Tuesday, March 6, 2012

Mad Medley Battle

















Mad Medley Battle

Download Click Here

ဂိမ်းများ Download လုပ်နည်း



Action ဂီမ်းလေးတွေပါ ... အဆင်မပြေရင် Comment မှာ အော်ခဲ့ပါခင်ဗျာ....ကျွန်တော့်မှာရှိတဲ့
အဟောင်းလေးတွေ အချိန်ရရင်ထပ်တင်ပေးပါမယ်ခင်ဗျာ...
အားလုံးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..။
read more

Key words


















Key words

Download Click Here

ဂိမ်းများ Download လုပ်နည်း



စာလုံးဆက်တဲ့ ဂီမ်းလေးတွေပါ ... အဆင်မပြေရင် Comment မှာ အော်ခဲ့ပါခင်ဗျာ....ကျွန်တော့်မှာ
ရှိတဲ့အဟောင်းလေးတွေအချိန်ရရင်ထပ်တင်ပေးပါမယ်ခင်ဗျာ...
အားလုံးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..။
read more

Inca ball





















Inca ball

Download Click Here

ဂိမ်းများ Download လုပ်နည်း


ကလေးဆော့တဲ့ဂီမ်းလေးတွေပါ :D... အဆင်မပြေရင် Comment မှာ အော်ခဲ့ပါခင်ဗျာ....ကျွန်တော့်မှာ
ရှိတဲ့အဟောင်းလေးတွေအချိန်ရရင်ထပ်တင်ပေးပါမယ်ခင်ဗျာ...
အားလုံးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..။
read more

Helicopter































Helicopter

Download Click Here

ဂိမ်းများ Download လုပ်နည်း


Action ဂိမ်းကြိုက်တဲ့သူတွေ အတွက် 3D ဂိမ်းလေးဗျာ...အပစ်အခက်ဝါသနာပါတဲ့သူတွေတော့ကြိုက်မယ်ထင်ပါတယ်... အဆင်မပြေရင် Comment မှာ အော်ခဲ့ပါခင်ဗျာ.... အခုတင်တဲ့ဂိမ်းလေးတွေကကျွန်တော် ကစားတဲ့ဂိမ်းလေးတွေပါ.... အချိန်ရရင်ထပ်တင်ပေးပါမယ် ခင်ဗျာ... အားလုံးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..။
read more

Cleopatra
















Cleopatra

 
အဆင်မပြေရင် Comment မှာ အော်ခဲ့ပါခင်ဗျာ.... အခုတင်တဲ့ဂိမ်းလေးတွေကကျွန်တော် ကစားတဲ့ဂိမ်းလေးတွေပါ.... အချိန်ရရင်ထပ်တင်ပေးပါမယ် ခင်ဗျာ... အားလုံးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..။
read more

Cradle Of Rome



























Cradle Of  Rome

 
အဆင်မပြေရင် Comment မှာ အော်ခဲ့ပါခင်ဗျာ.... အခုတင်တဲ့ဂိမ်းလေးတွေကကျွန်တော် ကစားတဲ့ဂိမ်းလေးတွေပါ.... အချိန်ရရင်ထပ်တင်ပေးပါမယ် ခင်ဗျာ... အားလုံးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..။  
                                                                
read more

Air Force Missions - 3D



                                                                 














Air Force Missions - 3D  

Download Click Here

ဂိမ်းများ Download လုပ်နည်း


Action ဂိမ်းကြိုက်တဲ့သူတွေ အတွက် 3D ဂိမ်းလေးဗျာ...အပစ်အခက်ဝါသနာပါတဲ့သူတွေတော့ကြိုက်မယ်ထင်ပါတယ်... အဆင်မပြေရင် Comment မှာ အော်ခဲ့ပါခင်ဗျာ.... အခုတင်တဲ့ဂိမ်းလေးတွေကကျွန်တော် ကစားတဲ့ဂိမ်းလေးတွေပါ.... အချိန်ရရင်ထပ်တင်ပေးပါမယ် ခင်ဗျာ... အားလုံးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..။                                                       


read more

farmfrenzy 2











  















farmfrenzy 2 

Download Click Here


ဂိမ်းများ Download လုပ်နည်း

 
အဆင်မပြေရင် Comment မှာ အော်ခဲ့ပါခင်ဗျာ.... အခုတင်တဲ့ဂိမ်းလေးတွေကကျွန်တော် ကစားတဲ့ဂိမ်းလေးတွေပါ.... အချိန်ရရင်ထပ်တင်ပေးပါမယ် ခင်ဗျာ... အားလုံးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..။                                                      
read more

farmfrenzy



                                                            

farmfrenzy

Download Click Here

ဂိမ်းများ Download လုပ်နည်း



အစစအရာရာအဆင်ပြေပါစေခင်ဗျာ.....။
read more

ဂိမ်းများ Download လုပ်နည်း

Download ဂိမ်းလေးတွေပါ..တခါမှမတင်ဖူးပါဘူး...အခုမှစတင်မှာမို့အမှားပါရင်တောင်းပန်ပါတယ်ခင်ဗျာ...
Download ဂိမ်းလေးတွေ မတင်ခင် ဘယ်လို လုပ်ရတယ်ဆိုတာလေးအရင် (မသိသေးတဲ့သူတွေအတွက်)
ပြောပြပါမယ်.... ဂိမ်းတွေကိုကျွန်တော် Download လုပ်ထားပြီူးသားပါ... Installလုပ်ရုံပါပဲ.... လုပ်နည်း
လေးကိုအောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်...





















 

































 















































အဆင်မပြေရင်အော်ခဲ့ပါ ခင်ဗျာ... ကျွန်တော့မှာရှိတဲ့ ဂိမ်းလေးတွေအချိန်ရရင်တင်ပေးပါမယ်...။
read more

Sunday, March 4, 2012

မှတ်သားဖွယ်ရာမှတ်စုလေးများ

ပို့စ်လေးကို “မှတ်သားဖွယ်ရာမှတ်စုလေးများ” လို့ခေါင်းစဉ်တပ်ထားပါတယ်။ Blog တွေWedsite တွေ

ကိုလျှောက်လည်ရင်းတွေ့လို့ကျွန်တော်ကြိုက်တာနဲ့မှတ်စုသဘောလေးကူးပြီးသိမ်းထားတာလေးတွေ

ပါ... အခုလည်း မဖတ်ရသေးတဲ့သူတွေလည်းဖတ်ရအောင် ရည်ရွယ်ပြီးတစုတဝေးထဲတင်ပေးလိုက်ပါ

တယ်... ကြိုက်တဲ့သူတွေလည်းကူးသွားကြပေါ့... ကူးလာခဲ့တဲ့မူရင်းဆိုက်တွေလည်းမမှတ်မိတော့တာ

မို့မူရင်း ဆိုက်တွေကိုလည်းပြန်မ ညွှန်းပေးနိုင်တာကိုတော့နားလည်ခွင့်လွတ်ပါခင်ဗျာ.....



၁။ ခန္ဓာဉာဏ်စိုက် သတိလိုက်

ကိုယ့်ခန္ဓာ၌၊ သတိစိုက်၊ ဉာဏ်လိုက်ရှုနေလျှင်။

ကိုယ်မှာဖြစ်ဘိ၊ ဖြစ်တိုင်းသိ၊ သိတိုင်းအပူစင်။

ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်းအပူစင်။

အာရုံနှင့်ထိ၊ ထိတိုင်းသိ၊ သိတိုင်းအပူစင်။

အပူစင်မှ၊ ဖြစ်ပျက်ကြ၊ မုချအမှန်မြင်။

အမှန်မြင်မှ၊ ချမ်းသာရ၊ ဒုက္ခလွတ်မည်ပင်။  (တိပိဋက ယောဆရာတော်)




၂။ စိတ်စင်ကြယ်မှ ရုပ်စင်ကြယ်မည်

ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။

ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။

စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။

အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။  (စစ်ကိုင်းရွှေဟင်္သာဆရာတော်)




၃။ သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်

သည်းခံ သနား၊ ၀မ်းမြောက်ငြား၊ ပွားများ မေတ္တာခြုံ။

သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်၊ ပပျောက်ဘေးရန် ကိုယ့်မှာလုံ။

သူတော်သူမြတ်၊ ဤ ၄-ရပ်၊ မချွတ် ကျင့်ပါကုန်။  (တိပိဋကဓရ ယော-ဆရာတော်)




၎။ မြတ်သော သောတာပန်

မြေတပြင်လုံး၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်၎င်း၊

နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊

တလောကလုံးကို အစိုးရသည်ထက်၎င်း၊

သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။  ( ဓမ္မပဒ လောက၀ဂ်၊ အနာထပိဏ္ဍိကပုတ္တကာလ၀တ္ထု)




၅။ ပျက်စီးကြောင်း အညစ်အကြေးများ

စာပေကျမ်းဂန် အတတ်ပညာတို့သည်

မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။

အိမ်တို့သည်

ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။

ပျင်းရိခြင်းသည်

အဆင်း-လှပခြင်း၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။

မေ့လျော့ခြင်းသည်

စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။  (ဓမ္မပဒ၊ မလ၀ဂ်၊ လာယုဒါယီဝတ္ထု)




၆။ မိတ်ဆွေယုတ်

မျက်ကွယ်၌ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော၊

မျက်မှောက်၌ ချစ်ဖွယ်စကားကို ဆိုတတ်သောလူကို ကြဉ်ရှောင်ရာ၏။

အကြင်အကြောင်းကြောင့် ထိုသို့သဘောရှိသော မိတ်ဆွေယုတ်ကို နှုတ်ခမ်းဝ၌ နို့ရည်လိမ်းကျံခြင်းရှိသော

အဆိပ်ဖြင့်ပြည့်သော အိုးကဲ့သို့ မိတ်ဆွေဖွဲ့၍ တည်နေခြင်းကို ရှောင်ကြဉ်ရာ၏။  ( စွယ်စုံနီတိကထာ)




၇။ မိမိကိုယ် ကိုစောင့်ရှောက်ရာ

ဘေးရန်ကို တားဆီးခြင်း အကျိုးငှါ ပစ္စည်းဥစ္စာကို စောင့်ရှောက်ရာ၏။

ပစ္စည်းဥစ္စာတို့ထက်လည်း မယားကို စောင့်ရှောက်ရာ၏။

မယားထက်လည်းကောင်း၊ ပစ္စည်းဥစ္စာထက်လည်းကောင်း

မိမိကိုယ်ကို နေ့စဉ်မပြတ် စောင့်ရှောက်ရာ၏။  ( စွယ်စုံနီတိကထာ)




၈။ စိတ်ကိုစောင့်ရှောက်ရာ

အလွန်သိမြင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး

သူကျချင်သည့် အာရုံ၌ ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။

လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။  ( ဓမ္မပဒ-စိတ္တ၀ဂ်)




၉။ ယနေ့ပြုလုပ်ပါ

ပြုဖွယ်ကိစ္စ ဟူသမျှကို ယနေ့ပင် ပြုလုပ်ပါ။ (အချိန်မဆွဲပါနဲ့)

မနက်ဖြန်၌ သေရမည်ကို အဘယ်သူသည် သိနိုင်အံ့နည်း။

စစ်သည်ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနဲ့ ငါတို့မှာ ချိန်းချက်ထားမှု မရှိချေ။ ချိန်းချက်၍ မရပေ။




၁၀။ စိတ်ကွယ်ရာမရှိ

လောက၌ မကောင်းမှုပြုသောသူအား စိတ်ကွယ်ရာအ၇ပ်မည်သည် မရှိ။

မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိပြုသောအမှုကို မိမိကိုယ်တိုင် သိ၏။  (တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်)




၁၁။ အမြတ်ဆုံးချမ်းသာ

အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ် ဖြစ်၏။

တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာ ဖြစ်၏။

အကျွမ်းတ၀င် ချစ်ခင်သောသူသည် အကောင်းဆုံး ဆွေမျိုး ဖြစ်၏။

နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာ ဖြစ်၏။  ( ဓမ္မပဒ)




၁၂။ အရှုးနဲ့တူသူများ

ဥစ္စာမရှိဘဲလျက် အရသာ အစားကြူးသောသူ၊

ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်သောသူ၊

ပညာမရှိဘဲလျက် စကားလိုလားသောသူ၊

ဤသူတို့သည် အရူးနှင့်တူကုန်၏။  ( လောကနီတိ)




၁၃။ ပညာရှိသူတော်ကောင်း

စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မစွန့်။

ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့်။

ကြံသည် ယန္တရားစက်ဖြင့် ကြိတ်သော်လည်း ချိုသောအရသာကို မစွန့်။

ပညာရှိ သူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။

( လောကနီတိ)




၁၄။ တရားကိုမကျင့်ကြံလျှင်

နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့

နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို

များစွာဟောပြောနေသော်လည်း

မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည်

ပြုထိုက်သည်ကို ပြုသည် မမည်။

မဂ် ဖိုလ် နိဗ္ဗာန် အရသာကို မခံစားရ။  ( ဓမ္မပဒ)





၁၅။ စွန့်ရသောသဘော

အဆွေအမျိုးတို့ အကျိုးငှါ တယောက်သောသူကို စွန့်ရာ၏။

ရွာသူရွာသားတို့ အကျိုးငှါ အမျိုးကို စွန့်ရာ၏။

လူအများ၏ အကျိုးငှါ ရွာကို စွန့်ရာ၏။

မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါ မြေအပြင် (ရှိလူအပေါင်း) ကို စွန့်ရာ၏။  ( စွယ်စုံ နီတိကထာ )




၁၆။ ကောင်းမှု့ပြုသူ

ကောင်းမှုပြုသောသူသည်

ဤဘ၀၌လည်း နှစ်သက်ရ၏။

နောင်ဘ၀၌လည်း နှစ်သက်ရ၏။

ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ နှစ်သက်ရ၏။

ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။

ထိုသူသည် ကောင်းသောဘ၀သို့ ရောက်သည့်အခါ သာ၍ပင် နှစ်သက်ရ၏။  ( ဓမ္မပဒ)



ဆက်လက်ဖော်ပြပါမည် ခင်ဗျာ...

မူရင်းဆိုက်ကို မမှတ်မိတော့တာမို့ မဖော်ပြနိုင်တာကိုခွင့်လွတ်ပါခင်ဗျာ။
read more

အထီးကျန်ရင် အကျည်းတန်တယ်(စိတ်အားဖြည့် ဓမ္မသံစဉ်)














၁။နေတတ်မှအေးချမ်းမယ်

ဆင်းရဲကင်းပြီး ချမ်းသာချင်ရင်။

သမင်လိုမကျင့်နဲ့ ကြံ့လိုကျင့်။

ကြခတ်ဝါးရုံလိုမကျင့်နဲ့ မျှစ်စိုလိုကျင့်။

ကိုယ်အဖော်လည်း မငြိစေနဲ့ စိတ်အဖော်လည်းမငြိစေနဲ့။


၂။ငြိမ်လေ ငြိမ်းလေ

မြတ်စွာဘုရားရှင်က တိတ်ဆိတ်ငြိမ်သက်မှုကို

အထူးတန်ဘိုးထားတော်မူပါတယ်။

ဆူညံတဲ့နေရာမှာလည်း တရားနဲ့ နေလို့ရတာမှန်ပေမယ့်

တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ

တရားနဲ့နေရတာလောက်တော့ ဘယ်အေးချမ်းပါ့မလဲ။


၃။ကြေးစားကောင်းမှု

ပစ္စုပ္ပန်ကြီးပွားရေးအတွက် ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာ

ပစ္စုပ္ပန် စားဝတ်နေရေးအလုပ် လုပ်နေတာပါပဲ။

တမလွန် ချမ်းသာရေးအတွက် ကုသိုလ်ကောင်းမှုပြုနေတယ်ဆိုတာလည်း

ပစ္စုပ္ပန် စားဝတ်နေရေးအလုပ် လုပ်ရတာအားမရလို့

တမလွန် စားဝတ်နေရေးအလုပ်ကို

ခုကတည်းက ကြိုပြီး လုပ်နေတာနဲ့အတူတူပါပဲ။


၎။တောရိပ်လေးကအေးပါတယ်

မြတ်စွာဘုရားရှင်က မြို့မှာဈာန်ရတဲ့သူထက်

တောမှာအိပ်နေတဲ့သူကို ပိုပြီးချီးမွမ်းပါတယ်။

မြို့မှာ အချိန်မရွေး ဈာန်လျှောနိုင်သလို

တောမှာ အချိန်မရွေး တရားရနိုင်လို့ပါ။


၅။အထီးကျန်ရင် အကျည်းတန်တယ်

လက်ရှိအခြေအနေမှာ မပျော်မွေ့နိုင်သူအတွက်

တစ်ယောက်တည်းပဲနေနေ အများနဲ့ပဲနေနေ

အမြဲတန်းအထီးကျန်နေပါတယ်။

မရှိတာကို တောင်းတနေတဲ့သူ ရှိတာကို မကျေနပ်နိုင်တဲ့သူဟာ

မရေမရာအတွေးတွေ မသေချာမျှော်လင့်ချက်တွေနဲ့

ထာဝရအထီးကျန်နေမှာပါပဲ။


၆။အစွဲသိမ်းမှ အမြဲငြိမ်းမယ်

တရားအားထုတ်တဲ့သူမှာ ငါအစွဲ၊ငါ့ဥစ္စာအစွဲ

တဖြည်းဖြည်းလျော့ပါးလာပါတယ်။

ငါစွဲကင်းလေ စိတ်ချမ်းသာလေ

ငါ့ဥစ္စာအစွဲကင်းလေ စိတ်ငြိမ်းအေးလေပါပဲ။


၇။အရှင်းနေမှ အနေရှင်းမယ်

ပတ်ဝန်းကျင်အပေါ် ငြိတွယ်ရှုပ်ထွေးနေတဲ့

ကြခတ်ဝါးပင်ဟာ အပြင်ရောက်ဖို့ခက်ခဲသလို

ကိလေသာအတွင်းအရှုပ် ကာမဂုဏ်အပြင်အရှုပ်တွေနဲ့

ရှုပ်ထွေးနေတဲ့ သူဟာလည်း သံသရာဝဋ်ဆင်းရဲကနေ

ရုန်းထွက်ဖို့ခက်ခဲလှပါတယ်။ မငြိမရှုပ်တဲ့ မျှစ်စိုလိုကျင့်နိုင်မှ

ကိုယ့်ဘဝလွတ်လပ်အေးချမ်းမှာပါ။


၈။အတွယ်အတာမများပါနဲ့

သက်ရှိသက်မဲ့ အာရုံတွေအပေါ်

အငြိအတွယ် အရှုပ်အယှက်များနေတဲ့သူဟာ

သမင်ချိုနဲ့ ငြိတွယ်ရှုပ်ယှက်မှုကြောင့်

သမင်ခမျာဆင်းရဲ ဒုက္ခရောက်ရသလို

အဖော်ခင်တဏှာရဲ့ ငြိတွယ်ရှုပ်ယှက်မှုကြောင့်

အဖော်ခင်သူ လူသားခမျာမှာလည်း

ဆင်းရဲဒုက္ခ မျိုးစုံတွေ့ကြုံခံစားရပါတယ်။


၉။အချိန်မရွေး သတိရပါ

တရားထူး တရားမြတ်ဆိုတာ တင်ပျဉ်ခွေမျက်စိမှိတ်ပြီး

တရားထိုင်နေရင်းနဲ့မှ ရနိုင်တဲ့အရာမဟုတ်ပါဘူး။

သွားရင်း လာရင်း၊လုပ်ရင်းကိုင်ရင်း

ချက်ရင်း လျှော်ရင်း စားရင်း စွန့်ရင်းနဲ့လည်းရနိုင်ပါတယ်။

အချိန်မရွေး နေရာမရွေး တရားထူးရနိုင်တဲ့အတွက်

အချိန်မရွေး နေရာမရွေး တရာထူးရနိုင်တဲ့အတွက်

အချိန်မရွေး နေရာမရွေး တရားရှုမှတ်နေဖို့လိုပါတယ်။


၁၀။ခပ်ခွာခွာလေးနေစမ်းပါ

လက်တစ်ဖက်တည်းမှာ လက်ကောက်နှစ်ကွင်းစွပ်ရင်အသံမြည်တယ်။

တစ်နေရာတည်းမှာ လူနှစ်ယောက်ပေါင်းရင် စကားများတယ်။

စကားမများချင်ရင် တစ်ယောက်တည်းနေပါ။



မှတ်ချက်။    ။အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏စိတ်အားဖြည့်ဓမ္မသံစဉ်စာအုပ်မှကောက်နှုတ်ချက်ဖြစ် ပါတယ်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
read more

လောကနီတိ - ၁၀

  • တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
  • တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
  • အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
  • တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။

  •  A good harpist may lose skill after separation of five days from harp.
  • A good archer may lose skill after separation of seven days from bow.
  • A good wife may lose in the haviour after separation of one month from her husband.
  • Pupils may lose in qualification after separation of about half a month from teacher.

  • ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
  • ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
  • မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
  • ရဟန်းသည် တရား၌သာ မွေ့လျော်၏။

  • Buffalo delights in mud.
  • Duck delights in pond.
  • Woman delights in man.
  • Priest delights in virtue. (Dhamma)

  • ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
  • မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
  • စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
  • ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။

  • One should praise meal after being digested.
  • One should praise wife after she is over age.
  • One should praise solider after winning battle.
  • One should praise paddy after being harvest and stored in ware-house.



လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

လောကနီတိ - ၉



  • စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
  • ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
  • Scriptures and mantras not recited get lost.
  • Wealth, without being industrious may diminished and perish.

  • အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
  • တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
  • Laziness is a taint to good appearance.
  • Forgetfulness is a taint to the ascetic.

  • လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
  • လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
  • The property of the non-industrious will inevitably get into the hands of the in dustrious.
  • The lazy and stupid usually say that previous fate alone is enough to rely on without making any effort.

  •  လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။

  • ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။ 
  • The good and diligent put their energies into what ever they do. 
  • If all endeavours arrive at not fruitful end, no blame or anger is placed on the outcome.





လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

ဦးသန့် (၁၉ဝ၉ - ၁၉၇၄)၊ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် (၁၉၆၁ - ၁၉၇၁)






မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ မြေပိုင်ရှင်၊ ဆန်စက် ပိုင်ရှင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်း တို့ က ၁၉ဝ၉

ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၄ ဦး ရှိသည်။ပန်းတနော်မြို့ဆရာကြီး ဦး ဘဟန် မြန်မာကျောင်း

ကို ဦးသန့် အသက် ၅ နှစ် အရွယ်တွင် စတင် တက်ရောက် ပညာ သင်ကြားသည်။ အ င်္ဂ လိပ် - မြန်မာ နှစ်ဘာသာသင်

YMBA ကျောင်းကို ပထမတန်းမှ စ၍ တက်ခဲ့ရသည်။ ငယ်စဉ်က အင်္ဂလိပ်စာ စာ သင်ရသော အိမ်ရှိ ဖခင်ကြီး၏ စာအုပ်စင်မှ

အင်္ဂလိပ် စာအုပ်များက များစွာ အထောက်အကူ ပြုခဲ့သည်။ ဖ ခင် ကြီး ဦးဖိုးနှစ်သည် ကာလကတ္တားရှိ ဟန်းတား ကောလိပ်

(Hunter’s College) မှ ဥပစာတန်းနှင့် ညီမျှ သည့် ပညာရေးကို ရရှိထားသူ ဖြစ်သည်။ ကျောင်းသားငယ် ဦးသန့်သည်

ကျောင်းစာလုပ်ပြီးတိုင်း ဖခင်ကြီး စာ အုပ်စင် ရှိရာသို့ ရောက်တော့သည်။ Sir Arthur Conan Doyle ၏ထင်ရှားသော

Sherlock Holmes စုံထောက် ဝတ္ထုများ၊ စာရေး ဆရာကြီး William Shakespeare ၏ စာပေများ အပြင်၊ ထင် ရှား

သော သမိုင်းဝင် မြန်မာ စာဆိုတော် အတော် များများ၏ လက်ရာများကို ငယ်စဉ်ကပင် ဖတ်ရှု မြည်းစွမ်းခွင့် ရခဲ့သည်။


၁၉၂၆ ခုနှစ်တွင် ဆယ်တန်း အောင်ပြီး တက္ကသိုလ် ဥပစာတန်း ပထမနှစ် တက်သည်။ မြန်မာစာနှင့် အင်္ဂလိပ်စာ တို့ကို အဓိ

က ဘာသာတွဲ၊ မြန်မာ အနု စာပေသမိုင်း၊ သင်္ချာနှင့် လောဂျစ် တို့ကို အပို ဘာသာများ အဖြစ် ယူ သည်။ ဖခင်ကြီး ဦးဖိုးနှစ်

သည် ဦးသန့် ၁၄ နှစ်သား အရွယ်ကပင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် မိခင်ကြီးကို လုပ်ကြွေး လိုသည်က တကြောင်း၊ ၁ဝ

တန်း အောင်လာသည့် ညီငယ် ဦးခန့် (ဂန္ထလောက မဂ္ဂဇင်း၏ သက် တမ်း ရှည် မြန်မာပိုင်း အယ်ဒီတာ) ၏ ပညာရေးကို ဦး

စားပေး လိုသည်က တကြောင်း တို့ကြောင့်၊ ၁၉၂၈ ခုနှစ် တွင် ဥ ပစာတန်း ပြီးသည်နှင့် ဦးသန့် ကျောင်းထွက် လိုက်သည်။

ပန်းတနော်မြို့ အမျိုးသားကျောင်း ကျောင်း ဆရာ ပြန် လုပ်သည်။


ဦးနု (နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း) ပန်းတနော် အမျိုးသားကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုမ ထမ်းဆောင်တော့သော

အခါ၊ ဦးသန့်သည်အသက် ၂၂ နှစ် အရွယ်တွင် ကျောင်းဆရာကြီး (Headmaster) အပြင်၊ ကျောင်းအုပ်ကြီး (Superi

ntendent) တာဝန် ကိုပါ ပူးတွဲ ယူခဲ့ရသည်။သူရိယနှင့် မြန်မာ့အလင်း မ ဂ္ဂ ဇင်း တို့၌ စာများ ရေးသားခဲ့သည်။ အင်္ဂလိပ်

စာ အခြေခံ ကောင်းခဲ့သော ဦးသန့်သည် ဂန္ထလောက မဂ္ဂဇင်း တွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။

အထူးသဖြင့် ဦးသန့်သည် ပညာရေး၊ လူမှုရေး၊ စာပေနှင့် ကျေးလက် တောရွာ ပြုပြင်ရေး တို့နှင့် စပ်လျဉ်း၍ ဂန္ထလောက

From my school window (ကျွန်တော်၏ ကျောင်း ပြတင်းမှ) အင်္ဂလိပ် ဘာသာ ကဏ္ဍ အောက်မှ ဆောင်းပါးများ

စွာ ရေးခဲ့သည်။



၁၉၃ဝ ခုနှစ်က မြန်မာနိုင်ငံ အစိုးရ ပညာရေး ဌာနမှ ပြုလုပ်သော အထက်တန်း ဆရာဖြစ် စာမေးပွဲကို ဝင်ရောက် ဖြေဆို ခဲ့

ရာတွင် ဦးသန့်သည် ပထမ ရခဲ့ဖူး လေသည်။ ထိုနှစ် ၌ပင် အင်္ဂလိပ် ကဗျာ ဆရာ Robert Browning ၏ The pied

-piper of Hamelin ကဗျာရှည်ကြီးကို ဘာသာပြန် ထားသည့် “စလေ အညာ က မြွေဆရာ” ကို ဂန္ထလောကဘာသာ

ပြန် ပြိုင်ပွဲသို့ ပေးပို့ခဲ့ရာ ပထမဆု ရခဲ့ပြန်သည်။မြန်မာ ကလေးများ အ တွက် ရည်စူး၍ ဥရောပတိုက် ရာဇဝင်တွင် ထင်ရှား

သော မြို့ကြီးများ အကြောင်း ကိုလည်း မြို့ပြ ပုံပြင်များ ခေါင်း စဉ်ဖြင့် လပေါင်းများစွာ ဘာသာပြန် ရေးသားခဲ့သည်။ ပုံပြင်များ

မှာ Eileen and Rhoda Power တို့၏ Cities and their stories - An Introduction to History

ကို ဘာသာပြန်ပြုပြင်ရေး သားခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်းက ယင်းပုံပြင် များကိုပင် “အိမ်တွင်း

သိပ္ပံကျောင်း” (The University at Home) စာစု ခေါင်းစဉ်ဖြင့် မြို့ကြီး တမြို့စီ အတွက် သီးခြား စာအုပ်ငယ် ကလေး

များ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာကြီး ဖာနီဗဲလ် တို့ က တည်းဖြတ် ပေးခဲ့ကြ သည်။ နောက်

ပိုင်းတွင် ပုံပြင်များကို စုပေါင်း၍ ကာလကတ္တားမြို့ မက်မင် ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ရာ ကျောင်းစာ အုပ် အဖြစ် ပြ ဋ္ဌာန်းခြင်း

ခံခဲ့ရသည်။ ဦးသန့်၏ ဘာသာပြန် ရေးသားမှုများ အနက် အအောင်မြင်ဆုံးဟု ဆိုရပါမည်။



မြန်မာ နိုင်ငံတွင်း ဂျပန်တို့ ဝင်ရောက်လာပြီး မကြာလှ ၁၉၄၂ ခုနှစ် မေလတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် ထွန်းအုပ်

တို့က ခေါ်၍ ဦးသန့် ရန်ကုန်သို့ လာရသည်။ မြန်မာ့ ပညာရေး ပြန်လည် ပြုစုရေး ကော်မတီ အ တွင်းရေးမှူး အဖြစ် တာ

ဝန် ပေးအပ် ခံရသည်။ “မြန်မာ့ ပညာရေး စီမံကိန်းသစ်” ကို ၂ လနှင့် အပြီ ပြုစုပြီး ပန်း တနော်သို့ ပြန်သည်။ ၁၉၄၃

ခုနှစ်၊ အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်ရက် ခေတ်သစ် ပညာရေး သင်တန်းကြီး တခု ဆ ရာ၊ ဆရာမများ အ

တွက် ရန်ကုန်မြို့ စည်ပင်သာယာရေး ရုံး၌ ပြုလုပ်သည်။ အောက်တိုဘာ ၂၆ ရက်နေ့မှ စ တင် သည့် အဆိုပါ သင်တန်းကြီး

သည် ၁၂ ရက်မျှ ကြာ၍ ပန်းတနော် ကျောင်းအုပ် ဆရာကြီး ဦးသန့်က “ပြည် သူ့ တာဝန်” နှင့်ပတ်သက်သည့် ဟောပြော

ပို့ချမှု ပြုလုပ်ခဲ့သည်။



ဂျပန်ခေတ် အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် လပိုင်းမျှအလို ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် ဦးသန့် သည် မိသား

စုနှင့် အတူ ရန်ကုန်သို့ ပြောင်းရွှေ့လာသည်။ သည်တကြိမ်ကား၊ သူ၏ ဆန္ဒ အလျောက် ရန်ကုန်သို့ လာခြင်း ဖြစ်ပြီး ရည်ရွယ်

ချက်မှာ သူ အလွန် စိတ်အား ထက်သန် နေသည့် အင်္ဂလိပ် ဘာသာဖြင့် မဂ္ဂဇင်း တစောင် ထုတ်ရန် ဖြစ်သည်။ ရန်ကုန်

ရောက်ပြီး ၁ဝ ရက်မျှ အကြာ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံ ခံရ သည်။ ဆာဟူးဘရန့်စ်၏ တာဝန် ပေးချက် အရ၊ ဦးနု

ဦးဆောင်ကာ အစိုးရ အဖွဲ့သစ် ဖွဲ့သည်။ ဦးနုကသူ၏ ဖဆပလ အဖွဲ့ချုပ်တွင် ပြန်ကြားရေး အရာရှိလုပ်ပေးရန် ဦးသန့်ကို ခေါ်

လေ တော့သည်။


နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းချိန် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် လူထု အကြား ဆက်သွယ်ရေး မည်မျှ အရေး ပါကြောင်း ဦးသန့်

သဘော ပေါက်သည်။ ထို့ကြောင့် ကမ်းလှမ်းချက်ကို လက်ခံ လိုက်သည်။ သူ၏ မဂ္ဂဇင်း ထုတ်ဝေရန် ပြုစု ပျိုးထောင် ခဲ့သော

ရည်ရွယ်ချက်များမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ မြှပ်နှံ လိုက်ရပြီး လည်း ဖြစ်လေသည်။



သြဂုတ်လ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း (စာပေ ဗိမာန်) ကို တည်

ထောင်သည်။ ဦးသန့်က အုပ်ချုပ်ရေး ကောင်စီ၏ အကျိုးဆောင် အတွင်းရေးမှူး ဖြစ်လာသည်။ ဦး သန့် လည်း လွတ်လပ်

ရေး ရပြီးနောက် ပြန်ကြားရေး ဌာန ဒုတိယ အတွင်းဝန်၊ နောက် ၁၉၄၉ ခုနှစ်တွင် အတွင်း ဝန် ဖြစ်လာသည်။



၁၉၅၄ ခုနှစ်တွင် ဦးနု၏ အတွင်းဝန် ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်မှာ မြန်မာ့ စီးပွားရေးနှင့် လူမှုရေး ဘုတ် အဖွဲ့၏ အတွင်း

ရေးမှူး အဖြစ် ပူးတွဲ တာဝန် ယူခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ၏တာဝန် ပေးချက်အရ၊ ပစ္စုပ္ပန်မြန် မာနိုင်ငံ သမိုင်း

သက်ရောက်သော ဗမာ ကျိုးပမ်းမှု ကျမ်းတစောင် ဖြစ်သည့် “ပြည်တော်သာ ခရီး” ကို စ တင် ပြု စုသည်။ ပြည်တော်

သာ ခရီးကို ၄ နှစ်မျှ အချိန်ယူ ပြုစုခဲ့ပြီး နောက်ဆုံးနှင့် တတိယပိုင်းကို ဦးသန့်သည် သူ ကုလ သမဂ္ဂ ဆိုင်ရာ အမြဲတမ်း

ကိုယ်စားလှယ် ဖြစ်ပြီး တနှစ် အကြာ ၁၉၅၈ ခုနှစ် နှစ်ကုန်ပိုင်း တွင်မှ အပြီး သတ် နိုင် ခဲ့သည်။



၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ကု လ သမဂ္ဂ

အထွေထွေညီလာခံဒုတိယ ဥက္ကဋ္ဌ၊ ၁၉၅၉ ခုနှစ်တွင် ကုလ သမဂ္ဂ ကွန်ဂို ပြဿနာ ဖျန်ဖြေရေး ကော် မရှင် ဥက္ကဋ္ဌ ဖြစ်သည်။


၁၉၆၁ ခုနှစ်တွင် အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုး ကွန်ဂို နိုင်ငံ ကိစ္စ ခရီးသွားစဉ် လေယာဉ် ပျက်ကျ သေ ဆုံး ရာ၊ ၁၉၆၁

ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့တွင် ဦးသန့်ကို အတွင်းရေးမှူးချုပ် အဖြစ် အများ သဘောတူ ရွေးချယ် ခန့်အပ်သည်။ ငါးနှစ်

သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး၊ ၁၉၇၁ ခု၊ ဒီဇင်ဘာတွင် ရာထူးမှ အနားယူသည်။



၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရ ဧည့်သည်တော် အဖြစ် မြန်မာနိုင်ငံသို့ ၃ ရက် မျှ ပြန်ရောက်

ခဲ့သည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ရက်ပိုင်း နှင့်လည်း တိုက်ဆိုက် နေ၏။ ဆရာကြီး၏ ရုပ်ကလာပ်

ထားရှိရာ စမ်းချောင်း နေအိမ်သို့ ဦးသန့် သွားရောက်၍ ဂါရဝ ပြုခဲ့သည်။



၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် နိုင်ငံတော် အစိုးရ ဧည့်သည်တော် အဖြစ် ဦးသန့် မြန်မာနိုင်ငံသို့ တဖန် ပြန်လည် ရောက်

ရှိ လာပြန်သည်။ဦးသန့်သည် အတွင်းရေးမှူးချုပ် အဖြစ် တတိယ ကမ္ဘာစစ် အထိ ဖြစ်ပွား နိုင် သည့် ကျူးဘား ဒုံးပျံ အရေး

အခင်းကို အောင်မြင်စွာ ဖျန်ဖြေ စေ့စပ် ပေးနိုင်ခဲ့သည်။ ထိုအပြင် ဦးသန့်သည် နိုင် ငံတ ကာ ပြဿနာများကို ကုလ သမဂ္ဂ

အားကိုယ်စားပြု၍ ဖြေရှင်းရာတွင် ကျွမ်းကျင် လိမ္မာပြီး၊ ဘက်ပေါင်းစုံ သင့်တင့်အောင် ဆက်ဆံနိုင်သူအဖြစ် ထင်ရှား ခဲ့သည်။



ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် တခါက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် အမှတ်တ ရ ဖြစ် ရပ်တခု

ရှိခဲ့ပါသည်။ ဖဆပလ ပြန်ကြားရေး ဌာန အတွင်းဝန် ဖြစ်ပြီးနောက် ၁၉၄၉ - ၅ဝ ခုနှစ်မှာ လက်နက်ကိုင် တော်လှန်မှု များ

ကြောင့် ပြည်တွင်း မငြိမ်သက်သည့် ကာလ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး တရား ဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ရေး

ရာ များကို မြန်မာ့ အသံမှ ဦးသန့် မှန်မှန် အသံလွှင့် ပြောကြားရသည်။ ထို အ ချိန်တွင် ဦးနု၏တာဝန်ပေးချက်အရ၊ ဦးသန့်

သည် ယာဉ်မောင်းနှင့် နှစ်ယောက်တည်း လက်နက်ကိုင်တော်လှန် သူများဌာနချုပ်ရှိရာ အင်းစိန်သို့ စွန့်စွန့်စားစားသွားရောက်

ပြီး၊ တော်လှန်ရေး ခေါင်းဆောင် ၂ ဦး ဖြစ်သော စောဟန်သာမွှေးနှင့် စောဘဦးကြီး(မအူပင် ပညာအုပ်ဟောင်း)တို့နှင့်တွေ့

ရသည်။ အပစ်အ ခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးသည်။ သို့သော်လည်း အခြေအနေ အရ ကြိုးစားမှု

မအောင်မြင် ခဲ့ပေ။



ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ပြီး၊ တဦးတည်းသော သမီး ဖြစ်သူ အေးအေးသန့် ထွန်းကားခဲ့သည်။ ဦးသန့်သည်

၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက်နေ့အသက် ၆၅ နှစ်အရွယ်တွင်အမေရိကန်နိုင်ငံ နယူးယောက် မြို့မှာ ကွယ်လွန်ခဲ့သည်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဦးသန့် ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက် ရှိလာသည်။ ဗိုလ်နေဝင် ဦးဆောင်သည့်

စစ်အစိုးရက ပြီးစလွယ် မြင်းပြိုင် ကွင်းဟောင်းတွင် ထားကာ၊ ဒီဇင်ဘာ လ ၅ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်မှာကြံတော

သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မည့် အစီအစဉ်ကို ကျောင်း သားများ ဦးဆောင်သည့် ရဟန်း ရှင်လူ ပြည်သူ အပေါင်းက လက်

မခံနိုင်ဘဲ၊ ဦးသန့် ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေ ဘွဲ့နှင်းသဘင် ခန်းမရှေ့သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား သမဂ္ဂ

အဆောက်အဦဟောင်း နေ ရာမှာ ငြိမ်းချမ်းရေး ဂူဗိမာန် တည်ဆောက်သင်္ဂြိုဟ်ခဲ့ရာမှ ဦးသန့် အရေးအခင်း ဖြစ်ပွားခဲ့ရသည်။

မတတ်သာ သည့် အဆုံးတွင်မှ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဦးသန့် ရုပ်ကလာပ်ကို ကန်တော်မင် ပန်းခြံတွင်

သင်္ဂြိုဟ်ခဲ့သည်။



ဦးသန့်အား မြန်မာနိုင်ငံ အစိုးရက

၁၉၄၉ ခုနှစ်တွင် ဝဏ္ဏကျော်ထင်

၁၉၅၃ ခုနှစ်တွင် သီရိပျံချီ

၁၉၅၇ ခုနှစ် တွင် စည်သူဘွဲ့

၁၉၆၁ ခုနှစ်တွင် မဟာသရေစည်သူဘွဲ့

များ ချီးမြှင်ခဲ့ပြီး၊ ယူဂိုဆလပ်နိုင်ငံ မာရှယ်တီးတိုးက ယူဂိုဆလပ်တံခွန်ဘွဲ့ ချီးမြှင့်ခဲ့သည်။


ကုလ သမဂ္ဂ ကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန့်၏ အတ္ထုပ္ပတ္တိ စာမျက်နှာတွင်၊ ဦးသန့် အား အောက်ဖော်ပြပါ

တက္ကသိုလ် များက ဂုဏ်ထူးဆောင် ဘွဲ့များ (LL.D.) ပေးအပ် ချီးမြှင့် ခဲ့ကြောင်း ဖော်ပြထားသည်။


(၁) Carleton University, Ottawa, Canada (25 May 1962);

(၂) Williams College, Williamstown, Massachusetts (10 June 1962);

(၃) Princeton University, Princeton, New Jersey (12 June 1962);

(၄) Mount Holyoke College, South Hadley, Massachusetts (2 June 1963);

(၅) Harvard University, Cambridge, Massachusetts (13 June 1963);

(၆) Dartmouth College, Hanover, New Hampshire (16 June 1963);

(၇) University of California at Berkeley, California (2 April 1964);

(၈) University of Denver, Denver, Colorado (3 April 1964);

(၉) Swarthmore College, Swarthmore, Pennsylvania (8 June 1964);

(၁ဝ) New York University, New York (10 June 1964);

(၁၁) Moscow University, Moscow, Soviet Union (30 July 1964);

(၁၂) Queen’s University, Kingston, Ontario (22 May 1965);

(၁၃) Colby College, Waterville, Maine (6 June 1965);

(၁၄) Yale University, New Haven, Connecticut (14 June 1965);

(၁၅) University of Windsor, Windsor, Ontario, Canada (28 May 1966);

(၁၆) Hamilton College, Clinton, New York (5 June 1966);

(၁၇) Fordham University, Bronx, New York (8 June 1966);

(၁၈) Manhattan College, New York (14 June 1966);

(၁၉) University of Michigan, Ann Arbor, Michigan (30 March 1967);

(၂ဝ) Delhi University, New Delhi, India (13 April 1967);

(၂၁) University of Leeds, England (26 May 1967);

(၂၂) Louvain University, Brussels, Belgium (10 April 1968);

(၂၃) University of Alberta, Edmonton, Canada (13 May 1968);

(၂၄) Boston Unversity, Boston, Massachusetts (19 May 1968);

(၂၅) Rutgers University, New Brunswick, New Jersey (29 May 1968);

(၂၆) University of Dublin (Trinity College), Dublin, Ireland (12 July 1968);

(၂၇) Laval University, Quebec, Canada (31 May 1969);

(၂၈) Columbia University, New York City (3 June 1969);

(၂၉) the University of the Philippines (11 April 1970);

(၃ဝ) Syracuse University (6 June 1970).


အောက်ဖော်ပြ တက္ကသိုလ် များမှ ဦးသန့်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ် ချီးမြှင့် ခဲ့သည်။


(၁) Doctor of Divinity, The First Universal Church (11 May 1970);

(၂) Doctor of International Law, Florida International University, Miami, Florida

(25 January 1971);

(၃) Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971);

(၄) Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New

York, (30 May 1971);

(၅) Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971).




အားလုံးသိပြီးသားဖြစ်မှာပါ...မသိသေးတဲ့သူတွေအတွက်ဗဟုသုတအဖြစ်ဖော်ပြပေးတာပါ...ဒီ ဦးသန့် အတ္ထုပ္ပတ္တိလေးကို

မြန်မာ့သတင်းကွန်ယက် မှကူးယူပြီးဆောင်းပါးအဖြစ်ပြန်လည်တင်ပြပါသည်ခင်ဗျာ...
read more

Saturday, March 3, 2012

အောင်ဆန်း သို့မဟုတ် အရိုင်း





(၁)

သူ၏ အောက်မှလူထုကြီးသည် စည်းကမ်း သေဝပ်ခြင်းအတန်ငယ်ကင်းမဲ့စွာနားထောင်လျက်ရှိ၏။ လူထုကြီး သည်

စူးစိုက်ခြင်းမရှိ၊ တချက် ပြုံးရယ်၍ နေ၏။ နောက်နားရှိလူထုအစိတ်အပိုင်းတခုကားအချင်းချင်း ခေါင်းချင်း ကပ်ကာ

တီးတိုး ပြောနေကြ၏။ သို့သော်ပျက်ရယ် ပြုခြင်းကားမရှိ။ လေးစားခြင်းသည်အားလုံး၌ တညီတညွတ် တည်းရှိ၏။

အစိမ်းရောင်ကတ္တီပါကားကြီးသည် သူ့ကို နောက်ကားခံ ၍ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ၊ တောတောင်မှချယ်

လှယ် ထားခြင်း မရှိ။ ပကတိပိန်းပြောင်ပြောင်ဖြစ်၏။ကတ္တီပါကားသည်အခြာဘာအဓိပ္ပာယ် ကိုမျှ ထူးထူးထွေထွေ

မဖော်ပြ၊ သို့သော် မှိုင်းညို့ခြင်းတခုကိုသာရဲဝံ့စွာ ဆောင်ရွက် နေသည်။ သူသည် သည်စိမ်းညိုသော ကားကြီး၏

ရှေ့ စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် မြန်မာပထဝီ မြေကြီးမှ မြန်မာ ဝါဂွမ်းဖြင့်

ယက်လုပ်သည့် ပင်နီဖျဉ်ကြမ်း ကြီးကို ဝတ်ထား၏။ လုံချည်မှာနီရဲသောရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ

ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်း ဒေသ အီကွေတာ ပေါ်ရှိ ကျွန်းစုများတွင်

နေထိုင်သော မွန်ဂိုလီယံ အနွယ် လူရိုင်း မျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတယောက် မျက်နှာနှင့်

လည်း တူ၏။ တက္ကသိုလ် ကျောင်းသား လူလတ် တန်းစား၏ လက္ခဏာ ဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေး

သိမ်းမွေ့ခြင်းတို့သည် သူ့တွင်လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာတကာ တွေ့မြင် နိုင်သောသာမန်ဆင်းရဲသား

တဦးနှင့်သာတူ၏။လူထုထဲမှလူတဦး၏အသွင်အပြင်မျိုးသာ ဖြစ်၏။ သူသည်လက်နှစ်ဖက်ကို ဘေးသို့ကား၍လှုပ်

ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမ ရှိ၊ ချောမွေ့ခြင်းမရှိ၊သို့သော်အတွင်း၌ကား

အနက်ပါ၏။ သင်ပဌမဆုံး တွေ့မြင်သော အောင်ဆန်း၏ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို

ရေးပြမည်ဖြစ်ပေသည်။ ထိုအခါကား ၁၉၃၆ ခု၊ ပထမဆုံး ကျင်းပ အပ်သော ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်း

သားများ ညီလာခံကြီးကို ရန်ကုန်ဂျူဗလီဟော ခန်းမတွင် ဆင်ယင်သော အခါ ဖြစ်ပေသည်။ ကျွန်တော်သည်

အထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ၊ နယ်မှ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသား

ညီလာခံသို့တက်ရောက် စဉ်အောင် ဆန်း စကားပြောသည်ကို တွေ့ရခြင်း ဖြစ်ပေသည်။ ၁၉၃၆ ခု၊သပိတ်မှောက်

ကိစ္စ တောက်လောင် တော့မည့် ဆဲဆဲ၊ မီးခိုးများ အူနေသည့် အခိုက် ‘အောင်ဆန်း’အမည်ကို သတင်းစာ များ

တွင်ဖတ်ရသောအခါသူ့ကိုသိချင်သောစိတ်ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာတက္ကသိုလ်သမဂ္ဂအသင်း၏ကြွေး

ကြော်သံ ဖြစ်သောအိုးဝေမဂ္ဂဇင်းအယ်ဒီတာဖြစ်၏။ ကျွန်တော်မှာစာပေဝါ သနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေ

မဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏၊ သူ့အကြောင်းကို သိချင်၏၊ တွေ့ဘူးချင်၏။ သို့သော် ဂျူဗ

လီဟော ကျောင်းသားများညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင် ကြားနာရသော အခါ အ

ထင်နှင့် အမြင်ကွာ နေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ် ကျောင်းသာ၊ ရုပ်ဖြောင့်၊ ဂိုက်

ကျ၊ စကား ပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့်အတော် အထင်ကြီးထားလေ၏ ။ တွေ့ရသော အခါ

ရုပ်ကလည်း မဖြောင့်၊ စကားပြောလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။ထိုအခါ ကျွန်တော့်မှာ အရွယ် နု

နယ်သေး၍စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကိုရုပ်ဖြောင့် စေချင်၊ စကား ပြောကောင်း စေချင်နေ၏။ ထို့ကြောင့်

