
ဘုရားသို့မှန်းခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ၊ နတ်လူဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်။ ထို့အပြင်စေတီတော်မှ ညွှန်ပြသောသင်္ကေတများ မှဟောပြောနေသော တရားတော်များကို ဆင်ခြင်နှလုံးသွင်းနိုင်ပါက ပါရမီရင့်သန်ပြီးသူဖြစ်ပါကဘုရားဖူး ရင်းပင်နိဗ္ဗာန်ရနိုင်ကြောင်းပြော မည်ဆိုပါကလွန် အံ့မထင်.....။
စေတီဆိုတဲ့ ဝေါဟာရ
စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင်မပွင့်ထွန်းခင်ကတည်းကအိန္ဒိယနိုင်ငံမှာရှိနေခဲ့ပါတယ်။ ဝေသာလီပြည် ကြီးရဲ့အနီးပတ်ဝန်းကျင်မှာ...