Friday, February 17, 2012

တခါတုန်းကမြန်မာပြည် - ၃






၁၁။ ဈေးဝယ် သူ နဲ့ ဈေးရောင်းသူ ..........( ဘာတွေရောင်းနေလည်းတော့မသိဘူးခင်ဗျာ့)

၁၂၊ ရှေးတုန်းကလမ်းတွေ ကတ္တရာ ခင်းမထားပေမယ့် ဖြောင့်လို့ဖြူး လို့ လွမ်းမိပါရဲ့.......

၁၃။ တချိန်တုန်းက မြန်မာတွေ ဒီလို ဒီလို နေလာခဲ့ကြတာပါ....


၁၄။ ပေါက်ဖော်တွေ အဲဒီချိန်တုန်းကတည်း ကမြန်မာပြည်မှာ စီးပွားရေးလုပ်နေကြ တာနော်......



၁၅။  ရှေးတုန်းကဘုရား စေတီတွေပါ.... ဘယ်မှာမှန်းတော့မသိပါဘူးခင်ဗျာ...



မှတ်ချက်။   ။ ပုံတွေကို mm-flashsongs မှာ တင်ထားတာတွေ့လို့ သိမ်းထားချင်တာကြောင့် ပို့စ်တင်တဲ့
သူဆီမှ တောင်းပြီး ကျွန်တော်ပြန်တင်လိုက်တာပါ... ၁ မှ ၉ အထိပါ ။ ပို့စ်တင်တဲ့သူက ပုံတွေရဲ့ အရင်း
အမြစ်ဖြစ်တဲ့ မူရင်း ဆိုက်ကို ပြန်လည်ဖော်ပြမထားသလို ပုံမှာလည်း ဘာစာမှ ဖော်ပြမထားပါ ဘူး...
ဒါကြောင့်ပုံမှ စာတွေကို ကိုယ့် သဘောနဲ့ ကိုယ်တင်ပြထားခြင်းဖြစ်ပါတယ် ခင်ဗျာ... ၁ မှ ၉ အထိပါ..
.နောက်ပိုင်း ကျွန်တော် အွန်လိုင်းပေါ်မှာ အချိန်ပေးပြီ လိုက်ရှာလိုက်တော့ ဒီပုံတွေ ရဲ့ မူရင်း ဆိုက် ကို
တွေ့ရတဲ့နောက်ပိုင်း မူရင်းဆိုက် ဖြစ်တဲ့ www.burmadailynews.co.cc/ ကိုဖော်ပြပြီးပုံလေးတွေကို ဆက်ပြီး တင်ပြခဲ့ပါတယ်... အခုလည်း ကျွန်တော့် ရဲ့ blog လေးမှာ သိမ်းထားချင်တာကြောင့် အခုလိုပြန်
လည်ဖော်ရခြင်းဖြစ်ပါတယ် ခင်ဗျာ... ပုံလေးတွေရဲ့ မူရင်း ဆိုက်ဖြစ်တဲ့ www.burmadailynews.co.cc/ ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...
read more

လောကနီတိ - ၃











* ပျင်းရိသောသူ အတတ်ပညာမရနိုင်။
* အတတ်ပညာ မရှိသူ ဥစ္စာစီးပွားမရနိုင်။
* ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်း မရနိုင်။
* အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာ သုခမရနိုင်။
* ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ် မရနိုင်။
* ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်အံ့နည်း။
 

*One who is lazy gains no knowledge.
*One who has no knowledge gains no wealth
*One who has no wealth has no good companion.
*One who has no good companion has no solace.
*One who has no solace cannot gain merit.
*How can one find the way to Nirvana without good deeds?



* အကြီးအမှူးလူကြီးမိဘတို့၏ နာယကဂုဏ် (၆) ပါးသည်ကား. . . . .
(က) သည်းခံခြင်း
(ခ) နိုးကြားခြင်း
(ဂ) ထကြွလုံ့လရှိခြင်း
(ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း
(င) သနားကြင်နာခြင်း
(စ) အမြော်အမြင်ကြီးခြင်း . . . . . တို့ပေတည်း။ 
* Patience
* Alertness
* Tenacity
* Reasoning
* Compassion
* Farsightedness are the parental and leadership virtues.


* စကားကို ဗလောင်းဗလဲမပြောမဆိုရာ။
* ဟုတ်တိုင်းမှန်ရာ တည်ကြည်စွာလျှင် တသမတ်တည်း ပြောဆိုရာ၏။
* မင်းသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း၊ ပညာရှိ သူတော်ကောင်းတို့သည် လည်းကောင်း
ဖြောင့်မှန်စွာလျှင် တသမတ်တည်းသာ စကားဆိုကြကုန်၏။
*ဤသဘောတရားသည်ကား ရှေးရှေးသူတော်ကောင်းတို့၏ လမ်းစဉ်လမ်းဟောင်းအကျင့်ကောင်းပေ
တည်း။ 
* Do not speak words in changing moods.
* Say truly in straight and consistent way.
* Kings, monks or the virtuous speak truly and consistently.
* This is the old traditional way of noble practice followed by ancientsages.


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

Thursday, February 16, 2012

၂၀၁၂-ခုနှစ်မှာ ကမ္ဘာတကယ်ပျက်မှာလား


ယခုတလော အင်တာနက်၊ စာနယ်ဇင်း၊ရုပ်ရှင်နှင့်ပလူပျံနေသော ကောလာဟ လပညာရှင်အချို့တို့၏ ပ
ယောဂတို့ကြောင့်ခရစ်သက္ကရာဇ်၂၀၁၂ခုနှစ်၁၂လမြောက်ဖြစ်သည့်ဒီဇင်ဘာ၁၂ရက်တွင်ကမ္ဘာလောကကြီး
အမှန်တကယ်ပျက်တော့မှာလားဟူသည့်စိုးရိမ်ကြောင့်ကြမှုများလူအတော်များများတွင် ဖြစ်ပေါ်နေကြသည်
ဟု ကြာသိရသည်။ ထို့အပြင်ယခုအခါ မုန်တိုင်း, ငလျှင်စသည့် သဘာဝဘေးဒဏ်တို့ကလည်း ဟိုနေရာဖြစ်
လိုက် ဒီနေရာဖြစ်လိုက်နှင့် ဆိုးဆိုးရွားရွားဖြစ်ပေါ်လျှက်ရှိနေပြီးလူပေါင်းများစွာ သေကြေပျက်စီးနေကြသည်
ကို လည်း တွေ့မြင်ကြားသိရပြန်သည်။

မြွေပူရာကင်းမှောက်ဆိုသလို AIDS BirdFlu.AH1.N1.စသည့် ရောဂါဆိုးအမျိုးမျိုးတို့ကလည်းထပ်လောင်းဖိ
စီးနှိပ်စက်နေကြပြန်သည်။ အမျိုးမျိုးအဖုံဖုံကမ်းကုန်အောင် ကမ္ဘာဖျက်လက်နက်ခဲယမ်းမီးကျောက်တို့ကို တီ
ထွင်စွဲကိုင်လျှက်တစ်ဦးနှင့်တစ်ဦးရန်လိုခြိမ်း ခြောက်နေကြသော လူကြမ်း သူကြမ်းများကြောင့်လည်း ကမ္ဘာ
သူကမ္ဘာသားအပေါင်းတို့အဘို့ရတက်မအေးဖွယ်ရာ နေ့ရက်များလည်းဖြစ်နေရပြန်သည်။ထိုမျှသာမကထူးထူး
ဆန်းဆန်းအဖြစ်အပျက်များကလည်းကမ္ဘာတစ်လွှားတွင်တစ်နေ့တစ်မျိုးမရိုးရအောင်ဖြစ်ပေါ်နေကြပြန်ရာထင်
ရာမြင်ရာအတိတ်နိမိတ်ကောက် ဟောပြောတတ်သူအချို့ ကြောင့်လူအများအဘို့သို့လောသို့လောနှင့်ပူပန်
သောက ဖြစ်စရာတွေ ထပ်ဆင့်လာ ပြန်ပေသည်။
       
ထိုသို့သောအကြောင်းရပ်တို့ကို သံသယတွေးများနှင့်မေးလျှောက်လာသည့်ပိုဂ္ဂိုလ်ကြီးငယ် အသီးအသီး အ
တွက်သာမက ကမ္ဘာကြီးတကယ် ပျက်တော့မှာလားဟူ သော သံသယဖြင့် စိုးရိမ်ထိတ် လန့် နေကြသော လူ
အများ၏ ထိတ်လန့်စိုးရိမ်မှုပြေပြောက်စေရန်ရည်သန်လျှက် ``တာဝန်သိသူမှာတာဝန်ရှိသည်´´ ဟူ
သည်နှင့်အညီ ကမ္ဘာ့အကြာင်းကို လက်လှမ်းမှီသမျှ ကြိုးစားရှာဖွေ္ဂ္ဂ၍ ဤဆောင်း ပါးကို ရေးသားလိုက် ရပေသည်။
         
ကမ္ဘာ..ဟူသောစကားသည် ကပ္ပ-ဟူသော ပါဠိဘာသာမှ ဆင်းသက်လာသောစကားဖြစ်၏၊ နှစ်ပေါင်းမည်
မျှကြာသည်ဟု ဂဏန်းချ၍ မရေတွက်မသတ်မှတ်နိုင်၊ ကြံဆ ၍သာ သိနိုင်သော အချိန်ကာလ အပိုင်းအခြား တစ်ခုကိုဆိုလို၏။ အလျှား, အနံ, အမြင့် အားဖြင့် တစ်ယူဇနာ(၈-မိုင်ခန့်)စီရှိသော ဂိုဒေါင်ကြီး အတွင်း၌အ
လွန်သေးငယ်လှသော မုန်ညှင်းစေ့တို့ကို အပြည့်ထည့်ထားပြီးလျှင် အနှစ်တစ်ရာ တခါပြည့်မှ တစ်စေ့ထုတ်
ယူ ပစ်သဖြင့် ထိုမုန်ညှင်းစေ့အပုံကြီးကုန်သွားသော်လည်း ကပ္ပ-(ကမ္ဘာ)ဟုခေါ်သောအချိန်ကာ လကား ကုန်
ဆုံးသည်မဟုတ်သေး၊ ထို့ထက် အနည်းငယ်ကြာသေး၏ဟု ကြံဆ၍ သိအပ်ကြောင်း ထေရ၀ါဒကျမ်းစာများ၌ မိန့်ဆိုကြ၏၊ ဤစကားရပ်ကို  ထောက်ဆ၍ ပါဠိလို-ကပ္ပ၊ မြန်မာလို ကမ္ဘာ-ဟူသည်မှာရှည် လျှားလှစွာသော အချိန် ကာလ တစ်ခုကိုဆိုလို၏။ မှန်၏-သတ္တ၀ါတို့၏မှီရာတည်ရာ မြေ,ရေ,လေ ,ကောင်း ကင်,အိုးအိမ်တိုက်
တာ အဆောက်အဦး,တော,တောင်,သမုဒ္ဒရာ, ကျွန်းကြီး,ကျွန်းငယ် အသွယ် နေ, လ, နက္ခတ်တာရာစသည် တို့ဖြင့် ဖွဲ့စည်းထားသော စက်ဘီး သဏ္ဌာန် ကဲ့သို့ စကြ၀ဠာ တောင်တန်းကြီးတစ်ခုဝန်းဝိုင်း၍တည်ရှိသော
ဩကာသလောကဓာတ် စကြ၀ဠာ ကမ္ဘာတစ်ခု၏ သက်တမ်းကို အတိအကျ မရေ တွက်နိုင်။
       
သို့သော် အစရှိလျှင် အဆုံးရှိစမြဲ၊ အဖြစ်ရှိလျှင် အပျက်ရှိစမြဲ ဖြစ်ရကား ထိုကမ္ဘာတစ်ခု၏ သက်တမ်းကို ဗုဒ္ဓ-အစရှိသောပညာရှိတို့၏ အဆိုအမိန့်အတိုင်း လေ့လာကြည့်ကြပါစို့။
       

ထိုကပ်ကမ္ဘာသည်
၁။ ပျက်စီးနေဆဲအနေအထားအချိန်ကာလ သံဝဋ္ဋကပ်၊
၂။ တစုံတခုဖြစ်ပေါ်မှု မရှိသေးဘဲ အပျက်အတိုင်းတည်ရှိနေသော အနေအထားအချိန် ကာလ သံဝဋ္ဋဌာ
ယီကပ်၊
၃။ ပြန်လည်တည်ထူထောင်ရေးကာလ ၀ိဝဋ္ဋကပ်၊
၎။ ထူထောင်ပြီးသည့်အတိုင်း တည်မြဲနေဆဲကာလ ၀ိဝဋ္ဋဌာယီကပ်-ဟု ၄ မျိုးရှိ၏၊ ထိုကပ်လေးမျိုး၏ အချိန်
ကာလ သက်တမ်းကို အတိအကျဂဏန်းချ၍ ရေတွက်သတ်မှတ်မရသောကြောင့် အသင်္ချေယျကပ်ဟုခေါ်၏။
       
ထိုအသင်္ချေယျကပ်လေးမျိုးတို့တွင် ကမ္ဘာဖျက်မိုးရွာသည်မှစ၍ မီးကြောင့်ပျက်မည့် ကမ္ဘာဖြစ်လျှင်မီးလျှံရပ်စဲ
သည့်တိုင်အောင်၊ရေကြောင့်ပျက်မည့် ကမ္ဘာဖြစ်လျှင်ရေရပ်စဲသည့်တိုင်အောင်၊လေကြောင့်ပျက်မည့် ကမ္ဘာ
ဖြစ်လျှင် လေရပ်စဲသည့်တိုင် အောင် သောကာလသည် သံဝဋ္ဋကပ်(ပျက်ဆဲကပ်)မည်၏။
       
မီး-ရေ-လေ တခုခုကြောင့် ပျက်စီးပြီးသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့်တိုင်အောင် သော ကာလသည် သံဝသ
ဋ္ဋဌာယီကပ် (အပျက်အတိုင်းတည်နေသောကာလ)မည်၏။
       
ကမ္ဘာပျက်မိုးရွာသည်မှစ၍ လောကကြီး၌ နေ,လ,နက္ခက်,ကြယ်တာရာတို့ ပေါ်ထွက် လာသည့်တိုင်အောင်
သာကာလသည် ၀ိဝဋ္ဋကပ်(ထူထောင်ရေးကာလ)မည်၏။
      
နေ, လ, နက္ခက်,  ကြယ်တာရာ တို့ ပေါ်ထွက်ပြီးသည်မှစ၍ နောက်ထပ်တဖန် ကမ္ဘာဖျက်မိုးရွာ သည့်တိုင်
အောင် သာကာလသည် ၀ိဝဋ္ဋဌာယီကြပ်(ဖွိ့ဖြိုးပြီးကာလ) မည်၏။ ယခုလက်ရှိ အချိန်ကာလပိုင်းသည် ၀ိဝ ဋ္ဋဌာယီအင်္ချေယျကပ်ဖြစ်၏။ ထိုအသင်္ချေယျ ကပ်လေးကပ်ကိုပေါင်းမှ မဟာကပ် (တစ်ကမ္ဘာ)ဖြစ်၏၊ ဆိုလို
သည်မှာ ကမ္ဘာတစ်ခု၏ အနေအထားသည် ပျက်ဆဲကာလ၊ အပျက်အတိုင်းတည်ရှိကာလ၊ ထူထောင်နေဆဲ
ကာလ၊ ထူထောင်ပြီးဖွိ့ ဖြိုးပြီးကာလ-ဟု အချိန်ပိုင်း ၄ ခုဖြင့် ပါဝင် ဖွဲ့စည်းထားခြင်းဖြစ်သည်-ဟုဆိုလို၏။
       