စိတ်ထဲက မကျေနပ်။


(၂)

နောက် ၁ နှစ်ခန့် ကြာသော အခါ၊ ကျွန်တော်သည် တက္ကသိုလ်သို့ ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့်

၁၉၃၇ - ၃၈ ခုနှစ်တွင်ကိုအောင်ဆန်းသည်တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဌ၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သ

မဂ္ဂတွင် ဥက္ကဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိ ဖြစ်လာ၏။ အသိ ဖြစ်ရုံ ဖြစ်သည်၊ မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍ မဖြစ်၊ သူသည်ရင်းနှီး၍ရသောလူစားမျိုးမဟုတ်၊ နိုင်ငံရေးအတူတူတွဲဖက် လုပ်လျှင်သာသူနှင့် ရင်းနှီးမည်

ဖြစ်၏။ တက္ကသိုလ်တွင် နေစဉ် ကျွန်တော်သည် သမဂ္ဂ နိုင်ငံရေးကိုသာ တဖက်သတ် မလိုက်၊ စာပေ ကဗျာလည်း ရေးချင်၏။

ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက် ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဗဟိန်းက အသိ ဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမား သက်သက် မ

ဟုတ်သဖြင့် သူ၏ အသိ မိတ်ဆွေထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။ သခင် ဗဟိန်းနှင့်ကား သည်

လို မဟုတ်။ သခင် ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့သူ ဖြစ်၏။ စာပေ၊ ကဗျာ၊ လင်္ကာကို နှစ်သက်၏။ ဂီတကိုချစ်၏။ ထို့ကြောင့်

သူနှင့်ကျွန်တော် ခဏနှင့်ပင်ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ် ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်။ ကျွန်တော်

ကား နိုင်ငံရေး သမားလည်း မဟုတ်။ သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်း နှင့်ကား သည်ကဲ့သို့ မဟုတ်။ ကျွန်တော် စာ

ရေး ဝါသနာ ပါသည်ကို ကိုအောင်ဆန်း သိ၏။ သို့ရာတွင် ကျွန်တော် ရေးခဲ့သော ဒဂုန် မဂ္ဂဇင်းမှရတု ပိုဒ်စုံစသော ကဗျာများ၊

ဝတ္ထုတို၊ ဆောင်းပါး စသည့်စာပေများကို သူအကုန် ဖတ်ဖူး လိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်း မဟုတ်။ သို့

သော် တခါက သခင် ဗဟိန်းနှင့်အတူ သမဂ္ဂ အမှုဆောင် ကော်မ တီအခန်းတွင်ပင်းယမဂ္ဂဇင်း၌ပုံနှိပ်ထားသောကျွန်တော်၏

ဆောင်းပါးတခုကိုကားကျွန်တော့် ရှေ့တွင်ဖတ်သည်ကို တွေ့ရ ဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။ ကိုအောင်ဆန်းသည်

လည်းအင်္ဂလိပ် မြန်မာ ဆောင်းပါးရှင် တဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး သားသော သူ၏ ဆောင်းပါးများကို

ဂန္ထလောကမဂ္ဂဇင်းတွင်ဖတ်ရ ဖူးသည်။ သူသည်ဗုဒ္ဓဘာသာတရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။

ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အ

လှန် ရေးသည်။ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အသင်း၏ွွေ့ကးကြော်သံ ‘မျိုးညွန့်’ မဂ္ဂဇင်းတွင် ပါ

သော သူ၏ ‘လောကဝိဟာ’ အမည်ရှိဆောင်းပါးတိုကလေး ကိုကား သဘော ကျခဲ့၏။ ကမ္ဘာ လောကကြီးအား ကိုယ်

တွေ့ပညာဗဟုသုတအမြင်တို့ကို ပေးသောစာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် မြန်

မာစာ အရေး ညံ့သူ မဟုတ်ပေ၊ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။ တခါတရံ ဟာသဉာဏ် ပါ၏။

ပုသိမ် မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ၌သူ၏ ဥက္ကဌ မိန့်ခွန်းတွင် ကင်းဘဲလ်အစီရင်ခံစာကို ‘ပညာရေး

ပူရာဏ် ကျမ်းကြီးပေ တကား….’ ဟု ပြောင်လှောင် ထားသည်မှာ သရော်ချက်ပါပေသည်။ ကျောင်းမှထွက်ပြီးဒို့ဗမာအ

စည်းအရုံးသို့ဝင်သောအခါငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်းကျွန်တော့်ကို ပြော၏။

ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများပါစေသည်။ ဒဂုန် မဂ္ဂဇင်းက ကိုအောင်

ဆန်း ရေးသော ဆောင်းပါးများအတွက် ဆုချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား‘နိုင်ငံရေးအမျိုးမျိုး’ဟူသော

ဆောင်းပါး ဖြစ်သည်။ ဂရိ နိုင်ငံရေးအစချီ၍မျက်မှောက် မြန်မာနိုင်ငံရေးအခြေအနေ အထိ ရေး၏။ စာပြောင်၏။

ဖတ်၍ ကောင်း၏။ သူလည်း ဒဂုန်တွင် ကြာကြာ မရေးရ၊ မကြာခင် ဂျပန် ပြည်သို့ ထွက်သွားသဖြင့် သူ့ ဆောင်း

ပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ငြိုးထား၍လားမပြောတတ်၊ ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ် မှာပင် ပိတ်ခြင်း ခံရ

ရှာလေသည်။


(၃)

သမဂ္ဂဥက္ကဌ ဖြစ်သော ၁၉၃၈-၃၉ ခုနှစ်ကသူသည် ဘီအယ်လ်တန်းတွင် ရှိ၍ပဲခူး ကျောင်းဆောင်အလယ်ထပ် တွင် နေသည်။

သူ၏အခန်းသည်သပ်ယပ်ခြင်းကင်းမဲ့၏။ အခန်းတွင်စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့၊ ဘီ

ဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကြဲကာ ရုန်းရင်း ဆန်ခတ် ဖြစ်၍ နေကြ၏။ သူသည် အင်မတန် စာဖတ်သူ တ

ယောက် ဖြစ်၏။ သူသည် ဒေါသ ကြီးသူ တဦး ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့် အဖို့ကား ဒေါသကြီး

သည် မကြီးသည်ကို မသိ၊ သူ့တွင် စိတ်လိုက် မာန်ပါ စိတ်တွေ ရှိသည်ဟုကျွန်တော် ထင်၏။ နှစ်ကိုကား အသေအချာ

မမှတ်မိတော့။ သပိတ်မှောက်နှစ်လည် အထိမ်းအမှတ်ပွဲတခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သတ်ထဲက ထ၍

ဝေဖန် စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလား ကျောင်းသားတဦး

က ဥက္ကဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်ရာ ၌အတော် ထိခိုက်သော အပြစ်တွေကို ထုတ်ဖော် ပြောလေသည်။ ကု

လား ကျောင်းသား ပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည် ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်း

သည် မစ္စတာရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ‘ရဲရင်ထွက်’ စသော အသုံးမျိုး သုံး၏။ လက်

သီး ဆုပ်ကာ ကုလားအနီးသို့တိုး၍ သွား၏။ ဘေးက ကျောင်းသား များကဝိုင်း၍ ဆွဲထား ကြလေ၏။သူသည် ဒေါသ

ကြောင့် ဆတ်ဆတ် တုန်လျက် ရှိလေသည်။ ကုလား - ဗမာ အဓိကရုဏ်း အပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ်

ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ညိုမြ အမှူး ရှိသော ကျောင်း

သားတစုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည် မရှိ အဆို တင်သွင်း၏။ ထို အစည်းအဝေး၌ ကိုအောင်ဆန်း

သည် ညိုမြကို ဒေါပွကာ ဥက္ကဌကုလားထိုင်မှ နေ၍ ညိုမြ အတင်းကို တော် ပြောလိုက်လေသည်။ သည်လို စိတ်လိုက်

မာန်ပါ ပြောပြီး နောက်တပတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအားရှုတ်ချသော စကားများကို

ရုပ်သိမ်း လိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ် ကျောင်းဆောင် အသီသီးတွင်ထွက်ပေါ်၍လာလေသည်။ တက္ကသိုလ်

တွင်ရှိစဉ်ကကိုအောင်ဆန်းသည်ပြုံးသောမျက်နှာထားကိုထားခဲ့၏။ သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တခါ တွေ့ဖူး

သော သူကို နောက်တခါ တွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကို သိသူက ပြုံးပြ သော်လည်းသူသည်တုံ့ပြန်၍ပြုံး

ချင်မှပြုံး၏။ ဥက္ကဌ ဖြစ်သဖြင့်သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာတွေး

နေဟန် တူ၏။ မြန်မာပြည်၏လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့်သူသည်သုန်မှုန်လျက်ရှိနေသည်။ သူစကား

ပြောလျှင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ ပြောနေစဉ် ဘေးရှိ လူများက နားထောင် နေရသည်။ ဘေး

က လူများ၏ စကားကို သူမကြား၊ သူပြောချင် တာတွေ ကိုသာ စွတ်၍ ပြောနေ တတ်သည်။

(၄)

တခါကရန်ကုန်ကိုဂျပန်တို့သိမ်းပိုက်စအချိန်၊ ဝိတိုရိယရိပ်သာရှိအိမ်တအိမ်တွင်သခင်မြနှင့်ရဲဘော်များ နေထိုင် လျက် ရှိ

ကြသည်။ ကျွန်တော့် မှာလည်း တောက ရောက်ခါစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်ကထိုင်ကာတီးနေ

၏။ ဘေးမှ သခင်စံဝေနှင့် တက္ကသိုလ် ကျောင်းသား အချို့က ဝိုင်း၍ သီချင်း လိုက်ဆိုလျက် ရှိ၏။ ဘီအိုင်အေ သမား

များမှာ ဂီတ အင်မတန်ငတ်နေ၍ သီချင်းသံကို တောင့်တသဖြင့် အတင်း တီးခိုင်း ကြ၏။ စန္ဒယားမှာ အသံတွေ ပျက်

နေ၏။ “ချစ်ခင် မှာလား ….ကြင်မှာလား ခင်ခင်ရယ် …. ချစ်သဲနွယ် …. အဟုတ်ကို ချစ်တော့မယ် …. ခင်ရယ်ကြင်

မယ် ….။ ဝိုင်း၍ သီဆို နေကြရာမှ သည်နေရာ သို့ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် - ဂေါက်- ဂေါက်

နှင့် တဖက်မှ လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက် ရပ်လျက် ….‘ဟေ့…ရပ်ကြ။ ခုလို အခါမျိုးမှာ ရဲစိတ်

ရဲမာန် တက်စေမယ့် ရဲတင်းသံ ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးကမဟန်ဘူး….”ရုတ်တရက် ကြောင်

၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။ သူသည် သူ ပြောချင်တာ ပြောပြီး၍ထွက်သွားလေသည်။ ကျွန်တော်

တို့လည်း ဆက်လက် သီဆိုကာကျန်ရစ်ခဲ့ကြသည်။ သူကားသည်လိုလူစားမျိုး။ သမဂ္ဂဥက္ကဌကိုလှမောင်(ယခုသံအမတ်)၏

လက်ထပ်ပွဲသည်ဘီအိုင်အေ ခေတ်၌ ရွှေတောင်ကြားတွင်ကျင်းပသည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင်

ပထမ ဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးလျက် ရှိကြ၏။ စန္ဒယားဆရာ တ

ဦးက တီးကာ ဖျော်ဖြေလျက် ရှိသည်။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားကို ရပ်စေကာ ကျွန်တော့်ကို လူကြား

ထဲမှ အတင်း ဆွဲခေါ်၍ သီချင်းတပုဒ်ကို ဇွတ်တီး ခိုင်း၏။ သူသည်စန္ဒယားကို လက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ

၏။ တီးသော သီချင်းမှာ‘ကဉ္စန’ သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တပုဒ် တီးခိုင်း ပြန်၏။ တခါ

က ဂျပန်ခေတ် ဝန်ကြီး တဦး၏ ထမင်း စားပွဲတွင် သူ လာ၏။ ထမင်း စားပွဲာစမည် ပြုသောအခါ သူ့ကိုစစ်သေနာပတိ

ဟု အားလုံးက လေးစားသော အားဖြင့် ထမင်းစားခန်းကြီး ထဲသို့ သူ့ကို အရင် ဝင်စေ၏။ ဧည့်သည်များကား အဝတွင်

ရပ်၍ သူ့အဝင်ကို စောင့်လျက် နေကြသည်။ သူသည် စစ်ဝတ် စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလား

ထိုင်တွင် ဝင်ထိုင် လိုက်ပြီး ဇက်ကနဲ ဘယာကျော်တတုံးကိုယူစားလိုက်လေ၏။ သူ ထမင်းစားနေစဉ်ဧည့်သည်လာ ၍

လည်း မြန်မာ့ဧည့်ဝတ်ထုံးစံအရ ထမင်းစားပါအုံးလားဟုခေါ်ချင်မှခေါ်သော လူစားမျိုး ဖြစ်၏။ ဒါကြောင့် သူ့ကို မိတ်

ဆွေရင်းများက ‘ကြောင်’ သည်ဟု အမှတ်ထားကြလေ၏။


(၅)

သူ့တွင် သိမ်မွေ့ခြင်း မရှိ၊ အလှအပကိုသူမမက်မော၊ သူကြမ်းတမ်းသည်၊ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင်ရှိ

သောဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်းစသည်တို့ကိုသူသည်လုံးဝဂရုမစိုက်။ ဂီတ ၊ပန်းချီ၊ သဘင်စသောအနုပညာရပ်များ

ကိုမလိုက်စား၊ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင်မလုပ်၊ သူ၏နဂိုအတိုင်းခပ်ရိုင်းရိုင်းခပ်ကြမ်းကြမ်း မပြုမပြင်ဘဲနေ

၏။ သူ့တွင် နိုင်ငံရေး ဝိဉာဉ်ကားပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တခုတည်းကိုသာလုပ်သော လူတဦး ဖြစ်၏။

သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏။ကိစ္စမရှိ။ သူသည်ဧည့်ခံခန်းဆောင်မှဂုဏ်သရေရှိ လူကြီး လူကောင်း မဟုတ်။

တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စ မရှိ။

၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံး တွေ့၏။ သူသည် အနုပညာ အကြောင်းကို ပြောပြ၏။ “အနုပညာဆိုတာ

ရှိတာပဲ၊ လင်မယား ဘဝ မှာလဲ အနုပညာ မဲ့ရင် လင်မယား ကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေး မှာလဲ အနုပညာရှိတာ

ပဲ။ အနုပညာ မြောက်မှ တော်လှန်ရေးဟာလဲတကယ့် တော်လှန်ရေးအစစ်ပဲ….”။ ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ

လက်မထပ်ခင် ၃ - ၄ ရက် အလိုက ကိုဗဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။ သူသည် ဧည့်ခန်းရှိ အဖုံး

ပိတ်ရှိသော စန္ဒယားတွင် လက်ထောက်ကာ “ဒီမယ် … အိမ်ထောင် ပြုတယ် ဆိုတာ သိပ် စဉ်းစား တွေဝေ နေလို့ မရ

ဘူးဗျ။ တခါထဲ ဇွတ်လုပ် လိုက်ရတယ် …” ဟု မမေးဘဲ သူ ဘာသာသူ ပြောနေ၏။ လက်ထပ် ပြီးစက ကျွန်တော်

ရေးလျက် ရှိသော လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ်နှင့် ပတ်သက်၍ သူနှင့်တိုင်ပင်ရန် အင်းလျား ကန်စောင်းရှိ သူ့အိမ်

သို့ ရောက်သွား၏။ ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသောအခါသူ့ နှုတ်ခမ်းတွင် ရဲနေ သည်ကို တွေ့ရ၍

မပြုံးမိအောင်ဟန်ဆောင် နေရ၏။ သည့်နောက်သူနှင့်ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့လည်းအကြောင်းမရှိ။အကြောင်းမ

ရှိဘဲသူ့ဆီသွားလည်လည်း ဖော်ဖော်ရွေရွေ လောကွတ် ပျူငှာ ခေါ်မည့် လူစား မျိုးလဲမဟုတ်။



တခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့်တပြုံကြီးကို မြင်လိုက်ရ၏။ “အော်…သား

နဲ့ မယား နဲ့မို့ လူစိတ် တော်တော် ပေါက်လာပြီ၊ အရင် ကလို ‘ကြောင်’ တော့မည် မဟုတ်၊အ ကြမ်း အရိုင်းမှ ယဉ်

ကျေးတော့မည်” ဟု အောက်မေ့လိုက်၏။ မှန် မမှန်ကား မပြောတတ်။ ဖဆပလ ဥက္ကဌ၊ အမျိုးသား ခေါင်းဆောင် ဦး

အောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်၊ သူ၏ လူအဖြစ်သာ ကျွန်တော် သိသည့်

အထိ ပြောပြခြင်း ဖြစ်ပေသည်။ တခုတော့ ထင်သည်။ သူသည် လူထဲမှ လူတဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူ

ထု ခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။ ။



ဒဂုန်တာရာ

ဒီဇင်ဘာလ၊ ၁၉၄၆ (ရုပ်ပုံလွှာမှ)
read more

Thursday, March 1, 2012

သစ္စာသည်သာအားကိုးရာ(စိတ်အားဖြည့်ဓမ္မသံစဉ်-၂)















နှလုံးသားကို သော့ခတ်ထားပါ။

ချစ်ရတာလည်းဒုက္ခ၊ မုန်းရတာလည်း ဒုက္ခပါပဲ။

ချစ်တဲ့သူကိုမတွေ့ရရင်၊ စိတ်ပူလောင်ရသလို

မုန်းသူကိုမြင်ရရင်လည်း စိတ်ဆင်းရဲရပါတယ်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှ မချစ်ပါနဲ့။

စိတ်မဆင်းရဲချင်ရင် ဘယ်သူကိုမှမမုန်းပါနဲ့။



သစ္စာသည်သာအားကိုးရာ။

အရေးကြီး ကိစ္စကြုံတိုင်း ကြုံတိုင်း ကိုယ်အားထုတ်ထားခဲ့တဲ့

ကုသိုလ်ကောင်းမှုတွေ ကိုယ်ပြုလုပ်ထားခဲ့တဲ့ အပြုသဘောလုပ်ရပ်တွေကို

သစ္စာဆိုတိုင်တည်ပြီး ဆုတောင်းလိုက်ပါ။

လိုအင်ဆန္ဒအားလုံး ပြည့်ဝပါလိမ့်မယ်။



အမှန်ရှာမှ အရှာမှန်မယ်။

မိမိကိုယ်တိုင်က သေခြင်းသဘော ပျက်ခြင်းသဘောရှိပေမယ့်

မသေမယ့် သဘော မပျက်မယ့်သဘောကို

ရှာဖွေနိုင်ခဲ့မယ်ဆိုရင် အဲဒီရှာဖွေခြင်းဟာ

မြင့်မြတ်သော ရှာဖွေခြင်းပါပဲ။

ဘာလို့လဲဆိုတော့ သေခြင်းတရားက လွတ်မြောက်နိုင်လို့ပါ။



စိတ်ကိုနေ့တိုင်းရေချိုးပေးပါ။

သတ္တဝါတွေရဲ့ စိတ်အစဉ်ဟာ ပုံမှန်အားဖြင့်

ကိလေသာအညစ်အကြေးတွေနဲ့ ညစ်နွမ်းပေကျံနေပါတယ်။

စိတ် တက်ကြွမှုမျိုးစုံ၊ စိတ်ပျက်ကျမှုမျိုးစုံနဲ့

ညစ်ပတ်ချင်တိုင်း ညစ်ပတ်နေတဲ့

စိတ်အစဉ်ကို သတိပဋ္ဌာန်ရေစင်နဲ့ သွန်းလောင်းဆေးလျှော်မှသာ

ဖြူဖွေးသန့်စင်သွားနိုင်ပါတယ်။



ဒီနေ့ကောင်းဖို့က အဓိက။

ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း

ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို

မလိုအပ်ဘဲတွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။

မသေခင်ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ

စိတ်ကိုတည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို

အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။



အလှသေမှ အသေလှမယ်။

ဘဝပြတ်အောင်အားမထုတ်နိုင်သေးသူအတွက်

သေခါနီးမှာ တမလွန်ဘဝကူးကောင်းဖို့

အလွန်အရေးကြီးပါတယ်။

သေရမယ့် အချိန်ကိုကြိုသိရင် ဘဝကူးကောင်းဖို့အတွက်

စိတ်တိုင်းကျကြိုတင်ပြင်ဆင်နိုင်ပါတယ်။

သေရမယ့် အချိန်ကို ကြိုသိချင်တယ်ဆိုရင်တော့

အာနာပါန သတိပဋ္ဌာန်တရားကို

လေးလေးစားစား ပွားများအားထုတ်ကြရုံပါပဲ။



အသက်မထွက်ခင် သေနှင့်ပါ။

မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်မှာ

အကောင်းဆုံးအနေအထားဖြစ်နေဖို့အတွက်

နိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်ကို

အကောင်းဆုံးအနေအထားဖြစ်အောင်

လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။

အသေကြီးနဲ့သေခါနီးအချိန်မှာ အာရုံကောင်း

နမိတ်ကောင်းတွေ ထင်မြင်နေဖို့အတွက်

အသေလေးနဲ့ သေခါနီးအချိန်ကို အာရုံကောင်း နမိတ်ကောင်းတွေနဲ့

ထုံမွမ်းပေးထားရပါမယ်။



နှာခေါင်းရှိရင် အလုပ်ဖြစ်တယ်။

အိပ်ချိန် နိုးချိန် အချိန်တိုင်းမှာ ထင်ရှားနေတဲ့အတွက်

ရှုမှတ်ရတာလည်း လွယ်ကူ မရပ်မနားလည်း အဆက်မပြတ်

ရှုမှတ်နိုင်တာကြောင့် အာနာပါနကမ္မဋ္ဌာန်းကို

ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် သတ်မှတ်ပြီး အားထုတ်တာဟာ

လူအများစုအတွက် အသင့်တော်ဆုံးပါပဲ။



အရသင့်ဆုံးဆု။

နိဗ္ဗာန်ချမ်းသာဟာ ဘယ်တော့ဆိုဘယ်တော့မှ

ကုန်ပျောက်ပျက်စီးခြင်းမရှိ အစဉ်ထာဝရတည်မြဲနေတယ်

ဆိုတာကို အသေအချာ အလေးအနက်တွေးကြည့်ရင်

နိဗ္ဗာန်ချမ်းသာလောက် လိုချင်စရာကောင်းတဲ့ချမ်းသာ

လောကမှမရှိတော့ပါဘူး။



တစ်ကိုယ်ကောင်းဆန်ရင် လူမဟုတ်။

နေမင်းကြီးဟာ မကွယ်ခင်မှာ ကိုယ်တိုင်လည်းတောက်ပ

လောကကိုလည်း အလှဆင်သလို

လူဟာလည်း မသေခင်မှာ ကိုယ်အမျိုးလည်းဆောင်ရွတ်

သူတစ်ပါးအကျိုးလည်း သယ်ပိုးကြရပါတယ်။



မှတ်ချက်။      ။ အရှင်ဆန္ဒာဓိက(စိတ်အားဖြည့် ဓမ္မသံစဉ်)စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
read more

စိတ်အားဖြည့် ဓမ္မသံစဉ်













၁။နေတတ်မှအေးချမ်းမယ်

ဆင်းရဲကင်းပြီး ချမ်းသာချင်ရင်။

သမင်လိုမကျင့်နဲ့ ကြံ့လိုကျင့်။

ကြခတ်ဝါးရုံလိုမကျင့်နဲ့ မျှစ်စိုလိုကျင့်။

ကိုယ်အဖော်လည်း မငြိစေနဲ့ စိတ်အဖော်လည်းမငြိစေနဲ့။



၂။ငြိမ်လေ ငြိမ်းလေ

မြတ်စွာဘုရားရှင်က တိတ်ဆိတ်ငြိမ်သက်မှုကို

အထူးတန်ဘိုးထားတော်မူပါတယ်။

ဆူညံတဲ့နေရာမှာလည်း တရားနဲ့ နေလို့ရတာမှန်ပေမယ့်

တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ

တရားနဲ့နေရတာလောက်တော့ ဘယ်အေးချမ်းပါ့မလဲ။



၃။ကြေးစားကောင်းမှု

ပစ္စုပ္ပန်ကြီးပွားရေးအတွက် ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာ

ပစ္စုပ္ပန် စားဝတ်နေရေးအလုပ် လုပ်နေတာပါပဲ။

တမလွန် ချမ်းသာရေးအတွက် ကုသိုလ်ကောင်းမှုပြုနေတယ်ဆိုတာလည်း

ပစ္စုပ္ပန် စားဝတ်နေရေးအလုပ် လုပ်ရတာအားမရလို့

တမလွန် စားဝတ်နေရေးအလုပ်ကို

ခုကတည်းက ကြိုပြီး လုပ်နေတာနဲ့အတူတူပါပဲ။



၎။တောရိပ်လေးကအေးပါတယ်

မြတ်စွာဘုရားရှင်က မြို့မှာဈာန်ရတဲ့သူထက်

တောမှာအိပ်နေတဲ့သူကို ပိုပြီးချီးမွမ်းပါတယ်။

မြို့မှာ အချိန်မရွေး ဈာန်လျှောနိုင်သလို

တောမှာ အချိန်မရွေး တရားရနိုင်လို့ပါ။



၅။အထီးကျန်ရင် အကျည်းတန်တယ်

လက်ရှိအခြေအနေမှာ မပျော်မွေ့နိုင်သူအတွက်

တစ်ယောက်တည်းပဲနေနေ အများနဲ့ပဲနေနေ

အမြဲတန်းအထီးကျန်နေပါတယ်။

မရှိတာကို တောင်းတနေတဲ့သူ ရှိတာကို မကျေနပ်နိုင်တဲ့သူဟာ

မရေမရာအတွေးတွေ မသေချာမျှော်လင့်ချက်တွေနဲ့

ထာဝရအထီးကျန်နေမှာပါပဲ။



၆။အစွဲသိမ်းမှ အမြဲငြိမ်းမယ်

တရားအားထုတ်တဲ့သူမှာ ငါအစွဲ၊ငါ့ဥစ္စာအစွဲ

တဖြည်းဖြည်းလျော့ပါးလာပါတယ်။

ငါစွဲကင်းလေ စိတ်ချမ်းသာလေ

ငါ့ဥစ္စာအစွဲကင်းလေ စိတ်ငြိမ်းအေးလေပါပဲ။



၇။အရှင်းနေမှ အနေရှင်းမယ်

ပတ်ဝန်းကျင်အပေါ် ငြိတွယ်ရှုပ်ထွေးနေတဲ့

ကြခတ်ဝါးပင်ဟာ အပြင်ရောက်ဖို့ခက်ခဲသလို

ကိလေသာအတွင်းအရှုပ် ကာမဂုဏ်အပြင်အရှုပ်တွေနဲ့

ရှုပ်ထွေးနေတဲ့ သူဟာလည်း သံသရာဝဋ်ဆင်းရဲကနေ

ရုန်းထွက်ဖို့ခက်ခဲလှပါတယ်။ မငြိမရှုပ်တဲ့ မျှစ်စိုလိုကျင့်နိုင်မှ

ကိုယ့်ဘဝလွတ်လပ်အေးချမ်းမှာပါ။



၈။အတွယ်အတာမများပါနဲ့

သက်ရှိသက်မဲ့ အာရုံတွေအပေါ်

အငြိအတွယ် အရှုပ်အယှက်များနေတဲ့သူဟာ

သမင်ချိုနဲ့ ငြိတွယ်ရှုပ်ယှက်မှုကြောင့်

သမင်ခမျာဆင်းရဲ ဒုက္ခရောက်ရသလို

အဖော်ခင်တဏှာရဲ့ ငြိတွယ်ရှုပ်ယှက်မှုကြောင့်

အဖော်ခင်သူ လူသားခမျာမှာလည်း

ဆင်းရဲဒုက္ခ မျိုးစုံတွေ့ကြုံခံစားရပါတယ်။



၉။အချိန်မရွေး သတိရပါ

တရားထူး တရားမြတ်ဆိုတာ တင်ပျဉ်ခွေမျက်စိမှိတ်ပြီး

တရားထိုင်နေရင်းနဲ့မှ ရနိုင်တဲ့အရာမဟုတ်ပါဘူး။

သွားရင်း လာရင်း၊လုပ်ရင်းကိုင်ရင်း

ချက်ရင်း လျှော်ရင်း စားရင်း စွန့်ရင်းနဲ့လည်းရနိုင်ပါတယ်။

အချိန်မရွေး နေရာမရွေး တရားထူးရနိုင်တဲ့အတွက်

အချိန်မရွေး နေရာမရွေး တရာထူးရနိုင်တဲ့အတွက်

အချိန်မရွေး နေရာမရွေး တရားရှုမှတ်နေဖို့လိုပါတယ်။



၁၀။ခပ်ခွာခွာလေးနေစမ်းပါ

လက်တစ်ဖက်တည်းမှာ လက်ကောက်နှစ်ကွင်းစွပ်ရင် အသံမြည်တယ်။

တစ်နေရာတည်းမှာ လူနှစ်ယောက်ပေါင်းရင် စကားများတယ်။

စကားမများချင်ရင် တစ်ယောက်တည်းနေပါ။



မှတ်ချက်။ ။အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ၏ စိတ်အားဖြည့် ဓမ္မသံစဉ် စာအုပ်မှကောက်နှုတ်ချက်ဖြစ် ပါတယ်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်း လာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: