မြန်မာလူမျိုးများအနေနဲ့ ရှင်မတောင်လို့ဆိုလိုက်တာနဲ့ ကျား/မ မရွေးအရွယ်စုံက သနပ်ခါးလို့သိကြပါတယ်။ အမျိုး သမီးမို့သနပ်ခါးကြိုက်ကြတာမဟုတ်ပါဘူး။ အမျိုးသားများလည်း သနပ်ခါးကြိုက်ကြပါတယ်။ အမျိုးသမီးတွေလို ကိုယ်တိုင်မလိမ်းကြပေမယ့် ရှင်မတောင်သနပ်ခါးရဲ့အနံ့ကိုမကြိုက်တဲ့ အမျိုးသားရယ်လို့ ကျွန်တော်မကြားဖူးခဲ့ပါဘူး။ တချို့အမျိုးသားများဆို ကိုယ်တိုင်လိမ်းကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းလိမ်းပါတယ်။ ယောက်ျားလေးသ နပ်ခါးမလိမ်းရဘူးလို့ အမိန့်ထုတ်မထားပေမယ့်...
Thursday, July 19, 2012
Tuesday, July 17, 2012
အချစ်ဖော်ကောင်
သီချင်းနားထောင်ရန် လင့် =
အချစ်ဖော်ကောင်
ပို့စ်လေးတွေမတင်နိုင်သေးလို့ ရှိတဲ့သီချင်းလေးတွေပဲတင်ပေးလိုက်ပါတယ်။ တချိန်က ဆလိုင်းသွှအောင် ရဲ့နာမည်ကြီး ခဲ့တဲ့ သီချင်းဟောင်းလေးပါ။ အခုချိန်မှာ ဘိုဖြူနဲ့
ဂရေဟမ်တို့ကပြန်လည် သီဆိုထားကြပါတယ်။ ကျွန်တော်ကြိုက်နှစ် သက်တဲ့သီချင်းလေးမို့ ဘိုဖြူသီဆိုထားတာလေးကိုပြန်လည်ပြီး Flashsong အဖြစ်ဖန်တီးထားတာပါ။ နှစ်သက်ကြ မယ်လို့ထင်ပါတယ်။ သီချင်းလေးနားထောင်ရင်း ခဏတာဘ၀အမောတွေပြေကြပါစေ….။
ရာဇာထွေး...
Wednesday, July 11, 2012
မပြောချင်ပဲ ပြောရအုန်းမယ်

ဒီအကြောင်းလေး ပြောချင်နေခဲ့တာ ကြာပါပြီ… ။ အခုတော့ ပြောဖို့အချိန်လေးလည်း ရလာပြီမို့ ပြောပါတော့မည်…။ ကျွန်တော့်ကို ချက်တင်မှာလာပြီး အမှုစစ်သလို စစ်စစ်သွားတဲ့ ကိစ္စပါ…။ အားလုံးလည်း ကြုံဖူးကြမှာပါ…။ ကျွန်တော် အွန်လိုင်းသုံးတတ်တာ အချိန်အားဖြင့် ၄ နှစ်သာရှိပါသေးသည်…။ စပြီးသုံးတဲ့ အချိန်ကနေပြီး ဒီနေ့အထိ အသုံးပြုနေတာ လက်ရှိအကောင့် တစ်ခုထဲပါ…။ ထုံးစံအတိုင်းပါပဲ အွန်လိုင်းကို ...
Friday, July 6, 2012
အမြတ်တနိုးရိုသေခြင်း(၀ါ) ပူဇာ

တနေ့တာအလုပ်တာဝန်များပြီးလို့ အိမ်ကိုပြန်ရောက်တဲ့အချိန်ကမနက် ၄း၀၀ နာရီပါ။ မြန်မာစံတော်ချိန်အရဆိုရင် မ နက်၂း၃၀ပေါ့။ အဲဒီအချိန်အိမ်ရောက်တိုင်း အမြဲတမ်းသတိတရဖြစ်မိတာ ဇနီးနဲ့သားကိုပါ။ ဒီအချိန်ဆို ဇနီးသည်နဲ့ သားလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကြရောပေါ့ဆိုပြီး အမြဲတမ်းသတိရရှိနေတတ်တာပါ။ အခန်းရောက်ရင်အ ၀တ်အစားအရင်လဲလို့ စားဖို့သောက်ဖို့အတွက်မီးဖိုချောင်ကိုဝင် ချက်စရာရှိတာချက်၊ လျှော်စရာရှိ တာလေးတွေလျှော် ဖွတ်၊ ကိုယ်နေတဲ့အခန်းလေးသန့်ရှင်းရေးလုပ်နဲ့...
Tuesday, July 3, 2012
ကျွန်တော်နှင့် တီဘီ

“မျက်ကန်းတစ္တေမကြောက်” ဆိုတဲ့စကားပုံလေးကို အားလုံးကြားဖူးကြမှာပါ။ မျက်စိမမြင်တဲ့သူ တစ္တေသရဲ ကိုမကြောက်သလို အန္တရာယ်ရှိမှန်းမသိရင်လည်း အဲဒီအရာကိုအန္တရာယ်လို့မသတ်မှတ်ပဲဖာသိ ဖာသာနေ တတ်တဲ့သဘောပါ။ ကျွန်တော်အခုပြောချင်တာက ကူးစက်လွယ်တဲ့ တီဘီရောဂါအကြောင်းလေးပါ။ အား လုံးသိပြီးဖြစ် သလိုမသိသေးတဲ့သူတွေအတွက်လည်းဗဟုသုတဖြစ်ရလေအောင် ကျွန်တော့်လိုလည်းမျက် ကန်း တစ္တေတွေ မဖြစ်ရလေအောင် ဗဟုသုတအဖြစ်ရေးသားတင်ပြပေးလိုက်တာပါခင်ဗျာ။
ကျွန်တော့်သူငယ်ချင်းရဲ့တူလေးတယောက်ကမလေးရှားရောက်လာတာ...
Sunday, July 1, 2012
ကဗျာချစ်သူ

ကဗျာချစ်သူ
ကဗျာလေးတွေကို ချစ်တယ်ကဗျာချစ်တဲ့ သူတွေကိုလည်းချစ်တယ်ခံစားချက်တွေကိုဖွင့်ဟလို့ရတာ ကဗျာကဗျာဟာ ခံစားချက်ရှိသူတို့ရဲ့ ရင်ဖွင့်ရာနေရာခံစားချက်တွေနဲ့ ရေးဖွဲ့သီကုန်းတဲ့ စာကဗျာ...။
ရင်မှ ဝေဒနာကာရံ မလှ စာစီမကျ ပေမယ့်ခံစားသူရင်ကို အေးမြ လှပစေတာကဗျာ...။
တွေ့ကြုံလာကြ လောကဓမ္မတာစိတ်မှာ ဈာန်သွင်း ရေးဖွဲ့ နိုင်တာကဗျာ...။
လွတ်လပ်စွာ တွေးလွတ်လပ်စွာ ရေးလွတ်လပ်စွာ ခံစားနိုင်တာကဗျာ...။
ကဗျာ ဆရာမဟုတ်ပါ ကဗျာ ချစ်သူပါကဗျာ ကိုမရေးတတ်ပါကဗျာ ကိုခံစားတတ်ခြင်းပါကဗျာ...