ထိုအသင်္ချေယျလေးကပ်တို့တွင် ယခုလက်ရှိ ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ်ဦးစ အခါက(တစ်နည်း-ကမ္ဘာဦး
အခါက) လူတို့သည်အသက်အသင်္ချေ တည်နေကြရကုန်၏၊  ကာလရှည်လျားလတ်သော် လောဘ -ဒေါသ
စသောအကုသိုသ်တရားများ တိုးပွားဖျက် ဆီးသဖြင့် တဖြည်းဖြည်း ဆုတ်ယုတ်ကာ အသက် ဆယ်နှစ်တမ်း
တိုင်အောင်  ရောက်လာ၏၊ ဤသို့ ဆုတ်ယုတ်လာသော အချိန်ကာလကို ဆုတ်ကပ်-ဟုခေါ်၏၊ ထိုအခါ ရော
ဂါဘယ ဘေးဆိုးကြီး ခေတ်မီ လက်နက်ဘေးဆိုးကြီး၊ ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုးကြီး တစ်မျိုးမျိုး (ကပ်ကြီး
သုံးပါး တစ်ပါးပါး)ကျရောက်၍ မကောင်းသူတွေမှန် သမျှ သေကြေပျက်စီးကြရကုန်၏၊  အသက်တစ်ရာတမ်း
အောက် ၁၀-နှစ်တမ်း တ၀ိုက်ဆီတွင် လောဘ-ဒေါသ-မောဟ အကုသိုသ်တရာများ မည်မျှသောင်းကျန်း
လာသနည်းဟူမူ လိင်တူအချင်းချင်းဆက်ဆံမှု၊ ဖခင်နှင့်သမီး၊ သားနှင့်အမိဖောက်ပြန်မှု၊ အချိန်မရွေး၊ နေရာ
မရွေး၊ အရှက်မရှိသောင်းကျန်းမှု- တို့သည် လောကဓလေ့ (ဖက်ရှင်) တခုကဲ့သို့ ဖြစ်လာ ၏၊ လူသတ်လက်
နက်တွေ အလိုလို အလျှံပယ်ပေါများပြီး လူသား အချင်းချင်း တိရိစ္ဆာန်ကဲ့ သို့ ရက်ရက်စက်စက် သတ်ဖြတ်
ကြ၏၊ မြို့ရွာတွေပျက်စီးကြ ကုန်၏။ သူတော်ကောင်းစိတ်ဓာတ်ရှိသူ အချို့သော လူတို့သည် ´´ငါတို့က
လည်း ဘယ်သူ့ကိုမှ မသတ်လို၊ ငါတို့ကိုလဲ ဘယ်သူကမှမသတ်ကြစေနဲ့´´ဟု မေတ္တာတရား ရှေ့ရှုကာဘေး
လွတ်ရာပြေးကြပြီး ခြုံပုတ်-တောအုပ်ကျောက်ဂူတောင်ကြားစသည့် တို့၌ ပုန်းအောင်းနေ ထိုင် ကြကုန်၏။
နောက်ဆုံးခုနစ်ရက် လူသတ်ပွဲကြီးပြီး၍ မသေ မပျောက်ကျန်ရစ်ခဲ့သော ထိုလူသား အနည်းငယ်သည် သေ
ကြေပျက်စီးသွားကြသော လူတွေကိုကြည်ပြီး အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ကာအချင်း ချင်းလည်ပင်း
ဖတ်၍ ``ဒို့ အသက်ရှင်နေကြသေးတယ်နော်၊ ဒို့ မသေကြဘူးနော်´´ဟု ၀မ်းမြောက် ၀မ်းသာဖြစ်ကြကုန်၏။ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ကူညီဖေးမစောင့်ရှောက် ကြရင်း စိတ်ဓာတ်ယဉ်ကျေးမှု
ဗြဟ္မာစိုရ်တရားများ ပြန်လည်ထွန်းကားလာသည်နှင့် အမျှ ထိုလူတို့၏ အသတ်တမ်း လည်း သားစဉ်မြေး
ဆက် တဆထက်တစ တိုးတတ်ကာ အသက်အသင်္ချေတိုင်အောင် ရှည်လာကြပြန်၏၊ ဤသို့ ဆယ်နှစ်-သက်
တမ်းမှ အ သင်္ချေယျတမ်းအထိ အသက်တမ်းပြန်တက်လာသော အချိန်ကာလကို တက်ကပ်ဟု ခေါ်၏၊ ဤ
သို့သော ဆုတ်ကပ် တက်ကပ် တစ်စုံကို -အန္တရကပ် တစ်ကပ်ဟု ခေါ်၏၊ ထိုကဲ့ သို့သော အန္တရကပ်ပေါင်း ၆၄-ကပ်ပြည့်လျှင် လက်ရှိ ၀ိဝဋ္ဋဌာယီအသင်္ချေယျ ကပ်ကမ္ဘာသည် ကုန်ဆုံးတော့ ၏၊ ကမ္ဘာပျက် တော့မည်
ဖြစ်၏၊ သံဝဋ္ဋ အသင်္ချေယျကပ်၊ သံဝဋ္ဋဌာယီအသင်္ချေယျကပ်၊ ၀ိဝဋ္ဋ အသင်္ချေယျ ကပ်တို့၌ကား သတ္တ၀ါများ လူပြည် နတ်ပြည်၌မရှိခြင်းကြောင့် တက်ကပ်-ဆုတ်ကပ် အစုံတည်းဟူသော အန္တရကပ် တို့ဖြင့် မသတ်မှတ် မပိုင်းခြားနိုင်သော်လည်း ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ် နှင့်အချိန်ကာလ တူညီ၏-ဟုမှတ်ယူရမည်ဖြစ်၏။
      

ဝိ၀ဋ္ဋဌာယီအသင်္ချေယျကပ်(လက်ရှိကမ္ဘာကြီး)ပျက်ခါနီးလျှင် သတ္တ၀ါတို့သည်  လွန်စွာတရား မဲ့ကြ သည်-ဟု
ဆို၏၊ အမေကိုမယားလုပ်၊ သားကိုလင်လုပ်သည့်အခြေ အနေထိ ဆိုးရွားလာကြ၏၊ ဟိရီ-ဩတ္တ ပ္ပတရားများ
ကို လုံးဝကင်းမဲ့ကြ၏၊ မေတ္တာတရား အကြင်နာတရား ချမ်းသာသူကို ကြည်ဖြူနိုင်သော မုဒိတာ တရားများ ခန်းခြောက်လာ ကြ၏၊ လူလူချင်းညှင်းဆဲကြ၏၊ တစ်ယောက်စားရ တစ်ယောက်မနာလို မရှုစိမ့်ဖြစ်ကြ၏၊ ထို
ခေတ်အခါက ပေါ်ထွန်းသောဝါဒဆိုးကြောင့် တရားမဲ့ခြင်း ကပင်လျှင် ဂုဏ်ရှိသော လုပ်ရပ်-ဖြစ်နေတတ်၏၊ 
သို့သော် ကမ္ဘာမပျက်ခင်အနှစ်တစ်သိန်းက ကြိုတင်၍ ``ကမ္ဘာကြီး လုံးဝပျက်စီးတော့မည်-တဲ့´´ဟူသော
ကောလာဟလ ပေါ်ပေါက်လာမည် ဖြစ်၏၊ ထိုအခါ လောကဗျူဟာနတ်များက-လူ့ပြည်တွင် လှည့်လည်၍
``အို..လူသာတို့ နောင် အနှစ်တစ်သိန်း လွန်မြောက်သောအခါ ဤကမ္ဘာကြီးပျက်စီးတော့မည်၊ ပင်လယ် သမုဒ္ဒရာ,မြေ, မြင့်မိုရ်တောင်နှင့်တကွ ကမ္ဘာ့အဆောင်အယောင်အားလုံး ပျက်စီးချေ တော့မည်၊ လူသားအ
ချင်းချင်း မေတ္တာထားကြပါ၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထား ပွား များကြပါ၊ လူကြီးမိဘရိုသေကြ ပါ၊ ပြုစုလုပ်
ကျွေးပါ၊ ကုသိုသ်ကောင်းမှုပြုကြပါ´´ဟု သတိပေးနှိုးဆော်ကြွေးကြော် တိုက်တွန်းကြလေ၏။
       
         
ထိုအခါ လူသားတို့နှင့်တကွ အချို့နတ်များပင် တုန်လှုပ်ခြောက်ခြား သံဝေဂပွား လျက် မဟုတ်တ ယုတ် တရားမဲ့ဝါဒများကို စွန့်ပယ်လျက် ဗြဟ္မစိုရ်တရားလက်ကိုင်ထား ကာ တရားဖက်ကြပြန်သောကြောင့် သေ
လျင် အထက်အထက်ဘုံ များသို့ရောက် ကြရလေသည်။ နောက်ဆုံး၌ လူ့ဘုံ၊ နတ်ဘုံနှင့် ပထမဈာန်ဗြဟ္မာ့
ဘုံတို့ရှိသတ္တ၀ါအများသည်ကမ္ဘာပျက်မည့်ဘေးမှ လွတ်မြောက်ရာ အထက်ဗြဟ္မာ့ပြည်တို့၌ ဗြဟ္မာများ သာ
ဖြစ်ကြ ရလေ၏။
        ကမ္ဘာပျက်ခါနီးလျှင် လူ့ပြည်၌ မိုးကြီးသည်းထန်စွာရွာသွန်း မြည်းအော်သံကဲ့သို့ အသံကြီးမည်းဟီး လျှက် တချီတည်းမိုးပျက်လေတော့သည်၊ ထိုအခါကျန်ရှိသောလူသား အနည်းငယ်တို့သည် ကမ္ဘာဖျက်မိုး ကြီးမှန်းမသိ၍ ပျော်ပျော်ပါးပါးပင် ကောက်ပဲသီနှံ စိုက်ပျိုးကြလေကုန်၏၊ နွားများစားလောက် အပင်ပေါက် အရွယ် မိုးကျချိန်ရောက်၍ မိုး မရွာတော့မှ ပြင်းထန်စွာတုန်လှုပ်ခြောက်ခြား သံဝေဂပွားလျှက် ဗြ ဟ္မစိုရ်တ
ရားလက်ကိုင်ထားကြလေတော့သည်၊ ထို့ကြောင့်သေသောအခါ လက်ကျန်လူသားအားလုံးသည်လည်း အ
ထက် အထက်ဘုံများ၌ ဖြစ်ကြလေ၏၊ နောက်ဆုံး ကမ္ဘာပျက်မည့်ဘေးမှ ဗြဟ္မာများသာဖြစ် ကြရမည်ဖြစ် ၏၊ ငါး လိပ် စသောတိရိစ္ဆာန်နှင့် ပြိတ္တာ နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှတပါသော ငရဲသားတို့လည်း ဘ၀ါဘ၀ ကပြုခဲ့သော အပရာ ပရိယ ဝေဒနီယ ကုသိုလ်ကံကြောင့် သေသောအခါနတ်ပြည်သို့သာ ရောက်ကြမည်
ဖြစ်၏၊ နတ်ပြည်မှတဖန် ကမ္ဘာပျက်မည့်ဘေးမှ လွတ်ရာ ဗြဟ္မာ့ပြည်သို့ ကူးကြလေ ကုန်၏။
       
(နိယတမိစ္ဆာဒိဋ္ဌိ အကုသိုလ်ကံကြောင့်  ငရဲကျနေသူတို့ကား အ၀ိစိငရဲဘုံသက်ဖြစ်သောသက်တမ်း မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ ပြောင်းရွေ့ခံကြရ၏ဆို၏၊ အယူမှောက်မှားဖောက်ပြန်ခြင်း
၏ ဆိုးကျိုးကား လွန်စွာကြောက်မက်ဖွယ်ကောင်း၏။)

ကမ ၻာစတင္ပ်က္ပံု
       ဤသို့ဆိုလျှင် သတ္တ၀ါအများ ဗြဟ္မာ့ပြည်လား၍ အောက်ဘုံများ၌ သတ္တ၀ါများ မရှိတော့သောအခါ ပ ကတိနေ၀င်ပြီး တဆက်တည်းပင် ဒုတိယနေတစ်စင်းပေါ်လာလေ ၏၊ နေ၀သည်ဟူ၍မရှိတော့ပဲ အပူဓါတ် လွန်ကဲလာ၍ နုနယ်သော ကမ္ဘာ့အဆောင် အယောင်ပစ္စည်းများ စတင်ပျက်စီးလေ၏၊ ကာလအတော် ကြ လျှင် နောက်တစ်စင်း ပေါ် လာပြန်၏၊အပူဒီကရီလွန်ကဲလာ၍ မြစ်ရေများခမ်းခြောက်လာ၏၊ နေခုနှစ် စင်း ထိ ပေါ်လာသောအခါ ကမ္ဘာလောကတစ်ခုလုံး မီးဟုန်းဟုန်းထသဖြင့် ကမ္ဘာ့ ရေ မြေ တော တောင် အား လုံးလောင်ကျွမ်းပျက်စီးကုန်တော့၏၊ ကမ္ဘာလောကဓါတ်တစ်ခုလုံးလောင် ကျွမ်းပျက်စီးပြီးသည့်နောက် နေ ခုနှစ်စင်းလည်း ကွယ်ပျောက်ကာ အမှောင်ထုကြီးကျ လာလေ၏၊ အပါယ်လေးဘုံ ကမ္ဘာတိုက်ကြီး ခြောက် တိုက်အပါအ၀င် လူ့ပြည် နတ်ပြည် ပထမဈာန်ဗြဟ္မာ့ဘုံ သုံးဘုံအထိ စုစုပေါင်းဘုံဌာန(၁၄)ခုလုံး ပျောက် ကွယ်သွားလေ တော့သည်၊ ဒုတိယဈာန် ဗြဟ္မာ့ဘုံအောက်တခွင် တပြည်လုံး၌ အာကာသကောင်း ကင်ပြင် ကြီးသာမင်းမူနေတော့၏၊ အမိုက်မှောင်ကြီး အတိဖြစ်နေ၏၊ ထို ဟင်းလင်းပြင်ကြီးထဲ ၌ တေဇောဓါတ် ဦး
ဆောင်သော ဥတုအသိုက်အအုံများ ဓါတ်နုများသာလျှင် ကောင်းကင် နှင့်အပြည့်ကျန်ရှိလေ ၏။ နောက်တ ဖန်ဖြစ်ထွန်းပေါ်လာမည့် ကမ္ဘာလေကဓါတ်၏ မျိုးစေ့ ဓါတ်ပင်ဖြစ်၏၊ ကမ္ဘာ့နိဂုံးချုပ် မိုးကြီးရွာသွန်းချိန်မှစ၍ ကမ္ဘာလောကဓါတ် တစ်ခုလုံး လုံးဝပျက်စီးပြီး ကောင်းကင်နှင့်ဓါတ်နုများသာ ကျန်သည့်အချိန်ထိ တရွေ့ရွေ့
ခြင်းပျက် စီးနေသော ကာလအပိုင်းအခြားကို ပျက်ဆဲကမ္ဘာ(ကမ္ဘာပျက်သည်)ဟုခေါ်၏။
       
လက်ရှိသင်တို့ငါတို့နေထိုင်သော ၀ိဝဋ္ဋဌာယီအသင်္ချေယျကပ်ကမ္ဘာတွင် အန္တရ ကပ်ပေါင်း( ၆၄)ကပ်ရှိ ရမည်
ဖြစ်၏၊ ပထမအန္တရကပ်၌ ကကုသန်မြတ်စွာဘုရား ပွင့် တော်မူခဲ့၏၊ဆုတ်ကပ်သက်တမ်း လေးသောင်း
၌ဖြစ်၏။
        ဒုတိယ အန္တရကပ်၌ ကောဏာဂုံမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ် အ သက်တမ်း သုံးသောင်း ၌ဖြစ်၏။
        တတိယ အန္တရကပ်၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ် အသက် တမ်း နှစ်သောင်း ကာလ၌ဖြစ်၏။
        စတုတ္ထ အန္တရကပ်၌ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ် အသက် တမ်းတစ်ရာတမ်း ၌ဖြစ်၏။
        ပဉ္စမ အန္တရကပ်၌ မေတ္တယျမြတ်စွာဘုရား ပွင့်တော်မူမည် ဖြစ်၏၊ ဆုတ်ကပ်အသက်တမ်း တစ်သိန်း တမ်း ၌ ဖြစ်၏။
        ဘုရားရှင်တို့မည်သည် တက်ကပ်ကာလ၌ ပွင့်တော်မူရိုးထုံးစံမရှိ၊ အသက်တမ်း ဆုတ်ယုတ်သော ဆုတ်ကပ်ကာလ၌သာ ပွင့်တော်မူရိုးထုံးစံရှိ၏၊ တဖန် တက်ကပ် ကာလသည် မြန်ဆန်၍ ဆုတ်ကပ်ကာ လသည် နှေးကွေးလေ့ရှိသည်ဟု မိန့်ဆိုကြ၏၊ ကျန်သော အန္တရကပ်(၅၉)ကပ်တွင် ဘုရာသဗ္ဗညူ ပွင့်တော် မူမည် မဟုတ်။
        သင်တို့ငါတို့နေထိုင်သော ဤကမ္ဘာဝယ် ဘုရားငါးဆူပွင့်တော်မူရကား ဘုရား အများဆုံး ပွင့်သော ကမ္ဘာဖြစ်၍ ဘဒ္ဒကမ္ဘာ(ကောင်မြတ်သောကမ္ဘာ)ဟုခေါ်ကြ၏။
        သင်တို့ငါတို့နေထိုင်သော ဤဘဒ္ဒကမ္ဘာသည် အန္တရကပ်(၆၄)ကပ်ပြည့်မှ တပြိုင် နက် ပျက်မည်ဖြစ် ၏၊ ထို့ကြောင့် ကမ္ဘာကြီးပျက်ဖို့ရန် အတော်ပင် အချိန်ကြာလိမ့်အုံး မည်ဖြစ်လေ၏။
       
