Friday, March 9, 2012

လုံခြုံမှု ရှိကြပါ

သူငယ်ချင်းအားလုံးမင်္ဂလာပါ…. အခုတလော ကျွန်တော်တို့ဆိုက်လေး (အိမ်လွမ်းသူ) ထဲမှာမိန်းကလေးတွေ နဲ့ ပတ်သက်ပြီး ၀တ်စားဆင်ယင်ပုံ၊ အနေအထိုင်နဲ့သောက်စားမူးယစ်နေတဲ့မြန်မာမိန်းကလေးတွေ အကြောင်းကို ညီမလေး la minn eain ကပို့စ်လေးတွေရေးပြီးတင်နေတာဖတ်ရလို့ ကျွန်တော် ဒီပို့စ်လေးရေးဖြစ် တာပါ …မြန်မာမိန်းကလေးညီမ ငယ်လေးတွေ အတွက်ရည်ရွယ်ရေးတာပါ… မှားတာပါ ရင် လည်းစေတနာ အမှားပါ…။



ခေတ်ရေစီးကြောင်းတွေ တဟုန်ထိုး ပြောင်းလဲမှုအောက်မှာ ကျွန်တော်တို့ လူငယ်တွေရဲ့ ၀တ်ပုံ၊ စားပုံနေ ထိုင်သွားလာ ပုံတွေဟာ ခေတ်နဲ့အညီဖြစ်စေ၊ ခေတ်မီသည် ဖြစ်စေ၊ ခေတ်လွန်၍ ဖြစ်စေလျင်မြန်စွာ နဲ့ ပြောင်း လဲနေတာအမှန် ပါ။ ပြောင်းလဲနေတဲ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ရုပ်ဝတ္ထုများ တိုး တက်လာတာရှိသလို ဆုတ်ယုတ်သွားတဲ့ ရုပ်ပိုင်းဆိုင်ရာတွေလည်း ရှိပါတယ်။ ကမ္ဘာ့ရွာ ကြီးဖြစ်တည်မှု (နည်းပညာတိုးတက်မှု)ကို အကြောင်းပြပြီး နိုင်ငံတစ်ခုနဲ့တစ်ခု ယဉ်ကျေးမှုတွေ ယှက်နွယ် နိုင်ပေမယ့် လည်း အခြေခံယဉ်ကျေးမှုခြင်းမ တူညီတဲ့ ဝတ်စားဆင်ယင်မှုကိုတော့ ပုံတူကူးယူလို့ မဖြစ်သင့်တဲ့အကြောင်း ကိုတော့ ညီငယ်၊ ညီမငယ်တွေကို သ တိမူ စေချင်ပါတယ် ။ 



ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံသား မြန်မာလူမျိုးတွေ ဖြစ်တာကြောင့် ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို လိုက်နာစောင့်ထိမ်းရမှာ ဖြစ်လို့ပါ..။ အခုလိုအစစအရာရာ တိုးတက်နေ တဲ့ခေတ် ကြီးထဲမှာ ကျွန်တော်တို့အားလုံးဘယ်ကို ရောက်နေ ၊ ရောက်နေ ဆက်သွယ်လို့ ရနေ ပါပြီ...။ အဲဒီလိုတိုးတက်မှုတွေနဲ့ အတူ ပျက်စီးမှုတွေကလည်း တဖြည်းဖြည်းနဲ့ များလာပါပြီ.။ အဲဒီ ပျက်စီးမှုတွေထဲမှာ ကျွန်တော်တို့မြန်မာ ( ညီငယ်ညီမငယ် ) တွေ ကိုမပါစေချင်ပါဘူး…။



အခု အင်တာနက်မှာ ခေတ်စားနေတဲ့ Video Chat တွေဖြစ်တဲ့ Gmail/ Vzo/ skyp/ facebook နဲ့ တခြား ကျွန်တော် မသိသေးတဲ့ Video chat တွေမှာမြန်မာမိန်းကလေးတွေ (အနည်းငယ်ပါ) အရှက်နည်းစွာ အဖော်အချွတ်တွေနဲ့ ချက်နေ တဲ့သတင်းတွေ၊ သူတို့ရဲ့ဓါတ်ပုံတွေ အွန်လိုင်းပေါ်မှာမမြင် ချင်မကြား ချင်အဆုံးပါ..။ ကိုယ့်ရဲ့မိဘ၊ ညီအကို မောင်နှ မတွေရဲ့မျက်နှာကို အိုးမည်းသုတ်ပြီး အရှက်ခွဲလိုက်တာနဲ့ အတူတူပါဘဲဆိုတာသူတို့မစဉ်းစား မိတာရင်နာစရာပါ…။ စဉ်းစားဥာဏ်မရှိရအောင်လည်း စာမတတ်ကြတဲ့ သူတွေလည်းမဟုတ်ပါဘူး.....။ Computer ကိုင်ပြီး Internet သုံးနေကတည်းက အထိုက်အလျှောက်ပညာ တတ်လို့ပေါ့..။ ဘာကြောင့်အမှား နဲ့အမှန်ကို ခွဲခြားပြီးမသိနိုင်တာလည်း?…။ ကိုယ်တကယ်ချစ်နေ တဲ့ယောက် ကျားလေးကတောင်းဆိုလို့ သူ့ကိုချစ်လို့၊ သနားလို့လိုက်ရောတာဆိုရင်တော့ အဲဒီဆင်ခြေ ကတော်တော်မှားနေပါပြီ…။


  
“တန်ဖိုးမရှိတဲ့ မိန်းကလေး တစ်ယောက်ကိုဘယ်ယောက်ျားလေးကမှ အတည်မကြံပါဘူး” ညီမငယ်များ အဲဒါလေးကို မှတ်ထားပါ...။ နောက်တခုက ယောက်ကျားလေးတယောက်အနေနဲ့ ကိုယ်တကယ် တန်ဖိုးထား ချစ်တဲ့ မိန်းကလေး တယောက် အပေါ်ဘယ်တော့မှ ဒီလိုအခွင့်အရေးမျိုး တောင်းဆိုမှာမဟုတ်ပါဘူး (ကိုယ့် စိတ်နဲ့နှိုင်းပြီး ပြောတာပါ)။ ကျွန်တော် တို့ယောက်ကျားလေးတွေဟာ ကိုယ်ကိုယ်တိုင် ဆိုးချင်ဆိုးခဲ့မယ်၊  ရှုတ်ချင် ရှုတ်ခဲ့မယ် ဒါပေမယ့် ကိုယ်ယူတဲ့ မိန်းကလေးကိုတော့ တန်ဖိုးရှိစေချင်ကြပါတယ်..။ ဆတ်ကော့၊ လက်ကော့မဖြစ်စေချင်ကြပါဘူး..။ ဒါမတရားမှုလား ဆိုတာတော့ ကျွန်တော်သေသေချာချာမပြောပြ တတ် ပါဘူး...။



သူတို့တောင်လုပ်သေးတာဘဲ ငါတို့လည်းဘာလို့မလုပ်ရမှာလည်း ဆိုပြီးယောက်ကျားလေးတွေနဲ့ သွားယှဉ်ရင် ကိုယ်ပဲ ရှုံးမှာပါ..။ ဘာလို့လည်းဆိုတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပေါ့..။ ဒါကြောင့်ညီမငယ်တွေ အနေနဲ့ အွန်လိုင်းပေါ်မှာ အွန်လိုင်းမင်းသမီးမဖြစ်ရလေအောင် အရှက်တကွဲအကျိုးနည်း မဖြစ်ရလေအောင် ဂရုစိုက်ကြဖို့ပြောချင်ပါတယ်..။ ကိုယ့် ရဲ့“တန်ဖိုးရှိတဲ့ မမြင်သင့်၊ မပြသင့်တဲ့အရာတွေကို လုံခြုံစွာထိန်းသိမ်း ရင်းနဲ့ မိန်းကလေးယောက်ရဲ့ အိနြေ္ဒ၊ သိက္ခာတွေ ကိုထိန်းသိမ်းကြပါ” ..။ အင်တာနက်ဆိုတာကို တန်ဖိုး ရှိအောင်အသုံးချစေချင်ပါတယ်…



မိန်းကလေးဟာမိန်းကလေးဖြစ်တာမို့လို့ မိန်းကလေးပီသအောင် အစစ အရာရာအားလုံးဂရု စိုက်သင့်ပါ တယ်...။ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ၊ စားတာ၊ သောက်တာကအစ အိနြေ္ဒ၊ သိက္ခာလေးနဲ့ နေထိုင် သင့်ပါတယ်..။ ခုခေတ်မှာတော့ မိန်းကလေးတော်တော်က ပွင့်လင်းလွန်းလှပါတယ်..။ အိနြေ္ဒ၊ သိက္ခာတွေ လည်းမဲ့ကုန်ပြီလို့ ပြောရမလိုအောင် ပါဘဲ (လူနည်းစုပါ)...။ ၀တ်တာ၊ စားတာ၊ နေတာထိုင် တာတွေကိုလည်း ကြည့်ပါအုန်းလေ..။ အဖော်၊ အလှော်၊ အချွတ် တွေများလာပြီး အင်္ကျီဆိုလည်း လည်ကဟိုက်၊ စကပ်ဆိုလည်း အခွဲတွေကရိုးလို့၊ ပေါင်ကပ်အတိုလေးတွေ ၀တ်ကြတာ၊ ဆံပင်ဆိုလည်း နီလိုနီ၊ စိမ်းလို စိမ်း၊ ၀ါလို ၀ါနဲ့ အရောင်ကိုစုံနေတာဘဲ..။ ဘာတွေဘယ်လို ဖြစ်ကုန်သလဲဆိုတာ မပြောပြတတ်အောင်ပါ..။ 



လှချင်တာအဲဒါတွေမလိုပါဘူး...။ အရင်တုန်းကလူတွေကတော့ ဆံပင်ကိုနက်မှောင်သန်စွမ်း ပြီးရှည်လျားချင် လွန်းလို့ အမျိုးမျိုးလုပ်ကြပါတယ်..။ မြန်မာစကားပုံလေးတခုတောင် ရှိပါတယ်..။ “ ယောက်ျားမှာ လက်ရုံး ၊ မိန်းမမှာ ဆံထုံး” တဲ့...။ အခုတော့ဒီလို မဟုတ်တော့ပဲ ခေတ်ကပြောင်းသွားပါပြီ.. ။ ၀တ်တဲ့ အ၀တ်အစားက လည်း ခန္ဓာကိုယ်အပေါ်ပိုင်း ဟတတ နဲ့မလုံမခြုံ အရှက်လုံရုံသာသာ အင်္ကျီလေးတွေ ၊ အောက်ပိုင်းကလည်း ချက်အောက် ရောက်အောင်ဂွတိုတို ဘောင်းဘီတွေ၊ စကပ်ပါးလှပ်လှပ် လေးတွေ၊ ဘောင်တစ်ဝက်ကျော် တဲ့ ဘောင်းဘီတိုလေးတွေ ၀တ်ကြပါတယ်။ ဒါတွေဟာ လူမြင်ကွင်း အလယ်မှာ (မြန်မာလူမျိုးတွေ အနေနဲ့) မတင့်တယ်တာတော့ အမှန်ပါ။ စေ့စေ့မကြည့်ရက်နိုင်အောင် ပိုမိုဝတ်ဆင် လာကြတာကို သတိထားမိပါတယ်။ ဘောင်းဘီဂွတွေက တိုတော့အနောက်ကကြည့်ရင် အတွင်းခံကိုတောင် မမြင်ချင် ပါပဲ တွေ့နေပါရတယ်..။ အသစ်ဆိုရင်တော့ ခံသာပါသေးရဲ့..။ အသားဖြူရင်တော့ တစ်မျိုးပေါ့ ..။



မြန်မာနိုင်ငံမှာ ကိုရီးယားဇာတ်ကားတွေ ခေတ်စားလာတဲ့နောက်ပိုင်း မိန်းကလေးတွေရဲ့ဝတ်စားဆင်ယင် မှုတွေကလည်း ကိုရီးယားတွေကိုအတုခိုးပြီး ၀တ်စားလာတာတွေလည်းတွေ့ရပါရဲ့..။ သူတို့ တွေကအသား ကဖြူ၊ ကိုယ်လုံးကိုယ်ပေါက် ကလည်း အချိုးအဆစ်ကျကျလှပတဲ့ သရုပ်ဆောင်တွေမို့ ဘာဝတ်ဝတ်လှ ပါတယ်..။ အဲကျွန်တော်တော်တို့ဆီက သူတွေ ကတော့ (နှိမ်ချပြောဆိုခြင်းမဟုတ်ပါ) အသားက မဖြူ၊ ဗိုက်က ပူ၊ ချေသလုံး၊ ပေါင်လုံးကတုတ်နဲ့ ကိုရီးယားစတိုင်ကို အတုခိုး ၀တ်ဆင်ထားတာများ ကြည့်ရတာတော်တော် ဆိုးပါတယ် (တချို့လူနည်းစုပါ)..။ တစ်ကယ်တော့ မိန်းကလေးတယောက် အနေနဲ့ ၀တ်စားဆင်ယင်မှု ဟာအရမ်းကို အရေးကြီးလှပါတယ်..။ ကိုယ့်ရဲ့မလုံမခြုံဝတ်စားဆင်ယင်မှုဟာ ကိုယ့်ရဲ့အန္တရာယ် ကို ကိုယ် တိုင်ဖိတ်ခေါ်နေတာပဲ ဆိုတာကိုတော့သတိပြုသင့်ပါတယ်…။



ဝတ်စားဆင်ယင်တာကို ခေတ်နဲ့လျော်ညီစွာဝတ်ဆင်တာမို့အပြစ်တော့ မဆိုသာပါဘူး။ ဒါပေမယ့်အ ပျိုလေးတွေတန်မဲ့ အပျိုဂုဏ်ပုဒ် ကျဆင်းစေလောက်အောင် ၀တ်စားတာကိုတော့သတိကြီးစွာနဲ့ ရှောင်ကြဉ် သင့်ပါတယ်။ မြန်မာအမျိုးသ မီးကောင်းလေးတွေ ကိုယ့်ယဉ်ကျေးမှုကို ဘာလို့များခိုင်မြဲအောင် မထိန်း သိမ်းနိုင်ရပါသလည်းဆိုတဲ့မေးခွန်းထုတ်စရာပါ..။ “မိမိဥစ္စာပစ္စည်းကို မိမိကိုယ်တိုင် လုံခြုံအောင်သိမ်းဆည်း ထားပါမှ သူခိုးသူဝှက်တို့ရန်ကနေ ကင်းဝေးမှာပါ”။ ဒီလိုပါပဲ မိမိတို့ရဲ့ဝတ်စားဆင်ယင်မှု တွေကိုလုံခြုံအောင် ၀တ်စားဆင်ယင်နိုင်ပါမှ ယဉ်ကျေးမှု၊ အရှက်သိက္ခာကို မပွန်းပဲ့အောင်၊ လူအများ အထင်သေးမခံ ရအောင် စောင့်ရှောက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မိမိ တိုင်းပြည်၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု၊ မိမိ ဂုဏ်သိက္ခာ၊ မိမိအပျိုဂုဏ်တွေ မလျော့ပါးစေဖို့၊ အထင်သေးအမြင်သေးမခံရစေဖို့ မြန်မာမိန်းကလေး (ညီမ ငယ်)များ “ လုံခြုံမှု ရှိကြပါ ” လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ…။





(စကားချပ်)။ ။ ဒီပို့စ်ကို ကျွန်တော်ရေးသားရာတွင် မိန်းကလေးတွေရဲ့အိနြေ္ဒ၊ သိက္ခာတွေကိုနှိမ့်ချစော် ကားရေးသား ထားခြင်း မဟုတ်ပါဘူးခင်ဗျာ..။ ညီမငယ်များကို အမှားအမှန်ခွဲခြားသိမြင် တတ်အောင် ဖော်ပြရေးသားထားခြင်း သာဖြစ် ပါတယ်ခင်ဗျာ..။ ကျွန်တော့်ရဲ့အရေးအသားတွေက တဖက်စောင်းနင်း ဖြစ်နေမယ်၊ မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာ ကို စော်ကားသလိုမျိုးဖြစ် ခဲ့မယ်ဆိုရင်စာဖတ်သူညီအကို မောင်နှမအားလုံးကိုဒီနေရာကနေ ကျွန်တော်တောင်းပန်ပါတယ် ခင်ဗျာ….။



ရာဇာထွေး


No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: