုးပေးခွင့်ရှိလာတဲ့အခါ ကောင်းမှုကြီးအကျိုးပေးနေလို့ ကောင်းမှုလေးဟာ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားတာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။


ကိလေသာချုပ်ငြိမ်းပြီးသား ရဟန္တာအရှင်မြတ်တွေဟာ ရှေ့ဆက်ဘ၀ဖြစ်စရာ မရှိတော့လို့ ကောင်းကျိုးခံစားရမှာမဟုတ်တော့တဲ့အတွက် သူတို့ဘာသာ အေးဆေးနေနိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုမနေကြဘဲ သာမန်ရဟန်းများလုပ်တဲ့ ဆွမ်းစားကျောင်းတာဝန်၊ အိမ်သာဆေးတာဝန်တွေကအစ အများအကျိုးပြုလုပ်ပေးကြတာကို အတုယူတတ်မယ်ဆိုရင် မိမိတို့လို ဘ၀အဆုံးမသတ်သေးဘဲ ရှေ့ဆက်လျှောက်ရဦးမဲ့ မိမိတို့ဟာ ပိုမိုပြီးတောင် အများအကျိုး ကောင်းမှုများကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်များကို အတုယူပြီး မိမိတို့ဟာ ကောင်းကျိုးများခံစားရဖို့ ရှိသေးတာကြောင့် အသက်ရှင်စဉ်လေးမှာ ကောင်းမှုများနဲ့ ဘ၀ကိုအဆုံးသတ်နိုင်အောင် ကြိုးစားကြပါလိမ့်မယ်။ ယခု အောက်ဆုံးကံ(၄)မျိုးအကြောင်းကတော့ မြန်မာဗုဒ္ဓဘာသာများအတွက် သီးသန့်ထပ်ဖြည့်စွက်ပေးလိုက်တာပါ။


၎။ တကယ်တော့ ဗုဒ္ဓဆိုတာ ကိလေသာအမှောင်တွေထဲကနေ ရုန်းကန်နိုးထလာသူ၊ ကိလေသာအမှောင်တွေကို တွန်းလှန်နိုင်သူ၊ လောကရှိအရာအားလုံးကို အမှန်တကယ် သိမြင်သူ၊ မကောင်းမှုအားလုံးကို ပယ်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရှေ့ယခင်ကလည်း ဒီလိုဗုဒ္ဓတွေအများကြီးဖြစ်ခဲ့သလို အနာဂတ်မှာလည်း ဖြစ်ကြပါလိမ့်ဦးမယ်။ ဗုဒ္ဓဆိုတာ မသိတာမရှိတဲ့ သဗ္ဗညုတဉာဏ်ပိုင်ရှင်ရရှိသူများ ဖြစ်ပါတယ်။ ဒါပြင် ဗုဒ္ဓဟာ သူတစ်ပါးအပေါ် သနားကရုဏာကြီးမားသူဖြစ်ပြီး သမာသမတ်စိတ်ထားကောင်းနဲ့ပြည့်စုံသူ ဖြစ်ပါတယ်။


ဗုဒ္ဓဟာ ရှေးယခင်ကဖြစ်ခဲ့တဲ့အရာတွေကို မှတ်မိခြင်း ပုဗ္ဗေနိဝါသနုဿတိဉာဏ်။ နတ်မျက်စိကဲ့သို့ အဝေးကို ဖောက်ထွင်းသိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်။ ကိလေသာနူနာအားလုံးကို ပယ်သတ်နိုင်သော အာသ၀က္ခယဉာဏ်(၃)မျိုးကို ရရှိထားပါတယ်။


မြတ်ဗုဒ္ဓဟာ သူရရှိတဲ့အဘိဉာဏ်တန်ခိုးတွေကို လူတွေယဉ်ကျေးလာအောင်၊ လူတွေကို ထိန်းချုပ်နိုင်အောင်အတွက် အသုံးမပြုခဲ့ဘဲ တရားဟောတဲ့အခါ၊ နာယူသူအား ဘယ်လိုတရားမျိုးဟောရင် ပိုအကျိုးများမလဲ၊ ဘယ်လိုတရားနဲ့ထိုက်တန်သလဲ၊ ဘယ်သူဟာ ဘယ်ချိန်မှာ တရားထူးရတဲ့သူဖြစ်မလဲဆိုတဲ့ အများတရားရရှိဖို့အတွက်တော့ တစ်ခါတရံမှာ သူရရှိထားတဲ့ အဘိဉာဏ်တန်ခိုးများကို အသုံးပြုပြီး ဟောကြားလမ်းညွှန်ပေးလေ့ရှိပါတယ်။ ဒါပြင် ဗုဒ္ဓဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အမှန်တရားများဖြစ်တဲ့ ဆင်းရဲခြင်းအမှန်၊ ဆင်းရဲခြင်းဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား။ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်ကြောင်း လမ်းမှန်တရားတို့ကို သူကိုယ်တိုင်လည်းသိမြင်ပြီး အများကိုလည်း လမ်းညွှန်ဟောပြပေးခဲ့ပါတယ်။ ဗုဒ္ဓရဲ့တရားများဟာ သာမာန်အခြေခံတရားများရော၊ အနက်အဓိပ္ပါယ်လေးနက်တဲ့ တရားများရော ပါဝင်ပါတယ်။ ဒါပြင် စိတ်ကိုဖြူစင်အောင်ထားပြီး ကောင်းသောအလုပ်များ ဆောင်ရွက်တတ်အောင်၊ မကောင်းမှုအားလုံးတို့ အဆုံးသတ်နိုင်အောင်လည်း သူ့ရဲ့ဉာဏ်ထဲမှာ အမှန်အတိုင်း သိမြင်သမျှအားလုံးတို့ကို ဟောကြားပေးခဲ့ပါတယ်။


ဒါကြောင့် ဗုဒ္ဓဟာ ငါတို့ရဲ့ ကျေးဇူးရှင်ဖြစ်သလို ကောင်းတာမကောင်းတာကို သိအောင်၊ ပြုလုပ်တတ်အောင် လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ငါတို့ဟာ မြတ်ဗုဒ္ဓရဲ့ ငါတို့အပေါ်ရှိတဲ့ ကျေးဇူးတရား၊ ငါတို့မှာမရှိတဲ့ ပညာစွမ်းအား၊ ကရုဏာစွမ်းအားစတာတွေကို အမြဲတမ်းအာရုံပြုပြီး ရိုသေကန်တော့နေခြင်း ဖြစ်ပါတယ်။ မိမိအပေါ်မှာ ကျေးဇူးရှိခဲ့တဲ့ကျေးဇူးရှင်ကို ဘယ်သူမဆိုသိတတ်ပြီး ကျေးဇူးဆပ်ရမှာပါ။ ဒါဟာ လောကရဲ့သဘာဝပါ။


ဦးဇင်းမှာ အချိန်မအားပေမဲ့ ဦးဇင်းဒီမေးခွန်းများကို ဖြေမပေးခဲ့ဘူးဆိုရင် မိမိဘာသာအကြောင်းမရှင်းပြတတ်ဘူးဆိုပြီး ဘာသာခြားက မိမိတို့ဘာသာအပေါ် အထင်သေးမှုများနဲ့ ကြုံတွေ့ရမှာဆိုးလို့ ဦးဇင်း အသိဉာဏ်ဗဟုသုတ၊ အင်္ဂလိပ်စာအရည်အချင်းရှိသလောက် ဖြေပေးလိုက်ပါတယ်။ ဒီလောက်ဆို မေးခွန်းရှင်ရဲ့အဖြေဟာ လုံလောက်မယ် ထင်ပါတယ်။ ဦးဇင်းအင်္ဂလိပ်စာ မကျွမ်းကျင်သေးလို့ အင်္ဂလိပ်စာအားနည်းမှုများပါရင်လည်း ခွင့်လွတ်နားလည်ပေးကြပါလေ။


ဦးဇင်းရဲ့ စာဖတ်ပရိတ်သတ်အားလုံး အချိန်တိုင်းမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ကမ္ဘာပေါ်မှာရှိတဲ့ ဒုက္ခအားလုံးတို့မှလည်း ကင်းလွတ်ပြီးလျှင် ပန်းတိုင်ကိုလျင်မြန်စွာရောက်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလျက်…..။



အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://sanninaymin.com

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။



Questions and Answers about Buddhism

If you want to know about Buddhism you will be able to read this post



Questions


I would like to ask a few questions regarding with the Islam and Buddhism differences. This is my first time to ask a question. Kindly please forgive me if there are mistakes. I would like to request that please answer to me in English. It is because the person who asked me about Buddhism is Forigner and I could not translate some of the terms of Burmese Parli into English. My Islamic Friends always ask me about Buddha and I could not translate or explain to him.


Islam belive that the earth, the moon, the sun, day, night, animals, human and everythings are created by Allah. My Muslim Friend asked me that


1. If we (Buddhism) belive that what we do, is what we get (Kamma Result) then in this case, who create human, earth, moon and everything? How these things appear? I could not answer his question. I told him that our Buddha is not creator. I am so sad that I could not explain to him in English although I am Buddhism. I had read that in burmeseclassic.com, one of the post answers is if Allah is a creator of everyone; there has someone who creates Allah. It is because everything is happening like a circle. I explain to my friend that everything is like a circle and I asked him there should be someone who creates Allah. He said "No" and I could not explain more to him.


2. I told him killing animal is sin. He asked why I am eating meat if I said killing animal is sin? And he said animals are created by Allah for all the human to eat. Therefore, it is no sin. I told him, we did not kill the animal. However, there are people who selling the meat. Therefore, we buy and we eat. If the people are not selling meat, we are not going to eat meat at all. But he said somehow it is indirect way we are encouraging to kill the animal and we are getting sin. I am so confuse that am I getting sin because of I am eating meat? How can I explain to him?