 ကမ္ဘာဖျက်လက်နက်ကြီးများ
ဤကမ္ဘာလောကဓါတ်ကြီးကို ဖျက်ဆီးသောသဘာဝလက်နက်ကြီးများမှာ မီး ရေလေတို့ဖြစ်ကြ၏၊ မီးကြောင့်
ခုနှစ်ကြိမ်၊ရေကြောင့်တစ်ကြိမ်အလှည့်ကျပျက်ဆီးပြီးလျှင်(၆၄)ကြိမ်မြောက်၌ လေတစ်ကြိမ်ဖျက် သည်ဟုဆို
၏၊မီးကြောင်ပျက်လျှင်ပထမဈာန်အာဘဿရာဗြဟ္မဘုံအထိပျက်၏၊ရေကြောင့်ပျက်လျှင်ဒုတိယ ဈာန်သုဘ
ကိဏှာဗြဟ္မဘုံအထိပျက်၏၊လေကြောင့်ပျက်လျှင်တတိယဈာန်ဝေဟပ္ဖိုလ်ဗြဟ္မာဘုံအထိပျက်သည် ဟုဆို ကြ၏။ သို့ဖြစ်၍ (၆၄)ကမ္ဘာ၊(၆၄)ကြိမ် ပျက်ရာ၌ မီးဖျက်(၅၆)ကြိမ်၊ ရေဖျက် (၇)ကြိမ်၊ လေဖျက်(၁)ကြိမ် ဖြစ်
လေသည်၊ ဤသို့လျှင် (၆၄)ကမ္ဘာတစ်တွဲကို မီး ရေ လေတို့က ဆိုခဲ့ပါ အစီအစဉ်အတိုင်း အလှည့်ကျဖျက်
ဆီးကြလေ သည်၊ တဖန် အချိန်တန်က ကမ္ဘာလောကကြီးပြန်လည်ဖြစ်တည်ထွန်းကား လာအုံးမည်ဖြစ်၏။
      
ဤသို့သော စနစ်ကို မည်သည့်တန်ခိုးရှင်ကမှ ဖန်တီးသည်မဟုတ်၊ မည်သည့် ထာဝရဘုရားသခင်မှ လည်း တားဆီးနိုင်ခွင့်ရှိမည်မဟုတ်၊ သဘာ ၀ တရားတို့၏ ဓမ္မနိယာမဖြစ်စဉ်တစ်ခုပင် ဖြစ်လေ၏။

ခရစ်ယာန်ကျမ်းစာများက ဤကမ္ဘာလောကကိုထာဝရ ဘုရားသခင်ကဖန်ဆင်း  သည်ဟုဆို၏၊  

အစ္စလာမ်ကျမ်းများက တေဇောတေဇကွတ်ရတ်တန်ခိုးတော်ဖြင့်အလ္လာအရှင်မြတ်ကဖန်ဆင်းသည်ဟုဆို၏၊

ဗြဟ္မဏ၀ါဒီများကမူ ဤကမ္ဘာလောကကြီးကို ဗြဟ္မာကြီးကဖန်ဆင်းသည်၊ ဗိဿနိုးနတ်မင်းက စောင့်ရှောက် သည် ၊ သီဝလိနတ်မင်းက ဖျတ်ဆီးသည်ဟုဆိုကြ၏၊

သိပ္ပံပညာ ရှင်များက ဓာတ်ငွေ့များစုပေါင်း ပေါက်ကွဲရာမှ ကမ္ဘာလောက ဓာတ်ကြီး ဖြစ်ထွန်းလာသည်ဟု
ပြောကြ၏၊

ဗုဒ္ဓကျမ်းစာများကမူ ယခင်ကမ္ဘာဟောင်း ပျက်စဉ်က ကျန်ရှိနေသောဥတု,တေဇော,ဓာတ်နုဓာတ်ငွေ့များနှင့် မ ပျက် သော ဗြဟ္မာ့ပြည်၌ရှိနေကြသော သတ္တ၀ါတို့၏ ကံအစွမ်းဟူသော ဓမ္မနိယာမ လမ်းစဉ်အရ ကမ္ဘာ
လောကဓာတ်ကြီး ပြန်လည်တည်ရှိ ထွန်းကားလာသည် ဟုဆို၏၊ သဘာဝကျကျ စီိစစ်လက်ခံတတ်ဖို့ လို အပ်ပါ၏။
      
ကမ္ဘာမပျက်မီအကြား လူဖျက်လက်နက်များ

သင်တို့င်ါတို့နေထိုင်ရာ ဤ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ် ကမ္ဘာကြီး အဆုံးသတ်တွင် မီးရေ, လေတို့ကြောင့် အလုံးစုံမပျက်မီအတွင် အသက်တစ်ရာတမ်းအောက် ဆယ်နှစ်တမ်းသို့ရောက်လာသောအခါ်   အငတ်ဘေး ,  ရောဂါဘေး လက်နက်ဘေးတို့ မကောင်းသူတွေမှန်သမျှ သေကြေပျက်စီးကြရ၏၊ ကမ္ဘာနှင့်ချီ၍ အကြီးအ ကျယ် မပျက် စီးမီအကြား ဆုတ်ကပ်ဖြစ်သော အန္တရကပ်၌ လူသားတို့ပျက်ဆီးခြင်းဟုဆိုလို၏၊ လူ သားတို့ သန္တာန်၌ လောဘအထူး လွမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အငတ်ဘေး ကြီးဆိုက်၍ မကောင်းသူတွေ မှန်သမျှ သေကြေပျက်စီးကြရကုန်၏၊ ထိုကပ်ကို ဒုဗ္ဘိက္ခန္တရ ကပ်-ဟုခေါ်၏။
       
လူသားတို့သန္တာန်၌ မောဟအထူလွမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် ရောဂါဆိုးကြီးများကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရကုန်၏၊ ထို ကပ်ကို ရောဂန္တရကပ်ဟုခေါ်၏။ လူသားတို့ သန္တာန်၌ ဒေါသအထူးလွမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အ ချင်းချင်း လက်နက်တိုဖြင့် သတ်ဖြတ်၍ မကောင်းသူတွေမှန်သမျှသေကြေပျက်စီးကြရ ကုန်၏၊ ထိုကပ်ကို သတ္ထန္တရကပ် ဟုခေါ်၏၊

ဘုရားရှိခိုးဆုတောင်းများ၌ အပါယ်လေးပါး ကပ်သုံးပါး ဟု သုံးနှုန်းထားသော စကားမှာလည်း ဤကပ်သုံးပါး ကိုပင်ရည်ရွယ်၏၊ ဤ ကပ်သုံးပါး လက်နက်သုံးမျိုးကြောင့် ပျက်စီးကြရာ၌ ကမ္ဘာကြီးပါပျက်စီးသည်မဟုတ် မ ကောင်းသူများသာပျက်စီးခြင်းဖြစ်၏၊ ထိုအပျက်မျိုးသည် ယနေ့ခေတ်လို ဆုတ်ကပ် တိုင်းဆုတ်ကပ်တိုင်း ၌ ကြုံကြရမည်ဖြစ်၏၊ နေရာတိုင်းအချိန်မရွေးကြုံတွေ့နိုင်၏။
       
စာဖတ်သူများအနေဖြင့် ဥာဏ်အမြင်ရှင်းအောင်ဤကဲ့သို့မှတ်ယူစေချင်ပါသည်၊မီး ရေ လေတို့ကြောင့်ကမ္ဘာ
ကြီးတစ်ခုလုံးပျက်စီးရခြင်းကို အပျက်ကြီးဟုမှတ်အပ်၏၊ ဆုတ်ကပ်တိုင်းဆုတ်ကပ်တိုင်း၌ လက်နက်ရောဂါ
ငတ်မွတ်တာကြောင့် မကောင်းသူ များသာ ပျက်စီးရခြင်းကို အပျက်သေးဟုမှတ်အပ်၏၊ အပျက်ကြီးလည်း
ပျက်တတ် အပျက်သေးလည်းပျက်တတ်သောကြောင့် `လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော´ဟူသော ၀စနတ္ထ အရ သတ္တ၀ါအားလုံး တည်ရာအားလုံး ရုပ် နာမ်အားလုံးတို့ကို လောက ဟု ခေါ်ဆိုကြခြင်းဖြစ်၏။

အပျက်ကြီးဟု ဆိုရမည့် ကမ္ဘာပျက်မည့်ဘေးမှ လွတ်မြောက်လိုလျှင် မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ ဟူ
သော ဗြဟ္မစိုတရားလက်ကိုင်ထား၍ မိဘ ဆရာ အသက် သိက္ခာ ဂုဏ်ဝါကြီးများသူများကို ရိုသေလေး စား
တန်ဖိုးထားရမည်ဖြစ်၏။
       
အပျက်သေးဟု ဆိုရမည့် ကပ်ကြီးသုံးပါဘေးမှ ကျော်လွှားလွန်မြောက်လိုပါလျှင် (ကပ်ကျော်လိုလျှင်)လော
ဘ၊ ဒေါသ၊ မောဟ တို့ကိုလျှော့ချ ခွာချ ထိန်းချုပ်ကြရမည် ဖြစ်ပါကြောင်း တင်ပြရင်း ဤဆောင်းပါးကို နိဂုံး
ချုပ်အပ်ပါ၏။
        ဤကမ္ဘာလောကကို ငြိမ်ချမ်းသာယာအောင် ဆောင်ရွက်နိုင်ကြပါစေ………

ကျမ်းကိုးစာရင်း
၁။ လယ်တီဒီပနီပေါင်းချုပ်၊
၂။ မဟာဗုဒ္ဓ၀င်၊
၃။ သင်္ဂြိုဟ်ဘာသာဋီကာ၊
၎။ သိပ္ပံခေတ်နှင့် ဗုဒ္ဓ၏အစိန္တေယျတရား၊
၅။ အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကထာ၊
၆။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ၊
ဤဆောင်းပါးကို(၁၇-၄-၂၀၁၀)ရက်နေ့ထုတ် မြန်မာတိုင်းဂျာနယ်တွင် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။
                                                             အရှင်သိဒတ္ထာလင်္ကာရ။
read more

Monday, February 13, 2012

တခါတုန်းကမြန်မာပြည် - ၂



၆။ တချိန်တုန်းက မြန်မာအမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်ပုံတွေကလည်းတမျိုး ဆန်းတယ်နော်...။

 
၇။ ရှေးတုန်းက ဆန်ဖြစ်အောင် အခုလိုမောင်းထောင်းဆုံနဲ့ထောင်းရတာနော်......

 
၈။ မန္တလေးကျုံးနဲ့ မြို့ရိုးလို့ထင်ပါတယ်.... (မသေချာပါ) ။

 
၉။ မန္တလေး နန်းတွင်းတနေရာလို့ထင်ပါတယ်....


၁၀။မရှိဆင်းရဲပေမယ့်အလျှူအတန်းနဲ့ပတ်သတ်လာရင် မြန်မာတွေရဲ့သဒ္ဓါတရားကတော့မနည်းကြပါဘူး...

မှတ်ချက်။   ။ ပုံတွေကို mm-flashsongs မှာ တင်ထားတာတွေ့လို့ သိမ်းထားချင်တာကြောင့် ပို့စ်တင်တဲ့
သူဆီမှ တောင်းပြီး ကျွန်တော်ပြန်တင်လိုက်တာပါ... ၁ မှ ၉ အထိပါ ။ ပို့စ်တင်တဲ့သူက ပုံတွေရဲ့ အရင်း
အမြစ်ဖြစ်တဲ့ မူရင်း ဆိုက်ကို ပြန်လည်ဖော်ပြမထားသလို ပုံမှာလည်း ဘာစာမှ ဖော်ပြမထားပါ ဘူး... ဒါကြောင့်ပုံမှ စာတွေကို ကိုယ့် သဘောနဲ့ ကိုယ်တင်ပြထားခြင်းဖြစ်ပါတယ် ခင်ဗျာ... ၁ မှ ၉ အထိပါ..
.နောက်ပိုင်း ကျွန်တော် အွန်လိုင်းပေါ်မှာ အချိန်ပေးပြီ လိုက်ရှာလိုက်တော့ ဒီပုံတွေ ရဲ့ မူရင်း ဆိုက် ကို
တွေ့ရတဲ့နောက်ပိုင်း မူရင်းဆိုက် ဖြစ်တဲ့ www.burmadailynews.co.cc/ ကိုဖော်ပြပြီးပုံလေးတွေကို ဆက်ပြီး တင်ပြခဲ့ပါတယ်... အခုလည်း ကျွန်တော့် ရဲ့ blog လေးမှာ သိမ်းထားချင်တာကြောင့် အခုလိုပြန်
လည်ဖော်ရခြင်းဖြစ်ပါတယ် ခင်ဗျာ... ပုံလေးတွေရဲ့ မူရင်း ဆိုက်ဖြစ်တဲ့ www.burmadailynews.co.cc/ ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...
read more

တခါတုန်းကမြန်မာပြည် - ၁

ပို့စ်ခေါင်းစဉ်လေးကိုတခါတုန်းက မြန်မာပြည်လို့တပ်ထားပါတယ်...ရှားရှားပါးပါးဓါတ်ပုံလေးတွေမို့သူငယ်
ချင်းတွေကြည့်ရအောင် ကျွန်တော်ပြန်တင်ပေးတာပါ ခင်ဗျာ...အခုဓါတ်ပုံတွေကို mm-flashsongs မှအကို
ဆွေ(ဆွေလင်းအောင်)ဆီမှကျွန်တော်တောင်းလာတာပါခင်ဗျာ....


၁။ အခုခေတ်တော့ဒီလိုလှည်းယဉ် လေးတွေမတွေ့တော့ပါဘူး....။



၂။ လွန်ခဲ့နှစ်ပေါင်း ၁၀၀ ကျော်လောက်က ကျွန်တော်တို့မြန်မာတွေ ဒီလိုနေကျတာ ထင်တယ်.....။


 
၃။ ပုံကိုကြည့်ရတာ ကျွန်တော်တို့ အင်္ဂလိပ်လက်အောက်ကို ကျရောက်နေတဲ့အချိန်လို့ထင်ပါတယ်.....။

 
၎။ အရင်တုန်းကလမ်းတွေပြန်ကြည့်ရတာ စိတ်ထဲတော့လွမ်းသလိုလို ပါဘဲ.....
  

 ၅။ မန္တလေး ကျုံးလို့ တော့ ထင်တာဘဲ ....


မှတ်ချက်။   ။ ပုံတွေကို mm-flashsongs မှာ တင်ထားတာတွေ့လို့ သိမ်းထားချင်တာကြောင့် ပို့စ်တင်တဲ့
သူဆီမှ တောင်းပြီး ကျွန်တော်ပြန်တင်လိုက်တာပါ... ၁ မှ ၉ အထိပါ ။ ပို့စ်တင်တဲ့သူက ပုံတွေရဲ့ အရင်း
အမြစ်ဖြစ်တဲ့ မူရင်း ဆိုက်ကို ပြန်လည်ဖော်ပြမထားသလို ပုံမှာလည်း ဘာစာမှ ဖော်ပြမထားပါ ဘူး... ဒါကြောင့်ပုံမှ စာတွေကို ကိုယ့် သဘောနဲ့ ကိုယ်တင်ပြထားခြင်းဖြစ်ပါတယ် ခင်ဗျာ... ၁ မှ ၉ အထိပါ..
.နောက်ပိုင်း ကျွန်တော် အွန်လိုင်းပေါ်မှာ အချိန်ပေးပြီ လိုက်ရှာလိုက်တော့ ဒီပုံတွေ ရဲ့ မူရင်း ဆိုက် ကို
တွေ့ရတဲ့နောက်ပိုင်း မူရင်းဆိုက် ဖြစ်တဲ့ www.burmadailynews.co.cc/ ကိုဖော်ပြပြီးပုံလေးတွေကို ဆက်ပြီး တင်ပြခဲ့ပါတယ်... အခုလည်း ကျွန်တော့် ရဲ့ blog လေးမှာ သိမ်းထားချင်တာကြောင့် အခုလိုပြန်
လည်ဖော်ရခြင်းဖြစ်ပါတယ် ခင်ဗျာ... ပုံလေးတွေရဲ့ မူရင်း ဆိုက်ဖြစ်တဲ့ www.burmadailynews.co.cc/ ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...
 

read more

လောကနီတိ - ၂

 










  • ဆူးကို အဘယ်သူချွန် ၍ ထက်သနည်း၊
  • သမင်မျက်လုံးကို အဘယ်သူ မျက်စဉ်းခတ်၍ကြည်လင်သနည်း၊
  • ရွှံညွန် ၌ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်၍ ထုံမွှေးသနည်း။
  • သူ့သဘာဝအလျောက်သာဖြစ်ကြကုန်၏။
  • အမျိုးကောင်းသားအမျိုးကောင်းသမီးတို့မည်သည်သူတစ်ထူးအကူမရ မူလည်း
  • မိမိဘာသာကြိုးအားထုတ်ရာ၏။
  • Who sharpens the thorne to be pointed?
  • Who put eyedrops the deer'seye to be shiny?
  • Who put scent in the lily growing in mud to be fragrant?
  • Those may happen by nature.
  • The good descendents should themselves try without help.



  • ကျီးတို့ ၏ အလယ်၌ ရောနှောခြင်းဖြင့် ဟသာင်္မင်းအတွက် မတင့်တယ်။
  • နွားအုပ်အတွင်း ရောနှောနေ ခြင်းဖြင့် ခြင်္သေ့မင်းအတွက် မတင့်တယ်။
  • မြည်းအုပ်အတွင် ရောနှောနေခြင်းဖြင့် သိန္ဒောမြင်းအတွက် မတင့်တယ်။
  • သူမိုက်တို့ အလယ်၍ ရောနှောနေခြင်းဖြင့် ပညာရှိသူတော်ကောင်း အတွက် မတင့်တယ်။
  • A hamsa is out of place among crows.
  • A lion is out of place among cattle.
  • A horse is out of place among donkeys.
  • A learned man is out of place among the bad.

  • အရသာပျက်ကြောင်းတရားလေးပါ။ တို့သည်ကား-
  • ထုံးမပါသောကွမ်း။
  • ဆားမပါသောဟင်း၊
  • ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမော်ကြွား ၀တ်ဆင်ခြင်း၊
  • ပညာမတတ်ဘဲ ပျို့၊ ကဗျာ ၊ လင်္ကာ ဖွဲဆိုခြင်းတို့ ပေတည်း။
  • What causes unsavouriness are:-
  • A betel-quid without lime.
  • Curry without salt.
  • Dressing up flauntingly without wealth.
  • Composing verse without education.

  • အကြီးအမှုး လူကြီးမိဘ တို့၏ နာယက ဂုဏ်ခြောက်ပါးသည်ကား-
  • က) သည်းခံခြင်း၊
  • ခ) နိုးကြားခြင်း၊
  • ဂ) ထကြွလုံလရှိခြင်း၊
  • ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း၊
  • င) သနားကြင်နာခြင်း၊
  • စ) အမြော်အမြင်ကြီးခြင်း တို့ပေတည်း။
  • Patience, aLertness, tenacity, reasoning, compassion, farsightedness are the parental and leadership virtues.


 လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

လောကနီတိ - ၁

ကျွန်တော်တို့အားလုံးလောကနီတိလေးတွေကိုဖတ်ဖူးကြမှာပါ..။ ကျွန်တော်တော့လောကနီတိလေးတွေ ကို ဖတ်ရတာအရမ်းဝါသနာပါသလိုကြိုက်လည်းကြိုက်ပါတယ်..။ကျွန်တော်အားတဲ့အချိန်လေးတွေမှာ Blogs
လေးတွေကိုသွားရောက်လည်ပတ်တတ်ပါတယ်..အဲဒီလို Blogs တွေထဲရောက်ရင်ကျွန်တော်အရင်ဆုံးရှာ
ဖတ်တာ လောကနီတိလေးတွေပါ..ပြီးမှကျန်တဲ့ပို့စ်တွေဆက်ဖတ်တာပါ..။ လောကနီတိ လေးတွေထဲမှာ
ဆောင်ရန်၊ရှောင်ရန်လေးတွေပါပါတယ်ခင်ဗျာ..ယူတတ်ရင်အကြိုးရှိပါတယ်ခင်ဗျာ..ဒါကြောင့်မသိသေးတဲ့ 
သူငယ်ချင်းတွေလည်းဗဟုသုတဖြစ်အောင်၊ သိပြီးသားသူငယ်ချင်းတွေလည်းပိုပြီးမှတ်မိသွားအောင် ကျွန်
တော်လည်း ကိုယ့်ရဲ့ Blog လေးမှာသိမ်းထားချင်တာကြောင့်ဒီလောကနီတိလေးတွေကို ဧရာဝတီစာကြည့် မှခွင့်တောင်းပြီးကူးယူဖော်ပြလိုက်တာပါခင်ဗျာ...။

''နီတိ'' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ် ၍ ''လမ်းညွှန်''ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်
ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများဆိုင်ရာလမ်းညွှန်
ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။

တောင်တိုင်းတွင်ပတ္တမြားမရှိ။   
ဆင်တိုင်းတွင် အမြုတေမရှိ။
တောတိုင်းတွင် စန္ဒကူးမရှိ။
အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန်မရှိ။
 There is no ruby in every mountain.
There is no pearl in every elephant.
There is no sandalwood in every forest.
There is no sage in every place.


ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံအရောက်သွားပြီး ပညာကိုကြိုးစား၍ဆည်းပူး သင်ယူရာ၏။
One who wants knowledge should get to the wise and learn seriously.
စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိ သည်လည်း သူမေးလာသောအခါမှသာဖြေကြားပြောဆိုလေ့ ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟော တတ်ပေသည်။   
As a drum emits sound when struck the learned responds only when asked.
Asked or not, the uneducated speaks too much.
ပေပုရပိုက်စာရွက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟုမမှတ်ယူကောင်း။
ထို့အတူသူတစ်ပါးလက်ဝယ်၌ ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။  
Chronicled knowledge shall not be regraded as one's own.
Property in the hands of other shall not be regarded as one's own.

လိမ္မာယဉ်ကျေးရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။
Being cultured or not can be known by behavior.
Being learned or not can be known by speech.
လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
read more

နှလုံးသားအမြူတေ

         




















“နှလုံးသား အမြုတေ”

 ကြယ်မစုံ ... လမထွက်ပေမဲ့..… 
လင်းလက်နေခဲ့တဲ့… ညတစ်ညမှာ…
တိုးတိတ်တဲ့...  ရင်ခုန်သံ တစ်စုံက … 
ငါ့ရင်တွင်းကို... ချွတ်နင်းလို့...  ၀င်ရောက်လာခဲ့တယ်…

ဒီ ရင်ခုန်ခြင်း ….  သံဇဉ်တစ်ဖွဲ့ကို…..
ငါ့တစ်ယောက်ထဲ… ကြားနိုင်ခဲ့ပေမဲ့….
ခိုင်မာတဲ့… ယုံကြည်ခြင်းနဲ့ အတူ …
ငါ့ နှလုံးသားရဲ့… တွယ်ငြိမှု ”အမြုတေ” ဟာ…
ကျောက်သားစိုင်ထက်... ခိုင်မာခဲ့ပြီဆိုတာ… 
သခင့်ညီလေး .… နားလည်တတ်ခဲ့ပါပြီ….

အချိန်တွေတိုင်း .. နေရာတိုင်းမှာ..
နာရီ စက္ကန့်နဲ့ အမျှ… ဖွေရှာရင်း မောခဲ့ရတာကို ….
ရှောင်ပုန်းနေတဲ့ “အမြုတေ” …
ကွယ်ရာမှာ ... ဂရုဏာသက်နေခဲ့တာကိုလည်း ..… 
သခင့် ညီလေး ...  သိခဲ့ရပါပြီ…..

ကမာကောင်ရဲ့… အမြုတေဟာ.. “ပုလဲ”တဲ့လေ .....
ပုလဲ တစ်လုံး ဖြစ်ဘို့အတွက် …
ကမာတစ်ကောင် ဘယ်လောက် ငိုခဲ့ရသလဲဆိုတာ…
အဲ့ဒီ… ပုလဲလုံးကလေးက လွဲလို့.….  ဘယ်သူ သိနိုင်မှာတဲ့လဲ….?
အကြင်နာသခင် ...  ပြန်လာလိမ့်နိုးနဲ့ ….
ယုံကြည်ကိုးစားစွာ …  ငိုခဲ့ရတဲ့…
ငါ့ ရင်တွင်းက… မျှော်လင့်ခြင်း မျက်ရည်တွေကိုရော…
ငါ့နှလုံးသားရဲ့..  “အမြုတေ”က လွဲလို့…..
ဘယ်သူကများ….  နားလည်ပေးနိုင်ဦးမှာတဲ့လဲ…..

ညီလေးရဲ့…  သံယောဇဉ် “အမြုတေ”…
လွမ်းရစ်စေခဲ့တဲ့.. ပြစ်ဒဏ်တွေ .. ပေးချေဖို့အတွက်….
သမုဒယ ပန်းတစ်ခင်း …. အကြင်နာ လေညင်း ….
လွမ်းချင်း .. ကဗျာ…. သံစဉ်တို့နဲ့ အတူ….
သခင်ထွန်းညှိမဲ့…. ချစ်ခင်ခြင်း အလင်းတိုင်..
သခင် ကိုယ်တိုင်... ကိုင်ဆောင်လို့..…
လရောင်ဆမ်းတဲ့ ... ဟင်းလင်းပွင့်တံခါးမှ တစ်ဆင့်…
ညီ့နှလုံးသားရဲ့...  နန်းရင်ပြင်အတွင်း…..
မင်းမူ စေစား… တစ်ထောက်နားလို့ ..
“အမြုတေ” သခင် ……
အသင် လိုရာ ….. စေလှည့်ပါတော့….…။                 ။

“ဆောင်းသစ္စာ”
read more

Sunday, February 12, 2012

သမုဒယကြောင့် ပူလောင်ဆင်းရဲခဲ့ရခြင်း

သည်ဆောင်းပါးကိုမရေးမီသားငယ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ သားငယ်အိပ်နေသည်။ နှစ်နှစ်ခြိုက်
ခြိုက်ပါပဲ၊ အပြစ်ကင်းသောမျက်နှာလေးဖူးဖူးလေးကိုကြည့်မ၀သည်သို့ ရှိသည်။ ထိုသို့ ကြည့်မ၀ရင်းမှဖြစ်နေ
သည့် စိတ်နှင့် စေတသိက်များ၊သံယောဇဉ်တရား သမုဒယအပေါ်အရင်းတည်ဖြစ်ပေါ်နေသည့်စိတ်၏ အ
တွင်းသဘာဝလက္ခဏာများသည်စိတ်တွေကြောင့်ပင် သားငယ်နှင့် ပတ်သက်၍ ပူဆွေးသောက ဖြစ်ခဲ့ရသေး
သည်။ ထိုသို့  ပူဆွေးသောကဖြစ်ခဲ့ရခြင်း၏ ဒဏ်ရာဒဏ်ချက်ကို တလောက ကျွန်တော်ပြင်းပြင်းထန်ထန်
ခံစားခဲ့ရသည်။ ယခုတော့ အဲဒီခံစားချက်များ၊ပူဆွေးမှုများရှိပါသလာ ဟု မေးလျှင်မရှိတော့ပါဟုဖြေရမည်
ပင်။ အဘယ့်ကြောင့်နည်း။ ပူဆွေးမှု၊ သောကဖြစ်မှုစသည့် ခံစားချက်တွေကိုဖြစ်ပေါ်စေသည့် အခြေနေ
ပေါ်တွင် ဖြစ်ပေါ်ခဲ့သည့် စိတ်တွေ၊ ပျောက်ကွယ်သွားပြီပဲ။ ထိုစိတ်အစား အခြားသောစိတ်တွေ အစားထိုး
ဝင်နေရာယူလာသည်။ ရှေ့ ကစိတ်တွေပျက်သွားသည့်နေရာအစားနောက်စိတ်တွေနေရာယူလာပြီပဲ။
သည့်နောက် နောက်ထပ်စိတ်တွေနေရာတွင် နောက်ထပ်အသစ်ဖြစ်ပေါ်လာသည့် စိတ်တွေနေရာတရစပ်
ဝင်လာပြန်သည။ ထိုအခါ ဟိုတခါတုန်းကပူဆွေးခဲ့သော သဘောသဘာဝနှင့်ထပ်တူထပ်မျှ ခံစားရတာမျိုး ယခုအချိန်တွင် မရှိတော့သည်မှာ သေချာလှပါသည်။

အာရုံတစ်ခုတွေ့ ၊ မြင်၊ ထိ၊ သိခံစားရတိုင်း စိတ်တမျိုးဖြစ်ပေါ်စမြဲ။ အာရုံတို့ သည်လည်း အမြဲတမ်းတည်
မနေ၊ တွေ့ မြင်ခံစား၊ ထိသိနိုင်သည့် အာရုံခံ ကိရိယာများဖြစ်သည့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ သည်လည်း အာရုံအမျိုးမျိုးအပေါ်မူတည်၍ ခံစားချက်အမျိုးမျိုးပေးနေသည်။ ထို့ ကြောင့်စိတ်သည် အမျိုးစုံ မှတ်ရသည်။ အမျိုးစုံခံစားပေးနေရသည်။ အသက်ရှည်လာလေ လူ့ ဘ၀မှာ အနေကြာလာလေ၊
နှစ်တွေများလာလေ အာရုံခံစားခဲ့ရတာ ဒုနဲ့ ဒေးပင်။ ထို့ ကြောင့် ဘ၀တလျှောက်လုံးဖြစ်ခဲ့ရသောစိတ်တွေ
ကလည်း တောင်ပုံရာပုံပင်။ ဘယ်လောက်များခဲ့ပြီလဲ။ ကိုယ်ဘ၀ကိုနောက်ပြန်လှည့်ကြည့်လျှင် ဖြစ်ခဲ့သော အကုသိုလ်စိတ်တွေကလည်း အနန္တ။ ဖြစ်ခဲ့သော ကုသိုလ်စိတ်ဆိုတာကတော့...။ ကျွန်တော် တော်တော် 
တုန်လှုပ်သွားသည်။ သားနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော သောကမီးကို ကျွန်တော် ပြန်အမှန်ရမိသည်။
တစ်ခုသော နေ့ လယ်ခင်းဖြစ်သည်။ သားငယ် အစားအသောက် အနေထိုင်မှား၍ စဖျားသည်။ညနေ
ရောက်တော့ အဖျားကပိုလာသည်။ ကုနေကျ မြန်မာတိုင်းရင်းဆေးဆရာထံ ပြေးရသည်။ မြန်မာဆေးဖြင့် ကုသည်။ အပူကမကျ။ အပူရှိန်တွေ ထပ်တိုးလာသည်။ ကိစ္စမရှိ၊ဆေးရှိန်ကြောင့် အပူကြွတာပဲဟုထင်သည်။ သားငယ်ကို ပုခက်ထဲမှာ ထည့်သိပ်သည်။ပုခက်လွှဲနေရင်နှင့်ပင် သားငယ် ပုခက်ထဲမှာ လူးလိမ့်လာသည်ကို သိတိပြုမိသည်။ ပြီးတော့ သားငယ် တစ်ကိုယ်လုံးကောက်ကွေး၍ တက်တော့သည် သူ့ အမေက အလန့် 
တကြားထအော်သည်။ ကျွန်တော်က သားငယ်ကို ပုခက်ထဲမှ ဆွဲထုတ်ရသည်။ သားငယ်သတိလစ်နေသေး
သည်။မျက်ဖြူလည်း လန်နေသည်။ ကျွန်တော်ထူပူသွားသည်။ ရုတ်တရက် ဘာလုပ်ရမှန်းမသိ။ သို့ သော် ကျွန်တော် ရင်ထဲအပူက ပို၍ကြီးသည်ဟု ကျွန်တော်ထင်သည်။ မြန်မာဆေးတွေဖြင့် ကုထားသဖြင့် ရေခဲ မကပ်ရဲသေး။ သို့ သော် ဖြစ်ချင်ရာဖြစ်ဆိုကာ ရေပတ်ဝတ်ဖြင့် သားငယ်နဖူးကို ရေပတ်တင်လိုက်သည်။ သားငယ် ညည်းသံနည်းနည်း ထွက်လာသည်။ ကျွန်တော် သားငယ်ကို ပုခုံးပေါ်ထမ်းတင်၍အိပ်ပေါ်မှ ပြေး
ဆင်းခဲ့သည်။ ကားသမားကိုပြေးခေါ်ခိုင်းရသည်။ ကားသမားသွေားခေါ်၊ ကားသွားထုတ်၊အိမ်ကိုမောင်းလာ
သည်အထိကျွန်တော် မစောင့်နိုင်တော့။ လမ်းပေါ်တွင် ထမ်း၍ ပြေးနေတော့သည်။ သူ့ အမေက နောက်က
ငို၍ ပြေးလိုက်လာသည်။ကျွန်တော်ခြေလှမ်းတွေက ဆေးခန်းဆီသို့  ပြေးနေသည်။ သို့ သော်ကားနှင့်သွားမှ
ရောက်နိုင်သည်ကို ကျွန်တော် မသိမဟုတ်၊ သိသည်။ မစောင့်နိုင်တော့စိတ်ကစောနေသည်။ သားငယ်က သတိလစ်နေဆဲ။ ဆေးခန်းကို ကျွန်တော် မြန်မြန်ရောက်ချင်လှပြီ။ သားငယ်ကို မြန်မြန် သတိရစေချင်လှပြီ။ 

အဲဒီအချိန်မှာကျွန်တော် စိတ်ထဲမှာ အဲသည့်စိတ်တစ်ခုတည်းရှိတော့သည်ဟု ထင်သည်။ ထိုစဉ်ကသတိ
ပဋ္ဌာန်အားထုတ်သည့် အလေ့အကျင့် အတော်အတန်ရှိပြီးဖြစ်သောကျွန်တော်သည်ကိုယ့်ကိုကိုယ်သတိထား
ကြည့်မိလိုက်သေးသော်လည်းသတိထားချင်သည့် စိတ်တွေပင် ကုန်ခမ်းလာသည်။ ကျွန်တော်ကိုယ်သည်
ဘွိုင်လာအိုးကြီးတစ်အိုးလို ဆူပွက်နေသည်။ သားငယ်တိမ်းပါးသွားရင်ကောဟုသော အတွေးမျိုးလည်း မတွေးရဲ တွေးရဲဖြင့် တွေးနေမိသေးသည်။ သားငယ်က သတိမရသေး။ဘယ်တော့မှ သတိမရတော့ပြီလား။ ရင်ဘတ်ကို စမ်းကြည့်မိတော့ အသက် ရှုရပ်နေသလိုလို။သို့ သော် သူ့ နှုတ်မှ တအင်းအင်းနှင့် ညည်းသေး၍ နည်းနည်းစိတ်သက်သာသလို၊ သားငယ်ကို အသက်ရှင်စေချင်သည်။ သို့ သော် ထိုအချိန်၊ထိုအခါတုန်းက မသေချာတော့သည့်အချိန်နှင့် အခြေအနေ။ ထိုသို့ မသေချာခြင်းကို ကျွန်တော် ကြုံတွေ့ ရမှာအရမ်းစိုးရိမ်
နေသည်။ ထိုစိုးရိမ်စိတ်ကြောင့် စိတ်တွေ ပူလောင်နေသည်။ ဆင်းရဲလွန်းမကဆင်းရဲနေသည်။ကားရောက်
လာသည်။ ဆေးခန်းကို အမြန်မောင်းခိုင်းရသည်။ ကားက ကီလိုတစ်ရာကျော်မောင်းနေသော်လည်း ကျွန်
တော်စိတ်ထဲမှာ နှေးသလိုထင်မိသည်။နေအိမ်မှ ဆေးခန်းသို့ ဆယ်မိုင်ခန့် ပင်မောင်းလိုက်ရပါသည်။ သို့ 
သော်ကျွန်တော် စိတ်ထဲ ဆယ်ကမ္ဘာမက ထင်နေမိသည်။ သောကကြောင့်ဖြစ်သော အထင်အမြင်မှားခြင်း။
ဆေးခန်းရောက်၍ ရေခဲရေများဝိုင်းအုံလိုက်တော့မှ သားငယ် အပူကျလာသည်။ သတိရလာသည်။ မျက်လုံး
ပွင့်လာသည်။ ဖေဖေဟုခေါ်လာသည်။ ၀မ်းသာလိုက်ရသည်မှာမပြောနှင့်တော့။ဆရာဝန်က သောက်ဆေး
ပေး၍ ပြန်လွှတ်သည်။ တစ်ညလုံးရေခဲအုံရသည်။ မနက်လင်းမှ အဖျားကျသွားသည်။သားငယ်နေကောင်း
သွားပေပြီ။ တစ်ညလုံးအိပ်၍မရ။ ရေခဲကိုင်ထားသော ကျွန်တော့်လက်ကို အေးသည်ဟုမထင်။ စူးနစ်ပူ
လောင်နေသောစိတ်ထဲက သောကမီး...။ ပရိဒေ၀မီးသည် တော်တော်နှင့် မငြိမ်းသေး။ ဆူပွက်ပေါက်ကွဲခဲ့
သည်ကိုး။ ထိုအပူသည် တစ်ရက်နှင့် မပြေ၊ နှစ်ရက်နှင့်လည်း မပြေ။ ထိုအပူကိုကြိုးစားမှတ်သော်လည်း
စိတ်ထဲက လှိုင်းတွေက တော်တော်နှင့် မပြေ။ ဥပါဒါန် အစွဲတွေကြောင့်ဖြစ်သောသောကလှိုင်းများပါလား။
သြော်သမုဒယသစ္စာ။ ထို့ ကြောင့်ပင် ဒုက္ခဖြစ်စေသောအကြောင်းကိုဗုဒ္ဓမြတ်စွာကတွေ့ ရှိဟောခဲ့တာကိုး...။ ကိုယ်တွေ့ ယှဉ်သော ခံစားမှုမှသည်ယခုသွေးအေးသွားချိန်၌ ကျွန်တော် သုံးသပ်မိသည်။ ချမ်းမြေ့ရိပ်သာ
ဆရာတော်ကြီးဟောကြားသော 'ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေးတရားတော်များ' မှ တရားသံများကိုကျွန်တော်
ကြားယောင်မိပါသည်။

"ဟောသည်မှာ ဘုရားရှင် သဘာဝလေးမျိုးသွားမြင်တယ်။ ပထမဆုံး ရုပ်ရော၊နာမ်ရောဟာ မပြတ်ဖြစ်ဖြစ်ပြီး ပျက်ပျက်နေတဲ့ ဖြစ်ပျက်ပြောင်းလဲဒုက္ခသဘာဝကြီးပဲလို့  ဒီသဘာဝ တစ်မျိုးကို မြင်တယ်။ ဒုတိယ အဲသည့်
ဒုက္ခသဘာဝကြီးကို အရှိအတိုင်းမြင်တာနဲ့  သည်ဒုက္ခသဘာဝကြီးဘာကြောင့်ဖြစ်ပေါ်လာရသလဲလို့ ဆင်ခြင်
မိတော့ လိုချင်တပ်မက်နှစ်သက်တွယ်တာမှုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတာပဲ  လို့ အမှန်အ
တိုင်းမြင်လာတယ်။ ဒါဖြင့်ရင် အဲဒီအကြောင်းများ ငြိမ်းသွားရင်မရှိဘဲနေရင် အဲဒီဆင်းရဲဖြစ်ပေါ်လာဦးမလား၊ မဖြစ်ပေါ်တော့ဘူး။ ဒီတာ့ တတိယအနေနဲ့  အကြောင်းငြိမ်းရင်ဖြင့် အကျိုးဆင်းရဲငြိမ်းမှုဆိုတဲ့သဘာဝကို
လည်း ရှင်တော်မြတ်ဘုရား၊ သိမြင်သွားတယ်။ ဟုတ်ပြီ အကျိုးဆင်းရဲ မဖြစ်ပေါ်ပဲငြိမ်းရင်လိုချင်တဲ့ချမ်းသာ
ရပြီ။ ဘာကြောင့်လည်းဆိုတော့ချမ်းသာဆိုတာ ဆင်းရဲငြိမ်းမှ ရတာ မဟုတ်လား။ဆင်းရဲမငြိမ်းရင်ချမ်းသာ
ဆိုတာရပါ့မလား။ မရဘူး။ ဆင်းရဲငြိမ်းမှ ချမ်းသာရတယ်။ သည်တော့ ဆင်းရဲငြိမ်းမှုဟာ ဘာကြောင့်များ
ငြိမ်းသလဲဆိုတော့ လိုချင်တပ်မက် နှစ်မက် နှစ်သက်မှုဆိုတဲ့အကြောင်း မရှိလို့ ဆင်းရဲငြိမ်းနေတာ။ အဲသည့်
အကြောင်းက ဘာကြောင့်မရှိသလဲဆိုတော့ သဘာဝကိုသိမြင်လို့  မရှိတာဘဲလို့ ။ ဟောသည်လို ဆင်းရဲ
ငြိမ်းစေတဲ့ အကျင့်လမ်းမှန်ကိုလည်းစတုတ္ထသဘာဝ အနေနဲ့  သဘောပေါက်လိုက်တယ်။ အမှန်အတိုင်း
သိမြင်လို့  ဆင်းရဲခြင်းရဲ့ အကြောင်းဖြစ်တဲ့ လိုချင်တပ်မက် နှစ်သက်တွယ်တာမှု တဏှာငြိမ်းခြင်းဆိုတဲ့သ
ဘာဝကိုလည်းတွေ့ ရတယ်။ အဲသည့် ငြိမ်းခြင်းကြောင့် ဆင်းရဲငြိမ်းတယ်ဆိုတဲ့သဘာဝကိုလည်း တွေ့ ရ
တယ်။ မိဘနှင့် သားသမီးဆိုသော သံယောဇဉ်သည် ကြီးမားလှသည်။ မိဘက သားသမီးကို၊သားသမီးက မိဘကို မပျက်စီးစေလိုသည်မှာ ပုထုဇဉ်တိုင်း၏ပင်ကိုယ်စိတ်များပင်ဖြစ်ပါသည်။ နှောင်ဖွဲ့ တတ်သော ထိုနှောင်ကြိုးကြောင့်ပင်လျှင်အချိန်မတိုင်မီ တိမ်ပါးခြင်း၊ခွဲခွာခြင်းတို့  ကြုံရသောအခါ မိဘတို့ သည်လည်း
ကောင်း၊ သားသမီးတို့ သည်လည်းကောင်း၊ ပြင်းထန်သော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောပူဆွေး
မှုတို့ နှင့် ကြုံရတတ်ပါသည်။ သည်နှောင်ကြိုး၏အားသည် သတိပဋ္ဌာန်ရှုမှတ်သည့်အလေ့အကျင့်ကိုပင်လျှင် လွင့်စင်သွားနိုင်သည်အထ ဖယ်ရှားနိုင်စွမ်းအားကောင်းလှပါသည်။ သြော်သမုဒယဟူသည် ဒုက္ခဖြစ်စေခြင်း
၏ အကြောင်းပါလား။ လိုချင်တပ်မက်မှု၊နှစ်သက်စွဲလမ်းမှု၊ ငါ၊ သူတစ်ပါး၊ မိန်းမ၊ ယောက်ျားဟူသော် အစွဲ
အလမ်း၊ ငါ့သား၊ ငါ့သမီးဟူသည့် အစွဲအလမ်း။ အစွဲအလမ်းသည် မီးနှင့် တူလှချေသည်။

ထိုမီးကို ငြိမ်းသတ်နိုင်ရန် ဆင်းရဲမှုကို ငြိမ်းစေရန် နည်းလမ်းရှိပါသည်။မဂ္ဂင်ရှစ်ပါးတည်းဟူသောဆင်းရဲငြိမ်း
ရာ အကြောင်းကို အခြေခံ၍သတိပဋ္ဌာန်တရားကို အားထုတ်ခြင်းဖြင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ပင် ဖြစ်
ပါတော့သည်။

(မြသန်းစံ)
read more

မောင် ချစ်သည့် ဆောင်း

 

“မောင် ချစ်သည့် ဆောင်း”

မြူမှုန်ဖွေးလွ.. ချမ်းအေးမြသည်

မြောက်ပြန်လေကူး.. ညှင်းလေမြူးလွင့်.

ပန်းစုံဖူးပွင့်..  ရနံ့လွှင့်နေ.

နှင်းပွင့်ဝေစီ..  သဏ္ဍာန်ညီမှ.

ဆောင်းပီသပေ.. ချစ်ရက်ရှည်ကြောင်း..

ပြန်ပြောင်းလွမ်းရည် မောင်ချစ်သည်ဆောင်း ... ။

 နှလုံးသားမှာ.. ချစ်ရိပ်နွယ်ကာ.

အတွယ်အတာ.. သမုဒယ.

ရင်မှာတည်သမျှ.. ကာလပတ်လည်.

ရာသီရဟတ်. တစ်ပါတ်လည်ပါစေ..

မမေ့တတ်ခဲ့ပြီ.. မောင်ချစ်သည်ဆောင်း ... ။

သည်နွေမိုးဆောင်း.. ရာသီပြောင်းလဲ.

မဟောင်းသစ္စာ.. ရင်မှာတွယ်လို့.

ပင်နွယ်သို့ချည်.. ကကြိုးညီရန်.

ရာသီပြန်ထူး.. ဟေမာန်ဦးမှာ.

တမ်းတရွယ်မည်.. မောင်ချစ်သည်ဆောင်း ... ။

မှုံရီအရိပ်..  ဆောင်းအိပ်မက်ရှည်.

အရိပ်ပမာ.. နားလည်ပါလဲ.

ရင်မှာစွဲရစ်.. ချစ်နွံနစ်ပြီ.

အိပ်ရာနိုး၍.. မိုးသောက်သည့်အခါ.

ပျောက်ဆုံးရမှာ.. နှလုံးသားထဲမှ.

ကြောက်လှပါသည်..  မောင်ချစ်သည်ဆောင်း....။
   
(ဆောင်းသစ္စာ)
read more

မမုန်းရက်တဲ့ အချစ်

 
မမုန်းရက်တဲ့ အချစ်

မမုန်းရက်တဲ့ ချစ်သူရေ…
ငါတို့တွေ့စ… မေ့မရချင်..
ရင်ပင်လယ်မှာ... အလှဆုံး အပြုံး..
ဖုံးအုပ်ကာထား... နှလုံးသားကျွန်း..
ပီတိရွှန်းဝေ.. အချစ်တွေပြည့်..
သောကနွေကို… မေ့နေခဲ့ပါတယ် ချစ်သူ …။

တစ်ကယ် နှစ်ကယ်… သုံးလေးကယ်...
ငါ့ရင်ထဲမှာ… မင်း ရှိတယ်…
တစ်ချက် နှစ်ချက်… သုံးလေးချက်…
ရင်ခုန်သံတွေ… မင်းလေးအတွက်…
တစ်ရစ် နှစ်ရစ်… သုံးလေးရစ်…
ရင်မှာ တွယ်ရစ်… မင်းအချစ်…။

ဘယ်သူတွေ… ဘာပဲ ဖြစ်ဖြစ်…
မင်းအပြုံးလှစ်ရင်… ငါ ကျေနပ်တယ်…
တကယ်တော့လေ…
ငါ.. ပျော်လို့… ချစ်ခဲ့တာ မဟုတ်…
မင်းကို ချစ်ခွင့်ရလို့… ငါ ပျော်နေခဲ့တာပါ…
ချစ်ရင်း လွမ်း… လွမ်းရင်း ချစ်နဲ့…
အရမ်းကို… ချစ်နေခဲ့ရတာ…
နင့်ရဲ့… ငါပါ… ချစ်သူ …။

ချစ်တာ သိပြီး… သစ္စာ မရှိရင်…
မေတ္တာဆိုတာ… မြောင်းထဲမှာလေ…
အသည်းကွဲရုံနဲ့… မသေနိုင်ပေမဲ့…
မသေနိုင်ဘဲ… အသည်းကွဲနေတာ…
ပိုပြီး ခံစားရ … ခက်ပါတယ်…
နင့်ရင်ထဲ ရှိ မရှိ… မသေချာခဲ့တဲ့…
ငါ့… အတွက်... နင်ပေးခဲ့တာ…
အမုန်းတွေပဲလား… ချစ်သူ…။

တကယ်လို့များ…
အမုန်းရဲ့ တန်ပြန် သက်ရောက်မှုဟာ…
အချစ်ဖြစ်ခဲ့မယ်… ဆိုရင်တောင်…
အချစ်တစ်ခု ရဖို့… အတွက်နဲ့တော့…
ငါ.. မင်းကို… မမုန်းရက်နိုင်ပါဘူး…
နင့်အချစ်တွေ ရဖို့ … သေချာတယ် ဆိုရင်တောင်…
ငါ့အမုန်းတွေတော့… မပေးလိုက်နိုင်ဘူး…
ငါ့ထိုက်နဲ့ ငါ့ကံသာ … ရှိပါစေတော့… ချစ်သူရေ…။

အပြုံးဝေဖြာ… အပျော်ပါဆင့်…
ရင်နင့်ခြင်းတေး… မရှိခဲ့သေးလေတော့..
ရင်ခုန်သံကလေးတွေ… သိပ်လှနေချိန်…
အပျော်တွေမဲ့... သေစေလောက်တဲ့ ဒဏ်ရာ…
မင်းချန်ခဲ့မှာ… ငါ သိမှတော့….
ငါ့ကမ္ဘာရဲ့… အနာဂတ်နေ့သစ်…
ငါမေ့ပစ်ဖို့… မဖြစ်နိုင်ပါဘူး ချစ်သူ …

အချစ် ပြီးဆုံး … အမုန်း ဆိုလဲ…
ငါ့နှလုံးသားမှာ… မထားရှိနိုင်လို့…
ငါ့ဘ၀ ဒီတစ်သက်… အလွမ်းတွေကို တွယ်ဖက်ရင်း…
နာကျင်လွမ်းမော… သောကတောမှာ…
တစ်ဘ၀လုံး… လျှောက်ရင်းမြောသော်…
ချစ်သူ ရယ်မော… ၀မ်းမြောက်စေ…………။

“ထာဝရ ဆောင်းသစ္စာ”
read more

လူဆိုး

မြွေ    မြွေ    မြွေကြီး    မြွေကြီး
        ဟိုမှာ    ဟိုမှာ    အိမ်ထဲဝင်လာနေတယ်
        ဘာမြွေလဲ မသိပါဘူး  ဒုက္ခပါပဲ
        မှောင်ကလည်းမှောင်နေပြီ
        ဟဲ့   ဟဲ့    ဓါတ်မီးလေး ဘာလေးယူခဲ့ကြပါဟဲ့။
       
စာရေးသူသည် မွေးရပ်ဌာနေ အညာမြေသို့ ရောက်ခိုက် နွေဦးကာလ နေ၀င် မိုးချုပ် အမှောင်ကဖုံးအုပ်စပြု့
နေပြီဖြစ်သော ညနေချမ်းအချိန်ဝယ် ခမည်းတော် မယ် တော်တို့၏ အိမ်ရှေ့ကွပ်ပြစ်ပေါ်၌ထိုင်းရင်း ခမည်း
တော်ကြီးနှင့် စကားပြောနေစဉ် မယ် တော်ကြီး၏ အလန့်တကြား အော်လိုက်သောအသံကို ကြားလိုက်ရ၏။
       
ထိုစဉ် ခမည်းတော်ကြီးက `ဒီမှာ ဦးဇင်းရောက်နေတာ သိရဲ့သားနဲ့ အော်ကြီးဟစ် ကျယ်လုပ်နေရသလား၊ ထားလိုက်ပါ၊ သူ့လမ်းသူသွားလိမ့်မယ်´ဟုလှမ်းပြောလိုက်၏။
       
`မထားနိုင်ပေါင်တော် အဆိပ်ရှိတဲ့သတ္တ၀ါဆို ဒုက္ခ၊ ဟဲ့…..လာကြပါဟဲ့၊ ဓါတ်မီးနဲ့ ထိုးကြည့်ကြစမ်းပါ၊ မြွေးဆိုး
လား မြွေကောင်းလားဆိုတာကို တိတိကျကျ သိရတာပေါ့´
       
ဤကား မယ်တော်ကြီး၏ ခမည်းတော်ကြီးစကားကို အလေးမထားပဲ သူ့သား သမီးများကို လှမ်းခေါ်နေသံ
ဖြစ်၏၊ စာရေးသူကတော့ သူတို့အားလုံးကြားမှာ ၀င်မပါ သေးပဲ အကဲခတ်ကြည့်ရင်းအသာလေးထိုင်နေ
လိုက်၏၊ မကြာမီ အကိုဖြစ်သူ ရောက် လာပြီး ဓါတ်မီးနဲ့ထိုးကြည့်ကြ၏၊ ထိုအခါ မယ်တော်ကြီးက`အမလေး
မြွေးဆိုးတော့ မြွေဆိုး၊ ဟဲ့ လုပ်ကြပါ၊ အဝေးကိုကော်ထုတ်ကြ၊ မတတ်သာတဲ့ အဆုံးတော့သတ်ပစ်လိုက်ကြ အန္တရာယ်ရှိတယ်၊ ကြောက်စရာကြီး´ဟု စေခိုင်းနေလေ၏။
       
`ဟေ့ ဒကာမကြီး ဦးဇင်းရောက်နေတယ်၊ ဘာတွေပြောနေတာလဲ´ဟု ခမည်း တော်ကြီးက စာရေးသူကို
အားနာနေသည့်အမူအရာဖြင့် လှမ်းတားနေပြန်၏၊ မယ်တော် ကြီးကတော့သူမှန်တယ်ထင်ရင် ဘယ်
သူ့မှဂရုမစိုက်တတ်သော သူ့ဥာဉ် သူ့စရိုက် အတိုင်း မကြားချင်ယောင် မသိချင်ယောင်ဆောင်ကာ သူ့အလုပ်သူဆက်လုပ်နေ၏၊ စာရေးသူကတော့ လူမှုကိစ္စ၀င်မရှုတ်ပဲအေးအေးပဲ နေလိုက်၏။
      
မြွေဆိုးကို အဝေးသို့ရောက်အောင်ပဲ နှင်ထုတ်လိုက်ကြသလား၊ ဒါမှမဟုတ် သတ်ပစ်လိုက်ကြသလားတော့
မသိ၊ ခဏကြာသော် စာရေးသူထံ ရောက်လာကြကာ ရှိခိုးဦးချ၍ ထိုင်နေကြ၏။
       
`လောကော သတ္တာနမာစေရော - အတ္တာနတ္ထပဒဿကော လောကဖြစ်စဉ်မှန်သမျှသည် အဆိုးအကောင်း
ကိုညွှန်ပြသော သတ္တ၀ါတို့၏ရှေ့ဆောင်လမ်းပြ ဆရာတစ် ဆူပင်ဖြစ်၏´ဟူသော နိတိစကားနှင့်အညီ စာရေး
သူစိတ်ဝယ် မြွေဆိုးကို အကြောင်းပြု့ ၍ မိသားစုကို တရားတစ်ပုဒ်လောက် ဟောလိုက်ရရင် ကောင်းမယ်ဟု အကြံဖြစ်ပေါ် လာသည်နှင့်………………
      
ကဲ    ကဲ    ကဲအားလုံးနားထောင်ကြ၊ ဦးဇင်း တရားစကားတစ်ခွန်း နှစ်ခွန်း လောက်ပြောပြမယ်…………ဟု ဆိုကာ မိသားစုကို တရားလမ်းကြောင်းပေါ်သို့ဆွဲတင် လိုက်၏။
       
စာရေးသူ။    ။ ဒကာမကြီး စောစောကမြွေကဘာမြွေလဲ၊
မယ်တော်ကြီး။    ။ မြွေဟောက် ဦးဇင်းရဲ့ မြွေဆိုး မြွေဆိုး သိပ်ကြောက်စရာ ကောင်းတယ်၊
စာရေးသူ။    ။ ဘယ်အရာကိုကြည့်ပြီး မြွေဆိုး မြွေဟောက်လို့ သတ်မှတ်သလဲ ဒကာမကြီး၊
မယ်တော်ကြီး။    ။ အို - ဦးဇင်းကလဲ ဒါလေးတောင်မသိဘူးလား၊ လည်ပင်းတစ် ၀ိုက်မှာ ဒါမှမဟုတ်တစ်
ကိုယ်လုံးမှာ မြွေဆိပ် အမည်းရစ်ကလေးတွေအရေးအ ကြောင်းကလေးတွေပါရင်မြွေဆိုး၊ မြွေဟောက်လို့ခေါ်
တယ်ဦးဇင်းရဲ့၊ သူ့အဆိပ်ကသိပ်ပြင်း တယ်၊ အန္တရာယ်ရှိတယ်။
       
စာရေးသူ။    ။ ဟုတ်ပါပြီ အဲဒီမြွေဆိုးကို ဘာလုပ်ပစ်လိုက်ကြသလဲ။

မယ်တော်ကြီး အသံလည်းထွက်မလာ၊ အကိုဖြစ်သူကလည်း လျှောက်ထားဖို့ ခက်နေသည့်ဟန်၊ ညီမငယ်
များကလည်း ခေါင်းငုံ့နေကြ၏၊ ထိုအခါ စာရေးသူကပဲ အလိုက်သိစွာ စကားစကို ဆက်လိုက်ပါ၏။

`ကဲ  -  ဟုတ်ပါပြီ၊ မြွေဆိုး ဆိုတော့ အန္တရာယ်ရှိလို့ ကြောက်စရာ ကောင်းလို့ သတ်ချင်သတ်မယ်၊ရိုက်ချင် ရိုက်ချမယ်၊ အဝေးသို့ရောက်အောင်နှင်ထုတ်ချင်နှင်ထုတ်မယ်၊ စက်ဆုတ်ရွံရှာစရာကောင်းတဲ့ ဒီမြွေဆိုးကို စက်ဆုပ်တယ်၊ ရွံရှာတယ်၊ ငြီးငွေ့ တယ်၊ စိတ်ကုန်တယ် ဆိုပါတော့´
       
မယ်တော်ကြီး။    ။ မှန်ပါ မြွေဆိုးဆိုတော့ စက်ဆုပ်ပါတယ်၊ ရွံပါတယ်၊ စိတ်ကုန် ပါတယ်။
စာရေးသူ။    ။ `ကဲ  အားလုံးကိုမေးမယ်နော် ဖြေကြ၊ အခုဒီနားမှာထိုင်နေကြတဲ့ သူတွေကိုဘာ
လို့ခေါ်သလဲ။´
       
အားလုံး။    ။ `လူ  -  လူလို့ခေါ်ပါတယ်´။
စာရေးသူ။    ။ ဟုတ်ပြီ  -  အဲဒီလူဆိုကလည်း မျက်စိ နား နှာခေါင်း လျှာ ကိုယ် ပထ၀ီ အာပေါ ၀ါယော
တေဇော ဆိုတဲ့ ဓါတ်ကြီး(၄)ပါးစတဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများနဲ့ သိစိတ် ခံစားမှုသဘောမှတ်သားမှုသ
ဘော၊ ပြုပြင်မှုသဘော ဆိုတဲ့ အသိရှိ နာမ်ပိုင်း ဆိုင်ရာ ပစ္စည်းများနဲ့ တည်ဆောက်ထားတဲ့ သတ္တ၀ါပဲ။
       
အားလုံး။    ။ မှန်ပါ။
စာရေးသူ။    ။ ကဲ  -  လူတွေကို အကဲခတ်ကြည့်ရအောင် မြွေကို တွေ့တဲ့အခါ လည်ပင်းနား တ၀ိုက်မှာ သို့
မဟုတ် တစ်ကိုယ်လုံးမှာ အဆိပ်ကြောင်းဖြစ်တဲ့ အမည်းရစ် ကလေးတွေ အရေးအကြောင်းလေးတွေ ပါရင်
မြွေးဆိုးလို့သတ်မှတ်ပြီး ရွံရှာ မုန်းတီး အကြောက်ကြီး ကြောက်ကြတယ်နော်။
       
အားလုံး။    ။ မှန်ပါ။
စာရေးသူ။    ။ ကဲ  -  လူတွေကိုလဲ အသေအချာကြည့်ကြပါအုံး၊ မွေးလာ ကတည်းက လူ့ခန္ဓာကိုယ်မှာမြွေ
တွေလိုပဲ အရစ်ကလေးတွေပါလာတယ်တဲ့၊ အတိအကျပြောရရင် အရစ်(၃)ရစ်ပေါ့။ ကဲ  -  ဘာအရစ်တွေလို့ထင်သလဲ။
       
ညီမငယ်။    ။ နဖူရစ်၊ မျက်ရစ်၊ လည်ရစ်တွေလား ဘုရား။
စာရေးသူ။    ။ အင်း  -  ငါ့ညီမကတော့ လုပ်ပြီ၊ ခန္ဓာကိုယ်မှာ ဒီလိုအရစ်မျိုးက တော့ အဲဒီ သုံးမျိုးတင် ဘယ်
ကမလဲ ဗိုက်ရစ် ပေါင်ရစ်၊ စသည်အများကြီးရှိနိုင်တယ်၊ အခုခေတ်က ဟိုအရစ်ဖေါ် ဒီအရစ်ဖေါ်နဲ့ အရမ်း
အရစ်များတဲ့ခေတ်ပဲ၊ ဦးဇင်းပြောတဲ့ အရစ်(၃)ရစ်က အဲဒါတွေမဟုတ်ဘူး၊ ကဲ  -  စောစောကပြောတဲ့ မြွေကို အရစ်ပါမပါ၊ မြွေဆိုးဟုတ် မဟုတ် ကြည့်တဲ့အခါမှာ မှောင်နေတဲ့အတွက် ဘာနဲ့ကြည့်သလဲ။
       
အစ်ကို။    ။ ဓါတ်မီးနဲ့ထိုးကြည့်ပါတယ် ဘုရား၊
စာရေးသူ။    ။ ဟုတ်တယ် ဓါတ်မီးနဲ့ ကြည့်ရတယ်၊ ဓါတ်မီးရဲ့ အလင်းရောင်နဲ့ ကြည့်ရတယ်၊ အဲဒီလိုပဲ လူ့
ခန္ဓာကိုယ်ရဲ့ အရစ်(၃)ရစ်ကို ကြည့်တဲ့အခါ မောဟ အ၀ိဇ္ဇာ အမှောင်တိုက်ကြီးဖုံးနေတဲ့အတွက် ရိုးရိုးကြည့်
လို့မရဘူး၊ ပညာမျက်စိ ပညာဓါတ်မီး ပညာတည်းဟူသော အလင်းရောင်နဲ့ကြည့်မှမြင်နိုင်မယ်၊ လူ့အားလုံးရဲ့ ခန္ဓာကိုယ်မှာပါ လာတဲ့ အရစ်တွေက အနိစ္စအရစ်၊ ဒုက္ခအရစ်၊ အနတ္တအရစ်၊ တွေတဲ့၊ မွေလာကတဲက မမြဲ
တဲ့အမှတ်အသား အနိစ္စအရစ်၊ ဆင်းရဲမဲ့အမှတ်အသား ဒုက္ခအရစ်၊ အစိုးမရ အာမခံ မရှိ အမာခံမရှိ အနှစ်
မပါ မခိုင်မာစွဲစရာ ငါဆိုတာမရှိဘူးလို့ ဖေါ်ပြထားတဲ့ အနတ္တအရစ်အဲဒီအရစ်(၃)ရစ်ပါလာကြတယ်။
       
ဒကာကြီး။    ။ မှန်ပါ၊ မှန်ပါ၊ (ခေါင်း တငြိမ့်ငြိမ့်ဖြင့် သဘောပေါက်လာသည့်ဟန်)
စာရေးသူ။    ။ အဲဒီ အရစ်(၃)ရစ်က မြွေဆိပ်လိုပဲ အင်မတန်ပြင်ထန်တဲ့ အဆိပ် ရစ်တွေပေါ့၊လူတစ်ယောက် ရုပ်တရက်အိုသွားတယ်၊ ရုပ်တရက်နာသွားတယ်၊ ရုပ်တ ရက်သေသွားတယ်ဆိုတာတွေဟာ အနိစ္စ ဒုက္ခ အ
နတ္တ ဆိုတဲ့ အဆိပ်မည်းကြီးတွေပျံ့ သွားလို့ပဲ၊ ကဲအားလုံးကိုမေးမယ် အဲဒီလိုအရစ်(၃)ရစ်ပါတဲ့လူကိုကျတော့ ဘယ်လို ခေါ်မလဲ၊ ချစ်စရာကောင်းတဲ့လူ လို့ခေါ်မလား၊ မုန်းစရာကြောက်စရာကောင်းတဲ့လူဆိုး
လို့ ခေါ်မလား၊
       
ဒကာကြီး။    ။ မှန်ပါ၊ လူဆိုးလို့ခေါ်ရမှာ ဘုရား
စာရေးသူ။    ။ ဒါဆို ဒီနားကလူတွေအားလုံးဟာ အရစ်(၃)ရစ်နဲ့ လူဆိုးတွေပေါ့ အဆိပ်တွေပြည့်နေကြတဲ့
ကြောက်စရာ လူဆိုးကြီးတွေပေါ့၊ ဟုတ်လား။
       
ဒကာမကြီး။    ။ ဦးဇင်းသဘောပဲတပည့်တော်မတို့ကတော့ဘယ်သူ့ကိုမှမ ကြောက်တတ်ပါဘူး။
စာရေးသူ။    ။ အို  -  ဒကာမကြီးကလဲ ခက်တော့နေပြန်ပြီ၊ ဦးဇင်း တရားသဘောနဲ့ပြောတာမြွေဆိုးရဲ့မြွေ
ဆိပ်က သူများကိုပဲ ဒုက္ခပေးမှာ၊ ကိုယ့်ခန္ဓာမှာ ပါလာတဲ့ အဆိပ်တွေက ကိုယ့်ကိုဒုက္ခပေးမယ်ဆိုတာကို သိ
အောင်လို့ပြောပြနေတာ ဒကာမကြီး ရဲ့အဲဒီ ဘယ်သူ့ကိုမှမကြောက်ဘူးဆိုတာ သတ္တိ မာန ဇွဲ လုံ့လကိုတရား
သဘောအရ ကြောက်တတ်တဲ့ နေရာမှာသာ အသုံးချလိုက်ရင် သိပ်အကျိုးများမှာပဲ။
        
ဒကာမကြီး။    ။ ဘာကိုဘယ်လိုကြောက်ရမှာလဲ ဘုရား။
စာရေးသူ။    ။ ဦးဇင်း ရှင်းပြမယ်၊ ဂရုတစိုက်နားထောင်ကြ၊ လူဆိုတာ ရုပ် နာမ် ခန္တာနဲ့ဖွဲ့စည်းထားတာသိ
ကြပြီနော်၊ အဲဒီထဲမှာ ထင်ရှားတဲ့ ရုပ် အပေါင်းအစုထဲ ဓါတ်ကြီးလေးပါးကိုပဲ လေ့လာကြည့်ကြရအောင်လူ
တွေဟာ ပထ၀ီဓါတ်ရဲ့တောင်းဆိုချက်အရ အစစ အရာရာ ခပ်မာမာလေးမှကြိုက်တယ်ဆိုရင်မာအောင်လုပ်
ပေးကြရတယ်၊ ပျော့ပျော့လေးမှဆိုလည်း ပျော့အောင်လုပ်ပေးကြတယ်၊ ဒါပေမဲ့ အဲဒီ ပထ၀ီဓါတ်ဆိုတဲ့ ရုပ်
ကြီးက ကျေးဇူးသိတတ်တာမဟုတ်ဘူး၊ တစ်နေ့ကျကိုယ့်ကိုဖျက်ဆီးသွားကြတာပဲ၊ပထ၀ီဓါတ်ဖျက်လို့သေရ
တယ်ဆိုတာမျိုးပေါ့၊ အာပေါဓါတ်ရဲ့တောင်းဆိုချက်အရ စီးစီး လေးမှကြိုက်တယ်ဆိုတော့၊ အစားအစာတွေ
ကို စီးစီးလေးဖြစ်အောင်ပြုလုပ်ပြီးမှစား ကြတယ်၊ အရည်လေးမှကြိုက်တယ်ဆိုတော့လည်း အရည်တွေကို
သောက်ကြတယ်၊ ဒါပေမဲ့ အဲဒီအာပေါဓါတ်ဆိုတဲ့ရုပ်ကြီးကလည်း ကျေးဇူးသိတတ်တာမဟုတ်ဘူး၊တစ်နေ့ကျ
ကိုယ့်ကိုဖျက်ဆီးပျက်တာပါပဲ၊အာပေါဓါတ်ဖျက်လို့ သေရတယ်ဆိုတာမျိုးပေါ့၊ တေဇောဓါတ်ရဲ့တောင်းဆိုချက်
အရ ပူပူနွေးနွေးလေးမှ ကြိုက်တယ်ဆိုတော့ ပူပူနွေးနွေး အစားအစာတွေကိုစားကြတယ်၊ နွေးနွေးထွေးထွေး ၀တ်ကြတယ်၊ အေးအေးလေးမှကြိုက်တယ်ဆိုတော့လည်း အေးတဲ့အစားအစာ အေးတဲ့ရေတွေကိုသောက်ကြ
ရတယ်၊အေးတဲ့နေရာတွေမှာနေကြတယ်၊ အေးတဲ့ရေတွေကိုချိုးကြတယ် ဒါပေမဲ့အဲဒီတေဇောဓါတ်ဆိုတဲ့ရုပ်
ကြီးကလဲ ကျေးဇူးသိတတ်တာမဟုတ်ဘူး၊ တစ်နေ့ကျကိုယ့်ကိုဖျက်ဆီး ပစ်တာပဲ၊တေဇောဓါတ်ဖျက်လို့ သေ
ရတယ်ဆိုတာမျိုးပေါ့၊ ၀ါယောဓါတ်ရဲ့တောင်းဆို ချက်အရ လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာတယ်ဆိုလို့လှုပ်လှုပ်
ရှားရှား နေကြရတယ်၊ ပုံမှန်လမ်း လျှောက်ပေးကြပြန်တယ်၊ တစ်ခါ ငြိမ်ငြိမ်လေးနေမှ ဆိုပြန်တော့လည်းငြိမ်
ငြိမ်လေးနေ ပေးကြရပြန်တယ်၊ ဒါပေမဲ့အဲဒီဝါယောဓါတ်ဆိုတဲ့ ရုပ်ကြီးကလည်း ကျေးဇူးသိတတ်တာမဟုတ်
ဘူး တစ်နေ့ကျရင် ကိုယ့်ကိုဖျက်ဆီးပစ်တာပဲ ၀ါယောဓါတ် ဖျက်လို့(လေဖျက်လို့) သေရတယ်ဆိုတာ
မျိုးတွေပေါ့။
        
လူလို့သတ်မှတ်ထားတဲ့ ရုပ်ဝတ္ထုအားလုံးရဲ့နေရာတိုင်းမှာ အနိစ္စ ဒုက္ခ အနတ္တ ဆို တဲ့ အဆိပ်တွေကပျံ့နှံ့ပြည့်
နှက်နေတဲ့အတွက် အချိန်မရွေး နေရာမရွေး အကြောင်း မရွေး သေကြေပျက်စီးနိုင်တာကိုတွေးပြီးတော့ 
ကြောက်တတ်ရမယ် လူဆိုတဲ့ တို့ တတွေဟာ ဘာမှမခိုင်မာတဲ့ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာပါလား 
အထိမခံ ကြွေပန်းကန်ဆိုသလိုပဲ ကွဲးလွယ် ကြွေလွယ် ပျက်စီးလွယ် သေလွယ်ပျောက်လွယ်တဲ့ သတ္တ၀ါပါ
လားလို့ အမြဲနှလုံးသွင်းဆင်ခြင်ရမယ် ကြောက်စရာကောင်းတဲ့ ရုပ် နာမ် ဓမ္မ သင်္ခါရတွေပါလားလို့ဆင်ခြင်
သုံးသပ်တဲ့ အသိဥာဏ်ဖြစ်ပေါ်လာရမယ်လို့ပြောတာ၊ ဗုဒ္ဓ ဘုရားရှင်ကဟောတော်မူထားတယ်၊ ရုပ် နာမ် 
ခန္ဓာ ဆိုတာလူသတ်သမားပဲတဲ့။
       
ဒကာကြီး။    ။ မှန်ပါ တပည့်တော်နားလည်ပါပြီ -
ပထမအချက်က - လူဆိုတာ ပျောက်လွယ် ပျက်လွယ်တဲ့ ရုပ် နာမ် ၀တ္ထုပစ္စည်း တွေနဲ့တည်ဆောက်ထား
တာလို့ မထမဆုံးသိရမယ်၊
         
ဒုတိယအချက်က - အဲဒီ ရုပ် နာမ် ၀တ္ထု့ပစ္စည်းတွေဆိုတာ အဆိပ်တွေနဲ့ပြည့်နေ တဲ့အတွက် အချိန်မရွေး
ပျက်စီးနိုင်တယ်ဆိုတာကိုသိပြီး ကြောက်တတ် မုန်းတတ် ငြီးငွေ့ တတ်ရမယ်လို့ပြောတာ မဟုတ်လား ဘုရား။
       
စာရေးသူ။    ။ ဒကာကြီးက အတော်သဘောပေါက်လာပြီ၊ ပြီးမှ ဒကာမကြီးကိုထပ်ရှင်းပြလိုက်အုံး၊နောက်
ဆုံး တစ်ဆင့်ကျန်သေးတယ် ဒီလောက်သိရုံနဲ့ ရပ်နေလို့မရ သေးဘူး အဆိပ်ရစ်တွေနဲ့ မြွေဆိုးကို ကြောက်
တော့ ဘာလုပ်ကြမလဲ၊
       
ဒကာကြီး။    ။ အဝေးသို့နှင်ပစ်မယ် ဒါမှမဟုတ် သတ်ပစ်ရမယ် ဘုရား၊
စာရေးသူ။    ။ အင်း - ဟုတ်ပြီ အဲဒီလိုပဲ ဒကာကြီးရဲ့ ကြောက်စရာကောင်းတဲ့ လူဆိုးလို့ခေါ်တဲ့ ရုပ် နာမ် တ
ရားတွေကိုလည်း တပ်မက်မှု တွယ်တာမှုကင်းမယ်၊ ဥပေက္ခာပြု လျှစ်လျူရှုနိုင်ရမယ်၊ ရုပ် နာမ် သင်္ခါရတရား
တွေနဲ့ ပတ်သက်ပြီး လောဘ လည်းမဖြစ်စေနဲ့ သတိနဲ့ထိမ်းပြီး အသိတရားနဲ့ ဆင်ခြင် သူ့ သဘာဝ ဖြစ်ပျက်
ကိုမြင်နေ ရင် ကိုယ့်ရံစိတ်အစဉ် စင်ကြယ်သန့်ရှင်း အပြစ်ကင်းနေတယ် မဟုတ်လား။
       
ဒကာကြီး။    ။ မှန်ပါ။
စာရေးသူ။    ။ ကိုယ့်ရဲ့စိတ်အစဉ် စင်ကြယ်သန့်ရှင်း အပြစ်ကင်းနေရင် အဲဒါနိဗ္ဗာန်ဆိုတဲ့ သန္တိသုခ အငြိမ်း
ဓါတ်ကို ရဖို့အတွက် လမ်းမှန်ပေါ်ကို ရောက်နေတာပဲ၊ လောကုတ္တရာရဲ့ရှေ့ပြေးလောကီမဂ်ဆိုက်ရောက်ပြီ
လို့ပြောလို့ရတယ်။
       
ဒကာကြီး။    ။ မှန်ပါဘုရား၊အတော်သဘာဝကျတာပဲ၊တပည့်တော်တို့လို တောသားတွေကိုနားလည်အောင် 
အခုလိုရှင်းပြတာ ကျေးဇူးပါပဲ။
       
စာရေးသူ။    ။ ကျေးဇူးတင်မနေပါနဲ့ ဒကာကြီးရယ် သားကအဖေကို ဗုဒ္ဓအလိုကျ ကျေးဇူးဆပ်နေတာပါ၊ ကဲ
ရှင်းအောင်ထပ်ပြောမယ်။

အဆိပ်တွေ အရစ်တွေပါတဲ့ မြွေကို မြွေဆိုးလို့ သတ်မှတ်သလို - အနိစ္စ ဒုက္ခ အနတ္တ အဆိပ်တွေအရစ်တွေပါ
တဲ့ လူကိုလည်း လူဆိုးလို့သိပါ။

မြွေဆိုးလို့သိတဲ့အခါ ဒုက္ခကောင် အန္တရာယ်ပေးမဲ့အကောင်ဆိုပြီး ရွံမုန်းကြ သလို ကိုယ့်ကိုကိုယ်
လည်း ဒုက္ခပေးမယ့် အန္တရာယ်ပေးမယ့် အဆိပ်တွေနဲ့ ပါလားလို့သိပြီး ရွံပါ မုန်းပါ။

မြွေဆိုးကို ရွံမုန်းလို့သတ်ပစ်လိုက်သလို လူဆိုးဖြစ်တဲ့ ဒီရုပ်နာမ်ခန္ဓာကိုလည်း တွယ်တာမှုကင်း သံ
ယောဇဉ် ရှင်းအောင် ကြိုးစားကြပါလို့တိုက်တွန်းပါတယ်။

ကဲကဲအချိန်လည်း အတော်မှောင်သွားပြီ တရားအလင်းရောင် နဲ့နိဂုံးချုပ်ကြစို့ ဟို ဂါထာတစ်ပုဒ် ရကြတယ်မ
ဟုတ်လား။`သဗ္ဗေ သင်္ခါရာ အနိစ္စတိ၊ ယဒါ ပညာယ ပဿတိ၊ အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ´
ဆိုတာလေ။

ဒကာကြီး။    ။ မှန်ပါ - ရဖူးပါတယ်၊ တပည့်တော်တို့ရွာမှာ ညစဉ်ရွာလယ် ဓမ္မာရုံ မှာ စုပေါင်းဘုရားရှိခိုးရင် ရွတ်တဲ့ စာထဲမှာပါတယ်။
စာရေးသူ။    ။ အဲဒီဂါထာရဲ့ အဓိပ္ပါယ်ကိုသိလား။
ဒကာကြီး။    ။ မသိပါဘူးဘုရား သူများရွတ်လို့လိုက်ရွတ်တာပါ။
စာရေးသူ။    ။ အင်းအဓိပ္ပါယ်မသိပဲ ရွတ်နေတာဆိုတော့ အရွတ်ကိုစားရသလို အရသာမရှိဖြစ်နေမှာပေါ့၊
ဦးဇင်းပြောပြမယ် နားထောင်။

`သဗ္ဗေ သင်္ခါရာ အနိစ္စာတိ ယဒါ ပညာယ ပဿတိ´ ဆိုတာက ရုပ် နာမ် ဓမ္မ သင်္ခါရ အားလုံးကို`အနိစ္စ´
(မမြဲဘူး)လို့သိအောင် မြင်အောင်ကြိုးစားပါလို့ ဆိုလိုခြင်းဖြစ်တယ်၊ ယထာဘူတဥာဏ် လို့ခေါ်တယ်။

`အထနိဗ္ဗိန္ဒတိ ဒုက္ခေ´ဆိုတာက မမြဲတဲ့အတွက် ဒုက္ခသက်သက်ဖြစ်တဲ့ အဲဒီ ရုပ် နာမ် ဓမ္မ သင်္ခါရ တွေကို ရွံ
ပါ မုန်းပါ စိတ်ကုန်ပါလို့ဆို ဆိုလိုတယ် နိဗ္ဗိန္ဒ ဥာဏ် လို့ခေါ်တယ်။

`ဟသ မဂ္ဂေါ ၀ိသုဒ္ဓိယာ´ဆိုတာက ငြီးငွေ့ ရွံမုန်း၍ စိတ်ကုန်သလို ဖြစ်လာတဲ့ အခါ အသိဥာဏ်လွတ်ထွက်မ
သွားစေပဲ အာလယပြတ်လိုက်ပါ၊ တွယ်တာ တပ်မက်မှု အသစ်အသစ် မဖြစ်ပါစေနဲ့ နှောင်ကြိုးအားလုံးကို
ဖြတ်တောက်ပြီး သံယောဇဉ်နယ်မှ လွတ်အောင် ရုန်းထွက်ပါလို့ ဆိုလိုတယ်၊ အဲဒါ မဂ်ဥာဏ် ပဲပေါ့။

ဒကာကြီး။    ။ သြော် - အရေးကြီးတဲ့ ဥာဏ်စဉ်သုံးပါးပဲပေါ့ ဘုရား။

ရုပ် နာမ် ဓမ္မ သင်္ခါရ အားလုံးကို အနိစ္စ ဒုက္ခ အနတ္တလို့ အမှန်အကန် သိတာက  `ယထာဘူတဉာဏ်´ 

အမှန်အတိုင်းသိပြီး ငြီးငွေ့စိတ်ကုန်စရာတွေပဲလို့ ဆင်ခြင်သုံးသပ်နိုင်တာက `နိဗ္ဗိန္ဒဉာဏ်´ 

တကယ်ငြီးငွေ့ တကယ်စိတ်ကုန်ပြီး ရုပ် နာမ် ဓမ္မ သင်္ခါရတွေကို စွန့်ပစ်နိုင် တာ အသစ်အသစ်မလိုချင်တော့
တာက`မဂ်ဉာဏ်´လို့ ဆိုလိုတာ မဟုတ် လား ဘုရား။

စာရေးသူ။    ။ သိပ်ဟုတ်တာပေါ့ ဒကာကြီး၊ အကျဉ်းချုပ် ထပ်ပြောရရင် ဘယ်အရာမဆိုဖြစ်ပြန်ပျက်ပြန်
လောကဓံ ဆိုသလိုပဲ ဖြစ်ပြီလျှင်ပျက်တာပဲ ဆိုတဲ့ အဖြစ်မှန် သဘာဝအမှန်ကို သိအောင်လုပ်၊
  • ရွံမုန်းနိုင်အောင် ကြိုးစား။
  • နောက်ကို ပြန်ကြည့် ပြန်ကြည့် လုပ်မနေနဲ့၊ ငြိမနေနဲ့ လိုဆိုလိုရင်းပဲ။
ဖြစ်ပျက်နှစ်တန် အမြင်မှန် ခေါ်ရန် ယထာဘူတ။
ဖြစ်ပျက်မြင်ကာ ငြီးငွေ့လာ မှတ်ပါ နိဗ္ဗိန္ဒ။
ငြီးငွေ့သောအခါ မတွယ်တာ အဲဒါ မဂ်ဉာဏ်ဗျ။
မဂ်ပေါက်ဖိုဝင် နိဗ္ဗာန်မြင် အစဉ်ငြိမ်းအေးရ……

လို့ လင်္ကာ ဆောင်ပုဒ်လေးတွေ ရေးသား သီကုံးထားတာ ရှိတယ်။ ကဲ - ကဲ ဦးဇင်း ပြန်ကြွတော့မယ်။

ဒကာကြီး။  ။ ဟဲ့သားကြီး ဦးဇင်းကို ကျောင်းရောက်အောင် လိုက်ပို့လိုက်အုံး၊ မှောင်နေတယ်၊ဓါတ်မီးယူသွား။
စာရေးသူ။    ။ အင်းလမ်းခရီးမှာ ဒုက္ခမရောက်အောင် မကတိအမှောင်ကို ထွင်း ဖောက်ဖို့ အလင်းရောင်လို
အပ်သလို၊ သံသရာခရီးမှာ ဒုက္ခမရောက်အောင် ဘ၀ အမှောင်ကို ထွင်းဖေါက်ဖို့ ပညာအလင်းရောင် လိုအပ်
တယ်နော်။
ဒကာကြီး။    ။ မှန်ပါ - မှန်ပါ့၊
ဒီနေ့ ဦးဇင်း မိန့်သွားတာတွေက မှတ်သားစရာ လိုက်နာစရာတွေချည်းပါပဲ။ အဖိုးတန်လိုက်တာ။
သာဓုပါဘုရား- သာဓု - သာဓု။

 အရှင်သိရီဒတ္ထာလင်္ကာရ
read more

Saturday, February 11, 2012

ဘ၀ကို ချမ်းမြေ့စွာဖြတ်သန်းပါ


ကျွန်တော် တို့အားလုံးလူရယ် လို့ဖြစ်တည် လာရင် မိဘတွေရှိမယ်၊ မိသားစုတွေရှိမယ်၊
မိတ်ဆွေသူငယ်ချင်း တွေရှိမယ်၊ လူ့အသိုင်းအ၀ိုင်းပတ်ဝန်းကျင်ဆိုတာ ရှိမယ်၊ကိုယ့်ကို
ချစ်တဲ့သူတွေ ရှိသလိုမုန်းတဲ့သူတွေ လည်း ရှိနေမှာပါ… ဒါတွေအားလုံးနဲ့သဟဇာ
တဖြစ်အောင်နေနိုင်ရင်ဘယ်လောက်ကောင်းလိုက်မလည်းလို့ စဉ်းစားကြည့်မိပါတယ်…
လူသားအားလုံးဟာ ပုထုဇဉ်လူသားတွေ မို့လောဘ၊ ဒေါသ၊ မာန်မာနတွေ အတ္တတွေ နဲ့
မကင်းကြ တာမို့လည်း လောကကြီးမှာ အင်အားကြီးသူ ကအင်အားနည်းသူကို အနိုင်ယူ
တဲ့ ကြီးနိုင် ငယ် ညှင်းဝါဒ တွေ၊ လူအချင်ချင်းကူ ညီရိုင်းပင်းရမယ် စိတ်ဓါတ်တွေ ခေါင်း
ပါးလာကြ ပါတယ်… ဒုက္ခရောက်နေတဲ့ သူကို ကူညီရမယ့် အစား ကိုယ့်အတ္တ ကိုယ်
ကျိုးအတွက် ရေနစ်သူကို ၀ါးကူ ထိုးနေကျတဲ့အဖြစ်တွေ ကိုတွေ့ ရ တော့လောကကြီး
က မတရားပါလား လို့ အပြစ်တင်မိပါတယ်… သေချာစဉ်းစားကြည့်လိုက်တော့လောက
ကြီး ကသူ့ဟာသူနေတာပါ… လူတွေကသာသူ့ကို အရောင်သွားဆိုးပေးနေကြတာပါ… 


ကျွန်တော် တို့အားလုံး လူဘ၀ ကိုခဏတာလေး သာရကြတာပါ… လူ့လောကကြီးကို
ထဲကို အလည်ရောက်လာတဲ့ဧည့်သည်တွေပါ… အချိန်တန်ရင်ပြန်ကြမယ့်သူတွေပါ…
ရလာတဲ့ လူ့ဘ၀ ခဏတာအချိန် လေးမှာ လောဘတွေ၊ ဒေါသတွေ၊အ တ္တတွေ နဲ့
ဘ၀ကိုဖြတ်သန်းရင် ပူလောင်လွန်းလှပါတယ်… သာယာအေးချမ်းတဲ့ အေးမြမှုကိုမ
ရပဲအင်မတန်မှ ပူလောင်လွန်းလှတဲ့ကန္တာရ အလယ် ကိုလျှောက်လှမ်းနေရသလို 
ဘ၀ကိုဖြတ်သန်း ကုန်ဆုံးသွားမယ် ဆိုရင် ကျွန်တော် တို့ လူဖြစ်ရကျိုးမနပ် ဖြစ်ရပြီ
ပေါ့… လူ့ဘ၀ခဏတာ အချိန်တိုတို လေးမှာ လူပီသအောင်နေ သွား ပြီး ဘ၀ကို
အေးချမ်းစွာ နဲ့ဖြတ်သန်းရင်း ကိုယ့်ရဲ့နောက်ဆုံးအချိန်လေးကိုအဆုံးသတ်သွားသင့်
ပါတယ်… လူ့လောကကြီးတခု လုံးအတွက် လုပ်မပေးနိုင်တောင်ကိုယ့်ပတ်ဝန်းကျင်
ကသူတွေအတွက်ကိုယ်လုပ်ပေး နိုင်တာလေးတွေ အများကြီးနေမှာပါ… ကျွန်တော်
လည်းဘ၀မှာအတတ်နိုင်ဆုံး လူပီသအောင်နေသွားမယ် လို့ဆုံး ဖြတ်ထားခဲ့ပါတယ် … 
ကိုယ့်မိသားစုအတွက်ဖြစ်စေ၊ ကိုယ်ချစ်ရတဲ့သူတွေကိုဖြစ်စေ၊ ကိုယ်ရဲ့ခင်မင် ရတဲ့ 
မိတ်ဆွေ သူငယ်ချင်းတွေ အတွက်ဖြစ်စေမထင်မှတ်တဲ့ လိုအပ်တာ လေးတွေကို အ
ကောင်းဆုံး ဖြည့် ဆည်းပေးတာက သိပ် ကိုရိုးစင်းတဲ့အကူအညီ တစ်ခုပဲလို့ ကျွန်တော် 
နားလည်လက်ခံထားပြီး အတတ်နိုင် ဆုံးကူညီပေးပါတယ်…. နေ့တိုင်း လည်း ဘယ်သူ
တစ်ဦးတစ်ယောက်မှ မသိအောင်လုပ်ဆောင်ခဲ့တဲ့သေးသေး ဖွဲဖွဲအမှတ် တမဲ့လုပ်
ဆောင်ချက် လေးတွေလည်း ရှိတတ်ပါတယ်…. ဥပမာ တစ်စုံတစ်ယောက်ရဲ့ ကြိုး
ပမ်းမှုတွေကို အား ပေးထောက်ခံ ပေးတာမျိုး၊ အချိန်နဲ့အင်အားပေးဝေပြီးနားထောင်
ပေးခဲ့တာမျိုး၊နှုတ်နဲ့ကူညီတာမျိုး တွေပါ… ကိုယ်ကျိုးမပါပါဘဲ လုံးဝအတ္တမဆန်တဲ့ 
လူတစ်ယောက် ဖြစ်လာဖို့ကတော့ ကြိုးစားနေဆဲပါ… အကူအညီ ကောင်းလို့လည်း
မိတ်ဆွေတွေ ခဏခဏဆုံးရှုံး ဖူးပါတယ်…(ငွေရေးကြေးရေး အကူအညီပေးမိ ပါ
တယ်… သူတို့ပြန်မဆပ်နိုင်တော့ရှောင်နေကြတယ်… နောက်တော့ အခေါ်အပြော
မရှိတော့ ပဲ မိတ်ဆွေတွေ ဆုံးရှုံးတာခံရတာကိုပြောတာပါ)… ဘယ်လို ပဲဖြစ်နေပါစေ
ကျွန်တော့် ဘဝနဲ့ တခြားသူတွေ အတွက် လုပ်ဆောင်ချက် တွေတစ်သားတည်း တစ်
ထပ်တည်းဖြစ် ချင်မှ ဖြစ်ပေမယ့်ကိုယ့်ရဲ့ကူညီ ကြိုးပမ်း အားထုတ် ခဲ့မှုအတွက်ကိုယ့်
ကိုယ်ကိုယ်သိတဲ့အလျှောက် ကိုယ့် ရဲ့ ဘဝနေနည်းအပေါ် ကျွန်တော် အားရ ကျေနပ်
မှုဖြစ်ပါတယ်။




ကျွန်တော် ဟာ ဗုဒ္ဓဘာဝင် တဦးဖြစ်တာမို့ “ ကံ၊ ကံ၏ အကျိုး ”ကိုလည်း ယုံကြည်
သက်ဝင်ပါတယ်…..“ ကိုယ်ပြုသည့် ကံ၊ ကိုယ့်ထံပြန် ” ဆိုတာ ရှိသလို  " ပေးဆပ်ခြင်း
က သူရဲ့ ကိုယ်ပိုင်ဆုလာဘ် " လို့ဆိုတဲ့ဆိုရိုး စကားတစ်ခုလည်း ရှိပါတယ်... ကိုယ်ပေး
လိုက်တာနဲ့ တိုက်ရိုက်အချိုးအစား ညီညီ ကိုယ်ပြန်ရတတ်တာကို ဆိုလိုတာပါ… မေတ္တာ
ပေးရင် မေတ္တာပြန်ရသလိုစေတနာဟာလည်း တုံ့ပြန် စေတနာပြန်လာတတ်ပါတယ်... 
တစ်စုံတစ်ယောက် အတွက်ကိုယ်က ကောင်းတာလေး ကူညီပေးခဲ့ပေမယ့်တစ်ခြားသူ
တွေ ကရောငါ့အတွက်ဘာလို့ပြန်မလုပ်ပေးတာလည်းဆိုတဲ့အတွေးမျိုး ကျွန်တော်ဘယ်
တော့မှမထား ရှိခဲ့ပါဘူး။သူတစ်ပါး အ တွက်ကိုယ်တတ်နိုင်တာ ကို စေတနာနဲ့ ဆောင်
ရွက်ပေးခြင်း၊ကူညီပေးခြင်းတွေဟာ ဘဝတစ်ခု လုံး လုပ်ဆောင် နေရမယ့် လုပ်ငန်းစဉ်
ဖြစ်တယ်လို့ ကျွန်တော် ခံယူထားပါတယ်…. ဒါက ကျွန်တော် ပတ်ဝန်းကျင်မှာရှိနေ တဲ့
မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အပေါ်မှာ ထားရမယ့် ကျွန်တော် ခံယူထား
တဲ့ ကျွန်တော် ရဲ့သဘော ထားနဲ့ အမြင်လေးပါ…အဲဒီလိုပဲ ကျန်တဲ့သူတွေလည်း သူ
တို့ရဲ့ပတ်ဝန်းကျင်မှာဒီလို သဘောထားလေးတွေသာထားနိုင်မယ်ဆိုရင် ဘယ်လောက်
တောင်ကောင်းလိုက်မလည်းလို့တွေးရင်း ကိုယ့်ရဲ့ဘ၀နေနည်းလေး နဲ့သက်ဆုံးတိုင် 
ဘ၀ရဲ့နောက်ဆုံးအချိန်တွေကိုဖြတ်သန်းဖို့ ကျွန်တော်သံဓိဌာန်ချထားပါတယ်… 


လူတယောက်ရဲ့ လို အပ်နေတဲ့ အရာလေးတခုကို ဖြည့်ဆည်းပေးလိုက် ရ လို့ပြန်ရ
လာတဲ့  ပီတိ လေးကတော့ဘယ်အရာ နဲ့မှကို မတူသလို ကိုယ့်ရဲ့စိတ်ကိုအေးချမ်း
မှု ပေးစေ နိုင် တာအမှန် ပါ… အဲဒီအေးချမ်းမှု လေးတွေနဲ့အတူ ကိုယ့် ဘ၀ ရဲ့နေ၀င်
ချိန်လေးကို လူပီသစွာ ဖြင့် အားလုံး ပဲဖြတ်သန်းနိုင်ကြပါစေလို့
ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ ….။
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: