ထူးမြတ်သောအမြင်
ထူးမြတ်သောအမြင်(၀ါ)အမြင်ထူးကိုပါဠိ လို ဒဿနာနုတ္တရိယ ဟုခေါ်၏၊
မိမိတို့ မျက်စိဖြင့် ပြပွဲအမျိုးမျိုး ကပွဲအမျိုးမျိုး ဖွင့်ပွဲ ပိတ်ပွဲ ရှိုးပွဲ အမျိုးမျိုး ချစ်
စရာတိရိစ္ဆာန်များ စိန် ရွှေ ငွေ ကျောက်သံပတ္တမြား စသော အဖိုးတန် လော
ကီ ရတနာများ မိမိတို့၏ချစ်ဇ နီး ချစ်လင် တို့၏မျက်နှာ သားသမီးများ၏မျက်
နှာချစ်သူများ၏ မျက်နှာလေးများကို တွေ့ ရမြင်ရလျှင် ထူးမြတ်သော အမြင်
ဟုမှတ်ယူကြ၏။ စင်စစ်သော်ကား ထိုအမြင်မျိုး သည် တဏှာရာဂနှင့် တကွ
ဖြစ်သော ပျော်ရွှင်မှုမျိုးကိုသာ ပေးစွမ်းနိုင်ရကား ထူမြတ် သောအမြင်မဟုတ်၊
သူသူ ငါငါ လူတကာမြင်တွေ့နိုင်သော အမြင်ဖြစ်၏၊ သာမန် ပုထု ဇဉ်တို့၏အ
မြင်ဖြစ်၏၊ ကိုယ်ထင် ကုတင်ရွှေနန်းဟူသော ဥပဒါန်အစွဲ ကပ်ငြိနေသော အ
မြင်ဖြစ်၏၊ မဖြူစင် မသန့်ရှင်း တစ်ခါတစ်ရံ အကျိုးမဲ့ကိုပင် ဖြစ်စေနိုင်၏၊ အ
နှောင်အဖွဲ့  မှ မလွတ်ကင်းနိုင်သေးသော အမြင်ဖြစ်၏၊ အကုသိုလ်ကိုဖြစ်စေ
၍ ကုသိုလ်ဖြစ်ခွင့် အား နည်းသောအမြင်ဖြစ်၏၊ အချိန်မရွေးနေရာမရွေး မြင်
တွေ့ ခွင့်ရှိသော သာမန်အမြင်မျှ သာဖြစ်၏၊ ထို့ကြောင့် ထူးမြတ်သော အမြင်
မဖြစ်နိုင်ပါချေ။
မိမိတို့မျက်စိဖြင့် ဘုရား ရဟန္တာ ဣနြေ္ဒငြိမ်သက်သော ရဟန်း သာမဏေများ
ကို ဖူးမြင်ခွင့် ရခြင်းသည်သာ ထူးမြတ်သောအမြင်(၀ါ)အမြင်ထူးဖြစ်ပါ၏၊ ထိုအ
မြင်မျိုးသည် သာ ဂါရ၀နိဝါတ မင်္ဂလာကိုရှေ့တန်းတင်ထားပြီး ဖြစ်ရကား ကု
သိုလ်တရားကို တိုးပွား စေပါ၏၊ စိတ်အစဉ်ကို ကြည်လင်သန့်စင်စေပါ၏၊ သော
ကဟူသမျှကို ကျော်လွှားနိုင်စွမ်းရှိပါ၏၊ ကိုယ်စိတ်နှစ်ပါးဆင်းရဲမှုကို ထိမ်းချုပ်ပေး နိုင်စွမ်းရှိပါ၏၊ သောကအပူများ ကြောင့် မျက်ရည်ယိုစီး ငိုညည်းနေသူများကို အ ငိုတိတ်အောင် ချော့သိပ့်နိုင်စွမ်းရှိပါ၏၊ အသိဥာဏ်ဖံွံ့ ဖြိုး ဥာဏ်ရည်တိုးကာ အေး
မြသော နိဗ္ဗာန်ချမ်းသာ အထိပင် ပေးစွမ်းနိုင် စွမ်းရှိပါ၏၊ သာသနာတွင်းကာလ၌
သာ ရနိုင်သော အမြင်ထူးဖြစ်ပါ၏၊ ထို့ကြောင့် ဘုရား ရဟန္တာ ဣနြေ္ဒငြိမ်သက်
သော ရဟန်း သာမဏေများကို ဖူးမြင်ခွင့်ရခြင်းကို ထူးမြတ် သောအမြင်(၀ါ)
အမြင်ထူးဟု ဗုဒ္ဓဘုရားရှင် ဟောတော်မူခဲ့ခြင်းဖြစ်ပါ၏။
ဝတ္ထုသာဓက ထုတ်နုတ်ဖေါ်ပြရသော် သာဝတ္ထိပြည်တွင် အဒိန္နပုဗ္ဗက အမည်ရ
သော သူဌေးပုဏ္ဏား တစ်ယောက်ရှိ၏၊ သူ့တွင်ဇနီးတစ်ယောက်နှင့် တစ်ဦးတည်း
သော သားတစ်ယောက်ရှိ၏၊ တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်သဖြင့်မိဘ
များက အ လွန်ချစ်၏၊ သူ့ကို မဋ္ဌကုဏ္ဍလီဟုခေါ်၏၊
သူဌေးကြီး အန္နပုဗ္ဗကသည် သူ၏ ဥစ္စာပစ္စည်းများကိုနည်းနည်းမျှ အပွန်းအပဲ့မခံ
ဇေတ၀န်ကျောင်းတိုက်တွင် သီတင်းသုံးလျှက်ရှိသော မြတ်စွာဘုရားအားလည်း
မလှူ သာသနာ ပတ္ထိယ ဆရာကြီးများလည်းမလှူ သူ့ဘ၀တွင်မည်သည့် ပစ္စည်း
ဝတ္ထကိုမျှမ လှူဖူးခဲ့၊ ထို့ကြောင့်သူ့ကိုအများက အဒိန္နပုဗ္ဗကဟု ခေါ်ကြခြင်းဖြစ်၏၊
အဒိန္နပုဗ္ဗက ၏ အဓိပ္ပါယ်မှာ တစ်ခါမှ `မလှူဖူးသူ´ဟူ၍ဖြစ်၏။
သူသည် သားထက် ပစ္စည်းဥစ္စာကိုပို၍ချစ်သူဖြစ်၏၊ ပို၍မက်မော၏၊ သူ၏သားအ
တွက် နားဋောင်းတစ်စုံပြုလုပ်ပေးရာ၌ပင် ရွှေပန်းတိမ်ထံအပ်လျှင် လက်ခကုန်မည်
စိုးသ ဖြင့် သူကိုယ်တိုင်ပြု့လုပ်၍ပေး၏၊ ထို့ကြောင့်သူ့သားကိုလူအများက မဋ္ဌကုဏ္ဍ
လီ ဟု့ ခေါ်ကြ၏၊ အကောင်းခေါ်တော့မဖြစ်နိုင် သူ့အဖေကိုယ်တိုင်မလုပ်တတ်လုပ်
တတ်နှင့်ပြု လုပ်ထားသည်ဖြစ်ရကား ပြေပြစ်ချောမွေ့ မှုမရှိသော နားဋောင်းကို ၀တ် ဆင်ထား သော ကြောင့်သငယ်ချင်းများကအရွဲ့တိုက်ကာ`မင်းနားဋောင်းကချောလှ
ကောင်းလှချည်လားကွ´ဟု စရင်း နောက်ရင်းအမည်ဖြစ်ဟန်တူ၏။
မဋ္ဌကုဏ္ဍလီ တဆယ့်ခြောက်နှစ်သားအရွယ်သို့ရောက်သောအခါ ဖျော့သောရော
ဂါဖြစ်၏၊ ယနေ့ခေတ် ဝေါဟာရအရ အသားဝါရောဂါဟုဆိုနိုင်၏၊ သား၏ရောဂါကို ဆရာ ကောင်းသမားကောင်းတို့ဖြင့်ကုသပါရန်မိခင်ဖြစ်သူက သူဌေးကြီးအားတိုက်
တွန်း၏၊ သို့ရာတွင် ဆေးဖိုးဝါးခ ကုန်ကျမည်စိုး၍ ဆေးဆရာမပင့်ပဲ သူကိုယ်တိုင် ကြားဖူးနားဝ ဆေးမီးတိုဖြင့်ကုသ၏၊ ဆေးဆရာများအိမ်သို့သွား၍လည်း အသားဝါ
ရောဂါဖြစ်လျှင် ဘယ်လိုဆေးဖြင့်ကုရသနည်းဟု့ မသိမသာမေး၏၊ ဆေးဆရာများ
ကလည်း လာရောက် ပင့်ဆောင်ခြင်း မဟုတ်သည့် အပြင် လူနာ၏ရောဂါကို ကိုယ်
တိုင်ကျပ်မတ် စမ်းသပ်စစ် ဆေးရခြင်းမရှိသဖြင့် တော်သလို လျှော်သလိုပြောလိုက်
၏၊ ထိုအခါ ဆရာများပြော လိုက်သောဆေးဝါးများဖြင့်သာ ကုသပြန်၏၊ ရောဂါ
လည်းကျွမ်းခဲ့ပြီ၊ အချိန်လည်းနှောင်း ခဲ့ပြီ၊ သား၏ရောဂါမသက်သာပဲ အခြေအနေ
က ဆိုးဝါးလာသောအခါမှသာ သမားတော် ကိုအိမ်သို့ပင့်၏၊ သမားတော်သည် မ ဋ္ဌကုဏ္ဍလီရောဂါကိုစမ်းသပ်စစ်ဆေးကြည့်၍ မိမိ၏ ဆေးချက် အစွမ်းမထက်နိုင်
တော့မှန်း သိသဖြင့် အခြားသမားတော်များကို ပင့်ရန်လမ်း ညွှန်ပြီးထွက်ခွာသွား
တော့၏၊ အခြားသမားတော်များကလည်းလက်မခံကြတော့။
မိမိ၏သား မဋ္ဌကုဏ္ဍလီ ဆုံးပါးတော့မည်ကိုသိ၍ အိမ်အတွင်းခန်းမှ အိမ်အပြင်သို့
ထုတ်၏၊ လူနာလာမေးသူများ သူ၏အတွင်းခန်းပစ္စည်းများကိုမြင်တွေ့သွားမည်စိုး
သာ ကြောင့်ဖြစ်၏။
ထိုနေ့မိုးသောက်အလင်းရောက်သောအခါ မြတ်စွာဘုရားသည် မဟာဂရုဏာ သ
မာပတ်မှထ၍ ကျွတ်သင့်ကျွတ်ထိုက်သော ဝေနေယျ သတ္တ၀ါတို့ကို ကြည့်ရှုတော်
မူ သောအခါ မဋ္ဌကုဏ္ဍလီ သူဌေးသားကိုမြင်၏၊ သေအံ့မူးမူးအချိန်၌ အာသန္နကံ
သည် အ လွန်အရေးကြီး၏၊ အာသန္နကံသည်သေခါနီးကာလ၌ ပြုလုပ်အပ်
သောကံဖြစ်၏၊ မဋ္ဌ ကုဏ္ဍလီသည် သူ၏ဘ၀တစ်လျှောက်လုံး ဖခင်မိုက်ကြောင့်
ဒါနလည်းမပြု့နိုင်ခဲ့၊ သီလ လည်းမဆောက်တည်နိုင်ခဲ့၊ ဘ၀နာလည်းမပွားများနိုင်ခဲ့၊ ထို့ကြောင့်သူတွင်ကောင်းမှုကု သိုလ်ကံဟူ၍ မည်မည်ရရ ဘာမျှမရှိ၊ သိုရာတွင်မြတ် စွာဘုရားကိုဖူးမြင်ရသော ဗုဒ္ဓါနု ဿတိ ဘာဝနာကုသိုလ်အသန္နကံကြောင့် ကောင်း
ရာသုဂတိ ဘုံဘ၀ရောက် မည်ကို မြတ်စွာဘုရားမြင်တော်မူ၏၊ ထို့ကြောက်မြတ်စွာ
ဘုရားသည် ရဟန်း သံဃာ အပေါင်းခြံ ရံလျှက် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွ
တော်မူ၏၊ အိမ်စဉ်အတိုင်းကြွတော်မူရာ အဒိန္န ပုဗ္ဗက သူဌေး၏အိမ်အနီးသို့ရောက်
တော်မူလျှင် မဋ္ဌကုဏ္ဍလီ သူဌေးသား ဖူးမြင်နိုင်စေ ရန် ရောင်ချည်တော်လွှတ်လိုက်
၏၊ မဋ္ဌကုဏ္ဍလီ သူဌေးသားသည် မြတ်စွာဘုရားကိုဖူး မြင်ရလေရာ မြတ်စွာဘုရား၌ အလွန်ကြည်ညိုသောစိတ်ဖြင့်ကွယ်လွန်သွားလေ၏၊ မြတ် စွားဘုရား ကို ဖူးမြင်လိုက်
ရသော ထူးမြတ်သော အမြင်ကုသိုလ်ကြောင့် သာဝတ္တံသာ နတ်ပြည်၌ နတ်ဖြစ်ရ
လေ၏။ထင်ရှားသော ၀တ္ထု့သာဓကလည်းရှိသေး၏၊ မြတ်စွာဘုရားသက်ရှိထင်ရှားရှိ
စဉ် က အဇာတသတ်မင်းသားသည် ခမည်းတော်ဗိမ္ဗိသာရမင်းကြ်ီးကို သတ်မိသဖြင့် အမြဲတ စေနောင်တရနေ၏၊ အတွင်ကျိတ်ပူဆွေးနေရ၏၊ မိမိ၏သားငယ် ဥဒယဘဒ
္ဒ ကိုကြည့်၍ `သူလည်းငါ့လို အဖေကိုသတ်၍ ထီးနန်းလု့ယူမယ့်သူပဲလား ´ဟု တွေး
မိတိုင်း တစိမ့်စိမ့် ကြောက်စိတ်ဝင်ကာ ဆောက်တည်ရာမရဖြစ်နေ၏၊ သူ့ဆရာ ဒေ
ဝဒတ်မြေမျိုခံရလို့တဲ့ ဟူသောသတင်းကိုကြားပြီးကတဲက `အို ငါကိုးကွယ်တဲ့ဆရာ
ဒေ၀ဒတ်က လူမိုက်ကြီးပါ လား သူခိုင်းခဲ့တဲ့ငါကိုလဲ မြေမျိုမည်လားမသိ´တွေးရင်း
ကြောက်၊ ကြောက်တိုင်းအတွေး ၀င်လာပြီ ညည၌ အိပ်မပျော် အိပ်မပျော်သည့် အ ထဲတွင်အိမ်မက်ဆိုးများကလည်း ၀င် ရောက် နှောက်ယှက်ခြောက်လှန့်နေကြပြန်
၏၊ အိမ်မက်ထဲတွင် ငရဲထိန်းနှင့် ငရဲခွေး များလိုက်နေ၍ ကြောက်အားလန့်အား
ဖြင့်ပြေးနေရသည်မှာလည်း အားမရှိသလို ခံစား နေရပြန်၏။ သာငယ်၏ လုပ်ကြံ သတ်ဖြတ်ခြင်းခံရသည်ဟူသော အိမ်မက်ဆိုးကိုမက်ပြီး သည့်နောက်ပိုင်း၌ကား မ
အိပ့်ရဲအောင်ဖြစ်နေ၏၊ အိပ့်လို့လဲဘယ်လို့မှမပျော်တော့။
ဤမျှလောက်သော ပဋိဒေ၀ ဒုက္ခ ဒေါမနဿ တို့ဖြင့်ယူကြုံးမရ အပူလုံးကြွနေ
သော အဇာတသတ်ဘုရင်သည် စိတ်သက်သာရာရလိုငြား ရည်ရွယ်ချက်ဖြင့်
ဆရာဇိဝ က၏ အကူအညီဖြင့် မြတ်စွာဘုရားကို ဖူးမြှေုာ်ရန် ဂိဇ္ဈကုဋ်တောင်
ခြေရှိ ဆရာဇိဝက၏ သရက်ဥယျာဉ်သို့သွားရောက်လေ၏။
နန်းတွင်းသူ မောင်းမမိဿံ ငါးရာအခြံအရံနှင့်တကွ ကြီးကျယ်ခန်းနား သော
မင်းခမ်းမင်းနားနှင့်လာသော ဘုရင်အဇာတသတ်သည် ရဟန်း သံဃာ(၁၂၅၀) နှင့်တကွ မြတ်စွာဘုရားသီတင်းသုံးနေထိုင်ပါသည်ဆိုသော သရက်ဥယျာဉ်သို့
ရောက်လာပါသော် လည်း လမ်းလျှောက်သံ ချောင်းဟန့်သံ နှာချီသံ စကားပြော
သံ မည်သည့်အသံကိုမျှမ ကြားရသောအခါ ဆရာဇိဝက အပေါ်သံသယ၀င်ကာ
ပို၍ပင်ကြောက်ရွံ့လာ၏။
တန်ဆောင်းမုန်းလပြည့်ည၏ သာယာလှပ ရှုမ၀သောမြင်ကွင်းနှင့်အပြိုင် မဏ္ဍပ် တန်ဆောင်းဝန်းတစ်ခုအတွင်းဝယ် ဣနြေ္ဒငြိမ်သက်သော ရဟန်းသံဃာ(၁၂၅၀)
တည်း ဟူသော ကြယ်စင်များဝန်းရံလျှက် ထွန်းလင်းတောက်ပကျက်သရေရှိလှ
သော ဘုရား တည်းဟူသော လမင်းကြီးကိုဖူးမြင်လိုက်ရသောအခါ ကြောက်စိတ်
တွေပျောက်ပြီးတ အံ့တသြငေးမောကြည့်ရှုရင်းသောကဟူသမျှကိုဖယ်ရှားနိုင်ခဲ့
လေ၏၊ ဆရာဇိဝကပြောပြသော ဗုဒ္ဓဂုဏ်တော်များကိုအာရုံပြု့ရင်း ဗုဒ္ဓဘုရားရှင်
ဟော်တော်မူ အပ်သော တရားတော်တို့ကို နာယူခွင့်ရသောအခါပစ္စုပ္ပန်ဘ၀၀ယ်
ကြီးမားသောစိတ် ဆင်းရဲမှလွတ်မြောက်၍ သံသရာဝယ်ကြုံတွေ့ရမည့် ဒုက္ခဆင်း
ရဲမှလည်းများစွာသက် သာခွင့်ရသွားလေ၏၊ အဖကိုသတ်သည့် အကုသိုလ်ပြစ်မှု
ကြောင့်ခံရမည့် အ၀ိစီငရဲဟူ သောပြစ်ဒဏ်မှ သက်တောင့်သက်သာရှိသောလော
ဟကုမ္ဘီငရဲဟူသောအပြစ်ဒဏ်သို့ ပြောင်းရွေ့ခွင့်ရလေ၏။ ထို့အပြင် နေ့ရက်ကာ
လနှစ်ပရိစ္ဆေဒ အလွန်ရှည်ကြာသော မဟာကပ်တစ်ကပ် ဟူသောသတ်မှတ်ရက်
မှလည်း အနှစ်ခြောက်သောင်းသို့ပြောင်း၍ လျော့ရက်များစွာရခဲ့လေ၏၊ ဤကား အဇာတသတ်ဘုရင်အတွက် မြတ်စွာဘုရားနှင့်တ ကွဣနြေ္ဒငြိမ်သက်သော ရဟန်း သံဃာများကိုဖူးမြင်ရသောထူးမြတ်သောအမြင်ကုသိုလ်၏ ကြီးမားသော အကျိုး ဆက်ဂုဏ်အာနိသင်ပင်ဖြစ်ပါ၏။
ထို့ကြောင့်…..ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တစ်ယောက်ဖြစ်လိုသူများ အနေဖြင့်မြင်သ မျှ
တွေ့သမျှအားလုံးသဘောကျဟူသော အလိုရမ္မကြီးသောစိတ်ဖြင့်မကောင်းမှုအကု သိုလ် ဖြစ်စေနိုင်သောအဆင်းအာရုံမျိုးကိုသာမကြည့်ပါနှင့်၊ ကုသိုလ် ကောင်းမှုဖြစ်
စေနိုင်သော အဆင်အာရုံမျိုးကိုလည်းကြည့်ရှုကြပါ မိမိတို့၏မျက်စိဖြင့်ကြည့်ချင်တာ
ကိုချည် မကြည့် ပါနှင့်၊ကြည့်သင့်တာကိုကြည့်ပါ၊
သို့မှသာ………ထူးမြတ်သောအမြင်ကိုရမည်ဖြစ်ကြောင်းတင်ပြအပ်ပါ၏၊ မိမိတို့၏
မျက်စိကို တန်ဖိုးရှိအောင်အသုံးချပါ။
ဆက်လက်ဖေါ်ပြပါမည်။
အရှင်သိရီဒတ္ထာလင်္ကာရ
No comments:
Post a Comment