3. What Buddhism Believe? (How can I answer this question to non Buddhist person? I told him we belive in Buddha Teaching and practices. Then he asked me what those are. It is really hard for me to explain)


4. Who is the Buddha? (I told him the Buddha is one of the human and he borned and he died. But he found the universal truth. And then my friend asked if he is human like us why u are giving worship to him? Does he have any power? Sayardaw! I do not know how to explain in English. What do I understand in English is Buddha has power and when he met with Da wa dat, he show fire, water comes out from nose and mouth at the same time. Could you please explain to me properly in terms with English? And also in order to become a Buddha, he has to pass many lifes and finally he can be the Buddha. Oh. I really could not explain although I understand in Burmese)


Sayadaw! I am asking this question is I do not want to give wrong idea of Buddhist or Buddhism to some one who is enthusiastic to know about Buddhism. I really want to explain to him very well. Now I am trying to read "The Teachings of The Buddha" (Basic Level) by Ministry of Religious Affairs. However, many of the word written in Sanskrit and it is hard to understand. Therefore, I really appreciate if Sayardaw can answer my questions.


I am staying at the United Arab Emirates and most of the people here is Muslim and I do not have Buddhist friends here who I can disucss or ask in English. Kindly allow me to ask more questions in future.


Please forgive me to write with "I, you, he, or she"


I am aspecting you Bante.


ANSWERS


No one creates human, the earth, the moon and everything because that is nature in the world. As long as the moon and sun have not arisen in the world, so long as there is nothing shining forth a great light of great radiance. There prevails gross darkness. Later when the moon and the sun rise in the world, then a great light of great radiance shine forth and gross darkness is not in the world the months, the half-moon and the seasons of years are.


For example about creation that if your parents don’t sleep together or don’t blend their blood you will not be able be a human. In this way, other everything is the result of their own past and present actions. That’s why we ourselves are responsible for our own happiness and misery. We create our own Heaven. We create our own Hell. We are the architects of our own fate.


Bring a mirror and look at it, you will see yourself in the mirror. When you are happy your face would be bright, when you are sad your face will be frown, when you are angry your face will be red and ugly. Is that right? Now answer me who create your happy face, who create your frown face, who create your ugly face?
The God believer was thinking your different faces reflected by the different mood (state of the mind) is the creator of the faces.


Your inner mind is your own Creator. Your face always reflected on your mind or mood (state of mind), if you have anger, greedy, delusion your face will show ugly, and frown. Your mind can change your face in this present life, as well as your future life, or next life. If you are dwelling in anger, hatred, greed, and delusion, your next life will be the same as your face showing in the mirror. Now you will see who is a Creator? If you wanted to be haven, you should abstain from bad mood, like anger, hatred, greed, and delusion. If your mind is under the influence of this bad mood, your future and next life will be misery. Finally he understood that "Our Mind is our own Creator." That is what I have explained to those who believe in God or Creator from the aspect of Buddhism .All living beings have actions (Karma) as their own, their inheritance, their congenital cause, their refuge. It is Karma that differentiates beings into low and high states.


When we are really necessary for survival we are allowed to eat meat but you obviously don’t say one should kill an animal. You are harmful to humans and animals yourself or someone has said to doing if you are going to feel negative fate. According to the needs of our body for health we should eat meat some time because I think that we will not be surviving for a long time with vegetable. That’s why, you haven’t been hard-working to death the animal and if you haven’t wanted to die you will probably eat meat. Some people don’t eat meat but they are not honest. That is better than dishonest one. If universal people refrain from eating meat, it will be more peaceful the universe.


When we throw a stone into the lake, the water splash away from the stone but later it comes back to the stone. When we play football on the wall, it come will back to us. In this way, if you do good or evil you will return them. That is natural law and the mainest of our religion.
In general, Buddha means Awakened One, someone who has awakened from the sleep of ignorance and sees things as they really are. The Buddha was a person who has eliminated from all faults and mental obstructions. There were many people who have become Buddhas in the past, and many people wil be able to become a Buddha in the future. There is nothing that the Buddha does not know. Moreover, the Buddha has great compassion which is completely impartial.


The Buddha has attained three kinds of Power. There are-

Pubbe-nivasanussati- remembrance of former existences power.
Dibba-cakkhu- divine eye power.
Asavakkhaya-extinction of all cankers power.


But most of the time He hasn’t used his powers to tame or control the people. The Buddha has used sometime to make them devotional has faith in Dhamma. Moreover, the Buddha taught us the universal Truth; this is suffering; this is the arising of suffering; this is the ceasing of suffering; this is the approach to the ceasing of suffering. His teaching was basically simple and meaningful then to put an end to evil; to fulfil all good; to purify the mind. This is the advice of all the Buddhas. So, the Buddha is our benefactor and guide. That’s why we always have been respecting to Him. If someone has been beneficial we will have to be grateful to him. That is natural law.


I don’t have free time but if I haven’t been answering your questions you are going to experience difficult. So, I am answering as knowledge as English language. I think these answers enough for your questions.


I haven’t just been cleaver English language if weaking should abide me


I wish that all my Dhamma friends and kiths will have to be happy every time and then will be able to free from too much suffering in the world.


Ashin Komala or Sanninaymin

sanninaymin@gmail.com

Colombo, Sri Lanka
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: